Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Headline»ပလက္၀ၿမိဳ႕နယ္တြင္ ဆန္ႏွင့္ကုန္စည္မ်ား ျပတ္လုနီးပါးျဖစ္

ပလက္၀ၿမိဳ႕နယ္တြင္ ဆန္ႏွင့္ကုန္စည္မ်ား ျပတ္လုနီးပါးျဖစ္

0
By Editor on February 18, 2020 Headline

Zawgyi

ျမန္မာ့တပ္မေတာ္ႏွင့္ ရကိၡိဳင့္တပ္ေတာ္ (AA) တပ္ဖြဲ႔အၾကား တိုက္ပြဲျဖစ္ပြားမႈ ပိုမိုျပင္းထန္လာသည့္အတြက္ ခ်င္းျပည္နယ္ ပလက္၀ၿမိဳ႕ ႏွင့္ ရခိုင္ျပည္နယ္ေက်ာက္ေတာ္ၿမိဳ႕အၾကား စက္ေလွေျပးဆြဲမႈရပ္ဆိုင္းၿပီး ကုန္စည္စီးဆင္းမႈမရွိေတာ့သ ည့္အတြက္ ပလက္၀ၿမိဳ႕တြင္ ဆန္ႏွင့္အေျခခံစားသံုးကုန္၊ ေလာင္စာဆီမ်ား ျပတ္လပ္လုနီးပါးျဖစ္ေနၿပီဟု သိရသည္။

ၿပီးခဲ့သည့္ ေဖေဖာ္၀ါရီလဆန္းပိုင္းကစ၍ ပလက္၀ၿမိဳ႕နယ္သို႔ ဆန္ႏွင့္ အျခားလူသံုးကုန္၊ စားေသာက္ပစၥည္းမ်ား သယ္ယူပို႔ေဆာင္၍မရေတာ့သည့္အတြက္ ယခုလက္ရွိတြင္ ဆန္ဆိုင္အမ်ားစုသည္ ေရာင္းစရာဆန္မရွိေတာ့သျဖင့္ ဆိုင္ပိတ္ထားရၿပီး အျခားစားေသာက္ကုန္ႏွင့္ ေလာင္စာဆီေစ်းႏႈန္းမွာလည္း ၂ ဆခန္႔ျမင့္တက္ေနသည္ဟု အမည္မေဖာ္လိုသည့္ ပလက္၀ ေဒသခံ အရပ္ဖက္အဖြဲ႔အစည္းမွတာ၀န္ရွိသူတစ္ဦးကေျပာသည္။

“အေျခအေနကေတာ့ ၾကက္သြန္နီ၊ ၾကက္သြန္ျဖဴကအစ ေစ်းမွာ၀ယ္ဆရာမရွိေတာ့ဘူး၊ လိုင္းစက္ေလွမထြက္တာကလည္း ၂ ပတ္ေလာက္ရွိေနၿပီဆိုေတာ့ေလ ကုန္စိုကုန္ေျခာက္ေပါ့ဗ်ာ ငါးေျခာက္ေတြကအစ ၾကက္ဥေတြကအစ ေစ်းမွာ၀ယ္စရာ မရွိေတာ့ဘူး ဆန္ေတြကလည္း၀ယ္စရာမရွိေတာ့ ဆန္ေရာင္းတဲ့ကုန္သည္ေတြကလည္း ပိတ္ထားရတယ္ ပိုက္ဆံရွိေပမယ့္ ၀ယ္စရာမရွိဘူး အဲလိုျဖစ္္ေနတယ္’’ ဟု အဆိုပါအစိုးရ၀န္ထမ္းကေျပာသည္။

