Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Headline»ပလက်ဝမြို့နယ်တွင် လက်နက်ကြီးဆက်တိုက်ပစ်ခတ်သံကြောင့် ရွာသား (၂၀၀) ကျော် ထွက်ပြေးတိမ်းရှောင်

ပလက်ဝမြို့နယ်တွင် လက်နက်ကြီးဆက်တိုက်ပစ်ခတ်သံကြောင့် ရွာသား (၂၀၀) ကျော် ထွက်ပြေးတိမ်းရှောင်

0
By Editor on August 8, 2019 Headline

By လားနွန် – ချင်းပြည်နယ် ပလက်ဝမြို့နယ် ဘောင်ဝကျေးရွာအနီးတွင် လက်နက်ကြီးပစ်ခတ်သံများ ဆက်တိုက်ကြားနေ ရသည့်အတွက် ဒေသခံပြည်သူ (၂၀၀) ကျော်တို့သည် သြဂုတ်လ ၆ ရက်နေ့က ဘေးလွတ်ရာကို ထွက်ပြေး တိမ်းရှောင်နေကြရသည်ဟု သိရသည်။

ပြီးခဲ့သည့် သြဂုတ်လ ၅ ရက်နေ့ကစ၍ ဘောင်ဝကျေးရွာအနီးတွင် လက်နက်ကြီးပစ်ခတ်သံများ ဆက်တိုက်ဆို သလိုကြားနေရသည့်အတွက် မြန်မာ့တပ်မတော်နှင့် ရက္ခိုင့်တပ်မတော်(အေအေ) အကြား တိုက်ပွဲများ ပြင်းထန်လာမည်ကို စိုးရိမ်ပြီး ဘောင်ဝကျေးရွာမှ အိမ်ထောင်စု (၃၇) စု လူဦးရေ (၂၀၄) ဦးတို့သည် အောက်သဲမ၀ကျေးရွာသို့ ထွက်ပြေးတိမ်းရှောင်နေကြရသည်ဟု အောက်သဲမ၀ကျေးရွာသား တစ်ဦးကပြောသည်။

“ လက်နက်ကြီးပစ်တယ်ဆိုတာ ရခိုင်ပြည်နယ်ဘက်မှာပဲ ကျနော်တို့နဲ့ နီးတော့နီးတာပဲ ဒါပေမဲ့ အဲလောက်ထိမနီးပါဘူးအသံပဲကြားရတယ်၊ သူတို့ပြောတာတော့ အောက်သဲမ၀ကျေးရွာဘက်မှာ ဗမာစစ်သားရှိတယ်လေ သူတို့လည်းဒီမှာရှိတော့ အခု ဘောင်ဝကျေးရွာအထက်မှာဆိုလို့ရှိရင်တော့ AA စခန်းကရှိတာကိုး တိုက်ပွဲတွေဖြစ်မယ်ဆိုပြီးတော့ သူတို့က စိုးရိမ်နေကြတာ စိုးရိမ်လို့ သူတို့က ဒီဘက်မှာပြောင်းလာနေကြတာ” ဟု အောက်သဲမ၀ဒေသခံကပြောသည်။

အိမ်ခြေ (၉၀) ခန့်ရှိပြီး လူဦးရေ ၄၀၀ ကျော်ခန့်ရှိသည့် ဘောင်ဝကျေးရွာသည် ရခိုင်ပြည်နယ် နယ်စပ်တွင် တည်ရှိသည့်ကျေးရွာဖြစ်သည်။

ဘောင်ဝကျေးရွာ၏ အထက်ဘက်တွင် (အေအေ) တပ်စခန်းတည်ရှိပြီး မြန်မာ့တပ်မတော်နှင့် ထိပ်တိုက်တွေ့ပြီး တိုက်ပွဲများပြင်းထန်လာမည်ကို စိုးရိမ်သည့်အတွက် ယခုကဲ့သို့ ရွာသား တစ်ဝက်ခန့်သည် ကြိုတင်ထွက် ပြေးတိမ်းရှောင်လာကြခြင်း ဖြစ်သည်ဟု အောက်သဲမ၀ဒေသခံကပြောသည်။

အောက်သဲမ၀ကျေးရွာသို့ တိမ်းရှောင်လာကြသည့် ဘောင်ဝကျေးရွာသားများကို နီးစပ်ရာဆွေမျိုးများထံ ခေတ္တခိုလုံနေကြပြီး တစ်ချို့မှာမူ စာသင်ဆောင်များတွင် နေထိုင်ကြသည်ဟု သိရသည်။

