Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Headline»ပလက်ဝမြို့နယ်အတွင်း ကျေးရွာပေါင်း ၂၀၀ ကျော် ဆန်ပြတ်လပ်ဟုဆို
ပလက်ဝမြို့နယ်အတွင်း ကျေးရွာပေါင်း ၂၀၀ ကျော် ဆန်ပြတ်လပ်ဟုဆို
0
By Editor on October 8, 2020 Headline
#Unicode
By လားနွန် – တပ်မတော်နှင့် ရက္ခိုင့်တပ်တော်(AA) တို့စစ်မက်ဖြစ်ပွားရာ ချင်းပြည်တောင်ပိုင်း ပလက်ဝမြ်ို့နယ်တွင် လုံခြုံရေးအခြေအေ နကြောင့် ရေလမ်း ကုန်လမ်းများပိတ်ဆို့ကာ ကုန်စည်ဝင်ရောက်မှုမရှိတော့သည့်အတွက် ပလက်ဝမြို့နယ်အတွင်းက ကျေးရွာပေါင်း ၂၀၀ ကျော်ဆန်ပြတ်လပ်နေပြီဟု ချင်းစစ်ဘေးရှောင်ပြည်သူများ အရေးပေါ်ကူညီးရေးနှင့် ပြန်လည်ထူ ထောင်ရေးကော်မတီ RRCCI အဖွဲ့ထံမှသိရသည်။
ပလက်ဝမြို့နယ်တွင် ယခုရက်ပိုင်းအတွင်တိုက်ပွဲဖြစ်ပွားမှုမရှိသော်လည်း ပလက်ဝမြို့နယ်၏ အဓိကစားနပ်ရိက္ခာသယ် ဆောင်သည့်လမ်းကြောင်းများဖြစ်သော ရခိုင်ပြည်နယ် ကျောက်တော်လမ်း ပိတ်ဆို့သည့်အပြင် မတူပီ-ပလက်ဝ လမ်းသည်လည်း လုံခြုံရေးနှင့် ကားလမ်းအခြေအနေကြောင့် ဆမီးအထိ သွားရောက်နို်င်သည့်အတွက် ယခုကဲ့သို့ ဆန်ပြန်လပ်မှုဒဏ်ရင်ဆိုင်နေကြရခြင်းဖြစ်သည်ဟု RRCCI မှ မနန်းဝေကပြောသည်။
“ဒါကတကယ်တော့ စစ်ပွဲပြင်းပြင်းထန်ထန်ဖြစ်နေတဲ့ ၂၀၂၀ အစောကတည်းက ကျမတို့ ဆန်ပြတ်လပ်နေတဲ့ကျေးရွာ တွေရှိနေပြီးသားဖြစ်တယ် ဒါပေမဲ့အခုလိုမျိုးအရေအတွက်တက်လာတာ ကျေးရွာပေါင်း (၂၀၀) ကျော် (၃၀၀) ကျော်ပြတ်လပ်သွားတယ်ဆိုတာမျိုးကတော့ တစ်လနီးပါး ရက် (၂၀) ဝန်းကျင်လောက်ရှိနေပြီ မြို့ပေါ်မှာတော့ ဆန်လုံးဝဝယ်စရာတော့မရှိဘူး’’ ဟု မနန်းဝေကပြောသည်။
ယခင် ပလက်ဝမြို့နယ်၏ အဓိကစားနပ်ရိက္ခာ သယ်ဆောင်နေသည့် ရခိုင်ပြည်နယ်ကျောက်တော်လမ်းတွင် မြန်မာ့တပ်မတော်နှင့် ရက္ခိုင့်တပ်တော် တို့တိုက်ပွဲပြင်းထန်ခြင်းနှင့် နယ်မြေလုံခြုံမှုမရှိခြင်းကြောင့် ၂၀၁၉ ဇန်နဝါရီလမှ စပြီး သွားလာမှုရပ်ဆိိုင်းပြီးဖြစ်ကာ မြန်မာ့တပ်မတော်မှ လုံခြုံရေးအကြောင်းပြပြီး ဖြတ်လေးဖြတ်ဖြတ်ထားမှုသည် ဖြေလျော့လိုက်လျင် ကုန်စျေးနှုန်းမြင့်တက်မှုသည်လည်း လျော့ကျနိုင်မည်ဖြစ်သည်ဟု သူမကဆက်ပြောသည်။
