Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Headline»နိုင်ငံရေးဦးဆောင်အဖွဲ့အဖြစ် ဒေသတွင်းအမြင့်ဆုံးအာဏာကျင့်သုံးမည့် ချင်းအမျိုးသားကောင်စီ (မင်းတပ်) စတင်ဖွဲ့စည်း

နိုင်ငံရေးဦးဆောင်အဖွဲ့အဖြစ် ဒေသတွင်းအမြင့်ဆုံးအာဏာကျင့်သုံးမည့် ချင်းအမျိုးသားကောင်စီ (မင်းတပ်) စတင်ဖွဲ့စည်း

0
By Editor on August 8, 2023 Headline

(06SV)

ချင်းပြည်နယ်၊ မင်းတပ်မြို့နယ်တွင် နိုင်ငံရေးဦးဆောင်အဖွဲ့အဖြစ် ဒေသတွင်းအမြင့်ဆုံးအာဏာကျင့်သုံးမည့် ချင်းအမျိုးသားကောင်စီ (မင်းတပ်) ကို စတင်ဖွဲ့စည်းလိုက်သည်ဟု မင်းတပ်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ထုတ်ပြန်သည်။ 

လက်ရှိတွင် စစ်အာဏာရှင်တော်လှန်ရေး အတိုင်းအတာတစ်ခုထိ အောင်အောင်မြင်မြင် ခရီးပေါက်လာသော အချိန်ဖြစ်၍ နိုင်ငံရေး ဦးဆောင်အဖွဲ့ အရေးတကြီး လိုအပ်လာသောကြောင့် ဩဂုတ်လ ၆ ရက်မှာ စတင်ဖွဲ့ စည်းလိုက်သည်ဟု မင်းတပ်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့မှ ပြောရေးဆိုခွင့်ရှိသူ ကိုယောမာန်က ပြောသည်။ 

“နိုင်ငံရေးမပါတဲ့ တော်လှန်ရေးက အဆင်မပြေဘူးလေ။ အနာဂါတ်ဖက်ဒရယ် ဒီမိုကရေစီကို ဘယ်လိုသွားကြမယ်။ NUG နဲ့ ဘယ်လိုစကားပြောမယ်။ ပြည်သူ့အစိုးရပေါ်လာခဲ့ရင် ပြည်နယ်အစိုးရနဲ့ ဘယ်လိုချိတ်ဆက်မယ်ဆိုတာကို ကာကွယ်ရေးကလည်း သူ့ဟာသူ သွားလို့ မရဘူး။ ပအဖကလည်း သူ့ဟာသူ သွားလို့ မရဘူး။ ကာကွယ်ရေးနဲ့ပအဖ နဲ့လည်း လက်ဝါးချင်းရိုက်ပြီး လုပ်လို့ မရဘူး။ ဒီတော့ ချင်းအမျိုးသားကောင်စီဆိုတာ CDM အစုအဖွဲ့ရော၊ ကာကွယ် ရေးရော၊ ပအဖရော၊ ပြည်ပက တတ်သိပညာရှင်တွေ၊ တော်လှန်ရေးကိုကူညီနေတဲ့ ပြည်ပက အဖွဲ့အစည်းအသီးသီး၊ ပြည်တွင်းပြည်ပ အကုန်လုံးစုပေါင်းထားတဲ့ နိုင်ငံရေးဦးဆောင်အဖွဲ့ဖြစ်တယ်။ နိုင်ငံရေးလမ်းစဉ်တွေ ချမှတ်ဖို့၊ ဖက်ဒရယ်ဒီမိုကရေစီ အရေးတွေပေါ့နော်။ အဲလိုမျိုးတွေကို ဦးဆောင်ဖို့ပေါ့လေ။ အဲဒါတွေကို ဦးဆောင်ဖော်မဲ့ နိုင်ငံရေး ဦးဆောင်အဖွဲ့ပါ” ဟု ကိုယောမာန်က ပြောသည်။ 

