Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Khonumthung»ပလက္၀ၿမိဳ႕နယ္တြင္ အင္တာနက္ကြန္ယက္ 4G ျပန္ဖြင့္ေပးရန္ ေဒသခံမ်ားလိုလား

ပလက္၀ၿမိဳ႕နယ္တြင္ အင္တာနက္ကြန္ယက္ 4G ျပန္ဖြင့္ေပးရန္ ေဒသခံမ်ားလိုလား

0
By Editor on November 26, 2020 Khonumthung

#Unicode

By လားနွန် – ချင်းပြည်နယ်တောင်ပိုင်း ပလက်ဝမြို့နယ်တွင် ဆက်သွယ်ရေးအင်တာနက်လိုင်းကို အစိုးရက ပြန်လည်ဖွင့်လှစ်ပေးခဲ့ပြီးဟုဆိုသော်လည်း အင်တာနက်လိုင်းမှာ 2G အဆင့်သာရှိ၍ အသုံးပြုမရသောကြောင့် အင်တာနက် 4G ပြန်လည်ဖွင့်ပေး ရန် ပလက်ဝဒေသခံများကလိုလားနေကြသည်။

ပလက်ဝမြို့နယ်သည် မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း MPT အော်ပရေတာကတ်များကို အဓိကအသုံးပြုနေကြပြီး ယခုလက်ရှိတွင် အင်တာနက် 2G ကွန်ယက်အဆင့်သာရှိသည့်အတွက် အင်တာနက်ကိုအသုံး၍ အလုပ်လုပ်ရသည့် လုပ်ငန်းမှန်သမျှ အခက်အခဲနှင့်ရင်ဆိုင်နေကြရသည်ဟု ပလက်ဝမြို့ချင်းအမျိုးသမီးအဖွဲ့မှ ဆရာမအောင်မဖြူ ကပြောသည်။

“2G ပဲရတယ် အဲဒါတောင်မှ ညသန်းခေါင်မှာပဲသုံးလို့ရတယ် ရတဲ့လူတွေတောင်မှလေ ဘာမှလုပ်လို့မရလို့ အကုန်လုံး အခက်အခဲဖြစ်တယ် စာပို့ဖို့၊ သတင်းတွေပို့ဖို့ဆိုလည်းမရဘူး ဘာမှလုပ်လို့မရဘူး အင်တာနက်နဲ့ ပတ်သက်တဲ့ဟာ အခက်အခဲဖြစ်နေတယ် ဘာမှမရတော့ဘူး နောက်ပြီးတော့ သတင်းတွေလည်းမသိတော့ဘူး ကိုဗစ်နိုင်တင်းဖြစ်နေတယ် ဒါပေမဲ့ ကိုဗစ်သတင်းတွေလည်းဘာမှမကြားရဘူး အင်တာနက်မရတော့ ကျမတို့ဖွင့် စေချင်ပါတယ် 4G ပေ့ါနော် 2G ကအဆင်မပြေဘူး ဖွင့်ပေးစေချင်ပါတယ်” ဟု ဆရာမအောင်မဖြူကပြောသည်။

ယခုကဲ့သို့ အင်တာနက်လိုင်းအဆင်မပြေသည့်အတွက် ပလက်ဝမြို့တွင် အင်တာနက်အသုံးပြု၍ ပြည်တွင်းငွေလွှဲငွေထုတ် Wave money လည်းအသုံးပြုမရသလို ပလက်ဝမြို့ပေါ်ရှိ CB ဘဏ်ခွဲမှာလည်း ရပ်နားထားရပြီး မြန်မာ့စီးပွားဘဏ်သာ အသုံးပြုနိုင်သည်ဟု သိရသည်။

အစိုးရအနေဖြင့် ပလက်ဝမြို့တွင် အင်တာနက်လိုင်းပြန်လည်ဖွင့်ပေးမှုသည် ဟန်ပြသဘောလောက်သာဖြစ်ပြီး အမှန်တကယ်အသုံးပြု၍မရသောကြောင့် ရုံးပိုင်းဆိုင်ရာလုပ်ငန်းများလည်း အချိန်ကြန့်ကြာစေသည်ဟု ပလက်ဝမြို့ဒေသခံ အစိုးရဝန်ထမ်းတစ်ဦးကပြောသည်။

