Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Headline»“ပထမဦးဆုံးအကြိမ် စစ်ဘေးရှောင်ကြရတော့ အရမ်းရုန်းကန်ရတယ်”

“ပထမဦးဆုံးအကြိမ် စစ်ဘေးရှောင်ကြရတော့ အရမ်းရုန်းကန်ရတယ်”

0
By Editor on May 22, 2021 Headline

မင်းတပ်မြို့စစ်ဘေးရှောင်အခြေအနေနှင့်ပတ်သက်၍ ကူညီဆောင်ရွက်ပေးနေသော တာဝန်ခံတစ်ဦးနှင့် ဆက်သွယ်မေးမြန်းခြင်း

မာဂရက် – ချင်းပြည်နယ်၊ မင်းတပ်မြို့တွင် အာဏာသိမ်းစစ်ကောင်စီနှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့အကြား ဆွေးနွေးပွဲပျက်ပြယ်ကာ မေလ ၁၂ ရက်နေ့ကစ၍ တကျော့ပြန်တိုက်ပွဲဖြစ်ပွားလာခဲ့ပြီး မေလ ၁၃ ရက်နေ့တွင် အာဏာသိမ်းစစ်ကောင်စီက မင်းတပ်မြို့ကို စစ်အုပ်ချုပ်ရေးအဖြစ်ကြေညာခဲ့သည်။

မင်းတပ်မြို့တွင် စစ်ကောင်စီနှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့အကြား တိုက်ပွဲဆက်လက်ဖြစ်ပွားကာ အာဏာသိမ်း စစ်ကောင်စီဘက်က စစ်အင်အားအလုံးအရင်းနှင့် လက်နက်ကြီးများ၊ စစ်ရဟတ်ယာဉ်များ အသုံးပြုကာ အပြင်း အထန်ပစ်ခတ်ခဲ့ခြင်းကြောင့် ပြည်သူများထိခိုက်နစ်နာမည်ကို စိုးရိမ်သည့်အတွက် မင်းတပ်ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဘက်က မေလ ၁၅ ရက်နေ့တွင် နောက်ဆုတ်ပေးခဲ့သည်။

ယခုလက်ရှိတွင် မင်းတပ်မြို့ကို အာဏာသိမ်းစစ်ကောင်စီ၏ ၂၇၄ တပ်ရင်းက ထိန်းချုပ်ထားပြီး မြို့ပေါ်တွင်နေထိုင်းခြင်း သည် လုံခြုံမှုမရှိတော့သည့်အပြင် တိုက်ပွဲများပြန်လည်ပြင်းထန်လာမည်ကိုစိုးရိမ်ကြသည့်အတွက် မြို့ခံပြည်သူများအား လုံးနီးပါးသည် ဘေးလွှတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေကြရခြင်းဖြစ်သည်။

မင်းတပ်မြို့ စစ်ဘေးရှောင်အခြေအနေနှင့်ပတ်သက်၍ စစ်ဘေးရှောင်များကူညီဆောင်ရွက်ပေးနေသည့် တာဝန်ခံတစ်ဦးကို ခိုနူမ်းသုန်သတင်းက ဆက်သွယ်မေးမြန်းထားသည်။

မေး- အခုမင်းတပ်မြို့ကို စွန့်ပြီးမှ ထွက်ပြေးတိမ်းရှောင်တဲ့သူ စစ်ဘေးရှောင်လူဦးရေ ဘယ််လောက်ရှိပြီလဲ။