“ အထူးသဖြင့် စစ်တပ်ဘက်ကပေါ့နော် လုံခြုံရေးကိုအကြောင်းပြုပြီးတော့ ပိတ်ဆို့မှုတွေပေါ့နော် ဖြတ်လေးဖြတ်ပုံစံမျိူးနဲ့ လုပ်ထားတဲ့အခါကျတော့ ကုန်စျေးနှုန်းကမြင့်တက်နေတဲ့အနေအထားမှာရှိနေပြီးတော့ နောက်တစ်ချက်က ကိုဗစ်-၁၉ ရောဂါကူစက်မှုထိန်းချူပ်ဖို့ ဥပဒေမျိူးနဲ့ထုတ်ပြန်တဲ့အခါကျတော့ လမ်းကြောင်းတွေက အရင်ထက်ပိုပြီးတင်းကြပ်သွား တော့ ခုလိုမျိူးဆန်ကပြတ်လပ်သွားတာပေါ့နော်’’ ဟု မနန်းဝေကပြောသည်။
ယခုလက်ရှိ ပလက်ဝမြို့ပေါ်တွင် ဆန်တစ်အိတ်ကို ကျပ်ငွေ (၇၀၀၀၀) ခန့်စျေးပေါက်နေပြီး ကြက်ဥတစ်လုံးမှာလည်း ၅၀၀ ခန့်စျေးပေါက်နေသည်ဟုသိရသည်။ လူဦးရေတစ်သိန်းကျော်နေထိုင်ပြီး ကျေးရွာပေါင်း ၄၀၀ နီးခန့်ရှိသည့် ပလက်ဝမြို့နယ်တွင် ကျေးရွာထက်ဝက်ကျော်သည် ဆန်ပြတ်လပ်သည့်အနေအထားရှိရောက်ရှိနေခြင်းဖြစ်သည်။
ပလက်ဝမြို့နယ်ဆန်ပြတ်လပ်မှုနှင့်ပတ်သက်၍ ချင်းပြည်နယ်အစိုးရအဖွဲ့ကတော့ ပလက်ဝမြို့နယ်သို့ ဆန်အိတ်များအမြန် ဆုံးပို့ဆောင်နိုင်ရန်ဆောင်ရွက်နေသည်ဟု ချင်းပြည်နယ်အစိုးရအဖွဲ့ပြောခွင့်ရပုဂ္ဂိုလ် စည်ပင်ဝန်ကြီးဦးစိုးထက်ကပြောသည်။
“အခု ဆမီးထိကိုပို့ထားပြီးတော့ ဆမီး ပလက်ဝကို ပို့လို့မရဘူးဖြစ်နေတယ် အခုတော့ မနေ့ကပဲ ဆန်အိတ် (၃၀၀) မြို့ပေါ်ရောက်နေပြီ၊ (၃၀၀) ရောက်တယ်ဆိုတာက ကျနော်တို့ပို့တာမဟုတ်ဘူး အမှန်ကတော့ တပ်ကို အကူအညီတောင်းပြီးတော့ တပ်ကနေချေးပေးလိုက်တာ၊ အခုဒုက္ခသည်တွေရော မြို့မှာရှိတဲ့လူတွေရော ဖြန့်ဖို့ကျနော်တိုလုပ်နေပါပြီ၊ ပြီးရင်ကျေးရွာတွေအတွက်ကလည်း တစ်ရွာနဲ့ တစ်ရွာသွားလာလို့ ဒီစစ်ရေးအခြေအနေနဲ့ အခက်အခဲနည်းနည်းရှိတယ် အဲဒါကို ကျနော်တို့ ပခုက္ကူဘက်ကနေ ကလေးဘက်ကနေ မတူပီလမ်းဖြတ်ပြီးပို့နေတယ် ဒါပေမဲ့ကားလမ်းကအခြေအနေမကောင်းတော့ သွားရတာ သိပ်အဆင်မပြေဘူး ဒီရက်ပိုင်းမှာပဲ ကျနော်တို့ နောက်ထပ်ဆမီးကနေပို့ဖို့လုပ်နေပါတယ် ဆမီးမှာ ဆန်အိတ် (၉၅၀) ရှိပါတယ် အဲဒါပို့ဖို့ ကျနော်တို့ ကားတွေစီစဉ်နေပါတယ်” ဟု ဝန်ကြီးဦးစိုးထက်ကပြောသည်။
ပလက်ဝမြို့နယ်အတွက် ထောက်ပံ့သည့်အလှူရှင်များ တဖြည်းဖြည်းလျော့နည်းခြင်းကြောင့် ဆန်အိတ်များအခမဲ့ ပေးဝေရန်အခက်အခဲရှိလာပြီး ပလက်ဝမြို့ပေါ်သို့ဆန်အိမ်များရောက်ရှိသည့်အခါတွင်လည်း တစ်အိတ်ကို ထက်ဝက်စျေးနှုန်း(၃၀၀၀၀) ကျပ်ဖြင့် ပြန်လည်ရောင်းချပေးသွားမည်ဟု ဝန်ကြီးကဆက်ပြောသည်။
