Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Headline»နိုင်ငံရေးအခြေအနေကြောင့် ခရစ္စမတ်ပွဲတော်ကျင်းပမည်မဟုတ်ကြောင်း ဟားခါးမြို့နယ် ခရစ်ယာန်ဂိုဏ်ပေါင်းစုံမှ ဆုံးဖြတ်

နိုင်ငံရေးအခြေအနေကြောင့် ခရစ္စမတ်ပွဲတော်ကျင်းပမည်မဟုတ်ကြောင်း ဟားခါးမြို့နယ် ခရစ်ယာန်ဂိုဏ်ပေါင်းစုံမှ ဆုံးဖြတ်

0
By Editor on November 28, 2021 Headline

Unicode

ခရစ်ယာန်ဘာသာဝင်များ၏ အထွဋ်အမြတ်ထားရှိသော ခရစ္စမတ်ပွဲတော်ကို လက်ရှိကြုံတွေ့နေရသောနိုင်ငံရေးအခြေ အနေများကြောင့် ယခုနှစ်တွင် ကျင်းပတော့မည်မဟုတ်ကြောင်း ဟားခါးမြို့နယ် ခရစ်ယာန် ဂိုဏ်းပေါင်းစုံများမှ ထုတ်ပြ န်ထားသည်ဟု သိရသည်။

ခရစ်ယာန်ဘာသာဝင် ၉၀ ရာခိုင်နှုန်းခန့်နေထိုင်သည့် ချင်းပြည်နယ်တွင် ယေရှုမွေးပွားသော ဒီဇင်ဘာလ ၂၅ ရက်နေ့ ကို နှစ်စဉ်နှစ်တိုင်း စည်ကားသိုက်မြိုက်စွာဖြင့် မြို့နယ်အသီးသီးတွင် ကျင်းပလေ့ရှိသော်လည်း ယခုနှစ်မှာမူ နိုင်ငံရေးအခြေ အနေကြောင့် ဟားခါးမြို့နယ်တွင် ကျင်းပဖြစ်မည်မဟုတ်ကြောင်း အမည်မဖော်လိုသော ဟားခါးမြို့မှ ဓမ္မအမှုတော် ဆောင် ပါစတာတစ်ဦးကပြောသည်။

“တော်လှန်ရေးကလည်းရှိသေးတယ်။ မြို့ထဲမှာ ပစ်ခတ်တာမျိုးက ရှိသေးတယ်။ မနှစ်ကတော့ တော်လှန်ရေးအတွက်ဘ ယ်သူမှ လက်နက်မကိုင်ကြသေးပေမယ့် ဒီနှစ်မှ စကိုင်တယ်ဆိုတော့ ဘယ်လိုလုပ် ကျွန်တော်တို့ သားသမီးတွေ တောထဲ မှာရှိနေတယ်။ သေမလားရှင်မလားဆိုပြီး ခက်ခက်ခဲခဲနဲ့ နေထိုင်တဲ့အချိန်မှာ မိဘတွေက ဘယ်လိုလုပ်အိမ်မှာ ပွဲတော်ကို ဆင်နွဲရဲမှာလဲ” ဟု ပါစတာကပြောသည်။

ခရစ္စမတ်ပွဲတော်နှင့်ပတ်သက်၍ ဘုရားကျောင်း၊ ပလ္လင်၊ ဆိုင်းဘုတ်အလှဆင်ခြင်းနှင့် အိမ်အတွင်းပိုင်းအလှဆင်ခြင်းတို့သာ ပြုလုပ်ရန်ကြရန်၊ ကျေးရွာ၊ ရပ်ကွက်အတွင်း လမ်း အလှဆင်ခြင်း၊ အသင်းတော်နှင့် ရပ်ကွက်များတွင် ခရစ္စမတ်နေ့စုဝေး ဝတ်ပြုဆုတောင်းခြင်း၊ ဧည့်ခံကျွေးမွေးခြင်း၊ နှစ်သစ်ကူးပွဲကျင်းပခြင်းများမပြုလုပ်ကြရန်၊ ဓမ္မအမှု တော်ဆောင်များမှာ လည်း ရုံးနှင့် အခြားနေရာတို့တွင် ခရစ္စမတ်ပွဲ ဖိတ်ကြားခံရမည်ဆိုပါက မပါဝင်ရန် ဟားခါးမြို့နယ် ခရစ်ယာန်ဂိုဏ်ပေါင်းစုံမှ ထုတ်ပြန်ထားသည်။