ပြီးခဲ့သည့် ဇူလိုင်လ ၁၆ ရက်နေ့ကလည်း ဘောင်ဝကျေးရွာမှ လူငယ်ခေါင်းဆောင်တစ်ဦးနှင့် ရွာသား (၃) ဦးကို အေအေတပ်ဖွဲ့က ဖမ်းဆီးခေါ်ဆောင်သွားပြီး ယနေ့ချိန်ထိပြန်မလွှတ်ပေးသည့်အတွက် မိသားစုဝင်များက စိုးရိမ်ပူပန်နေကြသည်ဟု သိရသည်။

“ဘောင်ဝကျေးရွာက လူငယ်ခေါင်းဆောင်အပါအ၀င် လူလေးဦးအဖမ်းခံထားတယ် AA တွေကဖမ်းတာ သူတို့ကဆိုင်ကယ်နဲ့လာတာ ဆိုင်ကယ်နှစ်စီး လူကလေးယောက် အဲဒါကို သူတို့ကိုဖမ်းပြီး ဆိုင်ကယ်လည်းဒီတိုင်းထားတယ်၊ ရွာကလူတွေကခေါ်မယ့်သူတွေလည်း AA တွေကဖမ်းဖို့လုပ်တော့ သူတို့ကြောက်လို့ထွက်ပြေးသွားကြတယ် သူတို့အမျိုးသမီးတွေလည်း စိတ်ပူလို့တအားငိုနေကြတယ်” ဟု အောက်သဲမ၀ကျေးရွာသားကပြောသည်။

၎င်းတို့ (၄) ဦးကို ပြန်လွှတ်ပေးမည်ဟု အေအေတပ်ဖွဲ့က ပြောဆိုသော်လည်း ယနေ့ချိန်ထိပြန်မလွှတ်သေးဘူး ဟု ၎င်းကဆက်ပြောသည်။

မြန်မာ့တပ်မတော်နှင့် အေအေတပ်ဖွဲ့တို့သည် ပြီးခဲ့သည့် သြဂုတ်လ ၅ ရက်နေ့ကလည်း ပလက်ဝမြို့နယ် နှမဒါရွာနှင့် အထက်ပီရွာတို့တွင် တိုက်ပွဲဖြစ်ပွားခဲ့သည်။ ထို့အပြင် ရခိုင်ပြည်နယ် မင်းပြားမြို့နယ်တွင်လည်း ယခုရက်ပိုင်းတိုက်များပြင်းပြင်းထန်ထန်ဖြစ်ပွားနေသည်ဟု သိရသည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

တိုက်ပွဲကြောင့် တီးတိန် စစ်ဘေးရှောင် ၁၀၀၀ ကျော် စားနပ်ရိက္ခာ၊ အမိုးအကာ၊ ဆေးဝါများ လိုအပ်နေ

ULA/AA က ဖမ်းဆီးပြီး စစ်သင်တန်းပို့သည့် ချင်းကျောင်းသား/သူနှင့် လူငယ် ၆၃ ဦးကို ပြန်လွှတ်ပေးရန် CPSC တောင်းဆို

ချင်းတောင်သို့ အင်အားရာချီနှင့်တက်လာသော စစ်တပ်ကို CC နှင့် CB တို့ ပူးပေါင်းစုဖွဲ့ခုခံနေ

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
May 30, 2025

“ULA/AA က ဘာသာရေးခေါင်းဆောင်တွေကို သူတို့ရဲ့ လက်အောက်မှာ ပြားပြားဝပ်ပြီးတော့ သူတို့အလိုကျ အလုပ်လုပ်စေချင်တဲ့သဘောရှိတာကြောင့် သူတို့ရဲ့အမိန့် မနာခံတဲ့သူကို သံသယ၊ မယုံသင်္ကာတွေနဲ့ စောင့်ကြည့်နေတယ်”

May 16, 2025

“စစ်ချုပ်တစ်ဦးက “Yes” လို့ ပြောရင် အောက်ခြေအထိ “Yes” ဖြစ်မယ့် Chain of Command ကောင်းကောင်းကို တည်ဆောက်နိုင်အောင်အချိန်ယူပြီးတော့ ပြင်ဆင်နေတဲ့အချိန် ဖြစ်တယ်”

April 24, 2025

“ZRA က တွန်းဇန်မြို့နယ်နဲ့ တီးတိန်မြို့နယ်ကို ဇိုမီးပြည်နယ်ပုံစံအနေနဲ့ သီးခြားပြည်နယ်ပုံစံမျိုးနဲ့ ရပ်တည်ချင်တာ”

April 11, 2025

“ကျနော်တို့ ငါးလကျော် တိုက်ခိုက်ခဲ့ရတဲ့ အကြောင်းအရင်းက ဖလမ်းက ဗျူဟာအရ အရမ်းကို အချက်အချာကျတဲ့ မြို့တစ်မြို့ဖြစ်ပါတယ်”

Ads
Leaderboard Ad
Archives
–
Leaderboard Ad
Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.