Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Khonumthung»ပလက္ဝျမို့နယ္အတြင္းရွိ လူဦးေရ ၂၀ ရာခိုင္နႈန္းခန့္ကသာ မဲေပးနိုင္ျခင္းသည္ အစိုးရ၏ အားနည္းခ်က္တစ္ခုသာျဖစ္ဟုဆို

ပလက္ဝျမို့နယ္အတြင္းရွိ လူဦးေရ ၂၀ ရာခိုင္နႈန္းခန့္ကသာ မဲေပးနိုင္ျခင္းသည္ အစိုးရ၏ အားနည္းခ်က္တစ္ခုသာျဖစ္ဟုဆို

0
By Editor on November 19, 2020 Khonumthung

#Unicode

By လားနွန် – ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်တွင် ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ ၂၀ ရာခိုင်နှုန်းခန့်ကသာ မဲပေးနိုင်ခြင်းသည် နယ်မြေလုံခြုံရေးအရဟုဆိုသော်လည်း အစိုးရ၏ အားနည်းချက်တစ်ခုဖြစ်ပြီး ပြည်သူလူထုအခွင့်အရေးကို ပြည့်ပြည့်ဝ၀ မစွမ်းဆောင်နိုင်ခြင်းဖြစ်ကြောင်း ချင်းလူ့အခွင့်အရေးအဖွဲ့ Filed Director ကိုတေရကပြောသည်။

“အကြောင်းအရင်းကတော့ လုံခြုံရေးအရလည်းဖြစ်နိုင်တယ်၊ လမ်းပန်းဆက်သွယ်ရေးအရလည်းဖြစ်နိုင်တယ်၊ မဲပေးမယ့်ပြည်သူတွေက အများကြီးပဲ၊ ဒါပေမယ့် ၂၀ ရာခိုင်နှုန်းကပဲ မဲပေးရတော့ တကယ်ကို ဆိုးဆိုးရွားရွားကွာဟတာပေါ့၊ သူတို့ မဲဆန္ဒရှင်တွေက အခွင့်အရေးဆုံးရှုံးတာပေါ့၊ တကယ်ဆိုရင် ပလက်ဝပြည်သူတွေက သူတို့လိုချင်တဲ့ ကိုယ်စားလှယ်လောင်းရွေးချယ်ပိုင်ခွင့်ကို ဆုံးရှုံးတယ်ဆိုတော့ သူတို့ဆန္ဒ သူတို့ကိုယ်စား ဖော်ထုတ်ပေးမဲ့လူရွေးဖို့ ဆုံးရှုံးနစ်နာမှုရှိတာပေါ့၊ လုံခြုံရေးအရ သူတို့ ဆန္ဒမပေးနိုင်တာက အစိုးရမှာ တာဝန်ရှိတယ်၊ အဲဒါတော့ အစိုးရရဲ့ အားနည်းချက်လို့ပြောချင်တယ် ပြည်သူတွေရဲ့အခွင့်အရေးကို ပြည့်ပြည့်ဝ၀ မစွမ်းဆောင်နိုင်သေးဘူးလို့ပြောချင်တယ် အစိုးရမှာတာဝန်ရှိတယ်” ဟု ချင်းလူ့အခွင့်အရေးအဖွဲ့ Filed Director ကိုတေရကပြောသည်။

ပလက်ဝမြို့နယ်တွင် ကျေးရွာအုပ်စုပေါင်း (၁၀၂) အုပ်စုရှိပြီး လုံခြုံရေးအခြေအနေကြောင့် ကျေးရွာအုပ်စု (၉၄) အုပ်စုအတွက် ၂၀၂၀ အထွေထွေရွေးကောက်ပွဲ မကျင်းပနိုင်ခြင်းမရှိခဲ့ဘဲ ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ လူဦးရေ (၆) သောင်းကျော်ရှိသည့်အနက် (၁) သောင်းခန့်သာ မဲပေးနိုင်ခဲ့သဖြင့် မဲဆန္ဒရှင်လူဦးရေ (၅) သောင်းခန့်မှာ မဲပေးခွင့်ဆုံးရှုံးခဲ့ရသည်။

