Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Khonumthung»နယ်စပ်အရေးနှင့်ပတ်သက်သော အိန္ဒိယဗဟိုအစိုးရ၏ အမိန့်ထုတ်ပြန်စာကို မီးရှို့ဖျက်ဆီးမည်

နယ်စပ်အရေးနှင့်ပတ်သက်သော အိန္ဒိယဗဟိုအစိုးရ၏ အမိန့်ထုတ်ပြန်စာကို မီးရှို့ဖျက်ဆီးမည်

0
By Editor on January 20, 2025 Khonumthung

(005MK)

အိန္ဒိယ-မြန်မာနယ်စပ်အကြား လွတ်လပ်စွာြဖတ်သန်းသွားလာခွင့် FMR စနစ်ကိုဖျက်သိမ်းပြီး နယ်စပ်ဖြတ်ကျော် ဝင်ထွက်သွားလာခွင့်ကန့်သတ်လိုက်သည့် အိန္ဒိယဗဟိုအစိုးရ နှင့် ပြည်နယ်အစိုးရတို့၏ အမိန့်ထုတ်ပြန်စာ မိတ္တူကို မီးရှို့ဖျက်ဆီးသွားမည်ဟု ZORO အဖွဲ့က ပြောဆိုလိုက်သည်။

မီဇိုရမ်ပြည်နယ်က အရပ်ဖက်အဖွဲ့အစည်းတစ်ခုဖြစ်သည့် Zo Reunification Organization (ZORO) က လာမည့်ဇန်နဝါရီလ ၂၉ ရက်နေ့ မှာ ယင်းအမိန့်ထုတ်ပြန်စာ မိတ္တူကို မီးရှို့ဖျက်ဆီးမည်ဟု ဇန်နဝါရီလ ၁၇ ရက်နေ့က ထုတ်ပြန် ကြေညာလိုက်ခြင်းဖြစ်သည်။

အဆိုပါမီးရှို့ဖျက်ဆီးသည့်အခမ်းအနားကို မီဇိုရမ်ပြည်နယ်၏ မြို့တော် အိုင်ဇောလ်မြို့အပါအဝင် ခရိုင်မြို့အသီးသီးမှာ ကျင်းပသွားမှာဖြစ်ပြီး မီဇိုရမ်ပြည်လူထုတရပ်လုံး ပူးပေါင်းပါဝင်ပေးကြရန်လည်း ZORO က တောင်းဆိုထားသည်။

အိန္ဒိယဗဟိုအစိုးရသည် နှစ်ပေါင်း ၄၀ ခန့်ကျင့်သုံးလာခဲ့သည့် Free Movement Regime (FMR) ဟုခေါ်သော နှစ်နိုင်ငံ ပြည်သူများ လွတ်လပ်စွာဖြတ်သန်းသွားလာခွင့်ကို ဖျက်သိမ်းလိုက်ပြီးနောက် ဇန်နဝါရီလ ၁ ရက်နေ့ကစ၍ နှစ်နိုင်ငံ ပြည်သူများ ဝင်ထွက်သွားလာခွင့်ကိုလည်း ကန့်သတ်တင်းကြပ်လိုက်သည်။

မီဇိုရမ်ပြည်နယ် အိန္ဒိယ-မြန်မာနယ်စပ်တွင် နှစ်နိုင်ငံပြည်သူများ ဝင်ထွက်သွားလာနိုင်မည့် စစ်ဆေးရေးဂိတ် ၁၈ ခု ထားရှိရန်စီစည်ထားပြီး နှစ်နိုင်ငံပြည်သူများသည် ဆွေးမျိုးတွေ့ဆုံခြင်း၊ ခရီးသွားခြင်း၊ ကုန်သွယ်ခြင်း၊ အားကစား၊ ကျန်းမာရေး၊ အစည်းအဝေး၊ ယဉ်ကျေးမှုဖလှယ်ခြင်း စသည့် ကဏ္ဍများအတွက် Border Pass (နယ်စပ်ဖြတ်ကျော်ခွင့် ကဒ်ပြား) များရယူကာ ဖြတ်သန်း သွားလာခွင့်ရှိမည်ဖြစ်သည်ဟု သိရသည်။