ယခုလက်ရှိဆန်ပြတ်လပ်မှုအများစုကျေးရွာများသည် ပလက်ဝမြို့ အထက်ပိုင်း၊ အရှေ့ခြမ်းနှင့် ကုလားတန်မြစ်၏ အနောက်ဘက်ကမ်းတို့မှှ ကျေးရွာများဖြစ်ကြသည်။
မြန်မာ့တပ်မတော်နှင့် ရက္ခိုင့်တပ်တော် AA တို့ စစ်မက်ဖြစ်ပွားသည့် ပလက်ဝမြို့နယ်တွင် စစ်ဘေးရှောင်စခန်း (၄) နေရာရှိပြီး ၎င်းတို့မှာ ပလက်ဝစစ်ရှောင်စခန်း၊ ဆမီးစစ်ရှောင်စခန်းနှင့် စိမ့်စင်းဝစစ်ရှောင်စခန်းနှင့် မီးဇာစစ်ရှောင်စခန်းတို့တွင် စစ်ဘေးရှောင် (၁) သောင်းကျော်ရှိသည်။
#Zawgyi
By လားနွန်-တပ်မတော်နှင့် ရက္ခိုင့်တပ်တော်(AA) တို့စစ်မက်ဖြစ်ပွားရာ ချင်းပြည်တောင်ပိုင်း ပလက်ဝမြို့နယ်တွင် လုံခြုံရေးအခြေအေ နကြောင့် ရေလမ်း ကုန်လမ်းများပိတ်ဆို့ကာ ကုန်စည်ဝင်ရောက်မှုမရှိတော့သည့်အတွက် ပလက်ဝမြို့နယ်အတွင်းက ကျေးရွာပေါင်း ၂၀၀ ကျော်ဆန်ပြတ်လပ်နေပြီဟု ချင်းစစ်ဘေးရှောင်ပြည်သူများ အရေးပေါ်ကူညီးရေးနှင့် ပြန်လည်ထူ ထောင်ရေးကော်မတီ RRCCI အဖွဲ့ထံမှသိရသည်။
ပလက်ဝမြို့နယ်တွင် ယခုရက်ပိုင်းအတွင်တိုက်ပွဲဖြစ်ပွားမှုမရှိသော်လည်း ပလက်ဝမြို့နယ်၏ အဓိကစားနပ်ရိက္ခာသယ် ဆောင်သည့်လမ်းကြောင်းများဖြစ်သော ရခိုင်ပြည်နယ် ကျောက်တော်လမ်း ပိတ်ဆို့သည့်အပြင် မတူပီ-ပလက်ဝ လမ်းသည်လည်း လုံခြုံရေးနှင့် ကားလမ်းအခြေအနေကြောင့် ဆမီးအထိ သွားရောက်နိုင်သည့်အတွက် ယခုကဲ့သို့ ဆန်ပြန်လပ်မှုဒဏ်ရင်ဆိုင်နေကြရခြင်းဖြစ်သည်ဟု RRCCI မှ မနန်းဝေကပြောသည်။
ယခင် ပလက်ဝမြို့နယ်၏ အဓိကစားနပ်ရိက္ခာ သယ်ဆောင်နေသည့် ရခိုင်ပြည်နယ်ကျောက်တော်လမ်းတွင် မြန်မာ့တပ်မတော်နှင့် ရက္ခိုင့်တပ်တော် တို့တိုက်ပွဲပြင်းထန်ခြင်းနှင့် နယ်မြေလုံခြုံမှုမရှိခြင်းကြောင့်၂၀၁၉ ဇန်နဝါရီလမှ စပြီး သွားလာမှုရပ်ဆိုင်းပြီးဖြစ်ကာ မြန်မာ့တပ်မတော်မှ လုံခြုံရေးအကြောင်းပြပြီး ဖြတ်လေးဖြတ်ဖြတ်ထားမှုသည် ဖြေလျော့လိုက်လျင် ကုန်ဈေးနှုန်းမြင့်တက်မှုသည်လည်း လျော့ကျနိုင်မည်ဖြစ်သည်ဟု သူမကဆက်ပြောသည်။
“ အထူးသဖြင့် စစ်တပ်ဘက်ကပေါ့နော် လုံခြုံရေးကိုအကြောင်းပြုပြီးတော့ ပိတ်ဆို့မှုတွေပေါ့နော် ဖြတ်လေးဖြတ်ပုံစံမျိုးနဲ့ လုပ်ထားတဲ့အခါကျတော့ ကုန်ဈေးနှုန်းကမြင့်တက်နေတဲ့အနေအထားမှာရှိနေပြီးတော့ နောက်တစ်ချက်က ကိုဗစ်-၁၉ ရောဂါကူစက်မှုထိန်းချူပ်ဖို့ ဥပဒေမျိုးနဲ့ထုတ်ပြန်တဲ့အခါကျတော့ လမ်းကြောင်းတွေက အရင်ထက်ပိုပြီးတင်းကြပ်သွား တော့ ခုလိုမျိုးဆန်ကပြတ်လပ်သွားတာပေါ့နော်’’ ဟု မနန်းဝေကပြောသည်။
