Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Headline»ပလက္၀-ေက်ာက္ေတာ္ စက္ေလွလိုင္းမ်ားရပ္ဆိုင္း၊ ပလက္၀ၿမိဳ႕တြင္ဆန္ေစ်းျမင့္တက္

ပလက္၀-ေက်ာက္ေတာ္ စက္ေလွလိုင္းမ်ားရပ္ဆိုင္း၊ ပလက္၀ၿမိဳ႕တြင္ဆန္ေစ်းျမင့္တက္

0
By Editor on February 12, 2020 Headline

Zawgyi

By လားႏြန္ – ခ်င္းျပည္နယ္ေတာင္ပိုင္း၊ ပလက္၀ႏွင့္ ရခိုင္ျပည္နယ္၊ ေက်ာက္ေတာ္ၿမိဳ႕အၾကား ပံုမွန္ေျပးဆြဲေနသည့္ စက္ေလွမ်ား တစ္ပတ္ေက်ာ္ၾကာမေပးဆြဲေတာ့သည့္အတြက္ ပလက္၀ၿမိဳ႕နယ္တြင္ အေျခခံစားေသာက္ကုန္မ်ား အထူးသျဖင့္ ဆန္းေစ်း ျမင့္တက္လာေနသည္ဟု သိရသည္။

ပလက္၀ၿမိဳ႕နယ္သည္ ရခိုင္ျပည္နယ္ ေက်ာက္ေတာ္ၿမိဳ႕မွ ဆန္၊ ဆီ၊ ဆား စသည့္အေျခခံစားေသာက္ကုန္မ်ားကို ကုလားတန္ျမစ္ေၾကာင္းအတိုင္း စက္ေလွမ်ားျဖင့္ အဓိကသယ္ယူေလ့ရွိၾကၿပီး ျမန္မာ့တပ္မေတာ္ႏွင့္ ရကၡိဳင့္တပ္ေတာ္ AA တို႔ တိုက္ပြဲျပင္းထန္သည့္အတြက္ေၾကာင့္ စက္ေလွလိုင္းမ်ားမေျပးဆြဲရဲ ျဖစ္ေနၾကသည္ဟု ပလက္၀ၿမိဳ႕မွ စက္ေလွအေမာင္းသမားတစ္ဦးကေျပာသည္။

“မထြက္ရဲဘူး ေအာက္ဖက္မွာ တိုက္ပြဲျဖစ္ေနတယ္ဆိုေတာ့ ေၾကာက္ေနၾကတယ္ အေျခအေနမေကာင္းလို႔နားတာ တစ္ပတ္ေလာက္ရိွျပီနားတာ၊ စက္ေလွမထြက္ရဲဘူးဆိုရင္ေတာ့ သယ္လို႔မရေတာ့ဘူး အခုအားလံုးကေတာ့ ကုန္ေစ်းႏႈန္းတက္ေနျပီ တစ္ပတ္ေက်ာ္ေက်ာ္ေလာက္စက္ေလွမထြက္ရဘူးဆိုေတာ့ ဆန္တို႔ စားကုန္တို႔ကေစ်းနည္းနည္းတက္ေနျပီ”ဟု စက္ေလွအေမာင္းသမားကေျပာသည္။

ထို႔ေၾကာင့္ ယခုလက္ရွိ ပလက္၀ျမိဳ႕နယ္တြင္ ယခင္က က်ပ္ေငြ ၂ ေသာင္းခန္႔ရွိသည့္ ဆန္တစ္အိတ္မွာ ၃ ေသာင္းနီးပါးအထိ ေစ်းတက္သြားသည္ဟု ၎ကဆက္ေျပာသည္။

တပ္မေတာ္ႏွင့္ ရကိၡိဳင့္တပ္ေတာ္(AA) တို႔သည္ ပလက္၀မွ ေက်ာက္ေတာ္ဘက္ကိုသြားသည့္ လမ္း တင္းမ႐ြာႏွင့္ မီးေခ်ာင္း႐ြာအနီးတ၀ိုက္တြင္ တိုက္ပြဲမ်ားျဖစ္ပြားေနၿပီး လက္နက္ၾကီးသံမ်ား ေသနတ္ပစ္ခတ္သံမ်ားမွာ ဆက္လက္ၾကားေနရသည့္အတြက္ စက္ေလွေျပးဆြဲမႈ ရပ္ဆိုင္းထားၾကဆဲျဖစ္သည္။