ပလက်ဝမြို့နယ်တွင် ယခုနှစ် ရွေးကောက်ပွဲပြီးမြောက်အောင် ကျင်းပနိုင်ခြင်းအပေါ်ကြိုဆိုသော်လည်း လွတ်လပ်ပြီး တရားမျှတသည့်ရွေးကောက်ပွဲဟု ပြောလို့မရကြောင်း ခူမီးချင်းမျိုးနွယ်စုများရေးရာ ပေါင်းစပ်ညှိနှိုင်းရေးကောင်စီ KACC မှ ပြောရေးဆိုခွင့်ရှိသူ ဒေါ်နန်းဝေကပြောသည်။

“ကျမတို့ ယခင်အခြေအနေဆိုရင် စစ်ပွဲ/တိုက်ပွဲ အရမ်းပြင်းထန်နေတဲ့ ဒေသဖြစ်တဲ့အတွက် ကျမတို့အနေနဲ့ ရွေးကောက်ပွဲဖြစ်ဖို့ဆိုတာတော့ ကျနော်တို့ မထင်ထားခဲ့ဘူးပေါ့နော်၊ အဲဒါကျတော့ ၂၀၁၅ နဲ့ ပြန်ယှဉ်ထိုးရမယ်ဆိုရင် ၂၀၁၅ မှာ ပလက်ဝမှာ တိုက်ပွဲက လုံးဝမရှိဘူးလို့ ပြောရမယ် တိုက်ပွဲကရှိသော်လည်းပဲ အခုလောက်ထိ မပြင်းထန်ဘူး အဲလိုဆိုတော့ Free and Fair လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲပေါ့ ၂၀၁၅ တုန်းကတော့ဖြစ်ခဲ့တယ် ၂၀၂၀ မှာကျတော့ တိုက်ပွဲပြင်းထန်တာကြောင့်၂၀၁၅ လိုမျိုး လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲလို့တော့ ပြောလို့မရဘူး သို့သော်လည်း အဆိုးထဲကအကောင်းပေ့ါ လုံးဝ ရွေးကောက်ပွဲမကျင်းပနိုင်တာထက်စာရင် ရာခိုင်နှုန်းနည်းသော်လည်း ရွေးကောက်ပွဲကျင်းပခွင့်ရတာကိုက ကျမတိုမြို့နယ်သည် အနည်းဆုံးတော့ နိုင်ငံရေးစကားဝိုင်းမှာပါလာမယ် ဒီအနေအထားအရ ကြိုဆိုတာပါ” ဟု KACC ပြောရေးဆိုခွင့်ရှိသူ ဒေါ်နန်းဝေကပြောသည်။

ပလက်ဝမြို့နယ်အတွင်း ရွေးကောက်ပွဲကျင်းပနိုင်ခဲ့သည့်နေရာများမှာ ပလက်ဝမြို့ပေါ် ရပ်ကွက် ၄ ခု၊ ဆမီးမြို့ပေါ် ရပ်ကွက် ၃ ခုနဲ့ ရှင်းလက်ဝကျေးရွာတို့ဖြစ်ပြီး မဲရုံပေါင်း (၁၉) ရုံဖြင့်ကျင်းပကာ ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ (၁) သောင်းဝန်းကျင် မဲပေးခဲ့ကြကြောင်းသိရသည်။

#Zawgyi

By လားနြန္ – ခ်င္းျပည္နယ္၊ ပလက္ဝျမို့နယ္တြင္ ဆနၵမဲေပးပိုင္ခြင့္ရွိသူ ၂၀ ရာခိုင္နႈန္းခန့္ကသာ မဲေပးနိုင္ျခင္းသည္ နယ္ေျမလံုျခံုေရးအရဟုဆိုေသာ္လည္း အစိုးရ၏ အားနည္းခ်က္တစ္ခုျဖစ္ျပီး ျပည္သူလူထုအခြင့္အေရးကို ျပည့္ျပည့္ဝဝ မစြမ္းေဆာင္နိုင္ျခင္းျဖစ္ေျကာင္း ခ်င္းလူ့အခြင့္အေရးအဖြဲ့ Filed Director ကိုေတရကေျပာသည္။

