Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Khonumthung»ပလက္ဝျမဳိ႕တြင္ Mask ႏွင့္ Hand Gel မ်ားျပတ္လပ္မႈၾကဳံေနရ

ပလက္ဝျမဳိ႕တြင္ Mask ႏွင့္ Hand Gel မ်ားျပတ္လပ္မႈၾကဳံေနရ

0
By Editor on November 23, 2020 Khonumthung

#Unicode

နှင်းနှင်း – ချင်းပြည်နယ်တောင်ပိုင်း၊ ပလက်ဝမြို့တွင် Mask (နှာခေါင်းစည်း) နှင့် Hand Gel (လက်သန့်ဆေးရည်) များ ပြတ်လပ်နေ သည့်အတွက် အခက်အခဲရင်ဆိုင်ကြုံတွေ့နေရကြောင်း ပလက်မြို့နယ်တိုက်ပွဲရှောင် နှင့် သဘာဝကူညီရေးအဖွဲ့မှ ဦးဇာနီ ကပြောသည်။

“ အခက်အခဲက Mask တွေပဲ။ ခုပလက်ဝမြို့မှာ Mask တွေလည်းဝယ်စရာမရှိဘူး။ အရင်တုန်းက တိုက်ပွဲရှောင်တွေ အတွက်ဝေပေးတာတွေလည်းကုန်ပြီ၊ တခါသုံးဆိုတော့ ပြန်လျှော်လို့လည်းမရဘူး ။လက်ဆေးရည်တွေလည်းပဲ တအိမ်ကိုတစ်ဗူးပေးတာကြာပြီဆိုတော့ ခုကုန်ပြီ၊မရှိတော့ဘူး” ဟု ဦးဇာနီ ကပြောသည်။

ပလက်ဝမြို့သည် မြန်မာ့တပ်မတော်နှင့် ရက္ခိုင့်တပ်တော် (AA)တို့အကြား တိုက်ပွဲဖြစ်ပွားမှုကြောင့် လမ်းကြောင်းပိတ်သည့်အပြင် အလှူရှင်များဖက်မှ ထောက်ပံ့ပေးမှသာလျှင်စစ်ဘေးရှောင်ပြည်သူများ အတွက်အဆင်ပြေနိုင်ပြီး လက်ရှိတွင်အလှူရှင်များ၏ထောက်ပံ့မှုမရှိသေးသောကြောင့် ကိုဗစ်ကာကွယ်ရေး ပစ္စည်းများပြတ်လပ်မှုနှင့်ကြုံ တွေ့နေရခြင်းဖြစ်သည်ဟု သိရသည်။

ပလက်ဝမြို့တွင် နိုဝင်ဘာလ ၁၉ ရက်နေ့က ရန်ကုန်မြို့မှ ပြန်လာသူ ကျောင်းသား လေးဦးထံတွင် ကိုဗစ်ပိုးတွေ့ရှိခဲ့ ပြီးနောက် စစ်ဘေးရှောင်စခန်းများရှိသည့် နေရာဖြစ်သဖြင့် စိုးရိမ်မှုမြင့်တက်ခဲ့ကြောင်း ဒေသခံများထံမှသိရသည်။

ပလက်ဝမြို့ပြည်သူ့ဆေးရုံတွင် ကုသမှုခံယူနေသော ကိုဗစ်နိုင်တင်းရောဂါပိုးတွေ့ရှိသည့်လူ နာ(၄)ဦး၏ ကျန်းမာရေးမှာ ကောင်းမွန်သည့်အပြင် လက်ရှိပလက်ဝမြို့စစ်ဘေးရှောင်စခန်းများတွင်လည်း ကိုဗစ်ကြိုတင်ကာကွယ်ရေးနှင့်ပက်သက်ပြီး ပြည်သူ့ကျန်းမာရေးဌာနမှဆေးခန်းကို နေ့တိုင်းသွားရောက်ဖွင့်ပေးနေကြောင်း ပလက်ဝမြို့နယ် ကျန်းမာရေးနှင့် ကုသရေး ဦးစီးဌာနမှ ဌာနမှူး ဒေါက်တာစိုးသက်ဝင်း ကပြောသည်။

“လက်ရှိမှာသူတို့ရဲ့ ကျန်းမာရေးကောင်းမွန်ပါတယ်။ အနီးကပ်စောင့်ကြည့်လို့ရအောင် ဆေးရုံကွာရန်တင်းမှာခေါ်ထား တယ်။ ပုံမှန်အားဖြင့်စစ်ဘေးရှောင်စခန်းကို ပြည်သူကျန်းမာရေးဌာနကနေ နေ့တိုင်းဆေးခန်းသွားဖွင့်ပေးတယ် ၊ကိုဗစ်နဲ့ပက်သက်တဲ့ ကျန်းမာရေးပညာပေး အစီစဉ်တွေဖြစ်တဲ့ လူတွေနဲ့ခပ်ခွာခွာနေဖို့၊ Mask တပ်ဖို့၊ လက်ဆေးဖို့၊ တခါတည်းကျွန်တော်တို့ဘက်ကနေပြီးတော့ ပညာပေးအစီအစဉ်တွေကို ပေါင်းလုပ်တယ်။” ဟု ဒေါက်တာစိုးသက်ဝင်း ကပြောသည်။