“ သဘောတရားလောက်ပဲ ဖွင့်ပေးတာပဲရှိတယ် အင်တာနက်လိုင်းရလားဆိုတော့မရဘူး ကျနော်တို့ ကိုယ်တိုင်က သုံးလို့မှမရတာ၊ အင်တာနက်နဲ့လုပ်ရတဲ့လုပ်ငန်းတွေကဘာမှအဆင်မပြေဘူး လုပ်လို့ရတာလည်းဘာမှမရှိဘူး ဒီအင်တာနက်ကြောင့် အလုပ်တွေကနှောင့်နှေးကုန်တယ် စာတိုက်နဲ့ပို့ရတော့ အချိန်ကြန့်ကြာတာပေါ့ ” ဟု ၎င်းကပြောသည်။

မြန်မာ့တပ်မတော်နှင့် ရက္ခိုင့်တပ်တော် AA တို့ စစ်မက်ဖြစ်ပွားရာဒေသ ရခိုင်ပြည်နယ် (၈) မြို့နယ် ချင်းပြည်နယ် ပလက်ဝမြို့နယ်တွင် ပြီးခဲ့သည့် ၂၀၁၉ ခုနှစ် ဇွန်လိုင်လ (၂၁) ရက်နေ့ကစ၍ ဆက်သွယ်ရေး အင်တာနက်လိုင်းများကို အစိုးရက ပိတ်ပင်ခဲ့ခြင်းဖြစ်သည်။

ရခိုင်ပြည်နယ်နှင့် ချင်းပြည်နယ် ပလက်ဝမြို့နယ်တွင် ဆက်သွယ်ရေး အင်တာနက်လိုင်းပိတ်ပင်မှုသည် တစ်နှစ်ကျော်ကြာမြင့်ခဲ့ပြီး ၂၀၂၀ ခုနှစ် သြဂုတ်လကစ၍ ပြန်လည်ဖွင့်လှစ်ပေးခဲ့သည်ဟုဆိုသော်လည်း 2G ကွန်ယက်အဆင့်သာရှိသည့်အတွက် အခက်ကြုံနေကြရခြင်းဖြစ်သည်။

အဆိုပါအင်တာနက်ပိတ်ပင်မှုသည် ကမ႓ာ့အရှည်ကြာဆုံးအင်တာနက်ပိတ်ပင်မှုအဖြစ် စံချိန်တင်ခဲ့ရပြီး ပြည်တွင်းပြည်ပ အဖွဲ့အစည်းများမှ အင်တာနက်လိုင်းပြန်ဖွင့်ရေးရန် အကြိမ်ကြိမ်တောင်းဆိုခဲ့ပြီးဖြစ်သော်လည်း ယနေ့အချိန်ထိ အစိုးရမှ အင်တာနက်လိုင်း 4G ကွန်ယက်အပြည့်ဖြင့် ပြန်လည်ဖွင့်လှစ်ခြင်းမရှိသေးပေ။

#Zawgyi

By လားႏြန္ – ခ်င္းျပည္နယ္ေတာင္ပိုင္း ပလက္၀ၿမိဳ႕နယ္တြင္ ဆက္သြယ္ေရးအင္တာနက္လိုင္းကို အစိုးရက ျပန္လည္ဖြင့္လွစ္ေပးခဲ့ၿပီးဟုဆိုေသာ္လည္း အင္တာနက္လိုင္းမွာ 2G အဆင့္သာရွိ၍ အသံုးျပဳမရေသာေၾကာင့္ အင္တာနက္ 4G ျပန္လည္ဖြင့္ေပး ရန္ ပလက္၀ေဒသခံမ်ားကလိုလားေနၾကသည္။ 

ပလက္ဝၿမိဳ႕နယ္သည္ ျမန္မာ့ဆက္သြယ္ေရးလုပ္ငန္း MPT ေအာ္ပေရတာကတ္မ်ားကို အဓိကအသံုးျပဳေနၾကၿပီး ယခုလက္ရွိတြင္ အင္တာနက္ 2G ကြန္ယက္အဆင့္သာရွိသည့္အတြက္ အင္တာနက္ကိုအသံုး၍ အလုပ္လုပ္ရသည့္ လုပ္ငန္းမွန္သမွ် အခက္အခဲႏွင့္ရင္ဆိုင္ေနၾကရသည္ဟု ပလက္ဝၿမိဳ႕ခ်င္းအမ်ိဳးသမီးအဖြဲ႕မွ ဆရာမေအာင္မျဖဴ ကေျပာသည္။

