Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Khonumthung»ပလက္၀ၿမိဳ႕နယ္တြင္ မဲမသမာမႈျပဳႏိုင္ေသာ မဲစာရင္းေပါင္း ၃၀၀၀ ေက်ာ္ရွိဟု တပ္မေတာ္ထုတ္ျပန္

ပလက္၀ၿမိဳ႕နယ္တြင္ မဲမသမာမႈျပဳႏိုင္ေသာ မဲစာရင္းေပါင္း ၃၀၀၀ ေက်ာ္ရွိဟု တပ္မေတာ္ထုတ္ျပန္

0
By Editor on January 13, 2021 Khonumthung

#Unicode

By လားနွန် – ၂၀၂၀ ရွေးကောက်ပွဲတုန်းက ချင်းပြည်နယ် ပလက်ဝမြို့နယ်တွင် မဲမသမာမှုပြုနိုင်သည့် ထပ်နေေသာမဲစာရင်းနှင့် မဲမသမာမှုဖြစ်နိုင်သည့် အခြားမဲစာရင်းပေါင်း ၃၀၀၀ ကျော််ရှိသည်ဟု တပ်မတော်သတင်းမှန်ပြန်ကြားရေ းအဖွဲ့က ဇန်နဝါရီလ ၁၂ ရက်နေ့က ထုတ်ပြန်ချက်အရသိရသည်။

တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့အနေဖြင့် ၂၀၂၀ ရွေးကောက်ပွဲတုန်းက တပ်မတော်သားများဆန္ဒမဲပေးခဲ့သော မြို့နယ်များနှင့် စပ်လျဉ်း၍ မဲစာရင်းစီစစ်မှုများကို ပြုလုပ်လျက်ရှိပြီး ဇန်နဝါရီလ (၁၂) ရက်နေ့က (၁၆) ကြိမ်မြောက် ထုတ်ပြန်ချက်တွင် ချင်းပြည်နယ် ပလက်ဝမြို့နယ် မဲစာရင်း ပုံစံ (၁) တွင် မဲမသမာမှုပြုနိုင်သည့် ထပ်နေသော မဲစာရင်း (၁၄၄၇) ရှိပြီး မဲမသမာမှု ဖြစ်နိုင်သည့် အခြားမဲစာရင်းပေါင်း (၂၁၁၁) ရှိပြီး စုစုပေါင်း (၃၅၅၈) ရှိသည်ဟု ဖော်ပြထားသည်။

ယင်းထုတ်ပြန်ချက်တွင် နိုင်ကတ်အမှတ်တူနေသူများ (ကျန်အချက်အားလုံးလွဲဲ) မဲစာရင်းတွင် ပါဝင်နေသူ အများဆုံးဖြစ်ပြီး (၇၇၈) ဦး၊ နိုင်ကတ်တူ အမည်တူ ဖခင်တူ (မိခင်မည်လွဲ၊ အသက်လွဲသူများ) (၁၁၂) ဦး၊ နိုင်ကတ်တူ အမည်တူ (အသက်လွဲ၊ မိဘအမည်လွဲသူများ) (၉၄) ဦး ၊ နိုင်ကတ်အမှတ် (၁) ခုတည်းဖြင့် မဲစာရင်း (၃) ကြိမ်ပါဝင်နေသူများ (၉၃) စသည်ဖြင့် ရှိကြောင်းထုတ်ပြန်ထားသည်။

ယခုကိစ္စနှင့်ပတ်သက်၍ ပလက်ဝမြို့ရွေးကောက်ပွဲကော်မရှင်အတွင်းရေးမှူး ဦးစံသာကျော်က “သူတို့ဘယ်စာရင်း ကိုကြည့်ရတာလည်း ကျနော်တို့ မသိဘူးဗျာ သူတို့ထုတ်ပြန်တာ ဘယ်ကစာရင်းနဲ့ထုတ်ပြန်တာလည်းမသိဘူး ကျနော်တို့ကတော့ ရပ်ကျေးကနေလာတဲ့ မဲစာရင်းထဲကနေအတည်လုပ်တာပဲလေ ကျနော်တို့ကော်မရှင်ကတော့ မဲမသမာမှုဆိုတာမရှိဘူးလို့သတ်မှတ်တာပဲလေ ကျနော်သိသလောက်တော့ ကျနော်တို့ဆီမှ မရှိဘူး ပြီးတော့ ဒီမှာမဲပေးတဲ့အချိန်မှာ ဒီလိုမသမာမှုတွေရှိတယ်ဆိုတာလည်းမကြားဘူး ကျနော်တို့မှာ မဲမသမာမှုမရှိဘူးလို့ သတ်မှတ်ထားပါတယ်’’ ဟု ပြောသည်။

