Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Headline»ပလက္ဝသို႔ WFP မွ ေထာက္ပံ့ထားသည့္ ဆန္အိတ္ ၂၀၀၀ ေရာက္ရွိ

ပလက္ဝသို႔ WFP မွ ေထာက္ပံ့ထားသည့္ ဆန္အိတ္ ၂၀၀၀ ေရာက္ရွိ

0
By Editor on November 17, 2020 Headline

#Unicode

By Benezer – ချင်းပြည်နယ် ပလက်ဝမြို့ စစ်ဘေးရှောင် ဒုက္ခသည်များအတွက် WFP မှ ထောက်ပံ့ထားသည့် ဆန်အိတ် ၂၀၀၀ သည် ယခုရက်ပိုင်းက ပလက်ဝမြို့ပေါ်သို့ ရောက်ရှိခဲ့ပြီး စစ်ဘေးရှောင်ပြည်သူများအား ပေးဝေလျက်ရှိကြောင်း ချင်းပြည်နယ်အ စိုးရပြောရေးဆိုခွင့်ရှိသူ စည်ပင်ဝန်ကြီးဉီးစိုးထက်မှပြောသည်။

“WFP ကထောက်ပံ့ထားတဲ့ ဆန်အိတ် ၂၀၀၀ ကျော် ဟိုတစ်နေ့ကဘဲ ရောက်ပြီ၊ အခုလည်း ဆက်ပို့နေတယ်၊ မြန်မာနိုင်ငံ ကြက်ခြေနီအသင်းကလှူထားတာလည်း ပခုက္ကူကနေ စထွက်နေပြီ၊ ပြီးတော့ ပလက်ဝမြို့နယ်မှာ ဘယ်လိုမျိုးထောက်ပံ့မှုတွေ အဓိကလုပ်ဆောင်မလဲဆိုတဲ့ ကွင်းဆင်းလေ့လာမှုကို WFP, ICRC, ကြက်ခြေနီအသင်းတွေကနေပြီးတော့ ဆမီးမှာ အရင်လုပ်မယ်၊ နောက်လကျရင် ပလက်ဝကိုဆက်လုပ်သွားမယ်”ဟု စည်ပင်ဝန်ကြီး ဉီးစိုးထက်မှပြောသည်။

စစ်ဘေးရှောင်ပြည်သူများအတွက် လက်ရှိ ပလက်ဝမြို့သို့ ရောက်ရှိနေသည့် WFP မှ ဆန်အိတ် ၂၀၀၀ အပြင် ဆမီးမြို့တွင်လည်း ဆန်အိတ် ၄၀၀၀ ကျန်ရှိနေပြီး ပလက်ဝမြို့သို့ ဆက်လက်ပို့ဆောင်သွားမည်ဖြစ်ကြောင်း ဝန်ကြီး ဉီးစိုးထက်မှပြောသည်။

ထို့ပြင် စစ်ဘေးရှောင်မဟုတ်သည့် ပလက်ဝမြို့ ဒေသခံများလည်း ဆန်ပြတ်လတ်မှုများ ကြုံနေရသဖြင့် ချင်းပြည်နယ်အ စိုးရမှ သယ်ယူစာရိတ်အရှုံးခံကာ လျှော့ဈေးဖြင့် ပလက်ဝဒေသခံများအား ရောင်းချပေးခဲ့ကြောင်း သိရသည်။

“စစ်ဘေးရှောင်တွေအတွက်ကိုတော့ လူကယ်ပြန်က အလကားပေးတယ်၊ စစ်ရှောင်မဟုတ်တဲ့သူတွေအတွက်ကတော့ အရင်ကအလကားပေးခဲ့ပေမယ့် တောက်လျှောက် အလကားပေးဖို့ကျတော့ မဖြစ်နိုင်ဘူး၊ အဲဒါကြောင့် ပခုက္ကူကနေ ၂၅၀၀၀ နဲ့ဝယ်ပြီးတော့ ကားခက ၁၂၅၀၀ လောက်ကျတယ်၊ အဲဒါကို ကျနော်တို့က ၇၅၀၀ လောက် အရှုံးခံပြီးတော့ ဆန်မပြတ်အောင် ၃ဝဝဝနဲ့ပြန်ရောင်းပေးတယ်၊ ဟိုမှာက လက်ရှိဆန်တစ်အိတ်ကို ၆ဝဝဝဝအထက်မှာရှိတယ်၊ အဲဒါကို အရှုံးခံပြီးတော့ရောင်းပေးတယ်”ဟု ဝန်ကြီးဉီးစိုးထက်မှပြောသည်။

