Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Headline»ပလက္ဝၿမိဳ႕ စစ္ေဘးေရွာင္ျပည္သူမ်ား ရိကၡာျပတ္လပ္မည့္အေရး ၾကံဳေနၾကရ

ပလက္ဝၿမိဳ႕ စစ္ေဘးေရွာင္ျပည္သူမ်ား ရိကၡာျပတ္လပ္မည့္အေရး ၾကံဳေနၾကရ

0
By Editor on September 25, 2020 Headline

#Unicode

By နှင်းနှင်း – ချင်းပြည်နယ်တောင်ပိုင်း ပလက်ဝမြို့ပေါ် စစ်ဘေးရှောင်စခန်း(IDPs Camp) တွင် နေထိုင်ကြသည့် စစ်ဘေးရှောင်ပြည်သူ များသည် အထောက်အပံ့ဆက်လက်မရှိပါက ယခုရက်ပို်င်းအတွင်း စားစရာဆန်ပြတ်လပ်ဖွယ်ရှိသည်ဟု ပလက်မြို့နယ် တိုက်ပွဲရှောင်နှင့် သဘာဝဘေးကူညီရေးအဖွဲ့ထံမှသိရသည်။

တပ်မတော်နှင့် ရက္ခိုင့်တပ်တော်(AA) အကြားဖြစ်ပွားနေသည့် တိုက်ပွဲကြောင့် ပလက်ဝမြို့ပေါ်သို့ ရောက်ရှိနေကြသည့် စစ်ဘေးရှောင်ပြည်သူများကို ချင်းပြည်နယ်အစိုးရအဖွဲ့၊ ကမ္ဘာ့စားနပ်ရိက္ခာအစီစဉ်(WFP) အပါအဝင် အရပ်ဘက်အဖွဲ့အ စည်းများက ကူညီထောက်ပံ့မှုများပေးအပ်လျက်ရှိသော်လည်း ယခုလက်ရှိတွင် ဆန်ပြတ်လပ်မည့်အရေးနှင့် ရင်ဆိုင်နေကြရသည်ဟု ပလက်ဝမြို့နယ် တိုက်ပွဲရှောင်နှင့် သဘာဝဘေးကူညီရေးအဖွဲ့မှ ဦးဇာနီကပြောသည်။

“ အခုက တိုက်ပွဲရှောင်တွေအတွက်ပြောချင်တာ ရိက္ခာပဲ ၊ ရိက္ခာက WFP က ဆန်ပေးတဲ့ဟာက ဒီလ ၂၀ ရက်နေ့ဆိုရင် သူတို့ကကုန်တော့မယ် ၊ နောက် အစိုးရအဖွဲ့က ပေးတဲ့ဟာလည်းပဲ ခုလောလောဆယ်တော့မရှိတော့ဘူး အဲ့တာသူတို့ အတွက် နည်းနည်းအခက်အခဲရှိတယ်၊ ကျွန်တော်တို့အနေနဲ့လည်း အလှုရှင်တွေရဲ့ပို်က်ဆံနဲ့ဝယ်ပေးနိုင်တာက ခုပလက်ဝမြို့ပေါ်မှာက ဆန်ဝယ်ရင် အနည်းဆုံး (၅၅၀၀၀-၆၀၀၀၀) လောက်ရှိတဲ့အတွက်ကြောင့် အလှုရှင်တွေရဲ့ရန်ပုံငွေနဲ့လည်းမတတ်နိုင်ဘူး အခက်အခဲရှိနေတယ်’’ ဟု ဦးဇာနီကပြောသည်။

ပလက်ဝမြို့ မြို့မဘောလုံးကွင်း စစ်ဘေးရှောင်စခန်းတွင်နေထိုင်သည့် ဦးဂျာလှအောင်က စစ်ဘေးရှောင်ပြည်သူများကို အစိုးရဘက် ထောက်ပံ့မှုရှိသော်လည်း လုံလောက်မှုမရှိကြောင်း ခုလိုပြောဆိုသည်။
“ လမ်းပန်းဆက်သွယ်ရေးက အခက်အခဲဖြစ်နေတော့ အဝင်အထွက်တွေ အကုန်ပိတ်နေတော့လေ၊ ဒါပေမယ့် အခု နိုင်ငံတော် အစိုးရက ကျွန်တော်တို့ကို ထောက်ပံ့ကူညီပေးတာရှိပါတယ် ထောက်ပံ့မှုက မိသားစုဦးရေများတဲ့သူအတွက်တော့ မလောက်နိုင်ဘူး ၊ ဆန်ဝယ်ဖို့ ဆိုရင်လည်း ကျွန်တော်တို့မှာ ငွေရေးကြေးရေးလည်း အခက်အခဲရှိတဲ့အခါကြတော့လည်း အဆင်မပြေတာတွေအများကြီးပေါ့’’ ဟု ပြောသည်။