ချင်းပြည်နယ်တွင် လူဦးရေအများဆုံးဖြစ်ပြီး ကျေးရွာအုပ်စုပေါင်း ၁၀၂ အုပ်စုရှိသည့် ပလက်ဝမြို့နယ်တွင် နယ်မြေတည်ငြိမ်အေးချမ်းမှုမရှိသည့်အတွက်ဟုဆိုကာ ၂၀၂၀ ခုနှစ်ရွေးကောက်ပွဲတုန်းက ပလက်ဝမြို့ပေါ် ရပ်ကွက် ၄ ရပ်ကွက်၊ ဆမီးမြို့ပေါ် ရပ်ကွက် ၃ ရပ်ကွက်နှင့် ရှင်းလက်ဝကျေးရွာအုပ်စုတို့မှာသာ ရွေးကောက်ပွဲကျင်းပနိုင်ခဲ့ကြသည်။ ကျန်ရှိသည့် ၉၄ ကျေးရွာအုပ်စုတွင် ရွေးကောက်ပွဲကျင်းပနိုင်ခြင်းမရှိခဲ့ပေ။

တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့အနေဖြင့် ၂၀၂၀ ခုနှစ်ရွေးကောက်ပွဲဖြစ်စဉ်နှင့်ပတ်သက်၍ မဲမသမာမှုပြုနိုင်သည့် မဲစာရင်းများကို ထုတ်ပြန်လျက်ရှိရာတွင် ချင်းပြည်နယ်တွင် မဲမသမာမှုပြုနိုင်သည့် ထပ်နေသောမဲစာရင်း နှင့် မဲမသမာမှုဖြစ်နိုင်သည့် အခြားမဲစာရင်း ဟားခါးမြို့နယ်တွင် (၆၉၄၅) ဦး၊ တီးတိန်မြို့နယ်တွင် (၈၄၃၁) ဦး၊ တွန်းဇံမြို့နယ်တွင် (၃၃၈၁) ဦး၊ ဖလမ်းမြို့နယ်တွင် (၃၈၄၃) ဦး၊ ထန်တလန်မြို့နယ်တွင် (၅၇၆၈) ဦးနှင့် မတူပီမြို့နယ်တွင် (၄၆၈၄) ဦးရှိသည်ဟု ထုတ်ပြန်ခဲ့ပြီးဖြစ်သည်။

#Zawgyi

By လားႏြန္ – ၂၀၂၀ ေရြးေကာက္ပြဲတုန္းက ခ်င္းျပည္နယ္ ပလက္၀ၿမိဳ႕နယ္တြင္ မဲမသမာမႈျပဳႏိုင္သည့္ ထပ္ေနေ သာမဲစာရင္းႏွင့္ မဲမသမာမႈျဖစ္ႏိုင္သည့္ အျခားမဲစာရင္းေပါင္း ၃၀၀၀ ေက်ာ္္ရွိသည္ဟု တပ္မေတာ္ သတင္းမွန္ျပန္ၾကားေရ းအဖြဲ႔က ဇန္နဝါရီလ ၁၂ ရက္ေန႔က ထုတ္ျပန္ခ်က္အရသိရသည္။

