Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Headline»နိုင်ငံ၏ အုပ်ချုပ်ရေးသည် နေပြည်တော်မှာပဲ သီးသန့်မရှိတော့ကြောင်း အာဆီယံနိုင်ငံခြားရေးဝန်ကြီးများနှင့် တွေ့ဆုံအပြီး SCEF က ထုတ်ပြန်

နိုင်ငံ၏ အုပ်ချုပ်ရေးသည် နေပြည်တော်မှာပဲ သီးသန့်မရှိတော့ကြောင်း အာဆီယံနိုင်ငံခြားရေးဝန်ကြီးများနှင့် တွေ့ဆုံအပြီး SCEF က ထုတ်ပြန်

0
By Editor on July 16, 2026 Headline

အာဆီယံဘုံသဘောတူညီချက် ၅ ချက် အကောင်အထည်ဖော်ရေးကို ခိုင်မာသော အစီအစဉ်ဖြင့်စတင်ရန် SCEF တင်ပြခဲ့ဟုဆို

(006SV)

မြန်မာ့နိုင်ငံရေး အရှိတရားသည် အခြေခံကျကျ ပြောင်းလဲသွားပြီဖြစ်ပြီး ယနေ့ နိုင်ငံ၏ အုပ်ချုပ်ရေးသည် နေပြည်တော်မှာပဲ သီးသန့် မရှိတော့ကြောင်း ထိုင်း၊ ဖိလစ်ပိုင်နိုင်ငံခြားရေး ဝန်ကြီးများနှင့် မကြာသေးမီက တွေ့ဆုံမှုအပြီးတွင် SCEF က ထုတ်ပြန်သည်။

ဇူလိုင်လ ၁၃ ရက်က ASEAN ဥက္ကဌ၏ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် ဖိလစ်ပိုင် နိုင်ငံခြားရေးဝန်ကြီး၊ ထိုင်းနိုင်ငံခြားရေးဝန်ကြီးတို့နှင့် KNU၊ KIO နှင့် ချင်းအမျိုးသားတပ်ဦး (CNF) တို့ တွေ့ဆုံဆွေးနွေးခဲ့ကြောင်း SCEF ၏ ဇူလိုင်လ ၁၅ ရက် ထုတ်ပြန်ချက်မှာ ယင်းကဲသို့ ပြောဆိုလာခြင်းဖြစ်သည်။

အဆိုပါတွေ့ဆုံမှုနှင့်ပတ်သက်၍ SCEF က အချက် ၆ ချက်ကို ထုတ်ပြန်ခဲ့ပြီး SCEF အဖွဲ့ဝင်အချို့သည် စစ်အုပ်စု ကိုယ်စားလှယ်များနှင့်အတူ ASEAN ကို တွေ့ဆုံခြင်း မဟုတ်ဘဲ သီးသန့် ASEAN နှင့်သာ တွေ့ဆုံဆွေးနွေးခြင်း ဖြစ်ကြောင်း၊ တရားဝင် နိုင်ငံရေး တွေ့ဆုံဆွေးနွေးပွဲ သို့မဟုတ် စေ့စပ်ညှိနှိုင်းမှု လုပ်ငန်းစဉ် စတင်ခြင်း မဟုတ်ဘဲ အမြင်ချင်းဖလှယ်ရန်သာဖြစ်ကြောင်း ထုတ်ပြန်ချက်မှာ ဖော်ပြထားသည်။

ဆွေးနွေးပွဲတွင် SCFE ကိုယ်စားလှယ်များက အာဆီယံ ဘုံသဘောတူညီချက် ၅ ချက်အား ထုတ်ပြန်ကြေညာမှု သက်သက်မဟုတ်ဘဲ အကောင်အထည်ဖော်ရမည်ဟု တင်ပြခဲ့ပြီး ဘုံသဘောတူညီချက် ၅ ချက်ကို အကောင်အထည်ဖော်မှုတွင် လက်တွေ့ကျသော တိုးတက်မှု မရှိကြောင်း၊ အကောင်အထည်ဖော်မှုသည် ခိုင်မာသော အစီအစဉ်များဖြင့် စတင်ရမည်ဟု တင်ပြရပ်တည်ခဲ့ကြောင်း သိရသည်။

