Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Headline»နိုင်ငံရေးအခြေအနေကြောင့် မီဇိုရမ်ဘက်သို့ ထွက်ပြေးတိမ်းရှောင်သူများရှိပါက အကြောင်းကြားရန် ထုတ်ပြန်

နိုင်ငံရေးအခြေအနေကြောင့် မီဇိုရမ်ဘက်သို့ ထွက်ပြေးတိမ်းရှောင်သူများရှိပါက အကြောင်းကြားရန် ထုတ်ပြန်

0
By Editor on February 10, 2021 Headline

#Unicode

မြန်မာနိုင်ငံတွင် တပ်မတော်က စစ်အာဏာသိမ်းယူလိုက်ပြီးနောက် နိုင်ငံရေးအခြေအနေမတည်ငြိမ်မှုများကြောင့် နယ်စပ်မှတဆင့် အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ်သို့ မြန်မာနိုင်ငံသားများထွက်ပြေးတိမ်းရှောင်လာသူများရှိပါက ကျေးရွာအုပ်ချုပ်ရေးမှူးများအနေဖြင့် အမြန်ဆုံးအကြောင်းကြားရန် မီဇိုရမ်ပြည်နယ် ကျန်ဖိုင်းခရိုင်အုပ်ချူပ်ရေးမှူးက ယ​နေ့ဖေဖော်ဝါရီလ ၉ ရက်နေ့တွင် ကြေညာချက်ထုတ်ပြန်လိုက်သည်။
အဆိိုပါကြေညာချက်တွင် တပ်မတော်အနေဖြင့် အရပ်သားအစိုးရထံမှ အာဏာသိမ်းယူလိုက်သည့်အတွက်ကြောင့် မြန်မာနိုင်ငံသားများအနေဖြင့် လုံခြုံရေးအခြေအနေကြောင့် မီဇိုရမ်ပြည်နယ်သို့ ဝင်ရောက်လာနိုင်ပြီး၊ ကျန်ဖိုင်းခရိုင်အတွင်း ရှိ ကျေးရွာများအသီးသီးတွင် မြန်မာနိုင်ငံမှ ထွက်ပြေးခိုလုံသူများရှိလာပါက ၎င်းတို့၏ နာမည်၊ အသက် နှင့် မှတ်ပုံတင်နံ ဘတ်များကို အကြောင်းကြားရမည်ဟု ဖော်ပြထားသည်။
ကျန်ဖိုင်းခရိုင်သည် အိန္ဒိယ-မြန်မာနယ်စပ်တွင်တည်ရှိပြီး ချင်းပြည်နယ် ဖလမ်းမြို့နယ်နှင့် နယ်နိမိတ်ချင်းထိစပ်သည်။
မြန်မာနိုင်ငံတွင် တပ်မတော်မှ စစ်အာဏာသိမ်းယူသည့်အပေါ် ဆန့်ကျင်ကန့်ကွက်သည့်အနေဖြင့် မီဇိုရမ်ပြည်နယ်ရှိ အင်အားကောင်းသည့်ကျောင်းသားအဖွဲ့အစည်းဖြစ်သော မီဇိုးကျောင်းသားသမဂ္ဂ(MZP) က ဖေဖော်ဝါရီလ ၃ ရက်နေ့က ပြည်နယ်၏မြို့တော် အိုင်ဇောလ်မြို့တွင် ဆန္ဒဖော်ထုတ်ခဲ့ကြပြီးဖြစ်သည်။
ယင်းဆန္ဒဖော်ထုတ်မှုတွင် မီဇိုရမ်ပြည်နယ်အတွင်း လက်ရှိအနိုင်ရပါတီအပါအဝင် အတိုက်အခံနိုင်ငံရေးပါတီများမှ ခေါင်းဆောင်များလည်းတက်ရောက်ခဲ့ကြပြီး တပ်မတော်အာဏာသိမ်းမှုကို ဆန့်ကျင်ကန့်ကွက်ကြောင်းနှင့် နိုင်ငံရေး အခြေအနေမတည်ငြိမ်မှုကြောင့် လုံခြုံရေးအခြေအနေအရ မြန်မာနိုင်ငံသားများ မီဇိုရမ်ပြည်နယ်သို့ ထွက်ပြေးတိမ်း ရှောင်လာကြပါက ကောင်းမွန်စွာကြိုဆိုလက်ခံသွားရန် ပြောဆိုခဲ့ကြသည်။
#Zawgyi