တပ္မေတာ္သတင္းမွန္ျပန္ၾကားေရးအဖြဲ႕အေနျဖင့္ ၂၀၂၀ ေရြးေကာက္ပြဲတုန္းက တပ္မေတာ္သားမ်ားဆႏၵမဲေပးခဲ့ေသာ ၿမိဳ႕နယ္မ်ားႏွင့္ စပ္လ်ဥ္း၍ မဲစာရင္းစီစစ္မႈမ်ားကို ျပဳလုပ္လ်က္ရွိၿပီး ဇန္နဝါရီလ (၁၂) ရက္ေန႔က (၁၆) ႀကိမ္ေျမာက္ ထုတ္ျပန္ခ်က္တြင္ ခ်င္းျပည္နယ္ ပလက္ဝျမိဳ႕နယ္ မဲစာရင္း ပံုစံ (၁) တြင္ မဲမသမာမႈျပဳႏိုင္သည့္ ထပ္ေနေသာ မဲစာရင္း (၁၄၄၇) ရွိၿပီး မဲမသမာမႈ ျဖစ္ႏိုင္သည့္ အျခားမဲစာရင္းေပါင္း (၂၁၁၁) ရွိၿပီး စုစုေပါင္း (၃၅၅၈) ရွိသည္ဟု ေဖာ္ျပထားသည္။

ယင္းထုတ္ျပန္ခ်က္တြင္ ႏိုင္ကတ္အမွတ္တူေနသူမ်ား (က်န္အခ်က္အားလံုးလြဲဲ) မဲစာရင္းတြင္ ပါ၀င္ေနသူ အမ်ားဆံုးျဖစ္ၿပီး (၇၇၈) ဦး၊ ႏိုင္ကတ္တူ အမည္တူ ဖခင္တူ (မိခင္မည္လြဲ၊ အသက္လြဲသူမ်ား) (၁၁၂)  ဦး၊ ႏိုင္ကတ္တူ အမည္တူ (အသက္လြဲ၊ မိဘအမည္လြဲသူမ်ား) (၉၄) ဦး ၊ ႏိုင္ကတ္အမွတ္ (၁) ခုတည္းျဖင့္ မဲစာရင္း (၃) ႀကိမ္ပါ၀င္ေနသူမ်ား (၉၃) စသည္ျဖင့္ ရွိေၾကာင္းထုတ္ျပန္ထားသည္။

ယခုကိစၥႏွင့္ပတ္သက္၍ ပလက္ဝၿမိဳ႕ေရြးေကာက္ပြဲေကာ္မရွင္အတြင္းေရးမွဴး ဦးစံသာေက်ာ္က “သူတို႔ဘယ္စာရင္း ကိုၾကည့္ရတာလည္း က်ေနာ္တို႔ မသိဘူးဗ်ာ သူတို႔ထုတ္ျပန္တာ ဘယ္ကစာရင္းနဲ႔ထုတ္ျပန္တာလည္းမသိဘူး က်ေနာ္တို႔ကေတာ့ ရပ္ေက်းကေနလာတဲ့ မဲစာရင္းထဲကေနအတည္လုပ္တာပဲေလ က်ေနာ္တို႔ေကာ္မရွင္ကေတာ့ မဲမသမာမႈဆိုတာမရွိဘူးလို႔သတ္မွတ္တာပဲေလ က်ေနာ္သိသေလာက္ေတာ့ က်ေနာ္တို႔ဆီမွ မရွိဘူး ၿပီးေတာ့ ဒီမွာမဲေပးတဲ့အခ်ိန္မွာ ဒီလိုမသမာမႈေတြရွိတယ္ဆိုတာလည္းမၾကားဘူး က်ေနာ္တို႔မွာ မဲမသမာမႈမရွိဘူးလို႔ သတ္မွတ္ထားပါတယ္’’ ဟု ေျပာသည္။

ခ်င္းျပည္နယ္တြင္ လူဦးေရအမ်ားဆံုးျဖစ္ၿပီး ေက်းရြာအုပ္စုေပါင္း ၁၀၂ အုပ္စုရွိသည့္ ပလက္၀ၿမိဳ႕နယ္တြင္ နယ္ေျမတည္ၿငိမ္ေအးခ်မ္းမႈမရွိသည့္အတြက္ဟုဆိုကာ ၂၀၂၀ ခုႏွစ္ေရြးေကာက္ပြဲတုန္းက ပလက္၀ၿမိဳ႕ေပၚ ရပ္ကြက္ ၄ ရပ္ကြက္၊ ဆမီးၿမိဳ႕ေပၚ ရပ္ကြက္ ၃ ရပ္ကြက္ႏွင့္ ရွင္းလက္၀ေက်းရြာအုပ္စုတို႔မွာသာ ေရြးေကာက္ပြဲက်င္းပႏိုင္ခဲ့ၾကသည္။ က်န္ရွိသည့္ ၉၄ ေက်းရြာအုပ္စုတြင္ ေရြးေကာက္ပြဲက်င္းပႏိုင္ျခင္းမရွိခဲ့ေပ။ 

