Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Headline»ပထမဦးဆုံးသော ချင်းအမျိုးသမီး BA ဘွဲ့ရ Pi Hlawn Kip Thluai အသက် ၉၀ အရွယ်တွင် ကွယ်လွန်

ပထမဦးဆုံးသော ချင်းအမျိုးသမီး BA ဘွဲ့ရ Pi Hlawn Kip Thluai အသက် ၉၀ အရွယ်တွင် ကွယ်လွန်

0
By Editor on September 21, 2026 Headline

(004SS)

ချင်းအမျိုးသမီးများအနက် ပထမဦးဆုံး Bachelor of Arts(B.A) ဘွဲ့ရရှိသူ Pi Hlawn Kip Thluai သည် စက်တင်ဘာလ ၂၀ ရက်နေ့ မနက်ပိုင်း ၇ နာရီတွင် အမေရိကန်ပြည်ထောင်စု၊ Austin, Texas ရှိ သမီးဖြစ်သူ၏ နေအိမ်တွင် ကွယ်လွန်သွားခဲ့ ကြောင်း သိရသည်။

၎င်းသည် ကွယ်လွန်ချိန်တွင် အသက် ၉၀ အရွယ် ရှိပြီဖြစ်သည်။

Pi Hlawn Kip Thluai သည် ၁၉၃၆ ခုနှစ်တွင် ချင်းပြည်နယ်၊ ဖလမ်းမြို့နယ်၊ Tlauhmun ကျေးရွာ၌ မွေးဖွားခဲ့ပြီး ဇာဟောင် စောဘွား(တိုက်သူကြီး) Pu Thang Tin Lian နှင့် Pi Hniar Cuai တို့၏ သမီးဖြစ်သည်။

၁၉၅၆ ခုနှစ်တွင် Falam မြို့၌ Matriculation အောင်မြင်ခဲ့ရာ ချင်းအမျိုးသမီးများထဲတွင် ပထမဦးဆုံး အောင်မြင်သူဖြစ် သည်။

ထို့နောက် ၁၉၆၀ ပြည့်နှစ်တွင် Rangoon University မှ Bachelor of Arts ဘွဲ့ကို ရရှိခဲ့သဖြင့် ပထမဦးဆုံး ချင်းအမျိုးသမီး BA ဘွဲ့ရအဖြစ် သမိုင်းမှတ်တမ်းဝင်ခဲ့သည်။

၁၉၆၄ ခုနှစ်တွင် ဩစတြေးလျနိုင်ငံ Sydney University မှ Dip.Ed, TEFL ဒီပလိုမာကို ရရှိခဲ့ပြီးနောက် Pu Run Ro Thang နှင့် ထိမ်းမြားလက်ထပ်ခဲ့သည်။

ထို့နောက် စစ်ကိုင်း၊ ပုသိမ် နှင့် ချင်းပြည်နယ်တို့တွင် အလယ်တန်း၊ အထက်တန်းပြဆရာမအဖြစ် တာဝန်ထမ်းဆောင်ကာ ချင်းမျိုးဆက်သစ်ပေါင်းများစွာကို ပညာအလင်းပြပေးခဲ့သူဖြစ်ကြောင်း သိရသည်။

“ချင်းထုံးတမ်းစဉ်လာအရ အိမ်မှာ ယောက်ျားလေးတွေသာလျှင် ဦးစားပေးအရာပေးခံရတယ်။ အမွေဆက်ခံပိုင်ခွင့်ရှိတယ်။ မိန်းကလေးတွေ ပညာသင်ယူခြင်းကို အားပေးခြင်း မခံခဲ့ရဘူး။ ဒီအချက်တွေကို သူမ ကျော်ဖြတ်နိုင်ခဲ့ပါတယ်။ ချင်းအမျိုး သမီးတွေ မလုပ်ဖူးတာကို ရွေးချယ်တဲ့အချိန်မှာ အသိုင်းအဝိုင်းရဲ့ စိန်ခေါ်မှုတွေ၊ အမြင်အမျိုးမျိုးနဲ့ ပုတ်ခတ်တာတွေကို ကြုံခဲ့ရပေမဲ့ သူမဟာ မိသားစုရဲ့ အားပေးထောက်ခံမှုနဲ့အတူ ယုံကြည်ရာလမ်းကို ခိုင်ခိုင်မာမာ ရပ်တည်ကျော်ဖြတ်ခဲ့ သူဖြစ်ပါတယ်။ သူမဟာ ချင်းအမျိုးသမီးတွေအတွက် လမ်းဖောက်ပေးခဲ့သူ သူရဲကောင်းတစ်ဦးပါပဲ” ဟု ၎င်း၏ အကြောင်းသိရှိသူ ချင်းအမျိုးသားတစ်ဦးက ပြောသည်။

ကွယ်လွန်သူ Pi Hlawn Kip Thluai ၏ ပညာရေးလမ်းပြ ဂုဏ်ကျေးဇူးများကို အသိအမှတ်ပြုသောအားဖြင့် Global Falam Youth Organization, GFYO အဖွဲ့က ၂၀၁၉ ခုနှစ်၊ ဖေဖော်ဝါရီလ ၉ ရက်နေ့က ဖလမ်းမြို့ အမှတ်-၁ အခြေခံအထက်တန်း ကျောင်းရှေ့တွင် ပထမဦးဆုံး တက္ကသိုလ်ဘွဲ့ရ ချင်းအမျိုးသား Pu Siah Luai နှင့် ပထမဦးဆုံး ချင်းအမျိုးသမီး BA ဘွဲ့ရ Pi Hlawn Kip Thluai တို့၏ ရုပ်တုများကို စိုက်ထူကာ ဂုဏ်ပြုခဲ့သည်။