ဖြေ- ၆၀၀၀ ကျော် ၆၀၀၀ နဲ့ ၈၀၀၀ ကြားဖြစ်နိုင်တယ်၊ အဲ့လောက်ဝန်းကျင်ဖြစ်မယ်၊ မင်းတပ်မြို့က တောင်ကြောကြီးဆိုတော့ အရှေ့က အဆင်း၊ အနောက်ကအတက်ပုံစံရှိတယ်၊ တောင်နဲ့မြောက်ကတော့ ချောက်ထဲပဲ တောင်စောင်းကြီး အောက်ထဲ မှာက ချောင်းရှိတယ်ပေါ့နော်၊ မြို့ရဲ့ မြောက်နဲ့တောင်ဖက်ကို ပြေးကြတာများတယ်၊ ကျွန်တော်တို့ရဲ့ မြို့ရဲ့ အနောက်ဖက်မှာ ၄၀၀၀၊ ၅၀၀၀ လောက်ရှိတယ်၊ ၆၀၀၀ လောက်က ကျွန်တော်တို့ဖက်မှာ ရှိသလောက်ပေါ့နော် မြို့တောင်ပိုင်းကို ပြေးတဲ့သူတွေရှိတယ်၊ ယောနယ်ထဲကို ပြေးတဲ့သူတွေရှိတယ်၊ မြို့အနောက်ဖက်ကို ပြန်ပြေးတဲ့သူတွေရှိတယ်ဆိုတော့ ၆ထောင် ၈ထောင် ကနေ၁သောင်း ဝန်းကျင် လောက်ရှိနိုင်တယ် အကုန်လုံးစုစုပေါင်းလိုက်မယ်ဆိုရင်။

မေး- အခု သူတို့က ဘယ်နေရာဒေသတွေမှာ တိမ်းရှောင်ကြရလဲ။

ဖြေ- ရွာနီးစပ်ဖက်က ရွာတွေအကုန်လုံးပြေးကြတာပဲ၊ မြို့နဲ့ နီးတယ် မြို့နဲ့ ခပ်လှမ်းလှမ်းရွာတွေကို ပြေးတယ်၊ အဲ့ကနေတဆင့် ကို်ယ်နဲ့ ဆွေးမျိုးတွေရှိတဲ့နေရာ နီးစပ်ရာကို ထပ်ပြေးကြတာပေါ့။

မေး- ခုလက်ရှိမှာကော် စစ်ရှောင်စခန်းကို ဖွင့်ထားတာမျိူးရှိပြီလား။ ဘယ်နှစ်ခုလောက်ဖွင့်ထားပြီ်လဲ။

ဖြေ- စစ်ရှောင်စခန်းကတော့ လောလောဆယ် Camp ခပ်ကြီးကြီး လူဦးရေ ၅၀၀၊ ၆၀၀ လောက်ထိန်းထားနိုင်တဲ့ Camp (၄) ခုလောက်ရှိတယ်၊ ၁၀၀၊ ၂၀၀ လောက်ရှိတဲ့ဟာကတော့ ၁၀ ရွာလောက်ဝန်းကျင်ရှိတယ်၊ ကျွန်တော်သိသလောက်ပေါ့၊ တချို့ ရွာလေးတွေမှာ ၅၀ ကနေ ၁၀၀ ဝန်းကျင်ရှိမယ်၊ တချို့ ရွာက ၃၅၀ လောက်ရှိမယ်၊ တချို့ရွာတွေက ၅၀၀ လောက်ရှိမယ်။

မေး- IDPs Camp အကြီးတွေကျတော့ရော ဘယ်နေရာတွေမှာ ဖွင့်တာလဲ။

ဖြေ- လုပ်ရှဲ၊ ဝမ်းမတူး၊ ကီးတာ၊ ရှပ် အဲ့နေရာကျတော့ ရွာအနေအထားအရရော အထက်တန်း ကျောင်းတွေ၊ အလယ်တန်းကျောင်းတွေ၊ ဘုရားကျောင်းတွေရှိတဲ့နေရာကျတော့ များများလက်ခံနိုင်တာပေါ့၊ တချို့ မှုလတန်းကျောင်းလောက်ရှိတဲ့နေရာကျတော့ ၅၀ လောက်ပဲ လက်ခံနိုင်တယ်၊ တချို့နည်းနည်းကျဉ်းတဲ့နေရာကျတော့ ၁၀၀ လောက်ပဲ လက်ခံနိုင်တာပေါ့၊ ခုနပြောတဲ့ (၄) နေရာကျတော့ ၄၀၀၊ ၅၀၀ လောက် ရှိတာပေါ့။