SCEF အနေဖြင့် နိုင်ငံရေးအသွင်ကူးပြောင်းခြင်းသည် ရည်မှန်းချက်ဖြစ်ပြီး တွေ့ဆုံဆွေးနွေးရေးသည် နည်းလမ်းဖြစ်ကာ ရည်မှန်းချက် မပါသော တွေ့ဆုံဆွေးနွေးမှု သက်သက်ကို ယုံကြည်မှု မရှိကြောင်း ကြေညာချက်မှာ ဖော်ပြထားသည်။

တွေ့ဆုံဆွေးနွေးရခြင်းသည် မြန်မာ့ပဋိပက္ခကို ဖြစ်ပေါ်စေသော အကြောင်းရင်းများကို ဖြေရှင်းနိုင်ရန်နှင့် ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုကို ဦးတည်သော နိုင်ငံရေး အသွင်ကူးပြောင်းမှု အောင်မြင်စေရန်ဖြစ်သည်ဟု SCEF က ဆိုသည်။

“စစ်တပ်၏ လွှမ်းမိုးမှု၊ ဗဟိုချုပ်ကိုင်မှု အားကြီးသော အာဏာရှင်စနစ်နှင့် အရင်းခံ နိုင်ငံရေးအကျပ်အတည်းတို့ကို ချန်ထားပြီး အကြမ်းဖက်မှုကို လျော့ချရုံ သက်သက်သာ ရည်ရွယ်သော တွေ့ဆုံဆွေးနွေးမှုသည် ရေရှည်တည်တံ့သော ငြိမ်းချမ်းရေးကို ဆောင်ကျဉ်းပေးနိုင်မည် မဟုတ်ပါ” ဟု SCEF က ဆိုသည်။

အဓိပ္ပါယ်ပြည့်ဝသော တွေ့ဆုံဆွေးနွေးပွဲအတွက် စစ်အာဏာရှင်များသည် ယခုအချိန်အထိ နိုင်ငံရေး စိတ်ဆန္ဒပြသခြင်း မရှိကြောင်း၊ စစ်အုပ်စု၏ လူသိရှင်ကြား တွေ့ဆုံဆွေးနွေးရေးအတွက် ဖိတ်ခေါ်မှုကလည်း စစ်မှန်သော ကတိကဝတ် သက်သေအ မရှိပါကြောင်း၊ ယုံကြည်မှု ရှိနိုင်မည့် နိုင်ငံရေး တွေ့ဆုံဆွေးနွေးမှုအတွက် အချက် ၅ ချက်ကို ဆောင်ရွက်ရန် လိုအပ်သည်ဟု SCEF ထံမှ သိရသည်။

ယင်းငါးချက်တွင် နိုင်ငံရေးအကျဉ်းသားများ ချက်ခြင်း လွှတ်ပေးရန်အပါအဝင် လေကြောင်းတိုက်ခိုက်မှုများ ရပ်တန့်ရန်နှင့် လူသားချင်းစာနာမှု အကူအညီများ ပေးနိုင်ရန်တို့ ပါဝင်သည်။

မြန်မာနိုင်ငံရေး အရှိတရားသည် အခြေခံကျကျ ပြောင်းလဲသွားပြီး ယနေ့ မြန်မာနိုင်ငံ၏ အုပ်ချုပ်ရေးသည် နေပြည်တော်မှာဘဲ သီးသန့် မရှိတော့ကြောင်း၊ နိုင်ငံတဝန်းမှာ အုပ်ချုပ်ရေးကို ပြည်နယ်/ ယူနစ်အခြေခံဖြင့် ဆောင်ရွက်နေ သကဲ့သို့ ဒေသကိုယ်စားပြု အာဏာပိုင်များက မဏ္ဍိုင် ၃ ရပ်ဖြင့် သက်ဆိုင်ရာပြည်သူများ၏ နိုင်ငံရေးဆန္ဒများကို ကိုယ်စားပြု ဆောင်ရွက်နေပြီဖြစ်ကြောင်း SCEF ထံမှ သိရသည်။