ဟားခါးမြို့မှ ပါစတာတစ်ဦးကလည်း “ နိုင်ငံရေးအခြေအနေမကောင်းတဲ့အခါကြတော့ လုပ်မယ်ဆိုရင်လည်း နည်းနည်း တော့ စိုးရိမ်ရတဲ့အခြေအနေဖြစ်တော့ ဒီနှစ်တော့ လုပ်တာထက်မလုပ်တာက ပိုကောင်း မယ်လို့ ကျွန် တော်တို့ အထက်က ပါစတာကြီး၊ ဆရာကြီးတွေက ဆုံးဖြတ်ထားတာ။ အလှဆင်တာ တွေလည်း မလုပ်ဖို့၊ ခရစ္စမတ်ပွဲ မကျင်းပဖို့၊ အကြိုလည်း မကျင်းပဖို့” ဟုပြောသည်။

ထို့အပြင် သွေးချင်းညီကို ထန်တလန်မြို့မှ ပြည်သူများ နေအိမ်မီးလောင်ကာ မြို့ကိုစွန်ခွါ၍ စစ်ဘေးတိမ်းရှောင်နေကြသည့် အချိန်တွင် ခရစ္စမတ်ပွဲတော်ကိုကျင်းပရန် မဖြစ်နိုင်ကြောင်းလည်း အဆိုပါထုတ်ပြန်ချက်တွင်ဆက်လက်ဖော်ပြထားသည်။

ဟားခါးမြို့ပေါ်တွင် ခရစ်ယာန်အသင်းတော်ပေါင်း ၅၀ ဝန်းကျင်ရှိသည်ဟုသိရပြီး ခရစ်ယာန်ဂိုဏ်ပေါင်းစုံမှ ထုတ်ပြန်ချက် မှာ ဟားခါးမြို့ပေါ်ရှိ အသင်းတော်များသာ ခရစ္စမတ်ပွဲတော်ကို ကျင်း ပခြင်း မပြုလုပ်ရန်ဖြစ်သည်ဟုလည်း သိရသည်။

အပြည်ပြည်ဆိုင်ရာမြန်မာနှစ်ခြင်းခရစ်ယာန်မိတ်သဟာယကလည်း အသင်းတော်များနှင့် အသင်းတော်ဝင်များသို့ နိုဝင်ဘာ လ ၂၂ ရက်နေ့က မေတ္တာရပ်ခံချက်တစ်စောင်ထုတ်ပြန်ကာ ခရစ္စမတ်ပွဲတော်အတွက် အကုန်အကျခံ၊ လုပ်ဆောင်ကြမည့် ငွေပမာဏထဲမှ စစ်ဘေးဒုက္ခခံနေရသော အကူအညီလိုအပ်နေသည့်ပြည်သူများအား စိတ်အားထက်သန်စွာ ပါဝင်ပေးလှူ ကြရန်အလေးအနက်မေတ္တာရပ်ခံထားသည်။

မြန်မာနိုင်ငံသည် စစ်ခေါင်းဆောင်များ၏ မတရားဖိဆီးမှုအောက်မှလွှတ်မြောက်နိုင်ရန်အတွက် မိမိတို့အသက်အိုးအိမ်များ စွန့်ကာ အမှန်တရားအတွက်၊ နည်းမျိုးစုံဖြင့်တိုက်ပွဲဝင်နေကြသောသူများ၊ မရေမတွက်နိုင်အောင်ရှိနေပြီး ထိုသူများအတွက် စားဝတ်နေရေးဆိုင်ရာအခက်အခဲများအား ကူညီပေးနိုင်ရေးမှာလည်း အလွန်အမင်းလိုအပ်လျက်ရှိနေချိန်ဖြစ်သည်ဟု အပြည်ပြည်ဆိုင်ရာမြန်မာနှစ်ခြင်းခရစ်ယာန်မိတ်သဟာယကထုတ်ပြန်ထားသည်။

