Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Khonumthung»နိုင်ငံရေးအကျဉ်းသားများလွတ်မြောက်ရေး ၁၂ ရက်တာ Blue Shirt Campaign စတင်

နိုင်ငံရေးအကျဉ်းသားများလွတ်မြောက်ရေး ၁၂ ရက်တာ Blue Shirt Campaign စတင်

0
By Editor on April 10, 2026 Khonumthung

(004SS)

ဝါရင့်နိုင်ငံရေးသမားနှင့် သတင်းစာဆရာကြီး ဟံသာဝတီဦးဝင်းတင် ကွယ်လွန်ခြင်း ၁၂ နှစ်ပြည့် အထိမ်းအမှတ်အဖြစ် နိုင်ငံရေးအကျဉ်းသားများအားလုံး အမြန်ဆုံးလွတ်မြောက်ရေးအတွက် ရည်ရွယ်သည့် “Blue Shirt Campaign” လူထုလှုပ်ရှားမှုကို ယနေ့ ဧပြီလ ၁၀ ရက်နေ့မှ စတင်၍ ၂၁ ရက်နေ့အထိ ၁၂ ရက်တိုင်တိုင် ပြုလုပ်သွားမည်ဖြစ်ကြောင်း တော်လှန်ရေးအင်အားစုများက ကြေညာချက်ထုတ်ပြန်သည်။

အဆိုပါ ကမ်ပိန်းကို India For Myanmar (I4M)အပါအဝင် ၇၄/၇၅/၇၆ နိုင်ငံရေးအင်အားစု၊ အထွေထွေ သပိတ် ပေါင်းစပ်ညှိနှိုင်းရေးအင်အားစု (GSCB) နှင့် မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) အပါအဝင် အဖွဲ့အစည်းပေါင်း ၃၀ ကျော်က ပူးပေါင်းတိုက်တွန်းထားခြင်းဖြစ်သည်။

နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်ရေးအတွက် အမြဲတစေ ရင်ဆိုင်တိုက်ပွဲဝင်ခဲ့သည့် ဦးဝင်းတင်၏ စိတ်ဓာတ်ကို အစဉ်အမြဲ သတိရနေစေရန်နှင့် လက်ရှိတွင် မတရားဖမ်းဆီးထိန်းသိမ်းခံထားရသည့် သမ္မတကြီး ဦးဝင်းမြင့်၊ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်တို့အပါအဝင် နိုင်ငံရေးအကျဉ်းသားများအားလုံး လွတ်မြောက်ရေးအတွက် ပြည်တွင်းပြည်ပ လူထုအင်အားဖြင့် ဖိအားပေးရန် ရည်ရွယ်ခြင်းဟု သိရသည်။

ပြည်သူလူထုအနေဖြင့်-
– အပြာရောင်အဝတ်အစား (Blue Shirt) များ ဝတ်ဆင်၍ ဓာတ်ပုံ သို့မဟုတ် ဗွီဒီယိုများ ရိုက်ကူးကာ လူမှုကွန်ယက်ပေါ်တွင် မျှဝေခြင်း။
– ကမ်ပိန်းနှင့်သက်ဆိုင်သည့် Hashtag များဖြစ်သော #blueshirt4politicalprisoners၊ #FreeAllPoliticalPrisoners နှင့် #blueshirtmovementmyanmar တို့ကို အသုံးပြု၍ ရေးသားဖော်ပြခြင်း။
– မိမိတို့၏ မိတ်ဆွေများနှင့် လုပ်ဖော်ကိုင်ဖက်များကိုလည်း လှုပ်ရှားမှုတွင် ပါဝင်လာစေရန် ဖိတ်ခေါ်ခြင်း။

“နိုင်ငံရေးအကျဥ်းသားများ လွတ်မြောက်ရေးသည် ပြည်သူတရပ်လုံး လွတ်မြောက်ရေးနှင့် စစ်အာဏာရှင်စနစ် ကျဆုံးရေးအထိ အရေးပါသည့် ခြေလှမ်းတစ်ရပ်ဖြစ်သည်” ဟု ပူးပေါင်းအဖွဲ့အစည်းများက ဆိုသည်။

