Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Headline»ပလက္ဝတြင္ ညမထြက္ရအမိန္႔ ၂ လထပ္တိုး

ပလက္ဝတြင္ ညမထြက္ရအမိန္႔ ၂ လထပ္တိုး

0
By Editor on March 9, 2020 Headline

Zawgyi

ခ်င္းျပည္နယ္ေတာင္ပိုင္း ပလက္၀ၿမိဳ႕နယ္တြင္ ညမထြက္ရအမိိန္႔ ပုဒ္မ (၁၄၄) ကို ယေန႔မတ္လ (၉) ရက္ေန႔မွစ၍ (၂) လ ထပ္တိုးလိုက္သည္ဟု သိရသည္။

ျမန္မာ့တပ္မေတာ္ႏွင့္ ရကၡိဳင့္တပ္ေတာ္ (AA) တို႔ စစ္မက္ျဖစ္ပြားရာေဒသ ပလက္၀ၿမိဳ႕နယ္တြင္ ၿပီးခ့ဲ့သည့္ ၂၀၁၉ ခုႏွစ္ ႏုိ၀င္ဘာလ (၉) ရက္ေန႔စ၍ ညမထြက္ရအမိန္႔ကို ၿမိဳ႕နယ္အုပ္ခ်ဴပ္ေရးမွဴးအဖြဲ႔က စတင္ထုတ္ျပန္ခဲ့ၿပီး ယခုထုတ္ျပန္ျခင္းသည္ တတိယအႀကိမ္ျဖစ္သည္။

ယခင္ထုတ္ျပန္ခဲ့သည့္ အမိန္႔မ်ားတြင္ ညေန (၆) နာရီမွ မနက္ (၆) နာရီအထိ သတ္မွတ္ခဲ့ေသာ္လည္း ယခုတစ္ႀကိမ္ထုတ္ျပန္သည့္အမိန္႔တြင္ ည (၇) နာရီမွ မနက္(၆) နာရီအထိ အခ်ိန္အနည္းငယ္ေျပာင္းထားသည္ဟု ပလက္၀ေဒသခံတစ္ဦးကေျပာသည္။

ယခုလက္ရွိ ပလက္၀ၿမိဳ႕နယ္တြင္ ညမထြက္ရအမိန္႔ထုတ္ျပန္ထားသည့္အျပင္ တိုက္ပြဲေၾကာင့္ ေရလမ္း၊ ကုန္လမ္း ဆက္သြယ္ေရးလမ္းေၾကာင္းမ်ားျပတ္ေတာက္ေနသည့္အတြက္ စားနပ္ရိကၡာသယ္ယူ၍ မရေသာေၾကာင့္ စားနပ္ရိကၡာျပတ္လပ္ေနျပီး ကုန္ေစ်းႏႈန္းမ်ားလည္းျမင့္တက္ေနကာ ဆန္တစ္အိတ္ က်ပ္တစ္သိန္းအထိ ေစ်းျမင့္တက္ေနသည္ဟုသိရသည္။

Unicode

ချင်းပြည်နယ်တောင်ပိုင်း ပလက်ဝမြို့နယ်တွင် ညမထွက်ရအမိန့် ပုဒ်မ (၁၄၄) ကို ယနေ့မတ်လ (၉) ရက်နေ့မှစ၍ (၂) လ ထပ်တိုးလိုက်သည်ဟု သိရသည်။

မြန်မာ့တပ်မတော်နှင့် ရက္ခိုင့်တပ်တော် (AA) တို့ စစ်မက်ဖြစ်ပွားရာဒေသ ပလက်ဝမြို့နယ်တွင် ပြီးခဲ့့သည့် ၂၀၁၉ ခုနှစ် နိုဝင်ဘာလ (၉) ရက်နေ့စ၍ ညမထွက်ရအမိန့်ကို မြို့နယ်အုပ်ချူပ်ရေးမှူးအဖွဲ့က စတင်ထုတ်ပြန်ခဲ့ပြီး ယခုထုတ်ပြန်ခြင်းသည် တတိယအကြိမ်ဖြစ်သည်။