Zawgyi

ႏိုင္ငံေရးအေျခအေနေၾကာင့္ ခရစၥမတ္ပြဲေတာ္က်င္းပမည္မဟုတ္ေၾကာင္း ဟားခါးျမိဳ႕နယ္ ခရစ္ယာန္ဂုိဏ္ေပါင္းစုံမွ ဆုံးျဖတ္

ခရစ္ယာန္ဘာသာ၀င္မ်ား၏ အထြဋ္အျမတ္ထားရွိေသာ ခရစၥမတ္ပြဲေတာ္ကို လက္ရွိၾကံဳေတြ႕ေနရေသာႏိုင္ငံေရးအေျခ အေနမ်ားေၾကာင့္ ယခုႏွစ္တြင္ က်င္းပေတာ့မည္မဟုတ္ေၾကာင္း ဟားခါးၿမိဳ႕နယ္ ခရစ္ယာန္ ဂိုဏ္းေပါင္းစံုမ်ားမွ ထုတ္ျပ န္ထားသည္ဟု သိရသည္။

ခရစ္ယာန္ဘာသာ၀င္ ၉၀ ရာခိုင္ႏႈန္းခန္႔ေနထိုင္သည့္ ခ်င္းျပည္နယ္တြင္ ေယရႈေမြးပြားေသာ ဒီဇင္ဘာလ ၂၅ ရက္ေန႔ ကို ႏွစ္စဥ္ႏွစ္တိုင္း စည္ကားသိုက္ၿမိဳက္စြာျဖင့္ ၿမိဳ႕နယ္အသီးသီးတြင္ က်င္းပေလ့ရွိေသာ္လည္း ယခုႏွစ္မွာမူ ႏိုင္ငံေရးအေျခ အေနေၾကာင့္ ဟားခါးၿမိဳ႕နယ္တြင္ က်င္းပျဖစ္မည္မဟုတ္ေၾကာင္း အမည္မေဖာ္လိုေသာ ဟားခါးၿမိဳ႕မွ ဓမၼအမႈေတာ္ ေဆာင္ ပါစတာတစ္ဦးကေျပာသည္။

“ေတာ္လွန္ေရးကလည္းရွိေသးတယ္။ ျမိဳ႕ထဲမွာ ပစ္ခတ္တာမ်ဳိးက ရွိေသးတယ္။ မႏွစ္ကေတာ့ ေတာ္လွန္ေရးအတြက္ဘ ယ္သူမွ လက္နက္မကုိင္ၾကေသးေပမယ့္ ဒီႏွစ္မွ စကုိင္တယ္ဆုိေတာ့ ဘယ္လုိလုပ္ ကြ်န္ေတာ္တုိ႔ သားသမီးေတြ ေတာထဲ မွာရွိေနတယ္။ ေသမလားရွင္မလားဆုိျပီး ခက္ခက္ခဲခဲနဲ႔ ေနထုိင္တဲ့အခ်ိန္မွာ မိဘေတြက ဘယ္လုိလုပ္အိမ္မွာ ပြဲေတာ္ကုိ ဆင္ႏြဲရဲမွာလဲ” ဟု ပါစတာကေျပာသည္။