“ထိုပကတိအရှိတရားများက တိုင်းပြည်၏ နိုင်ငံရေးအခင်းအကျင်းကို အခြေခံအားဖြင့် ပြောင်းလဲသွားပြီ၊ မည်သည့် ယုံကြည်စိတ်ချရသော ငြိမ်းချမ်းရေး ဖြစ်စဉ်မဆို အဆိုပါ တရားဝင် နိုင်ငံရေးအာဏာပိုင်များကို အသိအမှတ်ပြုပြီး ထိတွေ့ဆံက်ဆံမှု ပြုရမည်၊ ယခင်ယူဆချက်များကို အခြေခံ၍ တည်ဆောက်သော နိုင်ငံရေးအစီအမံများသည် ရေရှည်တည်တံ့သော ငြိမ်းချမ်းရေးကို ဆောင်ကျဉ်း ပေးနိုင်မည်ဟု မဟုတ်ပါ၊၊ အချိန်မတန်မီ နိုင်ငံရေး ပုံမှန်ပြန်ဖြစ်အောင် ကြိုးပမ်းဆောင်ရွက်မှုသည် လက်ရှိကွဲပြားနေသော နိုင်ငံရေးအခြေအနေများကို ပို၍ ဆိုးဝါးစေမည်” ဟု SCEF ကထုတ်ပြန်သည်။

ထို့အပြင် တရားဝင်နိုင်ငံရေး စေ့စပ်ညှိနှိုင်းမှုများ စတင်ရန် အခြေအနေ မရောက်သေးကြောင်း၊ လက်ရှိ ချက်ခြင်း ဆောင်ရွက်ရမည့် လုပ်ငန်းတာဝန်မှာ နိုင်ငံရေးဆိုင်ရာ ကြိုတင်ပြင်ဆင်ခြင်း ဖြစ်ပါသည်ဟု SCEF ထံမှ သိရသည်။

ငြိမ်းချမ်းရေး ဖြစ်စဉ်သည်လည်း မြန်မာနိုင်ငံပိုင်ဖြစ်ရမှာဖြစ်ပြီး ဒေသတွင်းနှင့် နိုင်ငံတကာ မိတ်ဖက်များမှာ နိုင်ငံရေး တွေ့ဆုံဆွေးနွေးမှုကို အထောက်အကူပြုရန်နှင့် ငြိမ်းချမ်းရေးကို ကူညီပံ့ပိုးရန် အရေးပါသော အခန်းကဏ္ဍတွင် ရှိသည်ဟု SCEF က ဆိုသည်။

“နိုင်ငံရေးအခြေအနေများ မပြည့်စုံမီ ပြင်ပမှ လုပ်ငန်းစဉ်ကို အလျင်အမြန် တွန်းအားပေးခြင်း သို့မဟုတ် ရလဒ်များကို ကြိုတင် သတ်မှတ်ခြင်းကို မပြလုပ်သင့်ပါ၊ ယင်းလုပ်ငန်းစဉ်သည် မြန်မာနိုင်ငံသားများ ပိုင်ဆိုင်သော မြန်မာနိုင်ငံသားများ ဦးဆောင်သော ၊ မြန်မာနိုင်ငံသားများ ကြိုတင်ပြင်ဆင်ထားသော လုပ်ငန်းစဉ်အဖြစ် ပေါ်လာရမည်” ဟု SCEF က ထုတ်ပြန်သည်။

