Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Khonumthung»ပလက်ဝ စစ်ဘေးရှောင်ပြည်သူ ၁၃၀ ကျော်ကို ထန်တလန်မြို့နယ်တွင် နေရာချထားမည်

ပလက်ဝ စစ်ဘေးရှောင်ပြည်သူ ၁၃၀ ကျော်ကို ထန်တလန်မြို့နယ်တွင် နေရာချထားမည်

0
By Editor on November 1, 2019 Khonumthung

By ဒိမ် – ချင်းပြည်နယ် ပလက်ဝမြို့နယ် မီးဇာကျေးရွာတွင် စစ်ဘေးတိမ်းရှောင် နေကြသည့် ဘောမ်မျိုးနွယ်စု ၁၃၀ ကျော်ကို ပြည်နယ်အစိုးရက ထန်တလန်မြို့နယ် သီကီးရ်ကျေးရွာတွင် နေရာချထား မည်ဟု ချင်းပြည်နယ်အစိုးရအဖွဲ့ပြောခွင့်ရပုဂ္ဂိုလ် စည်ပင်ဝန်ကြီးဦးစိုးထက်ကပြောသည်။

“မီးဇာမှာရှိနေကြတဲ့ စစ်ဘေးရှောင် အိမ်ထောင်စု (၂၁) စု၊ လူဦးရေနဲ့ဆိုရင် ၁၃၂ ဦးကို မီးဇာကနေ တီကီးရ်ဘက်ကို လာနိုင်ဖို့ ကျတော်တို့က စီစဉ်နေတယ် ” ဟု ချင်းပြည်နယ်အစိုးရအဖွဲ့ အစည်းအဝေးခန်းမတွင် အောက်တိုဘာလ ၃၁ ရက်ညနေပိုင်းက ကျင်းပပြုလုပ်သော ချင်းမီဒီယာများနှင့် အစိုးရအဖွဲ့တို့တွေ့ဆုံပွဲတွင် စည်ပင်ဝန်ကြီး ဦးစိုးထက် ကပြောကြားခဲ့သည်။

မြန်မာ့တပ်မတော်နှင့် ရက္ခိုင့်တပ်မတော်(အေအေ)တို့ တိုက်ပွဲဖြစ်ပွားမှုကြောင့် ပလက်ဝမြို့နယ်မှ ကင်းသလင်း၊ ကုန်ပြင်၊ ပီတောင်၊ ယင်ခံဝနှင့် ဆတ်လိုင်ဝကျေးရွာတို့မှ ချင်းပြည်သူ (၆၀၀) ကျော်တို့သည် မီးဇာကျေးရွာတွင် ယာယီတဲအိမ်များ ထိုးကာ ပြောင်းရွှေ့နေထိုင်ခဲ့ကြခြင်းဖြစ်သည်။


၎င်းတို့အထဲမှ ဘောမ်မျိုးနွယ်စုများသည် ထန်တလန်မြို့နယ် သီကီးရ်ကျေးရွာဘက်သို့ ပြောင်းရွှေအခြေချနေထိုင် လိုကြောင်း ချင်းပြည်နယ်အစိုးရ၊ သီးကီးရ်ကျေးရွာလူကြီးများထံ တင်ပြတောင်းဆိုခဲ့ကြပြီးနောက် ပြောင်းရွှေ့အခြေချ နိုင်ရန် ပြည်နယ်အစိုးရမှ စီစဉ်ပေးခြင်းဖြစ်သည်။

မီးဇာမှတဆင့် တီကီးရ်ကျေးရွာအထိ သွားလာရေးကို ပြည်နယ်အစိုးရက စီစဉ်ပေးသွားမည်ဖြစ်ပြီး ယခုနှစ်အတွင်း နေရာချနိုင်ရန် လုပ်ဆောင်နေကြောင်း သိရပါသည်။

သီကီးရ်ကျေးရွာတွင် အစိုးရကဆောက်လုပ်ခဲ့သည့် တန်ဖိုးနည်း အိမ် (၂၆) လုံး အဆင်သင့်ရှိနေပြီ ဖြစ်ရာ စစ်ဘေးရှောင်များ ယာယီနေထိုင်စဉ် စားဝတ်နေရေးအတွက် စီစဉ်ပေးသွားမည်ဖြစ်ကြောင်း စည်ပင်ဝန်ကြီးက ဆိုပါသည်။

