Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Headline»နှာရိန်မြို့တွင် ဝက် (၁၁) ကောင်အထိ သေဆုံးမှုရှိလာ၍ ဝက်ရောဂါသံသယဖြစ်ပွားမှုအဆင့်အဖြစ် သတ်မှတ်ကြေညာ

နှာရိန်မြို့တွင် ဝက် (၁၁) ကောင်အထိ သေဆုံးမှုရှိလာ၍ ဝက်ရောဂါသံသယဖြစ်ပွားမှုအဆင့်အဖြစ် သတ်မှတ်ကြေညာ

0
By Editor on September 9, 2026 Headline

(002MG)

ချင်းပြည်နယ်၊ လောက်တူဒေသ၊ နှာရိန်မြို့ပေါ်ရပ်ကွက်တွင် ဝက်များ မူမမှန်ဖျားနာပြီး (၁၁) ကောင်အထိ ရုတ်တရက်သေဆုံးမှုရှိလာသောကြောင့် လောက်တူဒေသပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ဝက်ရောဂါ သံသယဖြစ်ပွားမှု (Suspected Outbreak) အဆင့်အဖြစ် သတ်မှတ်လိုက်ကြောင်းသိရသည်။

နှာရိန်မြို့ပေါ်ရှိ အမှတ် (၁) ရပ်ကွက်နှင့် အမှတ် (၂) ရပ်ကွက်တို့တွင် ဝက်ရောဂါကြောင့် အိမ်ခြေ (၄၄) အိမ်မှ မွေးမြူ ထားသော ဝက် (၆၁) ကောင်ဖျားနာလျက်ရှိပြီး ၊ ဝက် (၁၁) ကောင် သေဆုံးသွားပြီဖြစ်ကာ ဝက်အကောင်ရေ (၅၀) အား စောင့်ကြည့်နေဆဲအနေအထားတွင်ရှိနေသည်ဟု လောက်တူဒေသပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ယနေ့စက်တင်ဘာလ ၉ ရက်နေ့တွင် ထုတ်ပြန်သည်။

ဒေသအတွင်း ဝက်ရောဂါကူးစက်ပျံ့နှံ့မှုအား ထိန်းချုပ်ကာကွယ်ရန်နှင့် ပြည်သူများ၏ ကျန်းမာ ရေး၊ အသက်မွေး ဝမ်းကျောင်း နှင့် စီးပွားရေးဆုံးရှုံးမှုများ ကာကွယ်နိုင်ရန်အတွက် စက်တင်ဘာ (၉) ရက်မှစတင်၍ စက်တင်ဘာလ (၂၂) ရက် အထိ ၁၄ ရက် ကန့်သတ် ချက်၊ ချမှတ်ထားကြောင်း သိရသည်။

လက်ရှိကာလအတွင်း နှာရိန်မြို့မှ အခြားကျေးရွာများအား ဝက်နှင့် ဝက်သား သယ်ဆောင်ဝင်ရောက် ခြင်းတို့အား တားမြစ်ထားသည့်အပြင် ပွဲလမ်းသဘင်၊ အခြားလူမှုရေး၊ ဘာသာရေးအစီအစဉ်များအ တွက် ဖျားနာသည့် သံသယ ဖြစ်ဖွယ် ဝက်များအသုံးမပြုရန် တားမြစ်ထားသည်။

သားသတ်လုပ်ငန်းလိုင်စင်ဖြင့် အသားခုံဆောင်ရွက်သူများအနေဖြင့်လည်း နှာရိန်မြို့ တွင် ဝယ်ယူသည့်ဝက်အား သတ်ဖြတ်ရောင်းချရန် အစီအစဉ်ရှိပါက သက်ဆိုင်ရာ ရပ်ကွက်ပြည်သူ့အုပ်ချုပ် ရေးအဖွဲ့ထံ ကျန်းမာသည့် အကောင်ဖြစ်ကြောင်း၊ ဖျားနာသည်ဟု သံသယဖြစ်ဖွယ် တစ်စုံတစ်ရာမရှိ ကြောင်း ကြည့်ရှုစေခြင်းဖြင့် အတည်ပြုချက် ရယူရမည်ဖြစ်သည့်အပြင် အသားခုံတွင် ရောင်းချမည့်ဝက် များသည် ဖျားနာသည့်အကောင် သို့မဟုတ် သေဆုံးသည့် အကောင်နှင့်တစ်ခြံတည်း အတူရှိခဲ့ သည့် အကောင်မဖြစ်စေရန်၊ ဝက်သားများတွင် သံသယဖြစ်ဖွယ် လက္ခဏာများရှိပါက ရောင်းချခြင်း၊ စား သုံးခြင်းမပြုရဟု ဖော်ပြထားသည်။