ပလက်ဝမြို့နယ်တွင် နယ်မြေတည်ငြိမ်အေးချမ်းမှုမရှိသေးသည့်အပြင် ကိုဗစ်-၁၉ ရောဂါကြောင့် ရခိုင်ပြည်နယ်နှင့် ဆက်သွယ်ရေးလမ်းကြောင်းများအကုန်ပိတ်ထားခြင်းကြောင့် ဆန်အပါအဝင် အခြားကုန်ပစ္စည်းများသယ်ယူပို့ဆောင်၍ မရသည့်အတွက် အခက်ကြုံနေကြရဆဲဖြစ်သည်။

ဦးဇာနီက “ကျွန်တော်တို့က တိုက်ပွဲရှောင်တွေအတွက် စားဝတ်နေရေးတာကို အချိန်မှီ အလျှင်မှီ ဆောင်ရွက် ပေးနိုင်ဖို့့ နည်းနည်းအခက်အခဲရှိမယ် ၊ အခုလမ်းပန်းဆက်သွယ်ရေး ခက်ခဲတဲ့အတွက်ကြောင့်ပေါ့လေ၊ ပြည်တွင်း ပြည်ပက အလှုရှင်တွေလှုထားတာရှိတယ်၊ အဲ့တာနဲ့ပဲ ကျွန်တော်တို့က ဆန်ဝယ်ပြီးတော့သူတို့ကို အတက်နိုင်ဆုံး (၂)ရက်စာ (၃)ရက်စာ ပံ့ပိုးဖို့စီစဉ်ထားပါတယ်’’ ဟု ပြောသည်။

ချင်းစစ်ဘေးရှောင်ပြည်သူများအရေးပေါ်ကူညီရေးနှင့် ပြန်လည်ထူထောင်ရေးကော်မတီ(RRCCI) ၏ စာရင်းအရ ပလက်ဝမြို့ပေါ်တွင် လူဦးရေ (၄၈၀၀) ကျော်၊ ဆမီးမြို့တွင် လူဦးရေ (၂၉၀၀) ကျော်၊ မီးဇာကျေးရွာတွင် လူဦးရေ (၂၀၀၀) ကျော်နှင့် စိမ့်စင်းကျေးရွာတွင် လူဦးရေ (၂၀၀) နီးပါးခန့် စစ်ဘေးတိမ်းရှောင်နေကြရသည်။

#Zawgyi

By ႏွင္းႏွင္း – ခ်င္းျပည္နယ္ေတာင္ပိုင္း ပလက္၀ၿမိဳ႕ေပၚ စစ္ေဘးေရွာင္စခန္း(IDPs Camp) တြင္ ေနထုိင္ၾကသည့္ စစ္ေဘးေရွာင္ျပည္သူ မ်ားသည္ အေထာက္အပံ့ဆက္လက္မရွိပါက ယခုရက္ပို္င္းအတြင္း စားစရာဆန္ျပတ္လပ္ဖြယ္ရွိသည္ဟု ပလက္ၿမိဳ႕နယ္ တိုက္ပြဲေရွာင္ႏွင့္ သဘာ၀ေဘးကူညီေရးအဖြဲ႔ထံမွသိရသည္။ 