ယခုလက္ရွိ ပလက္၀ၿမိဳ႕ေပၚတြင္ ၾကက္ဥ တစ္ေထာင္ဖိုး ၄ လံုး၊ ဓာတ္ဆီ ၁ ဂါလံ တစ္ေသာင္းက်ပ္၊ ဆန္တစ္အိတ္ ၃၀၀၀၀ ေက်ာ္၊ ကြမ္းရြက္ ၁ ပိသာ ၁၀၀၀၀ က်ပ္အထိ ျမင့္တက္သြားခဲ့ၿပီး အကယ္၍ စက္ေလွလိုင္းမ်ားဆက္လက္ ရပ္ဆိုင္းၿပီး ကုန္စည္၀င္ေရာက္လာမႈမရွိပါက ရက္ပိုင္းအတြင္ျပတ္လပ္သြားႏုိင္သည္ဟု ၎ကဆက္ေျပာသည္။

ထို႔အျပင္ ေလာင္စာဆီလည္ ရွားပါးလာသည့္အတြက္ ယခင္က ပလက္၀ၿမိဳ႕ကို တစ္ညလ်င္ ၄ နာရီႏႈန္းလွ်ပ္စစ္မီးေပးရာ ကေန ယခုအခါ တစ္နာေလွ်ာ့ခ်ၿပီး ၃ နာရီသာ လွ်ပ္စစ္ဌာနကေပးႏုိင္ေတာ့သည္ဟု သိရသည္။

ယခုကိစၥႏွင့္ပတ္သက္၍ ခ်င္းျပည္နယ္အစိုးရအဖြဲ႔ေျပာခြင့္ရပုဂၢိဳလ္ စည္ပင္၀န္ႀကီးဦးစိုးထက္က “လြန္ခဲ့တဲ့ တစ္ပတ္ေလာက္ကတည္းက က်ေနာ္တို႔အစိုးရအေနနဲ႔ ျပည္ေထာင္စုအစိုးရကိုတင္ျပထားပါတယ္ သူတို႔ရဲ့ လုပ္ထံုးလုပ္နည္းအရ လိုအပ္တဲ့လံုျခံဳေရးနဲ႔လိုအပ္တဲ့ဟာေတြကူညီဖို႔လည္း ျပင္ဆင္ေနပါတယ္၊ လြတ္ေတာ္ကိုယ္စားလွယ္ေတြ၊ ပါတီဘက္ကလူေတြနဲ႔ေရာက်ေနာ္တို႔တိုက္ရိုက္ေဆြးေႏြးေနပါတယ္၊ အဲလိုေလးေတြဘက္ေပါင္းစံုကေန ေဆာင္ရြက္ေနပါတယ္၊ ဒါေပမယ့္ ဒီဟာက စစ္မက္ျဖစ္တဲ့ေနရာဆိုေတာ့ ေတာ္ေတာ္ေတာ့ လုပ္ရကိုင္ရတာခက္ခဲတဲ့အေနအထားေတာ့ျဖစ္ပါတယ္ ျပည္နယ္အစိုးရအေနနဲ႔ လုပ္ဖို႔ခက္ခဲတဲ့အေနအထားပါ ျပည္ေထာင္စုကဘဲ လုပ္ေပးရမွအဆင္ေျပမယ့္အေနအထားပါ” ဟု ေျပာသည္။

ပလက္၀ၿမိဳ႕နယ္သည္ ရခိုင္ျပည္နယ္ေက်ာက္ေတာ္ဘက္မွ ဆန္ႏွင့္ ကုန္စည္မ်ားကို အဓိကမွွီွခိုအားထားေနရၿပီး ေရလမ္းေၾကာင္းကိုသာအဓိကအသံုးျပဳေနၾကရသည္။