” သူတို့ရဲ့ စားဝတ်နေရေးအတွက်တော့ နိုင်ငံခြားက အထောက်အပံ့၊ ဒေသခံ လူထုတွေရဲ့ အထောက်အပံ့ တွေနဲ့ တစ်လစာအတွက်ကို နဂိုကတည်းက ဆွေးနွေးထားတာရှိပါတယ်။ ပြီးတော့ စစ်ဘေးရှောင်ထောက်ပံ့ ရေးကို လူမှုဝန်ထမ်းကနေ စစ်ဘေးရှောင်တွေကူညီတဲ့ သတ်မှတ်ထားတဲ့နှုန်းထားရှိတယ်၊ အဲဒါကို နှစ်လ သုံးလ အတွင်းရရှိနိုင်အောင် အကူအညီတောင်းပြီးတော့ သုံးလေးလ စာရအောင်၊ သူတို့ အလုပ်လုပ်နိုင်တဲ့ အခြေအနေအထိ ထောက်ပံ့နိုင်ဖိုက စဉ်းစားထားတယ်” ဟု ၀န်ကြီးက ဆိုသည်။

သီကီးရ် ကျေးရွာတွင် ပြောင်းရွှေ့နေရာချထားမည့် စစ်ဘေးရှောင်သူများသည် လိုင်ဘာသာစကားကို အသုံးပြုနေကြ သည့် ဘောမ်မျိုးနွယ်စုများဖြစ်သည်။

(ပုံစာ – မီးဇာကျေးရွာမှ စစ်ဘေးပြည်သူများ)

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

UFC ချန်ပီယံ Joshua Van သွေးချင်းဌာနေ မီဇိုရမ်ပြည်နယ်သို့ ရောက်ရှိ

UFC ကမ္ဘာ့ ချန်ပီယံ Joshua Van ကို မီဇိုရမ်ဝန်ကြီးချုပ်က တွေ့ဆုံဂုဏ်ပြု၊ Joshua Van ၏ အောင်မြင်မှုကြောင့် မီဇိုးလူငယ်များအတွက် စိတ်ဓာတ်ခွန်အားဖြစ်စေဟုဆို

ဖလမ်းမှာ ပြည်သူ ၂ ဦးနှင့် ချင်းရဲဘော် ၂ ဦးတို့ကို စစ်တပ်က သတ်ဖြတ်ထားသည့် ရုပ်အလောင်းများ တွေ့ရှိ

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
May 19, 2026

သေနတ်ကို ဥပဒေအောက်မှာ ထားနိုင်မှ ခုခံတော်လှန်ရေးက Nation-building ကို စတင်နိုင်မည်

February 19, 2026

“ကာကွယ်ရေး အသုံးစရိတ်ကို အရင်က ၆၅ ရာခိုင်နှုန်းကနေ ဒီနှစ်တော့ ကာကွယ်ရေးကို ၈၀ ရာခိုင်နှုန်းအထိ တိုးမြှင့်သွားမယ်”

February 2, 2026

သွေးစွန်းသော မဲပုံးများနှင့် “Made in China” အရိပ်အောက်က ရွေးကောက်ပွဲ

February 1, 2026

#article”ပြည်သူ့အားနဲ့ ရိုက်ချိုးကြ၊ CSOs အားနဲ့ ထိုးဖောက်ကြ”

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
May 19, 2026

သေနတ်ကို ဥပဒေအောက်မှာ ထားနိုင်မှ ခုခံတော်လှန်ရေးက Nation-building ကို စတင်နိုင်မည်

February 19, 2026

“ကာကွယ်ရေး အသုံးစရိတ်ကို အရင်က ၆၅ ရာခိုင်နှုန်းကနေ ဒီနှစ်တော့ ကာကွယ်ရေးကို ၈၀ ရာခိုင်နှုန်းအထိ တိုးမြှင့်သွားမယ်”

February 2, 2026

သွေးစွန်းသော မဲပုံးများနှင့် “Made in China” အရိပ်အောက်က ရွေးကောက်ပွဲ

February 1, 2026

#article”ပြည်သူ့အားနဲ့ ရိုက်ချိုးကြ၊ CSOs အားနဲ့ ထိုးဖောက်ကြ”

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.