မေး- လက်ရှိမှာရော စစ်ဘေးရှောင်စခန်းတွေမှာ ဘာအဓိကလိုအပ်လဲ ဘာအခက်အခဲတွေ ရှိလဲ။

ဖြေ- ကျွန်တော်တို့ကို ဘာတွေလိုအပ်လဲလို့မေးရင် ဘာပြောရမလဲတောင်မသိတော့ဘူး၊ လူ တစ်ယောက် အသက်ရှင်ဖို့အတွက် လိုအပ်တာမှန်သမျှအကုန်လုံးလိုအပ်တယ်လို့ပဲပြောရမယ်၊ ဆိုလိုချင်တာကတော့ စောင်တွေလိုတယ်၊ ဆီ၊ ဆား၊ ဆေးဝါးလိုတယ်၊ ခေါင်းအုံးတွေ၊ မိုးကာတွေလိုတယ်၊အနွေးထည်တွေလိုတယ်၊ အဝတ်အစားတွေလိုတယ်၊ ကြက်တွန်ဖြူ၊ အနီက အစလိုတယ်၊ ဖုန်းပါဝါဘဏ်တွေလိုတယ်၊ ဓာတ်ဆီ၊ ဖျားနာလာရင်ပေးဖို့ ကျွေးဖို့ ဆေးဝါးတွေလိုအပ်တာတွေတော့ အများကြီးပဲ။

မေး-အခုလတ်တလောမှာရော ထောက်ပံ့ပေးတာတွေ၊ ကူညီိပေးတာတွေရော ရှိသလား၊

ဖြေ- ရှိပါတယ်၊ ထောက်ပံ့တဲ့ဟာတွေက လာမဲ့ဟာတွေလဲရှိနေတယ်၊ ထောက်ပံ့တာတွေရှိနေတယ်၊ ကျွန်တော်တို့ Main Camp လို့ပဲပြောရမယ်ပေါ့နော် အဲ့ကနေပြီးမှ ကျွန်တော်တို့ ပြန်ဝေပေးတာ တွေရှိ တယ်၊ ကျွန်တော်တို့က ဓာတ်ဆီတွေ အထူးသဖြင့် လူနာတွေသယ်မယ်ဆိုရင် ဓာတ်ဆီနဲ့ပဲ သွားရတာကိုး၊ ကျွန်တော်တို့ စစ်ဘေးရှောင်တွေကို ကြိုပို့ လို့ ရအောင်ဆိုရင် ဓာတ်ဆီတွေထည့်ပေးတယ်၊ ဆန်တွေကို ခွဲဝေပေးတယ်၊ ဆေးဝါးပစ္စည်းတွေ ထည့်ပေးတယ်၊ ယံယံခေါက်ဆွဲထုတ်တွေ၊ မိုးကာသယ်တွေထည့်ပေးတယ်အဲ့လိုမျိုးတွေလုပ်ကြတယ်၊ ဝင်လာတယ် ပြန်ခွဲဝေတယ် ခနဆိုကုန်သွားတယ်ပေါ့၊ လူအယောက် ၂၀၀၊ ၃၀၀ စာ စားဖို့က ကျွန်တော်တို့က ခက်တာပေါ့နော်၊ ရွာတွေတိုင်းကလဲ ရှိသမျှ သူတို့ရဲ့ မိုးတွင်းရိက္ခာတွေ ဖဲ့ဖဲ့ပြီးမှ ကျွေးနေကြတာဆိုတော့ စားဖို့သောက်ဖို့ကတော့ ရရစားစားပုံစံလေးတော့ ဖြစ်နေသေးတာပေါ့။

မေး- အခုစစ်ဘေးရှောင်တဲ့သူတွေကို သယ်ယူတဲ့အခါကြတော့ မင်းတပ်မြို့ထဲထိ သွားလို့ရသလား၊ ဘယ်လိုအခက်အခဲရှိလဲ။