“အေျကာင္းအရင္းကေတာ့ လံုျခံုေရးအရလည္းျဖစ္နိုင္တယ္၊ လမ္းပန္းဆက္သြယ္ေရးအရလည္းျဖစ္နိုင္တယ္၊ မဲေပးမယ့္ျပည္သူေတြက အမ်ားျကီးပဲ၊ ဒါေပမယ့္ ၂၀ ရာခိုင္နႈန္းကပဲ မဲေပးရေတာ့ တကယ္ကို ဆိုးဆိုးရြားရြားကြာဟတာေပါ့၊ သူတို့ မဲဆနၵရွင္ေတြက အခြင့္အေရးဆံုးရံႈးတာေပါ့၊ တကယ္ဆိုရင္ ပလက္ဝျပည္သူေတြက သူတို့လိုခ်င္တဲ့ ကိုယ္စားလွယ္ေလာင္းေရြးခ်ယ္ပိုင္ခြင့္ကို ဆံုးရံႈးတယ္ဆိုေတာ့ သူတို့ဆနၵ သူတို့ကိုယ္စား ေဖာ္ထုတ္ေပးမဲ့လူေရြးဖို့ ဆံုးရံႈးနစ္နာမႈရွိတာေပါ့၊ လံုျခံုေရးအရ သူတို့ ဆနၵမေပးနိုင္တာက အစိုးရမွာ တာဝန္ရွိတယ္၊ အဲဒါေတာ့ အစိုးရရဲ့ အားနည္းခ်က္လို့ေျပာခ်င္တယ္ ျပည္သူေတြရဲ့အခြင့္အေရးကို ျပည့္ျပည့္ဝဝ မစြမ္းေဆာင္နိုင္ေသးဘူးလို့ေျပာခ်င္တယ္ အစိုးရမွာတာဝန္ရွိတယ္” ဟု ခ်င္းလူ့အခြင့္အေရးအဖြဲ့ Filed Director ကိုေတရကေျပာသည္။

ပလက္ဝျမို့နယ္တြင္ ေက်းရြာအုပ္စုေပါင္း (၁၀၂) အုပ္စုရွိျပီး လံုျခံုေရးအေျခအေနေျကာင့္ ေက်းရြာအုပ္စု (၉၄) အုပ္စုအတြက္ ၂၀၂၀ အေထြေထြေရြးေကာက္ပြဲ မက်င္းပနိုင္ျခင္းမရွိခဲ့ဘဲ ဆနၵမဲေပးပိုင္ခြင့္ရွိသူ လူဦးေရ (၆) ေသာင္းေက်ာ္ရွိသည့္အနက္ (၁) ေသာင္းခန့္သာ မဲေပးနိုင္ခဲ့သျဖင့္ မဲဆနၵရွင္လူဦးေရ (၅) ေသာင္းခန့္မွာ မဲေပးခြင့္ဆံုးရံႈးခဲ့ရသည္။

ပလက္ဝျမို့နယ္တြင္ ယခုနွစ္ ေရြးေကာက္ပြဲျပီးေျမာက္ေအာင္ က်င္းပနိုင္ျခင္းအေပၚျကိုဆိုေသာ္လည္း လြတ္လပ္ျပီး တရားမွ်တသည့္ေရြးေကာက္ပြဲဟု ေျပာလို့မရေျကာင္း ခူမီးခ်င္းမ်ိုးနြယ္စုမ်ားေရးရာ ေပါင္းစပ္ညွိနွိုင္းေရးေကာင္စီ KACC မွ ေျပာေရးဆိုခြင့္ရွိသူ ေဒၚနန္းေဝကေျပာသည္။

