Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Headline»ပလက္ဝၿမိဳ႕နယ္အတြင္း အထက္တန္းေက်ာင္းအမ်ားစု ေက်ာင္းအပ္လက္ခံရန္ အခက္အခဲရွိေန

ပလက္ဝၿမိဳ႕နယ္အတြင္း အထက္တန္းေက်ာင္းအမ်ားစု ေက်ာင္းအပ္လက္ခံရန္ အခက္အခဲရွိေန

0
By Editor on July 15, 2020 Headline

#Unicode

၂၀၂၀-၂၀၂၁ ပညာနှစ်အတွက် အထက်တန်းတက်ရောက်မည့် ကျောင်းသားကျောင်းသူများကို ဇူလိုင်လ ၁၃ ရက်နေ့က မြန်မာတစ်နိုင်ငံလုံး၌ ကျောင်းအပ်နှံမှုစတင်နေပြီဖြစ်သော်လည်း ချင်းပြည်နယ်တောင်ပိုင်း ပလက်ဝမြို့ နယ်တွင် နယ်မြေတည်ငြိမ်းအေးချမ်းမရှိခြင်းကြောင့် အထက်တန်းကျောင်းအများစု သည်ကျောင်းအပ်လက်ခံရန် အခက်အခဲရှိနေကြသည်ဟု ပလက်ဝမြို့နယ် ပညာရေးမှူး ဆလိုင်းအောင်မင်းကပြောသည်။

“အခြေအနေမပေးတာရှိတယ်၊ လုံခြုံရေးအခြေအနေအရရယ်၊ လမ်းပန်းဆက်သွယ်ရေးအခြေအနေအရ လောလောဆယ် သွားလို့လာလို့မရတဲ့နေရာတွေကို ပိတ်ထားတယ်၊ လမ်းပန်းဆက်သွယ်ရေးနဲ့ လုံခြုံရေးအခြေအနေတွေ ပြန်ကော င်းလာရင် ပြန်ဖွင့်ပါမယ်’’ ဟု ဆလိုင်းအောင်မင်းကပြောသည်။

ပလက်ဝမြို့နယ်တွင် အထက်တန်းကျောင်း (၁၆) ကျောင်း နှင့် အထက်တန်းကျောင်း(ခွဲ) (၂၂) ကျောင်း စုစုပေါင်း ၃၈ ကျောင်းရှိသည့်အနက် ယခုလက်ရှိမှာ ကျောင်းပေါင်း (၁၃) ကျောင်းကသာ ကျောင်းအပ်လက်ခံနိုင်ပြီး (၂၅) ကျောင်းသည် လောလောဆယ်ပိတ်ထားရဆဲဖြစ်သည်ဟု ပညာရေးမှူးထံမှ သိရသည်။

ထို့အပြင် ပြည်မဘက်မှ ကျောင်းဆရာ/ဆရာမ အများစုသည် ပလက်ဝမြို့ပေါ်သို့ ရောက်မလာနိုင်ကြသေးကြော င်း၊ ရှိနေသည့်ဆရာ၊ဆရာမများသည်လည်း ဆက်သွယ်ရေးလမ်းကြောင်းများ ပိတ်ထားသည့်အတွက် ၎င်းတို့တာဝန်ကျရာကျေးရွာများသို့ သွားရောက်နိုင်ခြင်းမရှိကြကြောင်း သိရသည်။

“ပြည်မကနေ မရောက်လာကျတဲ့သူရှိတယ်၊ ပလက်ဝမြို့ပေါ်ရှိတဲ့သူတွေကလည်း တာဝန်ကျတဲ့ကျောင်းကို သွားလို့မရတဲ့ အခက်အခဲရှိနေပါတယ်၊ တချိူ့ကလမ်းပိတ်ထားတာရှိတယ်၊ အခြေအနေအရ မသွားနိုင်တဲ့ဟာလည်းရှိတယ်’’ ဟု ပလက်ဝမြို့နယ်ပညာရေးမှူးကပြောသည်။

ပလက်ဝမြို့နယ်တွင် အခြေခံပညာကျောင်းပေါင်း (၃၉၁) ကျောင်းရှိသည့်အနက် ယခုပညာသင်နှစ်တွင် ကျောင်းပေါင်း (၂၀၀) သာဖွင့်လှစ်နိုင်ဖွယ်ရှိပြီး စစ်ဘေးဒဏ်ကြောင့် (၁၉၁) ကျောင်းဖွင့်လှစ်နိုင်မည့်အနေအထားမရှိကြောင်း သိရသည်။