ဖြေ- မင်းတပ်မြို့ထဲမသွားကြဘူး၊ မင်းတပ်မြို့နဲ့ ခပ်လှမ်းလှမ်းချောင်းထဲမှာ ချောက်ထဲမှာ ရှောင်ပြေး တဲ့သူူတွေတော့ များသွားပြီ၊ မြို့ထဲမှာတော့ တချို့ အသက်ကြီးတဲ့သူနဲ့ ကလေးငယ်တွေပဲရှိတာပေါ့၊ မပြေးနိုင်တဲ့သူတွေနဲ့ မပြေးချင်တဲ့သူတွေ၊ မပြေးဖို့ ဆုံးဖြတ်တဲ့သူတွေပဲအဲ့လိုမျိုးသူတွေပဲ ကျန်တော့ တယ်၊ ကျန်တဲ့သူတော်တော်များများကတော့ အကုန်လုံးကတော့ ချောင်းထဲ ချောက်ထဲ တောထဲ ပြေးကုန်ကြပြီဆိုတော့ သူတို့ကို သွားကြိုရတာပေါ့၊ နီးစပ်ရာ စခန်း၊ လုံခြုံတဲ့နေရာ အစာရေစာ ရှိမဲ့နေရာ အဲ့လိုမျိုး တဆင့်ပြန်သယ်ရတာပေါ့။

မေး- အခုက မင်းတပ်မြို့ တမြို့လုံးနီးပါးထွက်ပြေးရတဲ့သဘောလား။

ဖြေ- ဟုတ်တာပေါ့ မြို့ရဲ့ ၈၀၊၉၀ ရာခိုင်နှုန်းလောက်ကို ပြေးတယ်ထင်ပါတယ်။

မေး- မင်းတပ်တမြို့လုံးနီးပါး ဘာကြောင့် အခုလိုမျိုး ထွက်ပြေးသွားရတာလဲ။

ဖြေ- ၁၅ ရက်နေ့မှာ ဒီမြို့လေးကိုပဲ လက်နက်ကြီးနဲ့ အချက် ၆၀ ကျော်မြို့ထဲကို လှမ်းပစ်တယ်၊ ရဟတ်ယာဉ်ပေါ်ကနေ ပစ်တယ်ဆိုတဲ့အခြေအနေက ဘယ်သူမှ မထိတ်မလန့်ပဲ မရှိတော့ဘူးလေ၊ ပြီးတော့ တခြားမြို့ ပဲခူး၊ လှိုင်သာယာတို့ ပစ်တယ်လေ ဒါပေမယ့် အဲ့လိုမျိုးနေရာတွေမှာ လက်န က်ကြီးတွေနဲ့ အချက် ၆၀ ကျော်နဲ့ ပစ်တာမျိုးမရှိဘူး၊ ရဟတ်ယာဉ်ပေါ်ကနေလှမ်းပစ်တာမျိုးမရှိဘူး လေ၊ ဒီလိုဆိုတော့ လူတွေကြောက်လန့်သွားတာပေါ့၊ ပြီးတော့ ယောကျင်္ားတိုင်းကိုလည်း ဖမ်းတယ်၊ လူသားဒိုင်းလုပ်တယ်၊ တပ်စခန်းတွေလုပ်တယ်အဲ့လိုမျိုးတွေ ကြုံနေရတော့ ပြေးနိုင် လွားနိုင်တဲ့ ယောကျင်္ားငယ် အကုန်လုံးက CDF အဖွဲ့ဝင်လို့ သတ်မှတ်ခံရမှာစိုးလို့ အကုန်လုံးက ပြေးကုန်ကြတာပါ။