ျမန္မာနိုင္ငံတြင္ တပ္မေတာ္က စစ္အာဏာသိမ္းယူလိုက္ၿပီးေနာက္ နိုင္ငံေရးအေျခအေနမတည္ၿငိမ္မႈမ်ားေၾကာင့္ နယ္စပ္မွတဆင့္ အိႏၵိယနိုင္ငံ မီဇိုရမ္ျပည္နယ္သို႔ ျမန္မာနိုင္ငံသားမ်ားထြက္ေျပးတိမ္းေရွာင္လာသူမ်ားရွိပါက ေက်းရြာအုပ္ခ်ဳပ္ေရးမႉးမ်ားအေနျဖင့္ အျမန္ဆုံးအေၾကာင္းၾကားရန္ မီဇိုရမ္ျပည္နယ္ က်န္ဖိုင္းခရိုင္အုပ္ခ်ဴပ္ေရးမႉးက ယ​ေန႔ေဖေဖာ္ဝါရီလ ၉ ရက္ေန႔တြင္ ေၾကညာခ်က္ထုတ္ျပန္လိုက္သည္။

အဆိိုပါေၾကညာခ်က္တြင္ တပ္မေတာ္အေနျဖင့္ အရပ္သားအစိုးရထံမွ အာဏာသိမ္းယူလိုက္သည့္အတြက္ေၾကာင့္ ျမန္မာနိုင္ငံသားမ်ားအေနျဖင့္ လုံျခဳံေရးအေျခအေနေၾကာင့္ မီဇိုရမ္ျပည္နယ္သို႔ ဝင္ေရာက္လာနိုင္ၿပီး၊ က်န္ဖိုင္းခရိုင္အတြင္း ရွိ ေက်းရြာမ်ားအသီးသီးတြင္ ျမန္မာနိုင္ငံမွ ထြက္ေျပးခိုလုံသူမ်ားရွိလာပါက ၎တို႔၏ နာမည္၊ အသက္ ႏွင့္ မွတ္ပုံတင္နံ ဘတ္မ်ားကို အေၾကာင္းၾကားရမည္ဟု ေဖာ္ျပထားသည္။

က်န္ဖိုင္းခရိုင္သည္ အိႏၵိယ-ျမန္မာနယ္စပ္တြင္တည္ရွိၿပီး ခ်င္းျပည္နယ္ ဖလမ္းၿမိဳ႕နယ္ႏွင့္ နယ္နိမိတ္ခ်င္းထိစပ္သည္။

ျမန္မာနိုင္ငံတြင္ တပ္မေတာ္မွ စစ္အာဏာသိမ္းယူသည့္အေပၚ ဆန႔္က်င္ကန႔္ကြက္သည့္အေနျဖင့္ မီဇိုရမ္ျပည္နယ္ရွိ အင္အားေကာင္းသည့္ေက်ာင္းသားအဖြဲ႕အစည္းျဖစ္ေသာ မီဇိုးေက်ာင္းသားသမဂၢ(MZP) က ေဖေဖာ္ဝါရီလ ၃ ရက္ေန႔က ျပည္နယ္၏ၿမိဳ႕ေတာ္ အိုင္ေဇာလ္ၿမိဳ႕တြင္ ဆႏၵေဖာ္ထုတ္ခဲ့ၾကၿပီးျဖစ္သည္။