လက်ရှိပလက်ဝမြို့ပေါ်တွင် အစိုးရနဲ့အဖွဲ့အစည်းများမှ ဆန်များထောက်ပံ့ပေးထားသဖြင့် လက်တလော အဆင်ပြေနေသော်လည်း ဆောင်းတွင်းဝင်ရောက်လာသဖြင့် စောင်နဲ့အဝတ်အထည်များ အခက်အခဲရှိနေကြောင်း စစ်ဘေးရှောင်များအား ကူညီပေးနေသူ ဆရာမအောင်မဖြူထံမှ သိရသည်။

“ဒီနေ့မှာတော့ WFP က ပေးပို့ထားတဲ့ ဆန်တွေကိုလှူပေးနေတယ်၊ လတ်တလောအတွက်တော့ ဆန်က အဆင်ပြေမယ့်သဘောရှိတယ်၊ ဒါပေမယ့် ဆောင်းတွင်းရောက်လာပြီ ဒီလကုန်ပြီဆို အရမ်းအေးတော့မှာ၊ အဲဒါကြောင့် စောင်နဲ့အဝတ်အစားပိုင်းမှာတော့ အကူအညီလိုအပ်နေတယ်၊ လောလောဆယ် လှူဒါန်းထားတဲ့အဖွဲ့အစည်းလည်း မရှိသေးဘူး”ဟု ဆရာမအောင်မဖြူမှပြောသည်။

တမ်မတော်နှင့် ရက္ခိုင့်တပ်တော် (AA) အကြားတိုက်ပွဲဖြစ်ပွားမှုကြောင့် ယခုလက်ရှိ ပလက်ဝမြို့ပေါ်စစ်ဘေးရှောင်စခန်းတွင် လူဦးရေ (၄၈၀၀) ကျော်၊ ဆမီးမြို့ပေါ် စစ်ဘေးရှောင်စခန်းတွင် လူဦးရေ ၃၃၀၀ ကျော်၊ မီးဇာကျေးရွာစစ်ဘေးရှောင်စခန်းတွင်လူဦးရေ (၅၀၀) ကျော်၊ စိမ့်စင်းကျေးရွာတွင် လူဦးရေ ၂၀၀ ကျော်ရှိပြီး စုစုပေါင်း စစ်ဘေးရှောင်ပြည်သူတစ်သောင်းနီးပါးခန့်ရှိကြောင်းသိရသည်။

#Zawgyi

ခ်င္းျပည္နယ္ ပလက္ဝၿမိဳ႕ စစ္ေဘးေရွာင္ ဒုကၡသည္မ်ားအတြက္ WFP မွ ေထာက္ပံ့ထားသည့္ ဆန္အိတ္ ၂၀၀၀ သည္ ယခုရက္ပိုင္းက ပလက္ဝၿမိဳ႕ေပၚသို႔ ေရာက္ရွိခဲ့ၿပီး စစ္ေဘးေရွာင္ျပည္သူမ်ားအား ေပးေဝလ်က္ရွိေၾကာင္း ခ်င္းျပည္နယ္အ စိုးရေျပာေရးဆိုခြင့္ရွိသူ စည္ပင္ဝန္ႀကီးဉီးစိုးထက္မွေျပာသည္။