Unicode

မြန်မာ့တပ်မတော်နှင့် ရက္ခိိုင့်တပ်တော် (AA) တပ်ဖွဲ့အကြား တိုက်ပွဲဖြစ်ပွားမှု ပိုမိုပြင်းထန်လာသည့်အတွက် ချင်းပြည်နယ် ပလက်ဝမြို့ နှင့် ရခိုင်ပြည်နယ်ကျောက်တော်မြို့အကြား စက်လှေပြေးဆွဲမှုရပ်ဆိုင်းပြီး ကုန်စည်စီးဆင်းမှုမရှိတော့သ ည့်အတွက် ပလက်ဝမြို့တွင် ဆန်နှင့်အခြေခံစားသုံးကုန်၊ လောင်စာဆီများ ပြတ်လပ်လုနီးပါးဖြစ်နေပြီဟု သိရသည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီလဆန်းပိုင်းကစ၍ ပလက်ဝမြို့နယ်သို့ ဆန်နှင့် အခြားလူသုံးကုန်၊ စားသောက်ပစ္စည်းများ သယ်ယူပို့ဆောင်၍မရတော့သည့်အတွက် ယခုလက်ရှိတွင် ဆန်ဆိုင်အများစုသည် ရောင်းစရာဆန်မရှိတော့သဖြင့် ဆိုင်ပိတ်ထားရပြီး အခြားစားသောက်ကုန်နှင့် လောင်စာဆီဈေးနှုန်းမှာလည်း ၂ ဆခန့်မြင့်တက်နေသည်ဟု အမည်မဖော်လိုသည့် ပလက်ဝ ဒေသခံ အရပ်ဖက်အဖွဲ့အစည်းမှတာဝန်ရှိသူတစ်ဦးကပြောသည်။

“အခြေအနေကတော့ ကြက်သွန်နီ၊ ကြက်သွန်ဖြူကအစ ဈေးမှာဝယ်ဆရာမရှိတော့ဘူး၊ လိုင်းစက်လှေမထွက်တာကလည်း ၂ ပတ်လောက်ရှိနေပြီဆိုတော့လေ ကုန်စိုကုန်ခြောက်ပေါ့ဗျာ ငါးခြောက်တွေကအစ ကြက်ဥတွေကအစ ဈေးမှာဝယ်စရာ မရှိတော့ဘူး ဆန်တွေကလည်းဝယ်စရာမရှိတော့ ဆန်ရောင်းတဲ့ကုန်သည်တွေကလည်း ပိတ်ထားရတယ် ပိုက်ဆံရှိပေမယ့် ဝယ်စရာမရှိဘူး အဲလိုဖြစ်နေတယ်’’ ဟု အဆိုပါအစိုးရဝန်ထမ်းကပြောသည်။

ယခုလက်ရှိ ပလက်ဝမြို့ပေါ်တွင် ကြက်ဥ တစ်ထောင်ဖိုး ၄ လုံး၊ ဓာတ်ဆီ ၁ ဂါလံ တစ်သောင်းကျပ်၊ ဆန်တစ်အိတ် ၃၀ဝ၀ဝ ကျော်၊ ကွမ်းရွက် ၁ ပိသာ ၁၀ဝ၀ဝ ကျပ်အထိ မြင့်တက်သွားခဲ့ပြီး အကယ်၍ စက်လှေလိုင်းများဆက်လက် ရပ်ဆိုင်းပြီး ကုန်စည်ဝင်ရောက်လာမှုမရှိပါက ရက်ပိုင်းအတွင်ပြတ်လပ်သွားနိုင်သည်ဟု ၎င်းကဆက်ပြောသည်။

ထို့အပြင် လောင်စာဆီလည် ရှားပါးလာသည့်အတွက် ယခင်က ပလက်ဝမြို့ကို တစ်ညလျင် ၄ နာရီနှုန်းလျှပ်စစ်မီးပေးရာ ကနေ ယခုအခါ တစ်နာလျှော့ချပြီး ၃ နာရီသာ လျှပ်စစ်ဌာနကပေးနိုင်တော့သည်ဟု သိရသည်။