၎င်းအပြင် ဝက်နာကျရောဂါမဖြစ်ပွားရန်နှင့် ကြိုတင်ကာကွယ်နိုင်ရန်အတွက် ဝက်များ မိုးရေ၊ အစို ဓာတ်များနှင့် တိုက်ရိုက်ထိတွေ့မှုမှ ကာကွယ်ပေးပြီး ဖြစ်နိုင်သမျှနွေးထွေးခြောက်သွေ့သော နေရာတွင် ထားရှိရမည့်အပြင် ဝက်ခြံပတ်ဝန်းကျင်တွင် လေဝင်၊လေထွက်ကောင်းမွန်စေရန် ချုံနွယ်၊ သစ်ပင်များနှင့် အခြားအတားအဆီးများအား ရှင်းလင်းပေးရမည်ဟု ညွှန်ကြားထားသည်။

ဖျားနာနေသော ဝက်များအား ဆေးထိုးကုသရာတွင် တစ်ခါသုံးဆေးထိုးပြွန်နှင့် အပ်များကိုသာ အသုံး ပြုရမည့်အပြင် အသုံးပြုပြီးသော ဆေးထိုးပြွန်နှင့် အပ်များကိုလုံခြုံသောနည်းလမ်းဖြင့် စနစ်တကျ စွန့်ပစ်၊ ဖျက်ဆီးရမည်။

ဖျားနာနေသော သို့မဟုတ် သေဆုံးထားသော ဝက်များအားကိုင်တွယ်သူများအနေဖြင့် ကိုယ်လက်သန့် ရှင်းရေးကို ဆပ်ပြာဖြင့် စနစ်တကျဆောင်ရွက်ရမည့်အပြင် အသုံးပြုခဲ့သော ဖိနပ်နှင့် အဝတ်အစား များအား သန့်ရှင်းစွာဆေး ကြောခြင်း၊ လိုအပ်ပါက အဝတ်အစားနှင့် ဖိနပ်များ လဲလှယ်ခြင်းတို့အား ပြု လုပ်ပြီးမှသာ အခြားဝက်ခြံများသို့ ဝင်ရောက်ရမည်ဖြစ်ကြောင်း ညွှန်းကြားထားသည်။

ဝက်မွေးမြူသူများအနေဖြင့်လည်း ဝက်ခြံသို့ မလိုအပ်ဘဲ ပြင်ပပုဂ္ဂိုလ်များ ဝင်ရောက်ခြင်း တားမြစ် ကန့်သတ်ရမည့် အပြင် ဝင်ရောက်ရန် မဖြစ်မနေလိုအပ်ပါက သန့်ရှင်းရေးနှင့် ပိုးသတ်ရေး ဆိုင်ရာ စည်း ကမ်းများအား လိုက်နာရ မည်ဟု ဖော်ပြထားသည်။

ဖျားနာနေသော ဝက်များအား ကျန်းမာသော ဝက်များနှင့် မရောနှောရန်နှင့် သီးခြားနေရာတွင် ခွဲခြား ထားရှိရမည့်အပြင် သေဆုံးသည့် ဝက်များအား အခြားတိရစ္ဆာန်များ တူးဖော်မစားနိုင်စေရန် သင့်လျော် သောနေရာတွင် လုံ လောက်သော အနက်ဖြင့် စနစ်တကျ မြှုပ်နှံကာ မြစ်၊ ချောင်းများသို့ မစွန့်ပစ်ရန် တားမြစ်ထားပါသည်။