လက်ရှိတွင် ပလက်ဝမြို့အဝင်၊အထွက်တွင်စစ်ဆေးရေးဂိတ်များထားရှိပြီး ကိုဗစ်ပိုးတွေ့ရှိသောဒေသများမှ ဝင်ရောက်လာ သူမည်သူမဆို ကျန်းမာရေးဌာနမှထုတ်ပြန်ချက်နှင့် အထောက်အထားများမပါရှိသည့်သူများကိုလည်း ကွာရန်တင်းထားရှိ ရန် မြို့နယ်ကွာရန်တင်း ကြီးကြပ်ရေးကော်မတီမှထုတ်ပြန်ထားကြောင်း သိရသည်။

ပလက်ဝမြို့တွင် လက်ရှိ ကိုဗစ်ပိုးတွေ့လူနာ (၄)ဦးကုသမှုခံယူနေပြီး Facility Quarantine ဝင်ရောက်သူ (၄၂) ဦးရှိသည်ဟုသိရသည်။

#Zawgyi

ခ်င္းျပည္နယ္ေတာင္ပုိင္း၊ ပလက္ဝျမဳိ႕တြင္ Mask (ႏွာေခါင္းစည္း) ႏွင့္ Hand Gel (လက္သန္႔ေဆးရည္) မ်ား ျပတ္လပ္ေန သည့္အတြက္ အခက္အခဲရင္ဆုိင္ၾကဳံေတြ႔ေနရေၾကာင္း ပလက္ျမဳိ႕နယ္တိုက္ပြဲေရွာင္ ႏွင့္ သဘာဝကူညီေရးအဖြဲ႔မွ ဦးဇာနီ ကေျပာသည္။ 

“ အခက္အခဲက Mask ေတြပဲ။ ခုပလက္ဝျမဳိ႕မွာ Mask ေတြလည္းဝယ္စရာမရွိဘူး။ အရင္တုန္းက တုိက္ပြဲေရွာင္ေတြ အတြက္ေဝေပးတာေတြလည္းကုန္ျပီ၊ တခါသုံးဆုိေတာ့ ျပန္ေလွ်ာ္လုိ႔လည္းမရဘူး ။လက္ေဆးရည္ေတြလည္းပဲ တအိမ္ကုိတစ္ဗူးေပးတာၾကာျပီဆုိေတာ့ ခုကုန္ျပီ၊မရွိေတာ့ဘူး” ဟု ဦးဇာနီ ကေျပာသည္။

ပလက္ဝျမဳိ႕သည္ ျမန္မာ့တပ္မေတာ္ႏွင့္ ရကၡဳိင့္တပ္ေတာ္ (AA)တုိ႔အၾကား တုိက္ပြဲျဖစ္ပြားမႈေၾကာင့္ လမ္းေၾကာင္းပိတ္သည့္အျပင္ အလွဴရွင္မ်ားဖက္မွ ေထာက္ပံ့ေပးမွသာလွ်င္စစ္ေဘးေရွာင္ျပည္သူမ်ား အတြက္အဆင္ေျပႏုိင္ျပီး လက္ရွိတြင္အလွဴရွင္မ်ား၏ေထာက္ပံ့မႈမရွိေသးေသာေၾကာင့္ ကုိဗစ္ကာကြယ္ေရး ပစၥည္းမ်ားျပတ္လပ္မႈႏွင့္ၾကဳံ ေတြ႔ေနရျခင္းျဖစ္သည္ဟု သိရသည္။

ပလက္ဝၿမိဳ႕တြင္ ႏိုဝင္ဘာလ ၁၉ ရက္ေန႔က ရန္ကုန္ၿမိဳ႕မွ ျပန္လာသူ ေက်ာင္းသား ေလးဦးထံတြင္ ကိုဗစ္ပိုးေတြ႕ရွိခဲ့ ၿပီးေနာက္ စစ္ေဘးေရွာင္စခန္းမ်ားရွိသည့္ ေနရာျဖစ္သျဖင့္ စိုးရိမ္မႈျမင့္တက္ခဲ့ေၾကာင္း ေဒသခံမ်ားထံမွသိရသည္။ 

ပလက္ဝျမိဳ႕ျပည္သူ႔ေဆးရုံတြင္ ကုသမႈခံယူေနေသာ ကုိဗစ္ႏုိင္တင္းေရာဂါပုိးေတြ႔ရွိသည့္လူ နာ(၄)ဦး၏ က်န္းမာေရးမွာ ေကာင္းမြန္သည့္အျပင္ လက္ရွိပလက္ဝျမဳိ႕စစ္ေဘးေရွာင္စခန္းမ်ားတြင္လည္း ကုိဗစ္ၾကဳိတင္ကာကြယ္ေရးႏွင့္ပက္သက္ျပီး ျပည္သူ႔က်န္းမာေရးဌာနမွေဆးခန္းကို ေန႔တုိင္းသြားေရာက္ဖြင့္ေပးေနေၾကာင္း ပလက္ဝျမဳိ႕နယ္ က်န္းမာေရးႏွင့္ ကုသေရး ဦးစီးဌာနမွ ဌာနမႉး ေဒါက္တာစုိးသက္ဝင္း ကေျပာသည္။ 