ပလက်ဝမြို့နယ်သည် မြန်မာ့တပ်မတော်နှင့် ရက္ခိုင့်တပ်တော် (AA) တို့အကြား စစ်မက်ဖြစ်ပွားရာဒေသဖြစ်ပြီး ယခုလက်ရှိတွင်လည်း စစ်ဘေးရှောင်ပြည်သူ ၁၀၀၀၀ ကျော်ခန့်ရှိသည်။

#Unicode

၂၀၂၀-၂၀၂၁ ပညာႏွစ္အတြက္ အထက္တန္းတက္ေရာက္မည့္ ေက်ာင္းသားေက်ာင္းသူမ်ားကို ဇူလိုင္လ ၁၃ ရက္ေန႔က ျမန္မာတစ္နိုင္ငံလုံး၌ ေက်ာင္းအပ္ႏွံမႈစတင္ေနၿပီျဖစ္ေသာ္လည္း ခ်င္းျပည္နယ္ေတာင္ပိုင္း ပလက္ဝၿမိဳ႕ နယ္တြင္ နယ္ေျမတည္ၿငိမ္းေအးခ်မ္းမရွိျခင္းေၾကာင့္ အထက္တန္းေက်ာင္းအမ်ားစု သည္ေက်ာင္းအပ္လက္ခံရန္ အခက္အခဲရွိေနၾကသည္ဟု ပလက္ဝၿမိဳ႕နယ္ ပညာေရးမႉး ဆလိုင္းေအာင္မင္းကေျပာသည္။

“အေျခအေနမေပးတာရွိတယ္၊ လုံျခဳံေရးအေျခအေနအရရယ္၊ လမ္းပန္းဆက္သြယ္ေရးအေျခအေနအရ ေလာေလာဆယ္ သြားလို႔လာလို႔မရတဲ့ေနရာေတြကို ပိတ္ထားတယ္၊ လမ္းပန္းဆက္သြယ္ေရးနဲ႔ လုံျခဳံေရးအေျခအေနေတြ ျပန္ေကာ င္းလာရင္ ျပန္ဖြင့္ပါမယ္’’ ဟု ဆလိုင္းေအာင္မင္းကေျပာသည္။

ပလက္ဝၿမိဳ႕နယ္တြင္ အထက္တန္းေက်ာင္း (၁၆) ေက်ာင္း ႏွင့္ အထက္တန္းေက်ာင္း(ခြဲ) (၂၂) ေက်ာင္း စုစုေပါင္း ၃၈ ေက်ာင္းရွိသည့္အနက္ ယခုလက္ရွိမွာ ေက်ာင္းေပါင္း (၁၃) ေက်ာင္းကသာ ေက်ာင္းအပ္လက္ခံနိုင္ၿပီး (၂၅) ေက်ာင္းသည္ ေလာေလာဆယ္ပိတ္ထားရဆဲျဖစ္သည္ဟု ပညာေရးမႉးထံမွ သိရသည္။

ထို႔အျပင္ ျပည္မဘက္မွ ေက်ာင္းဆရာ/ဆရာမ အမ်ားစုသည္ ပလက္ဝၿမိဳ႕ေပၚသို႔ ေရာက္မလာနိုင္ၾကေသးေၾကာ င္း၊ ရွိေနသည့္ဆရာ၊ဆရာမမ်ားသည္လည္း ဆက္သြယ္ေရးလမ္းေၾကာင္းမ်ား ပိတ္ထားသည့္အတြက္ ၎တို႔တာဝန္က်ရာေက်းရြာမ်ားသို႔ သြားေရာက္နိုင္ျခင္းမရွိၾကေၾကာင္း သိရသည္။

“ျပည္မကေန မေရာက္လာက်တဲ့သူရွိတယ္၊ ပလက္ဝၿမိဳ႕ေပၚရွိတဲ့သူေတြကလည္း တာဝန္က်တဲ့ေက်ာင္းကို သြားလို႔မရတဲ့ အခက္အခဲရွိေနပါတယ္၊ တခ်ိဴ႕ကလမ္းပိတ္ထားတာရွိတယ္၊ အေျခအေနအရ မသြားနိုင္တဲ့ဟာလည္းရွိတယ္’’ ဟု ပလက္ဝၿမိဳ႕နယ္ပညာေရးမႉးကေျပာသည္။

