Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Headline»နိုဝင်ဘာ ပထမပတ် ထန်တလန်မြို့သိမ်းစစ်ဆင်ရေးမှာ စစ်ကောင်စီမှ ဒု-ဗိုလ်မှူးကြီးနှင့် ဒု-ရဲအုပ်အပါအဝင် ၁၀ ဦးသေဆုံး

နိုဝင်ဘာ ပထမပတ် ထန်တလန်မြို့သိမ်းစစ်ဆင်ရေးမှာ စစ်ကောင်စီမှ ဒု-ဗိုလ်မှူးကြီးနှင့် ဒု-ရဲအုပ်အပါအဝင် ၁၀ ဦးသေဆုံး

0
By Editor on November 8, 2024 Headline

(006SV)

ချင်းပြည်နယ်၊ ထန်တလန်မြို့ပေါ်က စစ်ကောင်စီစခန်းများကို ချင်းပြည်ကောင်စီ/ချင်းပြည်အစိုးရတပ်ဖွဲ့များက ထိုးစစ်ဆင် တိုက်ခိုက်ရာမှာ နိုဝင်ဘာလ ပထမပတ်အတွင်း စစ်ကောင်စီဘက်က ဒုဗိုလ်မှူးကြီးနှင့် ဒုရဲအုပ် အပါအဝင် ၁၀ ဦးသေဆုံးကြောင်း ချင်းအမျိုးသားတပ်ဦး CNF/ CNA ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက ပြောသည်။

နိုဝင်ဘာလ ၁ ရက်မှ ၇ ရက်အတွင်း ထန်တလန်မြို့သိမ်းစစ်ဆင်ရေးကို ချင်းပြည်အစိုးရတပ်များက ဆက်လက်တိုက် ခိုက်လျက် ရှိရာ စစ်ကောင်စီမှ ဒုဗိုလ်မှူးကြီး ၁ ဦးနှင့် ဒုရဲအုပ် ၁ ဦးအပါအဝင် ၁၀ ဦး ခန့် ကျဆုံးပြီး ထိခိုက်ဒဏ်ရာရရှိသူများရှိကြောင်း၊ ဒရုန်း ၁ စင်းကိုလည်း ပစ်ချနိုင်ခဲ့ကြောင်း သိရသည်။

“ထန်တလန်မြို့ထဲမှာ တိုက်ပွဲကတော့ ဆက်လက်ဖြစ်နေတာပေါ့နော်။ သူတို့ဘက်က ဒုဗိုလ်မှူးကြီး ၁ဦးနဲ့ ဒုရဲအုပ် ၁ ဦးအပါအဝင် ၁၀ ဦးကျတယ်။ ဒုဗိုလ်မှူးကြီးကတော့ လက်ဖြောင့်မိတာပါ။ ကျနော်တို့ ဘက်က ထိခိုက်ဒဏ်ရာ ရရှိမှု အနည်းငယ်ရှိတယ်” ဟု CNF/A ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက ပြောသည်။

ထန်တလန်မြို့၊ ND ရုံးတွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်ဖွဲ့ကို တိုက်ခိုက်ရာတွင် ချင်းပူးပေါင်းတပ်၏ လက်ဖြောင့်သမားက ပစ်ခတ်နိုင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

နိုဝင်ဘာလ ၅ ရက်က ထန်တလန်မြို့တွင်းက အနီးကပ်တိုက်ပွဲဖြစ်ပွားခဲ့ရာတွင်လည်း စစ်ကောင်စီမှ ဒု-ရဲအုပ် ၁ ဦးအပါအဝင် တပ်ဖွဲ့ဝင်တချို့ သေဆုံးသွားခဲ့ကြောင်း သိရသည်။

နိုဝင်ဘာလ ပထမပတ်တိုက်ပွဲအတွင်း ချင်းပြည်အစိုးရ ပူးပေါင်းတပ်ဖွဲ့မှလည်း ထိခိုက်ဒဏ်ရာ ရရှိသူ တချို့ ရှိခဲ့ပြီး ကျဆုံးမှု မရှိခဲ့ကြောင်း သိရသည်။

