(002MG)
ချင်းပြည်နယ်တောင်ပိုင်း၊ ကန်ပက်လက်မြို့ပေါ်တွင် မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်နိုင်ရန် သတ်မှတ်ရက်အတွင်း အိမ်ပတ်ဝန်းကျင်များ မပျက်မကွက် သန့်ရှင်းရေးပြုလုပ်ကြရန် ကန်ပက်လက်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ဖေဖော်ဝါရီလ (၂၄) ရက်နေ့တွင် အသိပေးထုတ် ပြန် သည်။
ကန်ပက်လက်မြို့ပေါ်တွင် နေထိုင်ကြသည့် အိမ်ခြံမြေပိုင်ဆိုင်ထားသူများအနေဖြင့် မကြာမီနွေရာသီ ကာလရောက်ရှိ လာတော့မည်ဖြစ်သောကြောင့် မိမိနေအိမ်ပတ်ဝန်းကျင်နှင့် အိမ်ရှေ့မျက်နှာစာများအား သန့်ရှင်းရေး မပျက် မကွက် ပြုလုပ်ကြရန် ကန်ပက်လက်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။
ဖေဖော်ဝါရီလ (၂၆) ရက်နေ့မှ မတ်လ (၃၀) ရက်အတွင်း သန့်ရှင်းရေးပြုလုပ်ကြရန်ဖြစ်ပြီး သတ်မှတ်ရက်ကာလအတွင်း လိုက်နာဆောင်ရွက်မူမရှိပါက ဒဏ်ငွေအဖြစ် အိမ်ဝိုင်း (၁) ဝိုင်းလျှင် (၂) သိန်းကျပ် နှုန်းဖြင့် ပေးဆောင်ရမည်ဖြစ်ကြောင်း ဖော်ပြသည်။
ကန်ပက်လက်မြို့နယ်အတွင်း ပြီးခဲ့သည့် ဇန်နဝါရီလတွင် (၁) ကြိမ်နှင့် ဖေဖော်ဝါရီလအတွင်း (၂) ကြိမ် နေအိမ် မီးလောင်မှုဖြစ်ပွားခဲ့ရာ စုစုပေါင်း နေအိမ် (၃) လုံး မီးလောင်ပျက်စီးခဲ့သည်ဟု သိရသည်။
ယင်းမီးလောင်မှုကြောင့် နေအိမ်ပျက်စီးရှုံးဆုံးခဲ့ရသည့် အိမ်ထောင်စုများအတွက် ရေးပေါ်စားနပ်ရိက္ခာများအား မြို့နယ်ပြည်သူ့ အုပ်ချုပ်ရေးအဖွဲ့၏ လမ်းညွန်ချက်နှင့်အညီ ကန်ပက်မြို့နယ် လူသားစာနာဘေးစီမံဌာနက ထောက်ပံ့မှုများပြုလုပ်ခဲ့သည်ဟု သိရသည်။