ယခုကိစ္စနှင့်ပတ်သက်၍ ချင်းပြည်နယ်အစိုးရအဖွဲ့ပြောခွင့်ရပုဂ္ဂိုလ် စည်ပင်ဝန်ကြီးဦးစိုးထက်က “လွန်ခဲ့တဲ့ တစ်ပတ်လောက်ကတည်းက ကျနော်တို့အစိုးရအနေနဲ့ ပြည်ထောင်စုအစိုးရကိုတင်ပြထားပါတယ် သူတို့ရဲ့ လုပ်ထုံးလုပ်နည်းအရ လိုအပ်တဲ့လုံခြုံရေးနဲ့လိုအပ်တဲ့ဟာတွေကူညီဖို့လည်း ပြင်ဆင်နေပါတယ်၊ လွတ်တော်ကိုယ်စားလှယ်တွေ၊ ပါတီဘက်ကလူတွေနဲ့ရောကျနော်တို့တိုက်ရိုက်ဆွေးနွေးနေပါတယ်၊ အဲလိုလေးတွေဘက်ပေါင်းစုံကနေ ဆောင်ရွက်နေပါတယ်၊ ဒါပေမယ့် ဒီဟာက စစ်မက်ဖြစ်တဲ့နေရာဆိုတော့ တော်တော်တော့ လုပ်ရကိုင်ရတာခက်ခဲတဲ့အနေအထားတော့ဖြစ်ပါတယ် ပြည်နယ်အစိုးရအနေနဲ့ လုပ်ဖို့ခက်ခဲတဲ့အနေအထားပါ ပြည်ထောင်စုကဘဲ လုပ်ပေးရမှအဆင်ပြေမယ့်အနေအထားပါ” ဟု ပြောသည်။

ပလက်ဝမြို့နယ်သည် ရခိုင်ပြည်နယ်ကျောက်တော်ဘက်မှ ဆန်နှင့် ကုန်စည်များကို အဓိကမှှီခိုအားထားနေရပြီး ရေလမ်းကြောင်းကိုသာအဓိကအသုံးပြုနေကြရသည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

ကာကွယ်ရေး အင်အားတိုးမြှင့်ဆောင်ရွက်နေဟု MRO/ CDF – မတူပီ ဆို

မင်းတပ်-ပအဖ က သစ်တောမူဝါဒ (မူကြမ်း) ကို ရေးဆွဲနေပြီး ပြည်သူများ အကြံပြုနိုင်

မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် တစ်လကျော်ကြာ ပြိုကျပျက်စီးနေသော ကျေးရွာချင်းဆက်လမ်းများကို PDF- Zoland ပြုပြင်နေ

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
June 30, 2025

“ကျွန်မတို့ကို Refugees လို့မသတ်မှတ်တဲ့အတွက် Refugees တွေ ရသင့်ရထိုက်တဲ့ အခွင့်အရေးမှန်သမျှကို ဆုံးရှုံးနေရတယ်”

June 30, 2025

“အဖွဲ့အစည်းတွေဆီမှာပဲ အာဏာကိုဆက်ထားနေမယ်ဆိုရင် အများကြီး ဆုံးရှုံးနစ်နာစရာတွေ ရှိတယ်၊ ဒါကြောင့် ချင်းပြည်နယ်မှာရှိတဲ့ ပြည်သူလူထုတွေကို အာဏာမြန်မြန်ပေးရအောင်”

June 28, 2025

ဆလိုင်းတင်မောင်ဦး (သို့မဟုတ်) သမိုင်း‌သွေးကို ရဲရင့်စေသူ

May 30, 2025

“ULA/AA က ဘာသာရေးခေါင်းဆောင်တွေကို သူတို့ရဲ့ လက်အောက်မှာ ပြားပြားဝပ်ပြီးတော့ သူတို့အလိုကျ အလုပ်လုပ်စေချင်တဲ့သဘောရှိတာကြောင့် သူတို့ရဲ့အမိန့် မနာခံတဲ့သူကို သံသယ၊ မယုံသင်္ကာတွေနဲ့ စောင့်ကြည့်နေတယ်”

Ads
Leaderboard Ad
Archives
–
Leaderboard Ad
Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.