စစ်ကောင်စီတပ်ဖွဲ့သည် ဟားခါးမှ ထန်တလန်သို့ တပ်အင်အားများ ဖြည့်တင်းနိုင်ခဲ့ပြီးနောက် ထန်တလန်မြို့ ခလရ – ၂၆၉ တပ်ကုန်းကို ပြန်လည်သိမ်းနိုင်ခဲ့ပြီး ရဲစခန်း၊ NLD ရုံး အဆောက်အဦးတို့တွက် ဆက်လက်တပ်စွဲထားကြောင်း သိရသည်။

ထန်တလန်မြို့ပေါ်တိုက်ပွဲများတွင် စစ်ကောင်စီသည် လေကြောင်းပစ်ကူနှင့် ဟားခါးမြို့မှလက်နက်ကြီး ပစ်ကူများပေးနေကြောင်း သိရသည်။

ချင်းပြည်အစိုးရ ပူးပေါင်းတပ်ဖွဲ့များသည် ထန်တလန်မြို့သိမ်း စစ်ဆင်ရေးကို ဖော်ဆောင်နေရာ ၂ လဝန်းကျင်အတွင်း နှစ်ဖက်တပ်ဖွဲ့များမှာ ထိခိုက်ကျဆုံးမှု ရှိနေကြောင်း သိရသည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

ချင်းအပါဝင် မြန်မာနိုင်ငံတဝှမ်းတွင် စစ်တပ်ကြောင့် (၆)လ အတွင်း အမျိုးသမီး ၃၀၀ ကျော်သေဆုံး

ပလက်ဝအပါအဝင် မြို့နယ် ၇ ခုတွင် ရေကြီးရေလျှံမှု ပိုဆိုးရွာလာနိုင်ခြေရှိသည်ဟု HDCO ထုတ်ပြန်

ပလက်ဝနှင့်ဆမီးတွင် ရေကြီးမှုကြောင့် ပျက်စီးမှုများရှိနေ

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
June 26, 2026

တောင်ဇလပ်မြေက တော်လှန်ရဲမေများရဲ့ဖက်ဒရယ်အိပ်မက်ထဲက အခက်အခဲ

June 4, 2026

နယ်စပ်က မျက်ရည်များနဲ့ ပျောက်ဆုံးနေသော အိပ်မက်များ

May 19, 2026

သေနတ်ကို ဥပဒေအောက်မှာ ထားနိုင်မှ ခုခံတော်လှန်ရေးက Nation-building ကို စတင်နိုင်မည်

February 19, 2026

“ကာကွယ်ရေး အသုံးစရိတ်ကို အရင်က ၆၅ ရာခိုင်နှုန်းကနေ ဒီနှစ်တော့ ကာကွယ်ရေးကို ၈၀ ရာခိုင်နှုန်းအထိ တိုးမြှင့်သွားမယ်”

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
July 10, 2026

အရှို (ချင်း) အမျိုးသားကာကွယ်ရေးတပ်ကို ဖွဲ့စည်းတည်ထောင်ဟု ACNFC နှင့် ရိုးမဒေါင်းတပ်ဖွဲ့တို့ ပူးတွဲကြေညာ

July 10, 2026

ချင်းအပါဝင် မြန်မာနိုင်ငံတဝှမ်းတွင် စစ်တပ်ကြောင့် (၆)လ အတွင်း အမျိုးသမီး ၃၀၀ ကျော်သေဆုံး

July 10, 2026

ပလက်ဝအပါအဝင် မြို့နယ် ၇ ခုတွင် ရေကြီးရေလျှံမှု ပိုဆိုးရွာလာနိုင်ခြေရှိသည်ဟု HDCO ထုတ်ပြန်

July 9, 2026

ပလက်ဝနှင့်ဆမီးတွင် ရေကြီးမှုကြောင့် ပျက်စီးမှုများရှိနေ

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.