တပ္မေတာ္သတင္းမွန္ျပန္ၾကားေရးအဖြဲ႔အေနျဖင့္ ၂၀၂၀ ခုႏွစ္ေရြးေကာက္ပြဲျဖစ္စဥ္ႏွင့္ပတ္သက္၍ မဲမသမာမႈျပဳႏိုင္သည့္ မဲစာရင္းမ်ားကို ထုတ္ျပန္လ်က္ရွိရာတြင္ ခ်င္းျပည္နယ္တြင္ မဲမသမာမႈျပဳႏိုင္သည့္ ထပ္ေနေသာမဲစာရင္း ႏွင့္ မဲမသမာမႈျဖစ္ႏိုင္သည့္ အျခားမဲစာရင္း ဟားခါးၿမိဳ႕နယ္တြင္ (၆၉၄၅) ဦး၊ တီးတိန္ၿမိဳ႕နယ္တြင္ (၈၄၃၁) ဦး၊ တြန္းဇံၿမိဳ႕နယ္တြင္ (၃၃၈၁) ဦး၊ ဖလမ္းျမဳိ႕နယ္တြင္ (၃၈၄၃) ဦး၊ ထန္တလန္ၿမိဳ႕နယ္တြင္ (၅၇၆၈) ဦးႏွင့္ မတူပီၿမိဳ႕နယ္တြင္ (၄၆၈၄) ဦးရွိသည္ဟု ထုတ္ျပန္ခဲ့ၿပီးျဖစ္သည္။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

မီဇိုရမ်ပြည်နယ်က မြန်မာစစ်ဘေးရှောင် ဦးဆောင်အဖွဲ့များကို CYMA ခေါ်တွေ့

ချင်းပြည်ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ချက်တွင် ချင်းအမျိုးသားတပ်ဦးက ကောင်စီမှာ ကိုယ်စားလှယ်ပါဝင်မှု လျော့ချ

ဘုံရန်သူကို ဦးစားပေးတော်လှန်ပြီး နယ်မြေဒေသ/မျိုးနွယ်စုအရေးကို တော်လှန်ရေးကာလအလွန်မှာ အဖြေရှာရန် ချင်းတော်လှန်ရေးအင်အားစု ၁၈ ဖွဲ့ ပူးတွဲထုတ်ပြန်

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
May 30, 2025

“ULA/AA က ဘာသာရေးခေါင်းဆောင်တွေကို သူတို့ရဲ့ လက်အောက်မှာ ပြားပြားဝပ်ပြီးတော့ သူတို့အလိုကျ အလုပ်လုပ်စေချင်တဲ့သဘောရှိတာကြောင့် သူတို့ရဲ့အမိန့် မနာခံတဲ့သူကို သံသယ၊ မယုံသင်္ကာတွေနဲ့ စောင့်ကြည့်နေတယ်”

May 16, 2025

“စစ်ချုပ်တစ်ဦးက “Yes” လို့ ပြောရင် အောက်ခြေအထိ “Yes” ဖြစ်မယ့် Chain of Command ကောင်းကောင်းကို တည်ဆောက်နိုင်အောင်အချိန်ယူပြီးတော့ ပြင်ဆင်နေတဲ့အချိန် ဖြစ်တယ်”

April 24, 2025

“ZRA က တွန်းဇန်မြို့နယ်နဲ့ တီးတိန်မြို့နယ်ကို ဇိုမီးပြည်နယ်ပုံစံအနေနဲ့ သီးခြားပြည်နယ်ပုံစံမျိုးနဲ့ ရပ်တည်ချင်တာ”

April 11, 2025

“ကျနော်တို့ ငါးလကျော် တိုက်ခိုက်ခဲ့ရတဲ့ အကြောင်းအရင်းက ဖလမ်းက ဗျူဟာအရ အရမ်းကို အချက်အချာကျတဲ့ မြို့တစ်မြို့ဖြစ်ပါတယ်”

Ads
Leaderboard Ad
Archives
–
Leaderboard Ad
Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.