ယခုလှုပ်ရှားမှုတွင် ပါဝင်သည့် အဖွဲ့အစည်းများထဲ၌ ချင်းတိုင်းရင်းသားများ ဦးဆောင်သည့် India For Myanmar ကဲ့သို့သော နယ်စပ်ဖြတ်ကျော် လှုပ်ရှားမှုအဖွဲ့များ၊ အမျိုးသမီးအဖွဲ့အစည်းများ၊ လူငယ်အင်အားစုများနှင့် ကျောင်းသားသမဂ္ဂများ ပါဝင်သည်။

ဟံသာဝတီ ဦးဝင်းတင်သည် ၂၀၁၄ ခုနှစ်၊ ဧပြီလ ၂၁ ရက်နေ့တွင် ကွယ်လွန်ခဲ့ခြင်းဖြစ်ပြီး၊ ၎င်းသည် အကျဉ်းထောင် အတွင်းမှ လွတ်မြောက်လာသည့်တိုင်အောင် နိုင်ငံရေးအကျဉ်းသားများအားလုံး မလွတ်မြောက်သေးသရွေ့ အကျဉ်းထောင်ဝတ်စုံဖြစ်သော အပြာရောင်အင်္ကျီကိုသာ ဘဝနိဂုံးချုပ်ချိန်အထိ စွဲမြဲစွာ ဝတ်ဆင်သွားခဲ့သူ ဖြစ်သည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

စိတ်ဝေဒနာ ခံစားရမှုကြောင့် ဆယ်စုနှစ်တစ်ခုကျော်ကြာ အိမ်အောက်တွင် သီးခြားနေထိုင်ခိုင်းသည့် ချင်းလူငယ်တစ်ဦး အသိစိတ်ပြန်ဝင်လာပြီး စကားစပြောလာ

သဒ္ဒါနှင့် စာလုံးပေါင်း မှန်ကန်စေရန် ကူညီပေးမည့် ‘WriteInChin’ အက်ပ် စတင်အသုံးပြုနိုင်

ဇိုတုန်ဒေသမှာ အသိပေးညှိနှိုင်းခြင်းမရှိဘဲ မည်သည့်လုပ်ငန်းကိုမဆို မပြုလုပ်ရန်နှင့် ဇိုတုန်ဒေသန္တရအစိုးရ၏ စီမံခန့်ခွဲမှုကို မစွက်ဖက်ရန် အသိပေးထုတ်ပြန်

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
November 4, 2026

“ကျူးလွန်ခံရတဲ့ လူတိုင်းက တရားမျှတမှုကို လိုလားပြီး တောင်းတနေကြတယ်”

September 17, 2026

Palangvum (သို့) ပလက်ဝတွင် ဘာတွေဖြစ်နေလဲ

September 4, 2026

ကလေးမြို့က သားသည်မိခင်တို့၏ ညစဉ်ခြောက်လှန့်အိပ်မက်နှင့် ပေါ်တာဆွဲမှု အရေခြုံစစ်မှုထမ်းဥပဒေ

August 26, 2026

“ဒဏ်ရာများထက် ပိုမိုတောက်ပသော အနာဂတ်အတွက် ပေးဆပ်မှု”

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
November 11, 2026

နိုင်ငံတဝန်းမှာ တစ်လအတွင်း ကလေးငယ် ၉ ဦးအပါအဝင် အမျိုးသမီး ၅၀ နီးပါး သတ်ဖြတ်ခံရ

November 10, 2026

CNO/ CNDF ထိပ်ပိုင်းခေါင်းဆောင်များ အပြောင်းအလဲ ပြုလုပ်

November 9, 2026

SCEF ကိုရီးယားနိုင်ငံ လူထုတွေ့ဆုံပွဲတွင် CNF အထွေထွေအတွင်းရေးမှူး တက်ရောက်

November 6, 2026

လာမည့်နှစ် ဧပြီလထဲ ဖလမ်းနှင့်တွန်းဇံအပါအဝင် လစ်လပ်မဲဆန္ဒနယ် ၅၀ ကျော်မှာ ကြားဖြတ်ရွေးကောက်ပွဲ လုပ်မည်

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.