(005MK)
အိန္ဒိယ-မြန်မာနယ်စပ်တစ်လျှောက်ခြံစည်းရိုးခတ်ပြီး လွတ်လပ်စွာလှုပ်ရှားသွားလာမှုစနစ် (FMR) အား ဖျက်သိမ်းမည့် အိန္ဒိယ၏ အစီစဉ်ကို ဆန့်ကျင်ကန့်ကွက်သည့်အနေဖြင့် မီဇိုရမ်ပြည်နယ်က အင်အားကြီးအရပ်ဖက်အဖွဲ့စည်းညှိနှိုင်းရေးကော်မတီ (NGOCC) ဉီးဆောင်မှုဖြင့် အိုင်ဇောလ်မြို့တွင် ဆန္ဒဖော်ထုတ်ကြမည်ဟု သိရသည်။
အိုင်ဇောလ်မြို့ ဗဟိုမီဇိုးလူငယ်အစည်းအရုံး (CYMA) ရုံးခန်းတွင် ယမန်နေ့ဖေဖော်၀ါရီလ ၁၃ ရက်မှာ ကျင်းပပြုလုပ်သော NGOCC အစည်းအေ၀းတွင် အိန္ဒိယ၏ နယ်စပ်တလျှောက် ခြံစည်းရိုးခတ်ပြီး FMR ဖျက်သိမ်းမည့်အစီစဉ်ကို ဆန့်ကျင်ကန့်ကွက်ကြောင်းနှင့် ပြန်လည်သုံးသပ်ရန် တောင်းဆိုသည့်အနေဖြင့် ဖေဖော်၀ါရီလ ၂၁ ရက်နေ့တွင် ငြိမ်းချမ်းစွာ ဆန္ဒဖော်ထုတ်ကြရန် ဆုံးဖြတ်ခဲ့ကြသည်ဟု All India Radio News က ဖော်ပြသည်။
ဖေဖော်၀◌ါရီလ ၂၁ ရက်နေ့ မွန်းလွဲပိုင်း ၁ နာရီတွင် အိုင်ဇောလ်မြို့ Vanapa ခန်းမရှေ့တွင် စုရုံးဆန္ဒဖော်ထုတ်ကြမည် ဟု သိရသည်။
NGOCC တွင် ဗဟိုမီဇိုးလူငယ်အစည်းအရုံး (CYMA)၊ မီဇိုးကျောင်းသားများသမဂ္ဂ (MZP), (MSU)၊ မီဇိုးသက်ကြီး ပုဂ္ဂိုလ်များအသင်း (MUP) နှင့် မီဇိုးအမျိုးသမီးများအသင်း (MHIP) စသည့် ၅ ဖွဲ့ပါ၀င်ပြီး မြန်မာနယ်စပ်တလျှောက် ခြံစည်း ရိုးခတ်ပြီး FMR ဖျက်သိမ်းမည့်အစီစဉ်ကို ပြန်လည်သုံးသပ်ရန် တောင်းဆိုသည့် စာချွှန်လွှာကို အိန္ဒိယပြည်ထဲရေး၀န်ကြီးထံ မကြာသေးခင်ရက်ပိုင်းက ပေးပို့ခဲ့ကြပြီးဖြစ်သည်။