“လက္ရွိမွာသူတို႔ရဲ႕ က်န္းမာေရးေကာင္းမြန္ပါတယ္။ အနီးကပ္ေစာင့္ၾကည့္လုိ႔ရေအာင္ ေဆးရုံကြာရန္တင္းမွာေခၚထား တယ္။ ပုံမွန္အားျဖင့္စစ္ေဘးေရွာင္စခန္းကုိ ျပည္သူက်န္းမာေရးဌာနကေန ေန႔တုိင္းေဆးခန္းသြားဖြင့္ေပးတယ္ ၊ကုိဗစ္နဲ႔ပက္သက္တဲ့ က်န္းမာေရးပညာေပး အစီစဥ္ေတြျဖစ္တဲ့ လူေတြနဲ႔ခပ္ခြာခြာေနဖုိ႔၊ Mask တပ္ဖုိ႔၊ လက္ေဆးဖုိ႔၊ တခါတည္းကြ်န္ေတာ္တုိ႔ဘက္ကေနျပီးေတာ့ ပညာေပးအစီအစဥ္ေတြကုိ ေပါင္းလုပ္တယ္။” ဟု ေဒါက္တာစုိးသက္ဝင္း ကေျပာသည္။ 

လက္ရွိတြင္ ပလက္ဝျမဳိ႕အဝင္၊အထြက္တြင္စစ္ေဆးေရးဂိတ္မ်ားထားရွိျပီး ကုိဗစ္ပိုးေတြ႔ရွိေသာေဒသမ်ားမွ ဝင္ေရာက္လာ သူမည္သူမဆို က်န္းမာေရးဌာနမွထုတ္ျပန္ခ်က္ႏွင့္ အေထာက္အထားမ်ားမပါရွိသည့္သူမ်ားကိုလည္း ကြာရန္တင္းထားရွိ ရန္ ျမဳိ႕နယ္ကြာရန္တင္း ၾကီးၾကပ္ေရးေကာ္မတီမွထုတ္ျပန္ထားေၾကာင္း သိရသည္။

ပလက္ဝျမဳိ႕တြင္ လက္ရွိ ကုိဗစ္ပုိးေတြ႔လူနာ (၄)ဦးကုသမႈခံယူေနျပီး Facility Quarantine ဝင္ေရာက္သူ (၄၂) ဦးရွိသည္ဟုသိရသည္။ 

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

မီဇိုရမ်ပြည်နယ်မှ မြန်မာနယ်စပ်အထိ ရထားလမ်းဖောက်မည့်စီမံကိန်း ပဏာမစစ်တမ်းကောက်ယူမှု ပြီစီးပြီဟုဆို

စစ်ကိုင်းဖက်ဒရယ်ယူနစ် ကြားကာလဖွဲ့စည်းပုံအခြေခံ ဥပဒေပြဋ္ဌာန်းနိုင်ခြင်းကို ဂုဏ်ယူကြောင်း ချင်းပြည်လွှတ်တော် သဝဏ်လွှာပို့

PDF-Zoland ၏ အခြေခံစစ်ပညာသင်တန်း အပတ်စဉ်(၁၇)အတွက် သင်တန်းသူ/သားများ လက်ခံနေ

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
June 30, 2025

“ကျွန်မတို့ကို Refugees လို့မသတ်မှတ်တဲ့အတွက် Refugees တွေ ရသင့်ရထိုက်တဲ့ အခွင့်အရေးမှန်သမျှကို ဆုံးရှုံးနေရတယ်”

June 30, 2025

“အဖွဲ့အစည်းတွေဆီမှာပဲ အာဏာကိုဆက်ထားနေမယ်ဆိုရင် အများကြီး ဆုံးရှုံးနစ်နာစရာတွေ ရှိတယ်၊ ဒါကြောင့် ချင်းပြည်နယ်မှာရှိတဲ့ ပြည်သူလူထုတွေကို အာဏာမြန်မြန်ပေးရအောင်”

June 28, 2025

ဆလိုင်းတင်မောင်ဦး (သို့မဟုတ်) သမိုင်း‌သွေးကို ရဲရင့်စေသူ

May 30, 2025

“ULA/AA က ဘာသာရေးခေါင်းဆောင်တွေကို သူတို့ရဲ့ လက်အောက်မှာ ပြားပြားဝပ်ပြီးတော့ သူတို့အလိုကျ အလုပ်လုပ်စေချင်တဲ့သဘောရှိတာကြောင့် သူတို့ရဲ့အမိန့် မနာခံတဲ့သူကို သံသယ၊ မယုံသင်္ကာတွေနဲ့ စောင့်ကြည့်နေတယ်”

Ads
Leaderboard Ad
Archives
–
Leaderboard Ad
Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.