ဖျားနာ/သေဆုံးဝက်များ ထားရှိခဲ့သော ဝက်ခြံနှင့် အသုံးပြုခဲ့သည့် ပစ္စည်းများကို အညစ်အကြေးများ ဖယ်ရှားပြီး ဆပ်ပြာရည်/ သန့်ရှင်းရေးပစ္စည်းများဖြင့် စနစ်တကျ ဆေးကြောသန့်စင် ပြီးစီးပြီးမှသာ ဝက်အသစ်များ ထားရှိရရန် လိုအပ်သည်။

ထို့ကြောင့် နှာရိန်မြို့ပေါ်တွင် ဝက်များ အဖျားတက်ခြင်း၊ အစာမစားခြင်း၊ အားနည်းခြင်း၊ ဝမ်းလျှောခြင်း၊ အသက်ရှူ ရခက်ခြင်း၊ အရေပြားအရောင်ပြောင်းခြင်း ဒါမှမဟုတ် ရုတ်တရက်သေဆုံးခြင်း လက္ခဏာများ တွေ့ရှိပါက သက်ဆိုင်ရာ ရပ်ကွက်၊ ကျေးရွာ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ထံချက်ချင်း သတင်းပို့ရန် လောက်တူဒေသ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က အသိပေးထားထုတ်ပြန်ထားသည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

ပြည်တွင်းပြည်ပနိုင်ငံများသို့ တရားမဝင်လူပို့သည်ဆိုသော စွဲချက်ဖြင့် အမျိုးသမီးတစ်စုကို ULA/AA ထောက်လှမ်းရေးက ကျင်ဒွေးမှာ စီးနင်းဖမ်းဆီး

ချင်းပြည်၊ မြို့နယ်နှင့် တရားရုံးများက အမှုပေါင်း ၆၄၀ ကျော်ကို စစ်ဆေးစီရင်နိုင်ခဲ့ဟု ဆို

မရာနှင့် လောက်တူမှာ ငါးရစ်တက်ကာလ ငါးမဖမ်းရန် တားမြစ်

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
September 4, 2026

ကလေးမြို့က သားသည်မိခင်တို့၏ ညစဉ်ခြောက်လှန့်အိပ်မက်နှင့် ပေါ်တာဆွဲမှု အရေခြုံစစ်မှုထမ်းဥပဒေ

August 26, 2026

“ဒဏ်ရာများထက် ပိုမိုတောက်ပသော အနာဂတ်အတွက် ပေးဆပ်မှု”

June 26, 2026

တောင်ဇလပ်မြေက တော်လှန်ရဲမေများရဲ့ဖက်ဒရယ်အိပ်မက်ထဲက အခက်အခဲ

June 4, 2026

နယ်စပ်က မျက်ရည်များနဲ့ ပျောက်ဆုံးနေသော အိပ်မက်များ

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
September 9, 2026

ပလက်ဝမြို့နယ်အတွင်း ရခိုင်ဘာသာသင်ရိုးသစ်သင်ကြားမှုမှာ မသင်မနေရ အတင်းအဓမ္မ သင်ယူခိုင်းခြင်းမျိုးမဟုတ်ဟု အာရက္ခအမျိုးသားပညာရေးဌာနထုတ်ပြန်

September 9, 2026

တွန်းဇံမြို့နယ်တွင် ဆိုင်ကယ်ပေါ်မှ ပြုတ်ကျ၍ လူငယ်တစ်ဦး သေဆုံး

September 9, 2026

နှာရိန်မြို့တွင် ဝက် (၁၁) ကောင်အထိ သေဆုံးမှုရှိလာ၍ ဝက်ရောဂါသံသယဖြစ်ပွားမှုအဆင့်အဖြစ် သတ်မှတ်ကြေညာ

September 8, 2026

ပြည်တွင်းပြည်ပနိုင်ငံများသို့ တရားမဝင်လူပို့သည်ဆိုသော စွဲချက်ဖြင့် အမျိုးသမီးတစ်စုကို ULA/AA ထောက်လှမ်းရေးက ကျင်ဒွေးမှာ စီးနင်းဖမ်းဆီး

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.