တပ္မေတာ္ႏွင့္ ရကၡိဳင့္တပ္ေတာ္(AA) အၾကားျဖစ္ပြားေနသည့္ တိုက္ပြဲေၾကာင့္ ပလက္၀ၿမိဳ႕ေပၚသို႔ ေရာက္ရွိေနၾကသည့္ စစ္ေဘးေရွာင္ျပည္သူမ်ားကို ခ်င္းျပည္နယ္အစိုးရအဖြဲ႔၊ ကမၻာ့စားနပ္ရိကၡာအစီစဥ္(WFP) အပါအ၀င္ အရပ္ဘက္အဖြဲ႔အ စည္းမ်ားက ကူညီေထာက္ပံ့မႈမ်ားေပးအပ္လ်က္ရွိေသာ္လည္း ယခုလက္ရွိတြင္ ဆန္ျပတ္လပ္မည့္အေရးႏွင့္ ရင္ဆိုင္ေနၾကရသည္ဟု ပလက္၀ၿမိဳ႕နယ္ တိုက္ပြဲေရွာင္ႏွင့္ သဘာ၀ေဘးကူညီေရးအဖြဲ႔မွ ဦးဇာနီကေျပာသည္။ 

“ အခုက တုိက္ပြဲေရွာင္ေတြအတြက္ေျပာခ်င္တာ ရိကၡာပဲ ၊ ရိကၡာက WFP က ဆန္ေပးတဲ့ဟာက ဒီလ ၂၀ ရက္ေန႔ဆုိရင္ သူတုိ႔ကကုန္ေတာ့မယ္ ၊ ေနာက္ အစုိးရအဖြဲ႔က ေပးတဲ့ဟာလည္းပဲ ခုေလာေလာဆယ္ေတာ့မရွိေတာ့ဘူး အဲ့တာသူတုိ႔ အတြက္ နည္းနည္းအခက္အခဲရွိတယ္၊ ကြ်န္ေတာ္တုိ႔အေနနဲ႔လည္း အလႈရွင္ေတြရဲ႕ပုိ္က္ဆံနဲ႔ဝယ္ေပးႏုိင္တာက ခုပလက္ဝျမဳိ႕ေပၚမွာက ဆန္ဝယ္ရင္ အနည္းဆုံး (၅၅၀၀၀-၆၀၀၀၀) ေလာက္ရွိတဲ့အတြက္ေၾကာင့္ အလႈရွင္ေတြရဲ႕ရန္ပုံေငြနဲ႔လည္းမတတ္ႏုိင္ဘူး အခက္အခဲရွိေနတယ္’’ ဟု ဦးဇာနီကေျပာသည္။ 

ပလက္၀ၿမိဳ႕ ၿမိဳ႕မေဘာလံုးကြင္း စစ္ေဘးေရွာင္စခန္းတြင္ေနထုိင္သည့္ ဦးဂ်ာလွေအာင္က စစ္ေဘးေရွာင္ျပည္သူမ်ားကို အစိုးရဘက္ ေထာက္ပံ့မႈရွိေသာ္လည္း လံုေလာက္မႈမရွိေၾကာင္း ခုလိုေျပာဆိုသည္။ 

“ လမ္းပန္းဆက္သြယ္ေရးက အခက္အခဲျဖစ္ေနေတာ့ အ၀င္အထြက္ေတြ အကုန္ပိတ္ေနေတာ့ေလ၊ ဒါေပမယ့္ အခု ႏုိင္ငံေတာ္ အစုိးရက ကြ်န္ေတာ္တုိ႔ကုိ ေထာက္ပံ့ကူညီေပးတာရွိပါတယ္ ေထာက္ပံ့မႈက မိသားစုဦးေရမ်ားတဲ့သူအတြက္ေတာ့ မေလာက္ႏိုင္ဘူး ၊ ဆန္ဝယ္ဖုိ႔ ဆုိရင္လည္း ကြ်န္ေတာ္တုိ႔မွာ ေငြေရးေၾကးေရးလည္း အခက္အခဲရွိတဲ့အခါၾကေတာ့လည္း အဆင္မေျပတာေတြအမ်ားၾကီးေပါ့’’ ဟု ေျပာသည္။ 

ပလက္၀ၿမိဳ႕နယ္တြင္ နယ္ေျမတည္ၿငိမ္ေအးခ်မ္းမႈမရွိေသးသည့္အျပင္ ကိုဗစ္-၁၉ ေရာဂါေၾကာင့္ ရခိုင္ျပည္နယ္ႏွင့္ ဆက္သြယ္ေရးလမ္းေၾကာင္းမ်ားအကုန္ပိတ္ထားျခင္းေၾကာင့္ ဆန္အပါအ၀င္ အျခားကုန္ပစၥည္းမ်ားသယ္ယူပို႔ေဆာင္၍ မရသည့္အတြက္ အခက္ၾကံဳေနၾကရဆဲျဖစ္သည္။ 

