Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Khonumthung»နှစ်ပါတ်ကျော် ကားအဝင်/အထွက်မရှိသောကြောင့် တမူးမြို့ပေါ် စားသောက်ကုန်စျေးနှုန်း အဆမတန် မြင့်တက်

နှစ်ပါတ်ကျော် ကားအဝင်/အထွက်မရှိသောကြောင့် တမူးမြို့ပေါ် စားသောက်ကုန်စျေးနှုန်း အဆမတန် မြင့်တက်

0
By Editor on June 29, 2023 Khonumthung

(04SS)

စစ်ကိုင်းတိုင်း၊ တမူးမြို့အနီးတဝိုက်တွင် စစ်ကောင်စီတပ်ဖွဲ့နှင့် ဒေသကာကွယ်ရေးတပ်ဖွဲ့များအကြား တိုက်ပွဲများဖြစ်ပွါးမှုကြောင့် တမူးမြို့ပေါ်သို့ ကားအဝင်/အထွက်လမ်းများပိတ်ကာ စားသောက်ကုန်စျေးနှုန်းများ အဆမတန်မြင့်တက်နေသည်ဟု ဒေသခံများထံမှ သိရသည်။

ထိုသို့ စားသောက်ကုန်စျေးနှုန်းများ အဆမတန်မြင့်တက်နေသည်သာမက အချို့စားသောက်ကုန်များ ပြတ်လပ်နေပြီဖြစ်ကာ ယခုလက်ရှိတွင် ဒေသခံပြည်သူများ သည် တမူးနယ်ထွက် သီးနှံများနှင့် လက်ကျန်ကုန်ပစ္စည်းများသာ အဓိကအားထားနေကြရကြောင်း သိရသည်။

“အခုက လမ်းပိတ်တော့ ကလေးမြို့ဘက်ကနေ ဘာမှမရောက်တော့ဘူးလေ ဟင်းသီးဟင်းရွက်တေကတော့ အခုတမူးမှာရှိတာတွေပဲ စားနေကြရတာပေါ့နော။ အခုဆိုလဲ ရှိတဲ့ဟာတေက စျေးတက်ကုန်ပြီ တစ်ချို့ကလဲ ဝယ်စရာ သိပ်မရှိတော့ဘူး” ဟု တမူးဒေသခံတစ်ဦးကပြောသည်။

ယခုလက်ရှိ တမူးမြို့ပေါ်ရှိ အခြေခံစာသောက်ကုန်စျေးနှုန်းအချို့မှာ ခရမ်းချဉ်သီး ၁ ပိဿာ- ၁၂၀၀၀ ကျပ်၊ အာလူး ၁ ပိဿာ – ၁၀၀၀၀ ကျပ်၊ ကြက်ဉ ၁လုံး – ၅၀၀-၆၀၀ ကျပ်၊ အမဲသား၊ ဝက်သား ၁ ပိဿာ – ၁၈၀၀၀-၂၀၀၀၀ ကျပ်၊ ဧရာမင်းကော်ချက်ဆန် ၁ အိတ်- ၈၆၀၀၀ – ၉၀၀၀၀ ကျပ် စသည်ဖြင့် အသီးသီးရှိကြကာ ခရမ်းချဉ်သီး၊ ကြက်ဉစသည်တို့မှာ ဝယ်ယူရန်ပင် ခက်ခဲကြောင်း ဒေသခံများထံမှ သိရသည်။

ထိုသို့ ကုန်စျေးနှုန်းများမြင့်တက်နေရခြင်းမှာ လွန်ခဲ့သည့် ဇွန်လ ၁၄ ရက်နေ့ခန့် မှစတင်ကာ တမူး-ကလေးနယ်စပ်၊ တမူး-မိုးရေးနယ်နယ်စပ် စသည့် မြို့စွန် မြို့ဖျား နေရာများတွင် စစ်ကောင်စီတပ်ဖွဲ့နှင့် ဒေသကာကွယ်ရေးတပ်ဖွဲ့တွေအကြား စစ်ရေးတင်မာလျက်ရှိပြီး တမူး-ကလေးလမ်းမပေါ်ရှိ ပန်းသာတံတားဖျက်ဆီးခံရမှုကြောင့် ကား နှင့် ဆိုင်ကယ်များသွားလာနိုင်ခြင်းမရှိဘူးဟု ဒေသခံတစ်ဦးကပြောသည်။