ပလက္၀ၿမိဳ႕ေဒသခံ အစိုးရ၀န္ထမ္းတစ္ဦးက “အခုက လိုင္းစက္ေတြမထြက္ေတာ့ ဆန္ကေတာ့ နည္းနည္းေလးေတာ့ တျဖည္းျဖည္းနဲ႔ ရွားလာတယ္ ေလာေလာဆယ္ေတာ့ ျမိဳ႕နယ္ အစီအစဥ္နဲ႔ေတာ့ ဒီမွာတိုက္ပြဲေရွာင္ေတြအတြက္ တစ္ခ်ိဳ႕ဆန္ေတြေပါ့ေနာ္ျမိဳ႕နယ္စီမံအေနနဲ႔ လုပ္ထားတဲ့ဟာရိွေနတယ္ အဲဒါေတြကို ျပန္ျပီးမွ ျပန္ထုတ္ေပးမယ္ဆိုတာေတာ့ ၾကားတယ္ ေလာေလာဆယ္ေတာ့ ဆန္ေစ်းႏႈန္းတအားၾကီးတက္သြားတာေတြေတာ့မၾကားမိေသးဘူး” ဟု ေျပာသည္။

လိုင္းဆြဲစက္ေလမ်ား ဆက္လက္ရပ္ဆိုင္းၿပီး ေက်ာက္ေတာ္ဘက္မွ အေျခခံစားေသာက္ကုန္မ်ား မသယ္ယူႏုိင္ပါက ပလက္၀ၿမိဳ႕နယ္တြင္ ကုန္ေစ်းႏႈန္းမ်ား ယခုထက္ပိုမိုေစ်းတက္လာမည္ကို ေဒသခံမ်ားစိုးရိမ္ေနၾကသည္။

ျမန္မာ့တပ္မေတာ္ႏွင့္ ရကၡိဳင့္တပ္ေတာ္ AA တို႔အၾကားတိုက္ပြဲျဖစ္ပြားမႈေၾကာင့္ ပလက္၀ျမိဳ႕တြင္ ညမထြက္ရအမိန္႔ ထုတ္ျပန္ထားသည့္အျပင္  အင္တာနက္လိုင္းမ်ားမွာလည္း ဆက္သြယ္ေရး၀န္ၾကီးဌာနမွ ေဖေဖာ္၀ါရီ (၃) ရက္မကစ၍ ျဖတ္ေတာက္ထားသည္။

Unicode

By လားနွန် – ချင်းပြည်နယ်တောင်ပိုင်း၊ ပလက်ဝနှင့် ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့အကြား ပုံမှန်ပြေးဆွဲနေသည့် စက်လှေများ တစ်ပတ်ကျော်ကြာမပေးဆွဲတော့သည့်အတွက် ပလက်ဝမြို့နယ်တွင် အခြေခံစားသောက်ကုန်များ အထူးသဖြင့် ဆန်းဈေး မြင့်တက်လာနေသည်ဟု သိရသည်။

ပလက်ဝမြို့နယ်သည် ရခိုင်ပြည်နယ် ကျောက်တော်မြို့မှ ဆန်၊ ဆီ၊ ဆား စသည့်အခြေခံစားသောက်ကုန်များကို ကုလားတန်မြစ်ကြောင်းအတိုင်း စက်လှေများဖြင့် အဓိကသယ်ယူလေ့ရှိကြပြီး မြန်မာ့တပ်မတော်နှင့် ရက္ခိုင့်တပ်တော် AA တို့ တိုက်ပွဲပြင်းထန်သည့်အတွက်ကြောင့် စက်လှေလိုင်းများမပြေးဆွဲရဲ ဖြစ်နေကြသည်ဟု ပလက်ဝမြို့မှ စက်လှေအမောင်းသမားတစ်ဦးကပြောသည်။

“မထွက်ရဲဘူး အောက်ဖက်မှာ တိုက်ပွဲဖြစ်နေတယ်ဆိုတော့ ကြောက်နေကြတယ် အခြေအနေမကောင်းလို့နားတာ တစ်ပတ်လောက်ရှိပြီနားတာ၊ စက်လှေမထွက်ရဲဘူးဆိုရင်တော့ သယ်လို့မရတော့ဘူး အခုအားလုံးကတော့ ကုန်ဈေးနှုန်းတက်နေပြီ တစ်ပတ်ကျော်ကျော်လောက်စက်လှေမထွက်ရဘူးဆိုတော့ ဆန်တို့ စားကုန်တို့ကဈေးနည်းနည်းတက်နေပြီ”ဟု စက်လှေအမောင်းသမားကပြောသည်။

ထို့ကြောင့် ယခုလက်ရှိ ပလက်ဝမြို့နယ်တွင် ယခင်က ကျပ်ငွေ ၂ သောင်းခန့်ရှိသည့် ဆန်တစ်အိတ်မှာ ၃ သောင်းနီးပါးအထိ ဈေးတက်သွားသည်ဟု ၎င်းကဆက်ပြောသည်။

တပ်မတော်နှင့် ရက္ခိိုင့်တပ်တော်(AA) တို့သည် ပလက်ဝမှ ကျောက်တော်ဘက်ကိုသွားသည့် လမ်း တင်းမရွာနှင့် မီးချောင်းရွာအနီးတဝိုက်တွင် တိုက်ပွဲများဖြစ်ပွားနေပြီး လက်နက်ကြီးသံများ သေနတ်ပစ်ခတ်သံများမှာ ဆက်လက်ကြားနေရသည့်အတွက် စက်လှေပြေးဆွဲမှု ရပ်ဆိုင်းထားကြဆဲဖြစ်သည်။