ထို့အပြင် ၂၀၂၆ ခုနှစ်၊ ဩဂုတ်လ ၅ ရက်နေ့ကလည်း GFYO မှ တာဝန်ရှိသူများ၊ ချင်းသင်းအုပ်ဆရာများနှင့် အသိုင်းအဝိုင်း ခေါင်းဆောင်များသည် Austin, Texas ရှိ သူမ၏နေအိမ်သို့ သွားရောက်ကာ အထူးဂုဏ်ပြုလွှာ ပေးအပ်ခဲ့ကြသေးသည်။

ဘဝတစ်လျှောက်လုံး ပညာလိုလားသူဖြစ်ပြီး ကွယ်လွန်ချိန်အထိ စာဖတ်ခြင်းကို စွဲစွဲမြဲမြဲ ပြုလုပ်ခဲ့သည့် Pi Hlawn Kip Thluai သည် ချင်းလူငယ်များအနေဖြင့် ပညာရေးမှာ တက်တက်ကြွကြွ ကြိုးစားကြရန်၊ မိမိတို့၏ မြို့ရွာနှင့် တိုင်းပြည် အတွက် အကျိုးပြုသူ၊ အလုပ်လုပ်ပေးသူများဖြစ်ကြရန် အစဉ်အမြဲ တိုက်တွန်းမှာကြားလေ့ရှိသူလည်းဖြစ်သည်။

၎င်း၏ ရုပ်ကလာပ်ကို မိသားစုဝင်များ၏ ဆန္ဒအတိုင်း Austin မြို့၌ပင် ဂူသွင်းသင်္ဂြိုဟ်မည်ဖြစ်ပြီး ကျန်ရစ်သူ သား ၃ ဦး၊ သမီး ၃ ဦး၊ မြေးများနှင့် ဆွေမျိုးသားချင်းများအတွက် Chin Community USA , GFYO နှင့် ချင်းအဖွဲ့အစည်းအသီးသီး တို့က ဝမ်းနည်းကြောင်း သဝဏ်လွှာများ ပေးပို့ကာ ထာဝရငြိမ်းချမ်းရာသို့ ရောက်ရှိပါစေကြောင်း ဆုတောင်းမေတ္တာပို့ သထားကြသည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

စစ်တပ်လက်အောက်ခံ ပညာရေးဌာနနှင့် ချိတ်ဆက်ဆောင်ရွက်ပါက အရေးယူမည်ဟု ချင်းပညာရေးဝန်ကြီးဌာနထုတ်ပြန်

မြန်မာကို ဘာသာရေးလွတ်လပ်ခွင့် အထူးစိုးရိမ်ရသည့်နိုင်ငံ (CPC) အဖြစ် သတ်မှတ်ပေးရန် အမေရိကန်အစိုးရထံ BRI တောင်းဆို

ကလေးလူငယ်များကို လက်နက်ကိုင်အဖွဲ့များက အဓမ္မစစ်မှုထမ်းစေခြင်းကို ကန့်ကွက်ကြောင်း ချင်းပညာရေးစီဒီအမ်အဖွဲ့ ထုတ်ပြန်

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
September 17, 2026

Palangvum (သို့) ပလက်ဝတွင် ဘာတွေဖြစ်နေလဲ

September 4, 2026

ကလေးမြို့က သားသည်မိခင်တို့၏ ညစဉ်ခြောက်လှန့်အိပ်မက်နှင့် ပေါ်တာဆွဲမှု အရေခြုံစစ်မှုထမ်းဥပဒေ

August 26, 2026

“ဒဏ်ရာများထက် ပိုမိုတောက်ပသော အနာဂတ်အတွက် ပေးဆပ်မှု”

June 26, 2026

တောင်ဇလပ်မြေက တော်လှန်ရဲမေများရဲ့ဖက်ဒရယ်အိပ်မက်ထဲက အခက်အခဲ

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
September 25, 2026

စစ်တပ်လက်အောက်ခံ ပညာရေးဌာနနှင့် ချိတ်ဆက်ဆောင်ရွက်ပါက အရေးယူမည်ဟု ချင်းပညာရေးဝန်ကြီးဌာနထုတ်ပြန်

September 25, 2026

ULA နှင့် MTP တို့ တွေ့ဆုံဆွေးနွေးပြီးနောက် ပလက်ဝနယ်စပ်ကုန်သွယ်ရေးလမ်းကြောင်း ပြန်ဖွင့်

September 25, 2026

မြန်မာကို ဘာသာရေးလွတ်လပ်ခွင့် အထူးစိုးရိမ်ရသည့်နိုင်ငံ (CPC) အဖြစ် သတ်မှတ်ပေးရန် အမေရိကန်အစိုးရထံ BRI တောင်းဆို

September 24, 2026

ကလေးမြို့တွင် ZYA ဌာနချုပ်ဝန်းအတွင်း ယာဉ်တိုက်မှုကြောင့် ၁၁ နှစ်အရွယ် ကလေးငယ် သေဆုံး၊ အစ်ကိုဖြစ်သူ ဒဏ်ရာရ

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.