ယခုလက်ရှိ တမူးမှ ကလေးမြို့သို့ တိုက်ရိုက်သွားလာနိုင်ခြင်းမရှိသော်လည်း အရေးကြီးသွားလာလိုသူများသည် တမူး- ဘုတ်ကန် မှ တဆင့် ကလေးမြို့သို့ ဆိုင်ကယ်ဖြင့် သွားလာနိုင်ပြီး တမူး-ဘုတ်ကန်အထိ ခရီးသည် တစ်ဦးမှာ ယာဉ်စီးခ ၅၀၀၀၀ ကျပ်နှင့် ဘုတ်ကန်-ကလေး ၂၀၀၀၀ ကျပ် ဖြင့် သွားလာနေကြရကြောင်း သိရသည်။

ယခင်က တမူး-ကလေး အကြား ယာဉ်စီးခ တစ်ဦးလျှင် ၁၃၀၀၀ ကျပ်သာရှိသော်လည်း ယခုတွင် အနည်းဆုံး ၇၀၀၀၀ ကျပ်ဖြင့် သွားလာနေရသောကြောင့် ခရီးသွားလာသူများ သိသိသာသာနည်းပါးနေသည်။

ဇွန်လ ၂၄ ရက်နေ့တွင်လည်း တမူးမြို့အနီး နဂါးမင်းသမီးတပ်စခန်းတွင် ၆ နာရီကြာ တိုက်ပွဲဖြစ်ပွါးခဲ့ရာ စစ်ကောင်စီတပ်ဘက် ၇ ဦးသေဆုံးကာ အများအပြား ဒါဏ်ရာရရှိခဲ့သည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

ကနေဒီတောင် တကျော့ပြန်စခန်းသိမ်းတိုက်ပွဲမှာ ဗိုလ်မှူး ၁ ဦးအပါအဝင် စစ်သုံ့ပန်း ၂၀ ဦး ဖမ်းမိ

တီးတိန်မြို့လူနေရပ်ကွက်ထဲ စစ်ကော်မရှင်တပ်က ဒရုန်းဖြင့် ဗုံးကြဲ၊ နေအိမ် (၂) လုံးပျက်စီး

ချင်းမဲဆန္ဒနယ်မှ အမျိုးသားလွှတ်တော်နှင့် ပြည်နယ်လွှတ်တော် အနိုင်ရကိုယ်စားလှယ်စာရင်း ထုတ်ပြန်

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
January 7, 2026

သတင်းအမှောင်ထဲက ချင်းပြည်နဲ့ ရှင်သန်ရပ်တည်ရေး ရုန်းကန်နေရတဲ့ ဌာနေ နားမျက်စိတွေ

January 2, 2026

#Article”ချင်းကို ကာရံညှိခြင်း”

December 17, 2025

တူမီးတော်လှန်ရေးရဲ့ လက်တကမ်းမှာ ပိုခက်ခဲလာတဲ့ အမေ့လျှော့ခံ ချင်းစစ်ဘေးရှောင်ရဲ့ ရှေ့ခရီး

November 28, 2025

“ပေးဆပ်မှု ကြီးမားကြသူများ”

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
January 7, 2026

သတင်းအမှောင်ထဲက ချင်းပြည်နဲ့ ရှင်သန်ရပ်တည်ရေး ရုန်းကန်နေရတဲ့ ဌာနေ နားမျက်စိတွေ

January 2, 2026

#Article”ချင်းကို ကာရံညှိခြင်း”

December 17, 2025

တူမီးတော်လှန်ရေးရဲ့ လက်တကမ်းမှာ ပိုခက်ခဲလာတဲ့ အမေ့လျှော့ခံ ချင်းစစ်ဘေးရှောင်ရဲ့ ရှေ့ခရီး

November 28, 2025

“ပေးဆပ်မှု ကြီးမားကြသူများ”

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.