SCEF သည် နိုင်ငံရေးအဖြေရှာမှုကို စေ့စပ်ညှိနှိုင်းမှုဖြင့် ရရှိစေရန် ဆက်လက်ကတိကဝတ်ထားရှိပါသည်ဟု ထုတ်ပြန်ချက်မှာ အသိပေးထားသည်။

SCEF ၏ ရည်မှန်းချက်သည် စစ်တပ်အာဏာ လွှမ်းမိုးမှုကို အဆုံးသတ်ပြီး၊ တန်းတူညီမျှမှု၊ မျှဝေကျင့်သုံးသော အချုပ်အခြာအာဏာ၊ ကိုယ်ပိုင်ပြဌာန်းခွင့်၊ ဒီမိုကရေစီအရ ပါဝင်မှု၊ တရားဥပဒေစိုးမိုးရေး၊ မတူကွဲပြားမှုကို လေးစားမှုနှင့် အရပ်သားအစိုးရ အုပ်ချုပ်မှုတို့အပေါ် အခြေခံသော ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုတစ်ရပ်ကို တည်ဆောက်နိုင်မည့် နိုင်ငံရေးအသွင်ကူးပြောင်းရေး ဖြစ်သည်ဟု သိရသည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

စစ်တပ်လက်အောက်ခံ ပညာရေးဌာနနှင့် ချိတ်ဆက်ဆောင်ရွက်ပါက အရေးယူမည်ဟု ချင်းပညာရေးဝန်ကြီးဌာနထုတ်ပြန်

မြန်မာကို ဘာသာရေးလွတ်လပ်ခွင့် အထူးစိုးရိမ်ရသည့်နိုင်ငံ (CPC) အဖြစ် သတ်မှတ်ပေးရန် အမေရိကန်အစိုးရထံ BRI တောင်းဆို

ကလေးလူငယ်များကို လက်နက်ကိုင်အဖွဲ့များက အဓမ္မစစ်မှုထမ်းစေခြင်းကို ကန့်ကွက်ကြောင်း ချင်းပညာရေးစီဒီအမ်အဖွဲ့ ထုတ်ပြန်

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
September 17, 2026

Palangvum (သို့) ပလက်ဝတွင် ဘာတွေဖြစ်နေလဲ

September 4, 2026

ကလေးမြို့က သားသည်မိခင်တို့၏ ညစဉ်ခြောက်လှန့်အိပ်မက်နှင့် ပေါ်တာဆွဲမှု အရေခြုံစစ်မှုထမ်းဥပဒေ

August 26, 2026

“ဒဏ်ရာများထက် ပိုမိုတောက်ပသော အနာဂတ်အတွက် ပေးဆပ်မှု”

June 26, 2026

တောင်ဇလပ်မြေက တော်လှန်ရဲမေများရဲ့ဖက်ဒရယ်အိပ်မက်ထဲက အခက်အခဲ

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
September 25, 2026

စစ်တပ်လက်အောက်ခံ ပညာရေးဌာနနှင့် ချိတ်ဆက်ဆောင်ရွက်ပါက အရေးယူမည်ဟု ချင်းပညာရေးဝန်ကြီးဌာနထုတ်ပြန်

September 25, 2026

ULA နှင့် MTP တို့ တွေ့ဆုံဆွေးနွေးပြီးနောက် ပလက်ဝနယ်စပ်ကုန်သွယ်ရေးလမ်းကြောင်း ပြန်ဖွင့်

September 25, 2026

မြန်မာကို ဘာသာရေးလွတ်လပ်ခွင့် အထူးစိုးရိမ်ရသည့်နိုင်ငံ (CPC) အဖြစ် သတ်မှတ်ပေးရန် အမေရိကန်အစိုးရထံ BRI တောင်းဆို

September 24, 2026

ကလေးမြို့တွင် ZYA ဌာနချုပ်ဝန်းအတွင်း ယာဉ်တိုက်မှုကြောင့် ၁၁ နှစ်အရွယ် ကလေးငယ် သေဆုံး၊ အစ်ကိုဖြစ်သူ ဒဏ်ရာရ

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.