Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Khonumthung»နိုဝင်ဘာလ ၃၀ ရက်နေ့ နောက်ဆုံးထား CDM ဝင်ကြရန် CDF-Hualngoram က သတိပေးထုတ်ပြန်

နိုဝင်ဘာလ ၃၀ ရက်နေ့ နောက်ဆုံးထား CDM ဝင်ကြရန် CDF-Hualngoram က သတိပေးထုတ်ပြန်

0
By Editor on November 13, 2023 Khonumthung

(003PT)

စစ်ကောင်စီလက်အောက်ခံ ဌာနဆိုင်ရာအသီးသီးတွင် တာဝန်ထမ်းဆောင်နေသူများအနေဖြင့် ၂၀၂၃ ခုနှစ် နိုင်ဝင်ဘာလ ၃၀ ရက်နေ့ နောက်ဆုံးထားကာ အကြမ်းမဖက်အာဏာဖီဆန်ရေးလှုပ်ရှားမှု-CDM ဝင်ကြရန် CDF-Hualngoram နှင့် Hualngo -ram CDM Department အဖွဲ့တို့က နိုဝင်ဘာလ ၁၀ ရက်နေ့မှာ ပူးတွဲသတိပေးထုတ်ပြန်လိုက်သည်။

CDF-Hualngoram ဒေသအတွင်းရှိ ဝန်ထမ်း၏ ၆၅ ရာခိုင်းနှုန်းခန့်မှာ Non-CDM ဖြစ်ကြပြီး အများစုမှာ အခြေအနေ အမျိုးမျိုးအကြောင်းပြကာ CDM မဝင်ကြသေးသည့်အတွက် ယခုကဲ့သို့ သတိပေးလိုက်ခြင်းဖြစ်သည်ဟု Hualngoram CDM Department ဥက္ကဌ Pu Kima ကပြောသည်။

“ကျွန်တော်တို့ဒေသမှာ Non-CDM ကင်းစင်ဖို့၊ စစ်အစိုးရကို အားပေးတဲ့လူမရှိစေချင်လို့ ပြီး‌တော့ ကျွန်တော်တို့ ဒေသခံ အချင်းချင်းမှာ စိတ်၀◌မ်းကွဲမှု မရှိလေအောင်၊ အဲ့ဒီအလုပ်ကနေ အပြီးပိုင်ထွက်ပြီဆိုရင် သာမန် အရပ်သာလိုပဲ အစိုးရ ဝန်ထမ်းမဟုတ်တော့ သူတို့ လွတ်လွတ်လပ်လပ်နေထိုင်ခွင့်ပေးချင်လို့ဖြစ်ပါတယ်” Pu Kima က ပြောသည်။

CDM ဝင်လိုသူများအနေဖြင့် မိမိထမ်းဆောင်နေသည့်တာဝန်မှ ရပ်ဆိုင်းကြောင်း ဝန်ခံကတိစာနှင့်အတူ လူကိုယ်တိုင် CDF-Hualngoram ဌာနချုပ်ရှိ Hualngoram CDM Department ဌာနသို့ CDM ဝင်ကြောင်း လာရောက် စာတင်သူကိုသာလျှင် CDM ပြုလုပ်သူအဖြစ် အသိမှတ်ပြုမှာဖြစ်ပြီး၊ ဖုန်း၊ အွန်လိုင်းမှတစ်ဆင့် စာပေးပို့ခြင်းတို့ဖြင့် အကြောင်းကြားခြင်းတို့ကို လက်ခံမည်မဟုတ်သလို CDM အဖြစ် အသိမှတ်ပြုမည်မဟုတ်ကြောင်း CDF-Hualngoram က ဆိုသည်။

“စားရင်ပို့တယ်ဆိုတာလည်း ကျွန်တော်တို့စာရွက်ကလေးနဲ့ လာယူတဲ့ဟာကိုပဲ ကျွန်တောတို့ အတည်ပြုတယ်။ စာရွက်နဲ့ မပို့ပဲနဲ့ ဖုန်းနဲ့ပြောတာမျိုး ပြီးတော့၊ Messenger တို့ Whatsapp တို့ကနေ ပို့လာတဲ့ဟာမျိုး ကျွန်တော်တို့ လက်မခံဘူး ပို့တဲ့သူလည်း အများကြီးရှိတယ် ဒါပေမဲ့ ကျွန်တော်တို့ အတည်မပြုရဲဘူးပေါ့နော်” ဟု Hualngoram CDM Department ဥက္ကဌကပြောသည်။