ပလက္ဝၿမိဳ႕နယ္တြင္ အေျခခံပညာေက်ာင္းေပါင္း (၃၉၁) ေက်ာင္းရွိသည့္အနက္ ယခုပညာသင္ႏွစ္တြင္ ေက်ာင္းေပါင္း (၂၀၀) သာဖြင့္လွစ္နိုင္ဖြယ္ရွိၿပီး စစ္ေဘးဒဏ္ေၾကာင့္ (၁၉၁) ေက်ာင္းဖြင့္လွစ္နိုင္မည့္အေနအထားမရွိေၾကာင္း သိရသည္။

ပလက္ဝၿမိဳ႕နယ္သည္ ျမန္မာ့တပ္မေတာ္ႏွင့္ ရကၡိဳင့္တပ္ေတာ္ (AA) တို႔အၾကား စစ္မက္ျဖစ္ပြားရာေဒသျဖစ္ၿပီး ယခုလက္ရွိတြင္လည္း စစ္ေဘးေရွာင္ျပည္သူ ၁၀၀၀၀ ေက်ာ္ခန႔္ရွိသည္။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

ပလက်ဝမြို့နယ်၊ ရှင်းလက်ဝ မှာ ကုန်သည်အပါအဝင် ဒေသခံ ၃၀၀ ခန့် ပြင်းထန်ဝမ်းရောဂါ ကူးဆက်မှု ဖြစ်ပွားနေ

ရွေးကောက်ပွဲ အပိုင်း ၃ တွင် ပါဝင်လာနိုင်ချေရှိသည့် ချင်းမြောက်ဒေသကို စစ်တပ်က အင်အားအလုံးအရင်းဖြင့် စစ်ကြောင်းထိုးနေ

သိုင်းငင်းအနီးတဝိုက် တိုက်ပွဲများကြောင့် ဒေသခံ ၂၀၀၀ ကျော် စစ်ဘေးရှောင်နေရ၍ အရေးပေါ်အကူအညီ လိုအပ်

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
November 6, 2025

ချင်းပြည်သူအပေါ် ကျနော့ရပ်တည်ချက်သည် – အတိတ်၊ ပစ္စုပ္ပန် နဲ့ အနာဂါတ် – ဘယ်တော့မှပြောင်းလဲမှာမဟုတ်”

September 2, 2025

မူးယစ်ကုန်သွယ်မှု မျက်နှာစာသစ် မြန်မာ- အိန္ဒိနယ်စပ်နဲ့ ချင်းတော်လှန်ရေးအပေါ် ရိုက်ခတ်မှု

August 2, 2025

စစ်တပ်၏ ဒုတိယစာမျက်နှာနှင့် ချင်းပြည်အပေါ် သက်ရောက်မှု

June 30, 2025

“ကျွန်မတို့ကို Refugees လို့မသတ်မှတ်တဲ့အတွက် Refugees တွေ ရသင့်ရထိုက်တဲ့ အခွင့်အရေးမှန်သမျှကို ဆုံးရှုံးနေရတယ်”

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
November 6, 2025

ချင်းပြည်သူအပေါ် ကျနော့ရပ်တည်ချက်သည် – အတိတ်၊ ပစ္စုပ္ပန် နဲ့ အနာဂါတ် – ဘယ်တော့မှပြောင်းလဲမှာမဟုတ်”

September 2, 2025

မူးယစ်ကုန်သွယ်မှု မျက်နှာစာသစ် မြန်မာ- အိန္ဒိနယ်စပ်နဲ့ ချင်းတော်လှန်ရေးအပေါ် ရိုက်ခတ်မှု

August 2, 2025

စစ်တပ်၏ ဒုတိယစာမျက်နှာနှင့် ချင်းပြည်အပေါ် သက်ရောက်မှု

June 30, 2025

“ကျွန်မတို့ကို Refugees လို့မသတ်မှတ်တဲ့အတွက် Refugees တွေ ရသင့်ရထိုက်တဲ့ အခွင့်အရေးမှန်သမျှကို ဆုံးရှုံးနေရတယ်”

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.