ပလက်ဝမြို့ဒေသခံ အစိုးရဝန်ထမ်းတစ်ဦးက “အခုက လိုင်းစက်တွေမထွက်တော့ ဆန်ကတော့ နည်းနည်းလေးတော့ တဖြည်းဖြည်းနဲ့ ရှားလာတယ် လောလောဆယ်တော့ မြို့နယ် အစီအစဉ်နဲ့တော့ ဒီမှာတိုက်ပွဲရှောင်တွေအတွက် တစ်ချို့ဆန်တွေပေါ့နော်မြို့နယ်စီမံအနေနဲ့ လုပ်ထားတဲ့ဟာရှိနေတယ် အဲဒါတွေကို ပြန်ပြီးမှ ပြန်ထုတ်ပေးမယ်ဆိုတာတော့ ကြားတယ် လောလောဆယ်တော့ ဆန်ဈေးနှုန်းတအားကြီးတက်သွားတာတွေတော့မကြားမိသေးဘူး” ဟု ပြောသည်။

လိုင်းဆွဲစက်လေများ ဆက်လက်ရပ်ဆိုင်းပြီး ကျောက်တော်ဘက်မှ အခြေခံစားသောက်ကုန်များ မသယ်ယူနိုင်ပါက ပလက်ဝမြို့နယ်တွင် ကုန်ဈေးနှုန်းများ ယခုထက်ပိုမိုဈေးတက်လာမည်ကို ဒေသခံများစိုးရိမ်နေကြသည်။

မြန်မာ့တပ်မတော်နှင့် ရက္ခိုင့်တပ်တော် AA တို့အကြားတိုက်ပွဲဖြစ်ပွားမှုကြောင့် ပလက်ဝမြို့တွင် ညမထွက်ရအမိန့် ထုတ်ပြန်ထားသည့်အပြင်  အင်တာနက်လိုင်းများမှာလည်း ဆက်သွယ်ရေးဝန်ကြီးဌာနမှ ဖေဖော်ဝါရီ (၃) ရက်မကစ၍ ဖြတ်တောက်ထားသည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

ချင်းအပါဝင် မြန်မာနိုင်ငံတဝှမ်းတွင် စစ်တပ်ကြောင့် (၆)လ အတွင်း အမျိုးသမီး ၃၀၀ ကျော်သေဆုံး

ပလက်ဝအပါအဝင် မြို့နယ် ၇ ခုတွင် ရေကြီးရေလျှံမှု ပိုဆိုးရွာလာနိုင်ခြေရှိသည်ဟု HDCO ထုတ်ပြန်

ပလက်ဝနှင့်ဆမီးတွင် ရေကြီးမှုကြောင့် ပျက်စီးမှုများရှိနေ

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
June 26, 2026

တောင်ဇလပ်မြေက တော်လှန်ရဲမေများရဲ့ဖက်ဒရယ်အိပ်မက်ထဲက အခက်အခဲ

June 4, 2026

နယ်စပ်က မျက်ရည်များနဲ့ ပျောက်ဆုံးနေသော အိပ်မက်များ

May 19, 2026

သေနတ်ကို ဥပဒေအောက်မှာ ထားနိုင်မှ ခုခံတော်လှန်ရေးက Nation-building ကို စတင်နိုင်မည်

February 19, 2026

“ကာကွယ်ရေး အသုံးစရိတ်ကို အရင်က ၆၅ ရာခိုင်နှုန်းကနေ ဒီနှစ်တော့ ကာကွယ်ရေးကို ၈၀ ရာခိုင်နှုန်းအထိ တိုးမြှင့်သွားမယ်”

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
July 10, 2026

အရှို (ချင်း) အမျိုးသားကာကွယ်ရေးတပ်ကို ဖွဲ့စည်းတည်ထောင်ဟု ACNFC နှင့် ရိုးမဒေါင်းတပ်ဖွဲ့တို့ ပူးတွဲကြေညာ

July 10, 2026

ချင်းအပါဝင် မြန်မာနိုင်ငံတဝှမ်းတွင် စစ်တပ်ကြောင့် (၆)လ အတွင်း အမျိုးသမီး ၃၀၀ ကျော်သေဆုံး

July 10, 2026

ပလက်ဝအပါအဝင် မြို့နယ် ၇ ခုတွင် ရေကြီးရေလျှံမှု ပိုဆိုးရွာလာနိုင်ခြေရှိသည်ဟု HDCO ထုတ်ပြန်

July 9, 2026

ပလက်ဝနှင့်ဆမီးတွင် ရေကြီးမှုကြောင့် ပျက်စီးမှုများရှိနေ

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.