သတ်မှတ်ချိန်အတွင်း CDM ပြုလုပ်ခြင်းမရှိသော ၀◌န်ထမ်းများကို CDF-Hualngoram ဒေသအတွင်း နေထိုင်ခွင့် နှင့် ဖြတ်သန်းသွားလာခွင့်ပြုမည်မဟုတ်တော့ကြောင်း၊ CDF-Hualngoram ဒေသအတွင်း ဆက်လက်နေထိုင်မှု တွေ့ရှိပါက ပြင်းထန်စွာ အရေးယူမှု ဆောင်ရွက်သွားမည်ဖြစ်ကြောင်း အသိပေးချက် ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

၂၀၂၁ ခုနစ် စစ်အာဏာသိမ်းပြီးနောက် ယခုအချိန်ထိ CDF-Hualngoram ထိန်းချုပ်နယ်မြေဒေသအတွင်း ပညာရေး၊ ကျန်းမာရေး နဲ့ ရဲ စသည့် ဝန်ထမ်းများမှ CDM ဝင်လာသူ အယောက် ၁၂၀ ကျော်ရှိပြီး၊ ရာခိုင်နှုန်းအားဖြင့် ၄၅ ခန့်ရှိကြောင်း သိရသည်။

ချင်းလက်နက်ကိုင်တပ်ဖွဲ့တစ်ခုဖြစ်သော CDF-Hualngoram သည် ချင်းပြည်နယ် ဖလမ်းမြို့နယ်နှင့် တီးတိန်မြို့နယ်အတွင်း ရှိ ဟွာလ်ငိုတောင်ကြောဒေသအတွင်း စစ်ရေးလှုပ်ရှားနေသောအဖွဲ့ဖြစ်သည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

ကာကီကျေးရွာမှာ ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါကြောင့် ကလေးငယ်တစ်ဦးထပ်မံသေဆုံး

ပလက်ဝစစ်ဘေးရှောင်စခန်းမှာ ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါကြောင့် ၄ ဦးသေဆုံး

သိုင်းငင်းရွာကို ဝင်ရောက်လာသော စစ်ကော်မရှင်တပ်စစ်ကြောင်း ထိခိုက်သေဆုံးမှုများပြား

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
November 6, 2025

ချင်းပြည်သူအပေါ် ကျနော့ရပ်တည်ချက်သည် – အတိတ်၊ ပစ္စုပ္ပန် နဲ့ အနာဂါတ် – ဘယ်တော့မှပြောင်းလဲမှာမဟုတ်”

September 2, 2025

မူးယစ်ကုန်သွယ်မှု မျက်နှာစာသစ် မြန်မာ- အိန္ဒိနယ်စပ်နဲ့ ချင်းတော်လှန်ရေးအပေါ် ရိုက်ခတ်မှု

August 2, 2025

စစ်တပ်၏ ဒုတိယစာမျက်နှာနှင့် ချင်းပြည်အပေါ် သက်ရောက်မှု

June 30, 2025

“ကျွန်မတို့ကို Refugees လို့မသတ်မှတ်တဲ့အတွက် Refugees တွေ ရသင့်ရထိုက်တဲ့ အခွင့်အရေးမှန်သမျှကို ဆုံးရှုံးနေရတယ်”

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
November 6, 2025

ချင်းပြည်သူအပေါ် ကျနော့ရပ်တည်ချက်သည် – အတိတ်၊ ပစ္စုပ္ပန် နဲ့ အနာဂါတ် – ဘယ်တော့မှပြောင်းလဲမှာမဟုတ်”

September 2, 2025

မူးယစ်ကုန်သွယ်မှု မျက်နှာစာသစ် မြန်မာ- အိန္ဒိနယ်စပ်နဲ့ ချင်းတော်လှန်ရေးအပေါ် ရိုက်ခတ်မှု

August 2, 2025

စစ်တပ်၏ ဒုတိယစာမျက်နှာနှင့် ချင်းပြည်အပေါ် သက်ရောက်မှု

June 30, 2025

“ကျွန်မတို့ကို Refugees လို့မသတ်မှတ်တဲ့အတွက် Refugees တွေ ရသင့်ရထိုက်တဲ့ အခွင့်အရေးမှန်သမျှကို ဆုံးရှုံးနေရတယ်”

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.