“က်မတို့ ယခင္အေျခအေနဆိုရင္ စစ္ပြဲ/တိုက္ပြဲ အရမ္းျပင္းထန္ေနတဲ့ ေဒသျဖစ္တဲ့အတြက္ က်မတို့အေနနဲ့ ေရြးေကာက္ပြဲျဖစ္ဖို့ဆိုတာေတာ့ က်ေနာ္တို့ မထင္ထားခဲ့ဘူးေပါ့ေနာ္၊ အဲဒါက်ေတာ့ ၂၀၁၅ နဲ့ ျပန္ယွဉ္ထိုးရမယ္ဆိုရင္ ၂၀၁၅ မွာ ပလက္ဝမွာ တိုက္ပြဲက လံုးဝမရွိဘူးလို့ ေျပာရမယ္ တိုက္ပြဲကရွိေသာ္လည္းပဲ အခုေလာက္ထိ မျပင္းထန္ဘူး အဲလိုဆိုေတာ့ Free and Fair လြတ္လပ္ျပီး တရားမွ်တတဲ့ ေရြးေကာက္ပြဲေပါ့ ၂၀၁၅ တုန္းကေတာ့ျဖစ္ခဲ့တယ္ ၂၀၂၀ မွာက်ေတာ့ တိုက္ပြဲျပင္းထန္တာေျကာင့္၂၀၁၅ လိုမ်ိုး လြတ္လပ္ျပီး တရားမွ်တတဲ့ ေရြးေကာက္ပြဲလို့ေတာ့ ေျပာလို့မရဘူး သို့ေသာ္လည္း အဆိုးထဲကအေကာင္းေပါ့ လံုးဝ ေရြးေကာက္ပြဲမက်င္းပနိုင္တာထက္စာရင္ ရာခိုင္နႈန္းနည္းေသာ္လည္း ေရြးေကာက္ပြဲက်င္းပခြင့္ရတာကိုက က်မတိုျမို့နယ္သည္ အနည္းဆံုးေတာ့ နိုင္ငံေရးစကားဝိုင္းမွာပါလာမယ္ ဒီအေနအထားအရ ျကိုဆိုတာပါ” ဟု KACC ေျပာေရးဆိုခြင့္ရွိသူ ေဒၚနန္းေဝကေျပာသည္။

ပလက္ဝျမို့နယ္အတြင္း ေရြးေကာက္ပြဲက်င္းပနိုင္ခဲ့သည့္ေနရာမ်ားမွာ ပလက္ဝျမို့ေပၚ ရပ္ကြက္ ၄ ခု၊ ဆမီးျမို့ေပၚ ရပ္ကြက္ ၃ ခုနဲ့ ရွင္းလက္ဝေက်းရြာတို့ျဖစ္ျပီး မဲရံုေပါင္း (၁၉) ရံုျဖင့္က်င္းပကာ ဆနၵမဲေပးပိုင္ခြင့္ရွိသူ (၁) ေသာင္းဝန္းက်င္ မဲေပးခဲ့ျကေျကာင္းသိရသည္။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

ကလေးမြို့နယ်၊ နန်းစောင်းပုရွာသစ် တိုက်ပွဲတွင် စစ်ကော်မရှင်အဖွဲ့ဝင် (၄) ဦးသေဆုံး၊ အိန္ဒိယနိုင်ငံသား ကသည်းသူပုန်အပါဝင် (၇) ဦး ဖမ်းဆီးရမိ

အမေရိကန်အခြေစိုက် BACI ၏ CEO နှင့် မလေးရှားရောက် ချင်းအဖွဲ့အစည်းဦးဆောင်သူများ ဒုက္ခသည်အရေးဆွေးနွေး

စစ်ဘေးရှောင်ချင်းအမျိုးသမီးတစ်ဦး ဆိုင်ကယ်တိုက်ခံရ၍ သေဆုံး

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
September 2, 2025

မူးယစ်ကုန်သွယ်မှု မျက်နှာစာသစ် မြန်မာ- အိန္ဒိနယ်စပ်နဲ့ ချင်းတော်လှန်ရေးအပေါ် ရိုက်ခတ်မှု

August 2, 2025

စစ်တပ်၏ ဒုတိယစာမျက်နှာနှင့် ချင်းပြည်အပေါ် သက်ရောက်မှု

June 30, 2025

“ကျွန်မတို့ကို Refugees လို့မသတ်မှတ်တဲ့အတွက် Refugees တွေ ရသင့်ရထိုက်တဲ့ အခွင့်အရေးမှန်သမျှကို ဆုံးရှုံးနေရတယ်”

June 30, 2025

“အဖွဲ့အစည်းတွေဆီမှာပဲ အာဏာကိုဆက်ထားနေမယ်ဆိုရင် အများကြီး ဆုံးရှုံးနစ်နာစရာတွေ ရှိတယ်၊ ဒါကြောင့် ချင်းပြည်နယ်မှာရှိတဲ့ ပြည်သူလူထုတွေကို အာဏာမြန်မြန်ပေးရအောင်”

Ads
Leaderboard Ad
Archives
–
Leaderboard Ad
Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.