Border Pass ရယူနိုင်သည့်သူများမှာ နယ်စပ်မှ ၁၀ ကီလိုမီတာအကွာတွင်နေထိုင်သူများသာဖြစ်ပြီး ယင်းကဒ်၏ သက်တမ်းမှာလည်း ၇ ရက်သာအသက်ဝင်မည်ဖြစ်သည်။ ၇ ရက်ပြည့်သည့်အခါ ကဒ်ထုတ်ယူခဲ့သည့်နေရာတွင် ပြန်လည်အပ်နှံပြီး မိမိနေရပ်ကို ပြန်သွားရမည်ဖြစ်သည်ဟု သိရသည်။

ယခုကဲ့သို့ဆောင်ရွက်ခြင်းသည် နိုင်ငံတကာနယ်နိမိတ်၏ ပိုင်ခြားမှုကြောင့် တစ်နိုင်ငံစီဖြစ်သွားကြရသည့် ဌာနေတိုင်းရင်းသားလူမျိုးများ၏ အခွင့်အရေးကို ချိုးဖောက်ခြင်းဖြစ်ပြီး FMR စနစ်ကို အမြန်ဆုံးပြန်လည်ခွင့်ပြုကာ နှစ်နိုင်ငံပြည်သူများ လွတ်လပ်စွာ ဝင်ထွက်သွားလာခွင့် ပြန်လည်ဖြေလျှော့ပေးရန် ZORO အဖွဲ့က တောင်းဆိုထားသည်။

Zo Reunification Organization (ZORO) အဖွဲ့သည် ဗြိတိသျှအစိုးရ၏ နယ်နိမိတ်ပိုင်းခြားသတ်မှတ်မှုကြောင့် အိန္ဒိယ-မြန်မာ-ဘဂ်လားဒေရှ့် စသည့် ၃ နိုင်ငံတွင် ပြန့်နှံ့နေထိုင်ခဲ့ကြသော ဇိုး(ချင်း) မျိုးနွယ်စုများ ပြန်လည်ပေါင်းစည်းနေထိုင် ရေးအတွက် လှုပ်ရှားဆောင်ရွက်နေသောအဖွဲ့အစည်းဖြစ်သည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

ကာကီကျေးရွာမှာ ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါကြောင့် ကလေးငယ်တစ်ဦးထပ်မံသေဆုံး

ပလက်ဝစစ်ဘေးရှောင်စခန်းမှာ ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါကြောင့် ၄ ဦးသေဆုံး

သိုင်းငင်းရွာကို ဝင်ရောက်လာသော စစ်ကော်မရှင်တပ်စစ်ကြောင်း ထိခိုက်သေဆုံးမှုများပြား

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
November 6, 2025

ချင်းပြည်သူအပေါ် ကျနော့ရပ်တည်ချက်သည် – အတိတ်၊ ပစ္စုပ္ပန် နဲ့ အနာဂါတ် – ဘယ်တော့မှပြောင်းလဲမှာမဟုတ်”

September 2, 2025

မူးယစ်ကုန်သွယ်မှု မျက်နှာစာသစ် မြန်မာ- အိန္ဒိနယ်စပ်နဲ့ ချင်းတော်လှန်ရေးအပေါ် ရိုက်ခတ်မှု

August 2, 2025

စစ်တပ်၏ ဒုတိယစာမျက်နှာနှင့် ချင်းပြည်အပေါ် သက်ရောက်မှု

June 30, 2025

“ကျွန်မတို့ကို Refugees လို့မသတ်မှတ်တဲ့အတွက် Refugees တွေ ရသင့်ရထိုက်တဲ့ အခွင့်အရေးမှန်သမျှကို ဆုံးရှုံးနေရတယ်”

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
November 6, 2025

ချင်းပြည်သူအပေါ် ကျနော့ရပ်တည်ချက်သည် – အတိတ်၊ ပစ္စုပ္ပန် နဲ့ အနာဂါတ် – ဘယ်တော့မှပြောင်းလဲမှာမဟုတ်”

September 2, 2025

မူးယစ်ကုန်သွယ်မှု မျက်နှာစာသစ် မြန်မာ- အိန္ဒိနယ်စပ်နဲ့ ချင်းတော်လှန်ရေးအပေါ် ရိုက်ခတ်မှု

August 2, 2025

စစ်တပ်၏ ဒုတိယစာမျက်နှာနှင့် ချင်းပြည်အပေါ် သက်ရောက်မှု

June 30, 2025

“ကျွန်မတို့ကို Refugees လို့မသတ်မှတ်တဲ့အတွက် Refugees တွေ ရသင့်ရထိုက်တဲ့ အခွင့်အရေးမှန်သမျှကို ဆုံးရှုံးနေရတယ်”

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.