“WFP ကေထာက္ပံ့ထားတဲ့ ဆန္အိတ္ ၂၀၀၀ ေက်ာ္ ဟိုတစ္ေန႔ကဘဲ ေရာက္ၿပီ၊ အခုလည္း ဆက္ပို႔ေနတယ္၊ ျမန္မာနိုင္ငံ ၾကက္ေျခနီအသင္းကလႉထားတာလည္း ပခုကၠဴကေန စထြက္ေနၿပီ၊ ၿပီးေတာ့ ပလက္ဝၿမိဳ႕နယ္မွာ ဘယ္လိုမ်ိဳးေထာက္ပံ့မႈေတြ အဓိကလုပ္ေဆာင္မလဲဆိုတဲ့ ကြင္းဆင္းေလ့လာမႈကို WFP, ICRC, ၾကက္ေျခနီအသင္းေတြကေနၿပီးေတာ့ ဆမီးမွာ အရင္လုပ္မယ္၊ ေနာက္လက်ရင္ ပလက္ဝကိုဆက္လုပ္သြားမယ္”ဟု စည္ပင္ဝန္ႀကီး ဉီးစိုးထက္မွေျပာသည္။

စစ္ေဘးေရွာင္ျပည္သူမ်ားအတြက္ လက္ရွိ ပလက္ဝၿမိဳ႕သို႔ ေရာက္ရွိေနသည့္ WFP မွ ဆန္အိတ္ ၂၀၀၀ အျပင္ ဆမီးၿမိဳ႕တြင္လည္း ဆန္အိတ္ ၄၀၀၀ က်န္ရွိေနၿပီး ပလက္ဝၿမိဳ႕သို႔ ဆက္လက္ပို႔ေဆာင္သြားမည္ျဖစ္ေၾကာင္း ဝန္ႀကီး ဉီးစိုးထက္မွေျပာသည္။

ထို႔ျပင္ စစ္ေဘးေရွာင္မဟုတ္သည့္ ပလက္ဝၿမိဳ႕ ေဒသခံမ်ားလည္း ဆန္ျပတ္လတ္မႈမ်ား ၾကဳံေနရသျဖင့္ ခ်င္းျပည္နယ္အ စိုးရမွ သယ္ယူစာရိတ္အရႈံးခံကာ ေလၽွာ့ေဈးျဖင့္ ပလက္ဝေဒသခံမ်ားအား ေရာင္းခ်ေပးခဲ့ေၾကာင္း သိရသည္။

“စစ္ေဘးေရွာင္ေတြအတြက္ကိုေတာ့ လူကယ္ျပန္က အလကားေပးတယ္၊ စစ္ေရွာင္မဟုတ္တဲ့သူေတြအတြက္ကေတာ့ အရင္ကအလကားေပးခဲ့ေပမယ့္ ေတာက္ေလၽွာက္ အလကားေပးဖို႔က်ေတာ့ မျဖစ္နိုင္ဘူး၊ အဲဒါေၾကာင့္ ပခုကၠဴကေန ၂၅၀၀၀ နဲ႔ဝယ္ၿပီးေတာ့ ကားခက ၁၂၅၀၀ ေလာက္က်တယ္၊ အဲဒါကို က်ေနာ္တို႔က ၇၅၀၀ ေလာက္ အရႈံးခံၿပီးေတာ့ ဆန္မျပတ္ေအာင္ ၃၀၀၀နဲ႔ျပန္ေရာင္းေပးတယ္၊ ဟိုမွာက လက္ရွိဆန္တစ္အိတ္ကို ၆၀၀၀၀အထက္မွာရွိတယ္၊ အဲဒါကို အရႈံးခံၿပီးေတာ့ေရာင္းေပးတယ္”ဟု ဝန္ႀကီးဉီးစိုးထက္မွေျပာသည္။

လက္ရွိပလက္ဝၿမိဳ႕ေပၚတြင္ အစိုးရနဲ႔အဖြဲ႕အစည္းမ်ားမွ ဆန္မ်ားေထာက္ပံ့ေပးထားသျဖင့္ လက္တေလာ အဆင္ေျပေနေသာ္လည္း ေဆာင္းတြင္းဝင္ေရာက္လာသျဖင့္ ေစာင္နဲ႔အဝတ္အထည္မ်ား အခက္အခဲရွိေနေၾကာင္း စစ္ေဘးေရွာင္မ်ားအား ကူညီေပးေနသူ ဆရာမေအာင္မျဖဴထံမွ သိရသည္။