ပလက်ဝမြို့နယ်အတွက် ထောက်ပံ့သည့်အလှူရှင်များ တဖြည်းဖြည်းလျော့နည်းခြင်းကြောင့် ဆန်အိတ်များအခမဲ့ ပေးဝေရန်အခက်အခဲရှိလာပြီး ပလက်ဝမြို့ပေါ်သို့ဆန်အိမ်များရောက်ရှိသည့်အခါတွင်လည်း တစ်အိတ်ကို ထက်ဝက်ဈေးနှုန်း(၃၀၀၀၀) ကျပ်ဖြင့် ပြန်လည်ရောင်းချပေးသွားမည်ဟု ၀န်ကြီးကဆက်ပြောသည်။
ယခုလက်ရှိဆန်ပြတ်လပ်မှုအများစုကျေးရွာများသည် ပလက်ဝမြို့ အထက်ပိုင်း၊ အရှေ့ခြမ်းနှင့် ကုလားတန်မြစ်၏ အနောက်ဘက်ကမ်းတို့မှ ကျေးရွာများဖြစ်ကြသည်။
Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website
Related Posts
ဟားခါးမြို့နယ်က လူငယ်များအားလုံး အရံတပ်ဖွဲ့သင်တန်းတက်ရောက်ရန် CDF-Hakha ထုတ်ပြန်
CNDF နှင့် CDF-Hualngoram ပဋိပက္ခကို ငြိမ်းချမ်းသော နည်းဖြင့် အဖြေရှာကြရန် CC နှင့် CB တိုက်တွန်း
CNO/CNDF နှင့် CDF-Hualngoram တို့ အပြန်အလှန်ပစ်ခတ်နေမှုကို နိုင်ငံရေးအရ အဖြေရှာသင့်ဟုဆို
Leave A Reply Cancel Reply
The reCAPTCHA verification period has expired. Please reload the page.
  • Featured Article
June 30, 2025
“ကျွန်မတို့ကို Refugees လို့မသတ်မှတ်တဲ့အတွက် Refugees တွေ ရသင့်ရထိုက်တဲ့ အခွင့်အရေးမှန်သမျှကို ဆုံးရှုံးနေရတယ်”
June 30, 2025
“အဖွဲ့အစည်းတွေဆီမှာပဲ အာဏာကိုဆက်ထားနေမယ်ဆိုရင် အများကြီး ဆုံးရှုံးနစ်နာစရာတွေ ရှိတယ်၊ ဒါကြောင့် ချင်းပြည်နယ်မှာရှိတဲ့ ပြည်သူလူထုတွေကို အာဏာမြန်မြန်ပေးရအောင်”
June 28, 2025
ဆလိုင်းတင်မောင်ဦး (သို့မဟုတ်) သမိုင်း‌သွေးကို ရဲရင့်စေသူ
May 30, 2025
“ULA/AA က ဘာသာရေးခေါင်းဆောင်တွေကို သူတို့ရဲ့ လက်အောက်မှာ ပြားပြားဝပ်ပြီးတော့ သူတို့အလိုကျ အလုပ်လုပ်စေချင်တဲ့သဘောရှိတာကြောင့် သူတို့ရဲ့အမိန့် မနာခံတဲ့သူကို သံသယ၊ မယုံသင်္ကာတွေနဲ့ စောင့်ကြည့်နေတယ်”
Ads
Leaderboard Ad
Archives
–
Leaderboard Ad
Copyright © 2015 Khonumthung News Group. Design & Developed by ExL.
Type above and press Enter to search. Press Esc to cancel.