ယင္းဆႏၵေဖာ္ထုတ္မႈတြင္ မီဇိုရမ္ျပည္နယ္အတြင္း လက္ရွိအနိုင္ရပါတီအပါအဝင္ အတိုက္အခံနိုင္ငံေရးပါတီမ်ားမွ ေခါင္းေဆာင္မ်ားလည္းတက္ေရာက္ခဲ့ၾကၿပီး တပ္မေတာ္အာဏာသိမ္းမႈကို ဆန႔္က်င္ကန႔္ကြက္ေၾကာင္းႏွင့္ နိုင္ငံေရး အေျခအေနမတည္ၿငိမ္မႈေၾကာင့္ လုံျခဳံေရးအေျခအေနအရ ျမန္မာနိုင္ငံသားမ်ား မီဇိုရမ္ျပည္နယ္သို႔ ထြက္ေျပးတိမ္း ေရွာင္လာၾကပါက ေကာင္းမြန္စြာႀကိဳဆိုလက္ခံသြားရန္ ေျပာဆိုခဲ့ၾကသည္။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

IKACC က စစ်ကော်မရှင်အဖွဲ့နှင့် မဟာမိတ်ဆက်ဆံရေးအဖွဲ့တို့ကို ပြင်ဆင်ဖွဲ့စည်း

ချင်းနှင့် စစ်ကိုင်းက စစ်ရှောင်စခန်းများတွင် အမျိုးသမီးလစဉ်သုံးနှင့် ဆေးဝါးများ လိုအပ်နေဟု WJ ဆို

CEIR မိုဘိုင်းဖုန်းမှတ်ပုံတင်စနစ် စစ်ကော်မရှင်အကောင်အထည်ဖော်တော့မည်

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
February 19, 2026

“ကာကွယ်ရေး အသုံးစရိတ်ကို အရင်က ၆၅ ရာခိုင်နှုန်းကနေ ဒီနှစ်တော့ ကာကွယ်ရေးကို ၈၀ ရာခိုင်နှုန်းအထိ တိုးမြှင့်သွားမယ်”

February 2, 2026

သွေးစွန်းသော မဲပုံးများနှင့် “Made in China” အရိပ်အောက်က ရွေးကောက်ပွဲ

February 1, 2026

#article”ပြည်သူ့အားနဲ့ ရိုက်ချိုးကြ၊ CSOs အားနဲ့ ထိုးဖောက်ကြ”

January 17, 2026

#interview“ဝန်ကြီးချုပ်ဆိုရင် သူ့ရဲ့ PSO က အစ၊ သူရဲ့ အမျိုးတွေ အကုန်လုံး ကုမ္ပဏီနာမည်အမျိုးမျိုးနဲ့ လုပ်နေကြတာ” CDF – ဟားခါး ဥက္ကဌ Salai Hram Lian

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
February 19, 2026

“ကာကွယ်ရေး အသုံးစရိတ်ကို အရင်က ၆၅ ရာခိုင်နှုန်းကနေ ဒီနှစ်တော့ ကာကွယ်ရေးကို ၈၀ ရာခိုင်နှုန်းအထိ တိုးမြှင့်သွားမယ်”

February 2, 2026

သွေးစွန်းသော မဲပုံးများနှင့် “Made in China” အရိပ်အောက်က ရွေးကောက်ပွဲ

February 1, 2026

#article”ပြည်သူ့အားနဲ့ ရိုက်ချိုးကြ၊ CSOs အားနဲ့ ထိုးဖောက်ကြ”

January 17, 2026

#interview“ဝန်ကြီးချုပ်ဆိုရင် သူ့ရဲ့ PSO က အစ၊ သူရဲ့ အမျိုးတွေ အကုန်လုံး ကုမ္ပဏီနာမည်အမျိုးမျိုးနဲ့ လုပ်နေကြတာ” CDF – ဟားခါး ဥက္ကဌ Salai Hram Lian

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.