ဦးဇာနီက “ကြ်န္ေတာ္တုိ႔က တုိက္ပြဲေရွာင္ေတြအတြက္ စားဝတ္ေနေရးတာကို အခ်ိန္မွီ အလ်ွင္မွီ ေဆာင္ရြက္ ေပးႏုိင္ဖုိ႔႔ နည္းနည္းအခက္အခဲရွိမယ္ ၊ အခုလမ္းပန္းဆက္သြယ္ေရး ခက္ခဲတဲ့အတြက္ေၾကာင့္ေပါ့ေလ၊ ျပည္တြင္း ျပည္ပက အလႈရွင္ေတြလႈထားတာရွိတယ္၊ အဲ့တာနဲ႔ပဲ ကြ်န္ေတာ္တုိ႔က ဆန္ဝယ္ျပီးေတာ့သူတုိ႔ကုိ အတက္ႏုိင္ဆုံး (၂)ရက္စာ (၃)ရက္စာ ပံ့ပုိးဖို႔စီစဥ္ထားပါတယ္’’ ဟု ေျပာသည္။ 

ခ်င္းစစ္ေဘးေရွာင္ျပည္သူမ်ားအေရးေပၚကူညီေရးႏွင့္ ျပန္လည္ထူေထာင္ေရးေကာ္မတီ(RRCCI) ၏ စာရင္းအရ ပလက္၀ၿမိဳ႕ေပၚတြင္ လူဦးေရ (၄၈၀၀) ေက်ာ္၊ ဆမီးၿမိဳ႕တြင္ လူဦးေရ (၂၉၀၀) ေက်ာ္၊ မီးဇာေက်းရြာတြင္ လူဦးေရ (၂၀၀၀) ေက်ာ္ႏွင့္ စိမ့္စင္းေက်းရြာတြင္ လူဦးေရ (၂၀၀) နီးပါးခန္႔ စစ္ေဘးတိမ္းေရွာင္ေနၾကရသည္။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

ဟားခါးမြို့နယ်က လူငယ်များအားလုံး အရံတပ်ဖွဲ့သင်တန်းတက်ရောက်ရန် CDF-Hakha ထုတ်ပြန်

CNDF နှင့် CDF-Hualngoram ပဋိပက္ခကို ငြိမ်းချမ်းသော နည်းဖြင့် အဖြေရှာကြရန် CC နှင့် CB တိုက်တွန်း

CNO/CNDF နှင့် CDF-Hualngoram တို့ အပြန်အလှန်ပစ်ခတ်နေမှုကို နိုင်ငံရေးအရ အဖြေရှာသင့်ဟုဆို

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
June 30, 2025

“ကျွန်မတို့ကို Refugees လို့မသတ်မှတ်တဲ့အတွက် Refugees တွေ ရသင့်ရထိုက်တဲ့ အခွင့်အရေးမှန်သမျှကို ဆုံးရှုံးနေရတယ်”

June 30, 2025

“အဖွဲ့အစည်းတွေဆီမှာပဲ အာဏာကိုဆက်ထားနေမယ်ဆိုရင် အများကြီး ဆုံးရှုံးနစ်နာစရာတွေ ရှိတယ်၊ ဒါကြောင့် ချင်းပြည်နယ်မှာရှိတဲ့ ပြည်သူလူထုတွေကို အာဏာမြန်မြန်ပေးရအောင်”

June 28, 2025

ဆလိုင်းတင်မောင်ဦး (သို့မဟုတ်) သမိုင်း‌သွေးကို ရဲရင့်စေသူ

May 30, 2025

“ULA/AA က ဘာသာရေးခေါင်းဆောင်တွေကို သူတို့ရဲ့ လက်အောက်မှာ ပြားပြားဝပ်ပြီးတော့ သူတို့အလိုကျ အလုပ်လုပ်စေချင်တဲ့သဘောရှိတာကြောင့် သူတို့ရဲ့အမိန့် မနာခံတဲ့သူကို သံသယ၊ မယုံသင်္ကာတွေနဲ့ စောင့်ကြည့်နေတယ်”

Ads
Leaderboard Ad
Archives
–
Leaderboard Ad
Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.