“ဒီေန႔မွာေတာ့ WFP က ေပးပို႔ထားတဲ့ ဆန္ေတြကိုလႉေပးေနတယ္၊ လတ္တေလာအတြက္ေတာ့ ဆန္က အဆင္ေျပမယ့္သေဘာရွိတယ္၊ ဒါေပမယ့္ ေဆာင္းတြင္းေရာက္လာၿပီ ဒီလကုန္ၿပီဆို အရမ္းေအးေတာ့မွာ၊ အဲဒါေၾကာင့္ ေစာင္နဲ႔အဝတ္အစားပိုင္းမွာေတာ့ အကူအညီလိုအပ္ေနတယ္၊ ေလာေလာဆယ္ လႉဒါန္းထားတဲ့အဖြဲ႕အစည္းလည္း မရွိေသးဘူး”ဟု ဆရာမေအာင္မျဖဴမွေျပာသည္။

တမ္မေတာ္ႏွင့္ ရကၡိဳင့္တပ္ေတာ္ (AA) အၾကားတိုက္ပြဲျဖစ္ပြားမႈေၾကာင့္ ယခုလက္ရွိ ပလက္ဝၿမိဳ႕ေပၚစစ္ေဘးေရွာင္စခန္းတြင္ လူဦးေရ (၄၈၀၀) ေက်ာ္၊ ဆမီးၿမိဳ႕ေပၚ စစ္ေဘးေရွာင္စခန္းတြင္ လူဦးေရ ၃၃၀၀ ေက်ာ္၊ မီးဇာေက်းရြာစစ္ေဘးေရွာင္စခန္းတြင္လူဦးေရ (၅၀၀) ေက်ာ္၊ စိမ့္စင္းေက်းရြာတြင္ လူဦးေရ ၂၀၀ ေက်ာ္ရွိၿပီး စုစုေပါင္း စစ္ေဘးေရွာင္ျပည္သူတစ္ေသာင္းနီးပါးခန႔္ရွိေၾကာင္းသိရသည္။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

မင်းတပ်မြို့က အစိုးရ အဆောက်အဦးနှင့် နေအိမ်များ လေကြောင်းတိုက်ခိုက်ခံရ၊ အရပ်သားများ သေဆုံးမှုရှိဟုဆို

စစ်ကောင်စီကြောင့် ဧပြီလအတွင်း အမျိုးသမီး ၇၀ ကျော်သေဆုံး

မူးယစ်ဆေးဝါးကြောင့် ဖမ်းခံရသူ ၄ ဦးနှင့် မိသားစုဝင်များကို မီဇိုးလူငယ်အသင်း YMA က မြန်မာပြည်ပြန်ရန် နှင်ထုတ်

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
April 24, 2025

“ZRA က တွန်းဇန်မြို့နယ်နဲ့ တီးတိန်မြို့နယ်ကို ဇိုမီးပြည်နယ်ပုံစံအနေနဲ့ သီးခြားပြည်နယ်ပုံစံမျိုးနဲ့ ရပ်တည်ချင်တာ”

April 11, 2025

“ကျနော်တို့ ငါးလကျော် တိုက်ခိုက်ခဲ့ရတဲ့ အကြောင်းအရင်းက ဖလမ်းက ဗျူဟာအရ အရမ်းကို အချက်အချာကျတဲ့ မြို့တစ်မြို့ဖြစ်ပါတယ်”

March 31, 2025

“သူများနိုင်ငံမှာ စစ်ဘေးဒုက္ခသည်အဖြစ်နဲ့တော့မသေချင်ဘူး၊ မြန်မာပြည်ကြီး အမြန် ကောင်းစေချင်လှပါပြီ”

March 27, 2025

“ကျွန်မတို့ ယောကျ်ားလေးတွေနဲ့ တန်းတူလုပ်ရတာဆိုလို့ သင်တန်းမှာပဲရတယ်။ မိန်းကလေးတွေက ငါတို့ကိုလဲ တာဝန်တွေပေးတော့မှာဆိုတဲ့ မျှော်လင့်ချက်နဲ့ သင်တန်းမှာ ကြိုးစားလိုက်ကြတာ သင်တန်းလဲပြီးရော စားဖိုဆောင် ပြန်ပို့ခံရတယ်လေ” GiGi (လက်ဖြောင့်တပ်သား – PDF-Zoland)

Ads
Leaderboard Ad
Archives
–
Leaderboard Ad
Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.