ခရစၥမတ္ပြဲေတာ္ႏွင့္ပတ္သက္၍ ဘုရားေက်ာင္း၊ ပလႅင္၊ ဆုိင္းဘုတ္အလွဆင္ျခင္းႏွင့္ အိမ္အတြင္းပုိင္းအလွဆင္ျခင္းတုိ႔သာ ျပဳလုပ္ရန္ၾကရန္၊ ေက်းရြာ၊ ရပ္ကြက္အတြင္း လမ္း အလွဆင္ျခင္း၊ အသင္းေတာ္ႏွင့္ ရပ္ကြက္မ်ားတြင္ ခရစၥမတ္ေန႔စုေဝး ဝတ္ျပဳဆုေတာင္းျခင္း၊ ဧည့္ခံေကြ်းေမြးျခင္း၊ ႏွစ္သစ္ကူးပြဲက်င္းပျခင္းမ်ားမျပဳလုပ္ၾကရန္၊ ဓမၼအမႈ ေတာ္ေဆာင္မ်ားမွာ လည္း ရုံးႏွင့္ အျခားေနရာတုိ႔တြင္ ခရစၥမတ္ပဲြ ဖိတ္ၾကားခံရမည္ဆုိပါက မပါဝင္ရန္ ဟားခါးျမိဳ႕နယ္ ခရစ္ယာန္ဂုိဏ္ေပါင္းစုံမွ ထုတ္ျပန္ထားသည္။

ဟားခါးၿမိဳ႕မွ ပါစတာတစ္ဦးကလည္း “ ႏုိင္ငံေရးအေျခအေနမေကာင္းတဲ့အခါၾကေတာ့ လုပ္မယ္ဆုိရင္လည္း နည္းနည္း ေတာ့ စုိးရိမ္ရတဲ့အေျခအေနျဖစ္ေတာ့ ဒီႏွစ္ေတာ့ လုပ္တာထက္မလုပ္တာက ပုိေကာင္း မယ္လုိ႔ ကြ်န္ ေတာ္တုိ႔ အထက္က ပါစတာၾကီး၊ ဆရာၾကီးေတြက ဆုံးျဖတ္ထားတာ။ အလွဆင္တာ ေတြလည္း မလုပ္ဖို႔၊ ခရစၥမတ္ပြဲ မက်င္းပဖုိ႔၊ အၾကိဳလည္း မက်င္းပဖုိ႔” ဟုေျပာသည္။

ထို႔အျပင္ ေသြးခ်င္းညီကုိ ထန္တလန္ျမိဳ႕မွ ျပည္သူမ်ား ေနအိမ္မီးေလာင္ကာ ၿမိဳ႕ကိုစြန္ခြါ၍ စစ္ေဘးတိမ္းေရွာင္ေနၾကသည့္ အခ်ိန္တြင္ ခရစၥမတ္ပြဲေတာ္ကုိက်င္းပရန္ မျဖစ္ႏိုင္ေၾကာင္းလည္း အဆိုပါထုတ္ျပန္ခ်က္တြင္ဆက္လက္ေဖာ္ျပထားသည္။

ဟားခါးျမိဳ႕ေပၚတြင္ ခရစ္ယာန္အသင္းေတာ္ေပါင္း ၅၀ ဝန္းက်င္ရွိသည္ဟုသိရျပီး ခရစ္ယာန္ဂုိဏ္ေပါင္းစုံမွ ထုတ္ျပန္ခ်က္ မွာ ဟားခါးျမိဳ႕ေပၚရွိ အသင္းေတာ္မ်ားသာ ခရစၥမတ္ပြဲေတာ္ကုိ က်င္း ပျခင္း မျပဳလုပ္ရန္ျဖစ္သည္ဟုလည္း သိရသည္။

အျပည္ျပည္ဆိုင္ရာျမန္မာႏွစ္ျခင္းခရစ္ယာန္မိတ္သဟာယကလည္း အသင္းေတာ္မ်ားႏွင့္ အသင္းေတာ္၀င္မ်ားသို႔ ႏို၀င္ဘာ လ ၂၂ ရက္ေန႔က ေမတၱာရပ္ခံခ်က္တစ္ေစာင္ထုတ္ျပန္ကာ ခရစၥမတ္ပြဲေတာ္အတြက္ အကုန္အက်ခံ၊ လုပ္ေဆာင္ၾကမည့္ ေငြပမာဏထဲမွ စစ္ေဘးဒုကၡခံေနရေသာ အကူအညီလိုအပ္ေနသည့္ျပည္သူမ်ားအား စိတ္အားထက္သန္စြာ ပါ၀င္ေပးလွဴ ၾကရန္အေလးအနက္ေမတၱာရပ္ခံထားသည္။