ယခင်ထုတ်ပြန်ခဲ့သည့် အမိန့်များတွင် ညနေ (၆) နာရီမှ မနက် (၆) နာရီအထိ သတ်မှတ်ခဲ့သော်လည်း ယခုတစ်ကြိမ်ထုတ်ပြန်သည့်အမိန့်တွင် ည (၇) နာရီမှ မနက်(၆) နာရီအထိ အချိန်အနည်းငယ်ပြောင်းထားသည်ဟု ပလက်ဝဒေသခံတစ်ဦးကပြောသည်။

ယခုလက်ရှိ ပလက်ဝမြို့နယ်တွင် ညမထွက်ရအမိန့်ထုတ်ပြန်ထားသည့်အပြင် တိုက်ပွဲကြောင့် ရေလမ်း၊ ကုန်လမ်း ဆက်သွယ်ရေးလမ်းကြောင်းများပြတ်တောက်နေသည့်အတွက် စားနပ်ရိက္ခာသယ်ယူ၍ မရသောကြောင့် စားနပ်ရိက္ခာပြတ်လပ်နေပြီး ကုန်ဈေးနှုန်းများလည်းမြင့်တက်နေကာ ဆန်တစ်အိတ် ကျပ်တစ်သိန်းအထိ ဈေးမြင့်တက်နေသည်ဟုသိရသည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

ချင်းပြည်မှာ မူးယစ်းဆေးဝါးတားဆီးကာကွယ်ရေးဥပဒေပြဌာန်းပြီး နှိမ်နှင်းရေးအဖွဲ့များ ဖွဲ့စည်းဆောင်ရွက်မည်

မတ်လလယ်မှာ လွှတ်တော်များ ခေါ်ယူပြီး၊ ဧပြီလဆန်းပိုင်းမှာ စစ်အစိုးရအဖွဲ့သစ်ကို အာဏာလွှဲပြောင်းပေးမည်ဟု ဆို

ဆော – ကျောက်ထု – မင်းတပ် လမ်းပိုင်းကို လုံခြုံရေးအခြေအနေကြောင့် ဖြတ်သန်းသွားလာခွင့်ကန့်သတ်

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
February 19, 2026

“ကာကွယ်ရေး အသုံးစရိတ်ကို အရင်က ၆၅ ရာခိုင်နှုန်းကနေ ဒီနှစ်တော့ ကာကွယ်ရေးကို ၈၀ ရာခိုင်နှုန်းအထိ တိုးမြှင့်သွားမယ်”

February 2, 2026

သွေးစွန်းသော မဲပုံးများနှင့် “Made in China” အရိပ်အောက်က ရွေးကောက်ပွဲ

February 1, 2026

#article”ပြည်သူ့အားနဲ့ ရိုက်ချိုးကြ၊ CSOs အားနဲ့ ထိုးဖောက်ကြ”

January 17, 2026

#interview“ဝန်ကြီးချုပ်ဆိုရင် သူ့ရဲ့ PSO က အစ၊ သူရဲ့ အမျိုးတွေ အကုန်လုံး ကုမ္ပဏီနာမည်အမျိုးမျိုးနဲ့ လုပ်နေကြတာ” CDF – ဟားခါး ဥက္ကဌ Salai Hram Lian

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
February 19, 2026

“ကာကွယ်ရေး အသုံးစရိတ်ကို အရင်က ၆၅ ရာခိုင်နှုန်းကနေ ဒီနှစ်တော့ ကာကွယ်ရေးကို ၈၀ ရာခိုင်နှုန်းအထိ တိုးမြှင့်သွားမယ်”

February 2, 2026

သွေးစွန်းသော မဲပုံးများနှင့် “Made in China” အရိပ်အောက်က ရွေးကောက်ပွဲ

February 1, 2026

#article”ပြည်သူ့အားနဲ့ ရိုက်ချိုးကြ၊ CSOs အားနဲ့ ထိုးဖောက်ကြ”

January 17, 2026

#interview“ဝန်ကြီးချုပ်ဆိုရင် သူ့ရဲ့ PSO က အစ၊ သူရဲ့ အမျိုးတွေ အကုန်လုံး ကုမ္ပဏီနာမည်အမျိုးမျိုးနဲ့ လုပ်နေကြတာ” CDF – ဟားခါး ဥက္ကဌ Salai Hram Lian

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.