“2G ပဲရတယ္ အဲဒါေတာင္မွ ညသန္းေခါင္မွာပဲသံုးလို႔ရတယ္ ရတဲ့လူေတြေတာင္မွေလ ဘာမွလုပ္လို႔မရလို႔ အကုန္လံုး အခက္အခဲျဖစ္တယ္ စာပို႔ဖို႔၊ သတင္းေတြပို႔ဖို႔ဆိုလည္းမရဘူး ဘာမွလုပ္လို႔မရဘူး အင္တာနက္နဲ႔ ပတ္သက္တဲ့ဟာ အခက္အခဲျဖစ္ေနတယ္ ဘာမွမရေတာ့ဘူး ေနာက္ၿပီးေတာ့ သတင္းေတြလည္းမသိေတာ့ဘူး ကိုဗစ္ႏိုင္တင္းျဖစ္ေနတယ္ ဒါေပမဲ့ ကိုဗစ္သတင္းေတြလည္းဘာမွမၾကားရဘူး အင္တာနက္မရေတာ့ က်မတို႔ဖြင့္ ေစခ်င္ပါတယ္ 4G ေပ့ါေနာ္ 2G ကအဆင္မေျပဘူး ဖြင့္ေပးေစခ်င္ပါတယ္” ဟု ဆရာမေအာင္မျဖဴကေျပာသည္။ 

ယခုကဲ့သုိ႔ အင္တာနက္လိုင္းအဆင္မေျပသည့္အတြက္ ပလက္၀ၿမိဳ႕တြင္ အင္တာနက္အသံုးျပဳ၍ ျပည္တြင္းေငြလႊဲေငြထုတ္ Wave money လည္းအသံုးျပဳမရသလို ပလက္ဝၿမိဳ႕ေပၚရွိ CB ဘဏ္ခြဲမွာလည္း ရပ္နားထားရၿပီး ျမန္မာ့စီးပြားဘဏ္သာ အသံုးျပဳႏိုင္သည္ဟု သိရသည္။ 

အစိုးရအေနျဖင့္ ပလက္၀ၿမိဳ႕တြင္ အင္တာနက္လိုင္းျပန္လည္ဖြင့္ေပးမႈသည္ ဟန္ျပသေဘာေလာက္သာျဖစ္ၿပီး အမွန္တကယ္အသံုးျပဳ၍မရေသာေၾကာင့္ ရံုးပိုင္းဆိုင္ရာလုပ္ငန္းမ်ားလည္း အခ်ိန္ၾကန္႔ၾကာေစသည္ဟု ပလက္၀ၿမိဳ႕ေဒသခံ အစိုးရ၀န္ထမ္းတစ္ဦးကေျပာသည္။ 

“ သေဘာတရားေလာက္ပဲ ဖြင့္ေပးတာပဲရွိတယ္ အင္တာနက္လိုင္းရလားဆိုေတာ့မရဘူး က်ေနာ္တို႔ ကိုယ္တိုင္က သံုးလို႔မွမရတာ၊ အင္တာနက္နဲ႔လုပ္ရတဲ့လုပ္ငန္းေတြကဘာမွအဆင္မေျပဘူး လုပ္လို႔ရတာလည္းဘာမွမရွိဘူး ဒီအင္တာနက္ေၾကာင့္ အလုပ္ေတြကေႏွာင့္ေႏွးကုန္တယ္ စာတိုက္နဲ႔ပို႔ရေတာ့ အခ်ိန္ၾကန္႔ၾကာတာေပါ့ ” ဟု ၎ကေျပာသည္။  

ျမန္မာ့တပ္မေတာ္ႏွင့္ ရကၡိဳင့္တပ္ေတာ္ AA တို႔ စစ္မက္ျဖစ္ပြားရာေဒသ ရခိုင္ျပည္နယ္ (၈) ၿမိဳ႕နယ္ ခ်င္းျပည္နယ္ ပလက္ဝၿမိဳ႕နယ္တြင္ ၿပီးခဲ့သည့္ ၂၀၁၉ ခုႏွစ္ ဇြန္လိုင္လ (၂၁) ရက္ေန႔ကစ၍ ဆက္သြယ္ေရး အင္တာနက္လိုင္းမ်ားကို အစိုးရက ပိတ္ပင္ခဲ့ျခင္းျဖစ္သည္။