မေး- ဆရာ့နေနဲ့ တခြားဖြည့်စွပ်ပြောချင်တာ ဘာများရှိမလဲ။

ဖြေ – မင်းတပ်အခြေအနေနဲ့ တနိုင်ငံလုံးပေါ့နော် နိုင်ငံတကာက လူတွေက စိုးရိမ်ပေးတယ် တတ်နိုင်သလောက် ကူညီနေကြတာရှိတယ်၊ အဲ့အတွက် အများကြီး ဝမ်းသာတယ်၊ မင်းတပ်မြို့က အဲ့လိုမျိုး ပြန်တော်လှန်တိုက်ခိုက်တာတယ်ဆိုတာ မင်းတပ်မြို့တမြို့ထဲဒီမိုကရေးစီရဖို့ မဟုတ်ပဲ တနိုင်ငံလုံးအတွက်ပါပဲ။ ဒါအမှန်တရားအတွက်ပါပဲ တိုက်ခိုက်ကြတာ၊ကူညီတဲ့သူတွေရှိတယ်၊ ကူညီနေဆဲလူတွေ ရှိတယ်၊ ကျွန်တော်တို့မှာ လိုအပ်တာတွေအများကြီိးရှိသေးတယ်၊ ဥပမာ ကရင်တိုု့ ကချင်တို့ဆိုရင် နည်းနည်းကြားဖူးနားဝ အတွေ့အကြုံလည်းရှိတော့ ဘာလုပ်ရမလဲဆိုတာလည်း သိကြတာပေါ့နော်၊ မင်းတပ်မြို့ဆိုတာက တော်ရုံတန်ရုံလည်း ရာဇဝတ်လည်းဘာမှ မဖြစ်ဘူးလေ၊ အခုမှ ပထမဦးဆုံးအကြိမ် စစ်ဘေးရှောင်ဆိုတော့ ဘာမှလည်း မလုပ်တက် မကိုင်တက် ပစ္စည်းတွေအကုန်လုံး သယ်တာမှအစ အကုန်လုံးက ပထမဦးဆုံးအကြိမ်ဖြစ်တာဆိုတော့ လူတိုင်းအတွက် အရမ်းခက်ခဲတယ်လေ သူတို့အတွက် လိုအပ်တာတွေ ခက်ခဲတာတွေအများကြီးရှိတယ်၊ အရမ်းရုန်းကန်ရတယ်၊ ဆက်လက်ပြီးတော့ မင်းတပ်ကပြည်သူတွေကို ထောက်ပံ့ကြပါအုံးလို့ ကူညီကြပါအုံးလို့၊ မင်းတပ်နဲ့ အတူတူ လွတ်လပ်ရေးအတွက် ဆက်လက်ပြီး တိုက်ပွဲဝင်ကြပါအုံးလို့ပြောချင်ပါတယ်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

ထွက်ပြေးသွားသော စစ်သုံ့ပန်း ၈၀ ကျော်ထဲမှ ထက်ဝက်ခန့် တီးတိန်မြို့ ခရလ ၂၆၉ ထံဝင်ရောက်၊ ၂၀ နီးပါးကို PDF-Zoland ပြန်လည်ဖမ်းမိ

လက်ရှိတော်လှန်ရေးအတွင်း ချင်းပြည်သူ ၁၃၀၀ ကျော် သေဆုံးဟု ICA ထုတ်ပြန်

ပရော်ဖက်ရှင်နယ်တပ်မတော်အဖြစ် ချင်းပြည်အစိုးရတပ်ဖွဲ့ (CGF) ဖွဲ့စည်းနိုင်ရေး ပြင်ဆင်နေ

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
September 17, 2026

Palangvum (သို့) ပလက်ဝတွင် ဘာတွေဖြစ်နေလဲ

September 4, 2026

ကလေးမြို့က သားသည်မိခင်တို့၏ ညစဉ်ခြောက်လှန့်အိပ်မက်နှင့် ပေါ်တာဆွဲမှု အရေခြုံစစ်မှုထမ်းဥပဒေ

August 26, 2026

“ဒဏ်ရာများထက် ပိုမိုတောက်ပသော အနာဂတ်အတွက် ပေးဆပ်မှု”

June 26, 2026

တောင်ဇလပ်မြေက တော်လှန်ရဲမေများရဲ့ဖက်ဒရယ်အိပ်မက်ထဲက အခက်အခဲ

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
September 17, 2026

Palangvum (သို့) ပလက်ဝတွင် ဘာတွေဖြစ်နေလဲ

September 16, 2026

ဆိုင်းဇန်ရွာတွင် နှစ်ထပ်အိမ် မီးလောင်ပြာကျ၊ ကျပ်သိန်း ၁၀၀၀ ကျော် ဆုံးရှုံး

September 16, 2026

ထွက်ပြေးသွားသော စစ်သုံ့ပန်း ၈၀ ကျော်ထဲမှ ထက်ဝက်ခန့် တီးတိန်မြို့ ခရလ ၂၆၉ ထံဝင်ရောက်၊ ၂၀ နီးပါးကို PDF-Zoland ပြန်လည်ဖမ်းမိ

September 16, 2026

လုံခြုံရေးအခြေအနေကြောင့် တီးတိန်-ရိဒ် လမ်းပိုင်းကို CDF-Hualngoram ပိတ်ထား

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.