ချင်းအမျိုးသားကောင်စီ (မင်းတပ်) သည် အနာဂါတ် ချင်းလူမျိုးများအတွက် နိုင်ငံရေးလမ်းစဉ်များ ချမှတ်နိုင်ရေး၊ ဖက်ဒရယ်ဒီမိုကရေစီအရေး၊ ကိုယ့်ကံကြမ္မာ ကိုယ်ဖန်တီးရေး၊ တန်းတူရေး၊ အခြေခံလူ့အခွင့်အရေးတို့ကို အာမခံ ချက်ပေးမည့် မူဝါဒလုပ်ငန်းစဉ်များ ရေးဆွဲချမှတ်၊ အကောင်အထည်ဖော်မည်ဟု သိရသည်။ 

ဒေသတွင်း အမြင့်ဆုံးအာဏာကျင့်သုံးမည့် ချင်းအမျိုးသားကောင်စီ (မင်းတပ်) CNC (Mindat) ကို အထက်ပါ မူဝါဒလုပ်ငန်းစဉ်များ ရေးဆွဲချမှတ် အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန် ပြည်တွင်း/ပြည်ပ တော်လှန်ရေးအင်အားစုများ စုပေါင်း၍ ဖွဲ့စည်းခြင်းဖြစ်သည်ဟု သိရသည်။

မင်းတပ်မြို့နယ်၏ တော်လှန်ရေး (၂) နှစ်ကာလအတွင်း အုပ်ချုပ်ရေး၊ ကာကွယ်ရေး၊ တရားစီရင်ရေး၊ လုံခြုံရေးနှင့် လူသားချင်းစာနာထောက်ရေးစသည့် လုပ်ငန်းများကို စနစ်တကျ အကောင်အထည်ဖော်နိုင်သည်မှာ ပြည်တွင်း၊ ပြည်ပရှိ တော်လှန်ရေး အင်အားစုများ၏ အင်တိုက်အားတိုက် ပူးပေါင်းပါဝင်မှုကြောင့် ဖြစ်သည်ဟု မင်းတပ်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ထုတ်ပြန်သည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

တီးတိန်- သိုင်းငင်းကြားရှိ ထုတ်လိုင်ရွာကို စစ်ကော်မရှင်တပ် လေကြောင်းတိုက်ခိုက်

ဖလမ်းမြို့နယ်မှာ ကလေးငယ် ၃၀၀၀ အပါအဝင် ပြည်သူ ၂၀၀၀၀ ကျော် စစ်ဘေးရှောင်နေရပြီး အကူအညီများ လိုအပ်နေ

ဖလမ်း၊ တီးတိန်၊ ကလေး၊ ဂန့်ဂေါက တိုက်ပွဲများတွင် စစ်ကော်မရှင်တပ်မှ ဗိုလ်မှူး၊ ဗိုလ်ကြီး အပါအဝင် ၁၀၀ ခန့် သေဆုံး

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
November 28, 2025

“ပေးဆပ်မှု ကြီးမားကြသူများ”

November 6, 2025

ချင်းပြည်သူအပေါ် ကျနော့ရပ်တည်ချက်သည် – အတိတ်၊ ပစ္စုပ္ပန် နဲ့ အနာဂါတ် – ဘယ်တော့မှပြောင်းလဲမှာမဟုတ်”

September 2, 2025

မူးယစ်ကုန်သွယ်မှု မျက်နှာစာသစ် မြန်မာ- အိန္ဒိနယ်စပ်နဲ့ ချင်းတော်လှန်ရေးအပေါ် ရိုက်ခတ်မှု

August 2, 2025

စစ်တပ်၏ ဒုတိယစာမျက်နှာနှင့် ချင်းပြည်အပေါ် သက်ရောက်မှု

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
November 28, 2025

“ပေးဆပ်မှု ကြီးမားကြသူများ”

November 6, 2025

ချင်းပြည်သူအပေါ် ကျနော့ရပ်တည်ချက်သည် – အတိတ်၊ ပစ္စုပ္ပန် နဲ့ အနာဂါတ် – ဘယ်တော့မှပြောင်းလဲမှာမဟုတ်”

September 2, 2025

မူးယစ်ကုန်သွယ်မှု မျက်နှာစာသစ် မြန်မာ- အိန္ဒိနယ်စပ်နဲ့ ချင်းတော်လှန်ရေးအပေါ် ရိုက်ခတ်မှု

August 2, 2025

စစ်တပ်၏ ဒုတိယစာမျက်နှာနှင့် ချင်းပြည်အပေါ် သက်ရောက်မှု

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.