ရခိုင္ျပည္နယ္ႏွင့္ ခ်င္းျပည္နယ္ ပလက္ဝၿမိဳ႕နယ္တြင္ ဆက္သြယ္ေရး အင္တာနက္လိုင္းပိတ္ပင္မႈသည္ တစ္ႏွစ္ေက်ာ္ၾကာျမင့္ခဲ့ၿပီး ၂၀၂၀ ခုႏွစ္ ၾသဂုတ္လကစ၍ ျပန္လည္ဖြင့္လွစ္ေပးခဲ့သည္ဟုဆိုေသာ္လည္း 2G ကြန္ယက္အဆင့္သာရွိသည့္အတြက္ အခက္ႀကံဳေနၾကရျခင္းျဖစ္သည္။ 

အဆိုပါအင္တာနက္ပိတ္ပင္မႈသည္ ကမ႓ာ့အရွည္ၾကာဆံုးအင္တာနက္ပိတ္ပင္မႈအျဖစ္ စံခ်ိန္တင္ခဲ့ရၿပီး ျပည္တြင္းျပည္ပ အဖြဲ႔အစည္းမ်ားမွ အင္တာနက္လိုင္းျပန္ဖြင့္ေရးရန္ အႀကိမ္ႀကိမ္ေတာင္းဆိုခဲ့ၿပီးျဖစ္ေသာ္လည္း ယေန႔အခ်ိန္ထိ အစိုးရမွ   အင္တာနက္လိုင္း 4G ကြန္ယက္အျပည့္ျဖင့္ ျပန္လည္ဖြင့္လွစ္ျခင္းမရွိေသးေပ။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

မီဇိုရမ်ပြည်နယ်မှ မြန်မာနယ်စပ်အထိ ရထားလမ်းဖောက်မည့်စီမံကိန်း ပဏာမစစ်တမ်းကောက်ယူမှု ပြီစီးပြီဟုဆို

စစ်ကိုင်းဖက်ဒရယ်ယူနစ် ကြားကာလဖွဲ့စည်းပုံအခြေခံ ဥပဒေပြဋ္ဌာန်းနိုင်ခြင်းကို ဂုဏ်ယူကြောင်း ချင်းပြည်လွှတ်တော် သဝဏ်လွှာပို့

PDF-Zoland ၏ အခြေခံစစ်ပညာသင်တန်း အပတ်စဉ်(၁၇)အတွက် သင်တန်းသူ/သားများ လက်ခံနေ

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
June 30, 2025

“ကျွန်မတို့ကို Refugees လို့မသတ်မှတ်တဲ့အတွက် Refugees တွေ ရသင့်ရထိုက်တဲ့ အခွင့်အရေးမှန်သမျှကို ဆုံးရှုံးနေရတယ်”

June 30, 2025

“အဖွဲ့အစည်းတွေဆီမှာပဲ အာဏာကိုဆက်ထားနေမယ်ဆိုရင် အများကြီး ဆုံးရှုံးနစ်နာစရာတွေ ရှိတယ်၊ ဒါကြောင့် ချင်းပြည်နယ်မှာရှိတဲ့ ပြည်သူလူထုတွေကို အာဏာမြန်မြန်ပေးရအောင်”

June 28, 2025

ဆလိုင်းတင်မောင်ဦး (သို့မဟုတ်) သမိုင်း‌သွေးကို ရဲရင့်စေသူ

May 30, 2025

“ULA/AA က ဘာသာရေးခေါင်းဆောင်တွေကို သူတို့ရဲ့ လက်အောက်မှာ ပြားပြားဝပ်ပြီးတော့ သူတို့အလိုကျ အလုပ်လုပ်စေချင်တဲ့သဘောရှိတာကြောင့် သူတို့ရဲ့အမိန့် မနာခံတဲ့သူကို သံသယ၊ မယုံသင်္ကာတွေနဲ့ စောင့်ကြည့်နေတယ်”

Ads
Leaderboard Ad
Archives
–
Leaderboard Ad
Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.