Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Headline»ပလက်ဝက တပ်ရင်း ၈ ခုနှင့် ဗျူဟာကုန်းကြီး ၂ ခုကို ရက္ခိုင်တပ်တော် တပြိုက်နက်ထိုးစစ်ဆင်နေ၊ “ချင်းလက်ဝစခန်းကုန်း” ကို ၃ ရက်တာ တိုက်ခိုက်ပြီး AA အပြီးသတ်သိမ်းနိုင်ခဲ့

ပလက်ဝက တပ်ရင်း ၈ ခုနှင့် ဗျူဟာကုန်းကြီး ၂ ခုကို ရက္ခိုင်တပ်တော် တပြိုက်နက်ထိုးစစ်ဆင်နေ၊ “ချင်းလက်ဝစခန်းကုန်း” ကို ၃ ရက်တာ တိုက်ခိုက်ပြီး AA အပြီးသတ်သိမ်းနိုင်ခဲ့

0
By Editor on January 4, 2024 Headline

(006SV)

ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်အတွင်းက စစ်ကောင်စီ၏ တပ်ရင်း (၈) ခုနှင့် ဗျူဟာကုန်းကြီး (၂) ခုကို ယခုနှစ် နှစ်ဆန်းတစ်ရက်နေ့မှ စတင်၍ တပြိုက်နက် တိုက်ခိုက်နေကြောင်း ရက္ခိုင်တပ်တော် (AA) က သတင်းထုတ်ပြန် ထားသည်။

ပလက်ဝမြို့နယ်အတွင်းက စစ်ကောင်စီ၏ တပ်ရင်းစခန်းများဖြစ်သည့် ခလရ- ၂၃၃၊ ခမရ- ၃၇၄၊ ခမရ- ၃၇၆၊ ခမရ- ၃၀၈၊ ခမရ- ၂၁၁၊ ခမရ- ၂၁၇၊ ခလရ- ၂၈၉ နှင့် ခမရ- ၂၂၀ တို့ကို ဇန်ဝါရီလ ၁ ရက်နေ့မှ စတင်၍ ထိုးစစ်ဆင် တိုက် ခိုက်လျက်ရှိသည်ဟု ညီနောင်မဟာမိတ် (၃) ဖွဲ (MNDAA + TNLA + AA) ကလည်း ယမန်နေ့ ညက ထုတ်ပြန်သည်။

ထို့အပြင် “ပလက်ဝ (၂၈၉) ဗျူဟာကုန်း” နှင့် “မီးဝဗျူဟာကုန်း” များကိုလည်း ဇန်နဝါရီလ ၁ ရက်နေ့မှ စတင်၍ ထိုးစစ်ဆင် တိုက်ခိုက်လျက်ရှိသည်ဟု ရက္ခိုင်တပ်တော်က ဆိုသည်။

ပလက်ဝမြို့နယ်အတွင်းက “ချင်းလက်ဝစခန်းကုန်း” ကိုလည်း ဇန်နဝါရီလ ၃ ရက်က အပြီးသတ် သိမ်းပိုက်ရယူနိုင်ခဲ့ပြီး လက်နက်ကြီးများအပါအဝင် လက်နက်ခဲယမ်းများနှင့် စစ်အသုံးအဆောင်ပစ္စည်းအမြောက်အမြားကို သိမ်းဆည်းရမိခဲ့သည်ဟု သိရသည်။

“ချင်းလက်ဝစခန်းကုန်း” ကို သိမ်းပိုက်ရရှိနိုင်ရန် ၃ ရက်ခန့်သာ တိုက်ခိုက်ခဲ့ရသည်ဟု ရက္ခိုင်တပ်တော် AA က ထုတ်ပြန်သည်။

ဇန်နဝါရီလ ၂ ရက်ကလည်း ပလက်ဝမြို့နယ်အတွင်း ခမောင်းဝစခန်းကုန်းကို အပြီးသတ် သိမ်းယူနိုင်ခဲ့သည်ဟု သိရသည်။

ရက္ခိုင်တပ်တော် AA သည် ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်ထဲတွင် ဗျူဟာကုန်းကြီးများအပါအဝင် စစ်ကောင်စီ စခန်းပေါင်း ၂၀ ထက်မနည်းကို အပြီးသတ်သိမ်းယူထားနိုင်ပြီးဖြစ်သည်ဟု ထုတ်ပြန်ချက်များအရ သိရသည်။

ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်အတွင်း စခန်းသိမ်းတိုက်ပွဲများတွင် ရက္ခိုင်တပ်တော် AA နှင့်အတူ ချင်းကာကွယ်ရေး တပ်ဖွဲ့တစ်ခုဖြစ်သည့် Maraland Defense Force (MDF) လည်း ပါဝင်တိုက်ခိုက်နေသည်ဟု သိရသည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

တီးတိန်- သိုင်းငင်းကြားရှိ ထုတ်လိုင်ရွာကို စစ်ကော်မရှင်တပ် လေကြောင်းတိုက်ခိုက်

ဖလမ်းမြို့နယ်မှာ ကလေးငယ် ၃၀၀၀ အပါအဝင် ပြည်သူ ၂၀၀၀၀ ကျော် စစ်ဘေးရှောင်နေရပြီး အကူအညီများ လိုအပ်နေ

ဖလမ်း၊ တီးတိန်၊ ကလေး၊ ဂန့်ဂေါက တိုက်ပွဲများတွင် စစ်ကော်မရှင်တပ်မှ ဗိုလ်မှူး၊ ဗိုလ်ကြီး အပါအဝင် ၁၀၀ ခန့် သေဆုံး

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
November 28, 2025

“ပေးဆပ်မှု ကြီးမားကြသူများ”

November 6, 2025

ချင်းပြည်သူအပေါ် ကျနော့ရပ်တည်ချက်သည် – အတိတ်၊ ပစ္စုပ္ပန် နဲ့ အနာဂါတ် – ဘယ်တော့မှပြောင်းလဲမှာမဟုတ်”

September 2, 2025

မူးယစ်ကုန်သွယ်မှု မျက်နှာစာသစ် မြန်မာ- အိန္ဒိနယ်စပ်နဲ့ ချင်းတော်လှန်ရေးအပေါ် ရိုက်ခတ်မှု

August 2, 2025

စစ်တပ်၏ ဒုတိယစာမျက်နှာနှင့် ချင်းပြည်အပေါ် သက်ရောက်မှု

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
November 28, 2025

“ပေးဆပ်မှု ကြီးမားကြသူများ”

November 6, 2025

ချင်းပြည်သူအပေါ် ကျနော့ရပ်တည်ချက်သည် – အတိတ်၊ ပစ္စုပ္ပန် နဲ့ အနာဂါတ် – ဘယ်တော့မှပြောင်းလဲမှာမဟုတ်”

September 2, 2025

မူးယစ်ကုန်သွယ်မှု မျက်နှာစာသစ် မြန်မာ- အိန္ဒိနယ်စပ်နဲ့ ချင်းတော်လှန်ရေးအပေါ် ရိုက်ခတ်မှု

August 2, 2025

စစ်တပ်၏ ဒုတိယစာမျက်နှာနှင့် ချင်းပြည်အပေါ် သက်ရောက်မှု

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.