ျမန္မာႏိုင္ငံသည္ စစ္ေခါင္းေဆာင္မ်ား၏ မတရားဖိဆီးမႈေအာက္မွလႊတ္ေျမာက္ႏိုင္ရန္အတြက္ မိမိတို႔အသက္အိုးအိမ္မ်ား စြန္႔ကာ အမွန္တရားအတြက္၊ နည္းမ်ဳိးစံုျဖင့္တိုက္ပြဲ၀င္ေနၾကေသာသူမ်ား၊ မေရမတြက္ႏိုင္ေအာင္ရွိေနၿပီး ထိုသူမ်ားအတြက္ စား၀တ္ေနေရးဆိုင္ရာအခက္အခဲမ်ားအား ကူညီေပးႏိုင္ေရးမွာလည္း အလြန္အမင္းလိုအပ္လ်က္ရွိေနခ်ိန္ျဖစ္သည္ဟု အျပည္ျပည္ဆိုင္ရာျမန္မာႏွစ္ျခင္းခရစ္ယာန္မိတ္သဟာယကထုတ္ျပန္ထားသည္။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

စစ်တပ်လက်အောက်ခံ ပညာရေးဌာနနှင့် ချိတ်ဆက်ဆောင်ရွက်ပါက အရေးယူမည်ဟု ချင်းပညာရေးဝန်ကြီးဌာနထုတ်ပြန်

မြန်မာကို ဘာသာရေးလွတ်လပ်ခွင့် အထူးစိုးရိမ်ရသည့်နိုင်ငံ (CPC) အဖြစ် သတ်မှတ်ပေးရန် အမေရိကန်အစိုးရထံ BRI တောင်းဆို

ကလေးလူငယ်များကို လက်နက်ကိုင်အဖွဲ့များက အဓမ္မစစ်မှုထမ်းစေခြင်းကို ကန့်ကွက်ကြောင်း ချင်းပညာရေးစီဒီအမ်အဖွဲ့ ထုတ်ပြန်

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
September 17, 2026

Palangvum (သို့) ပလက်ဝတွင် ဘာတွေဖြစ်နေလဲ

September 4, 2026

ကလေးမြို့က သားသည်မိခင်တို့၏ ညစဉ်ခြောက်လှန့်အိပ်မက်နှင့် ပေါ်တာဆွဲမှု အရေခြုံစစ်မှုထမ်းဥပဒေ

August 26, 2026

“ဒဏ်ရာများထက် ပိုမိုတောက်ပသော အနာဂတ်အတွက် ပေးဆပ်မှု”

June 26, 2026

တောင်ဇလပ်မြေက တော်လှန်ရဲမေများရဲ့ဖက်ဒရယ်အိပ်မက်ထဲက အခက်အခဲ

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
September 25, 2026

စစ်တပ်လက်အောက်ခံ ပညာရေးဌာနနှင့် ချိတ်ဆက်ဆောင်ရွက်ပါက အရေးယူမည်ဟု ချင်းပညာရေးဝန်ကြီးဌာနထုတ်ပြန်

September 25, 2026

ULA နှင့် MTP တို့ တွေ့ဆုံဆွေးနွေးပြီးနောက် ပလက်ဝနယ်စပ်ကုန်သွယ်ရေးလမ်းကြောင်း ပြန်ဖွင့်

September 25, 2026

မြန်မာကို ဘာသာရေးလွတ်လပ်ခွင့် အထူးစိုးရိမ်ရသည့်နိုင်ငံ (CPC) အဖြစ် သတ်မှတ်ပေးရန် အမေရိကန်အစိုးရထံ BRI တောင်းဆို

September 24, 2026

ကလေးမြို့တွင် ZYA ဌာနချုပ်ဝန်းအတွင်း ယာဉ်တိုက်မှုကြောင့် ၁၁ နှစ်အရွယ် ကလေးငယ် သေဆုံး၊ အစ်ကိုဖြစ်သူ ဒဏ်ရာရ

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.