Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Headline»ပလက်ဝစစ်ဘေးရှောင်ကျောင်းများတွင် ဆရာ၊ ဆရာမ အင်အားမလုံလောက်၊ သင်ထောက်ကူပစ္စည်းများ အကူအညီလိုအပ်နေ

ပလက်ဝစစ်ဘေးရှောင်ကျောင်းများတွင် ဆရာ၊ ဆရာမ အင်အားမလုံလောက်၊ သင်ထောက်ကူပစ္စည်းများ အကူအညီလိုအပ်နေ

0
By Editor on September 4, 2024 Headline

(004SS)

မီဇိုရမ်ပြည်နယ်၊ လောင်တလိုင်ခရိုင်အတွင်းရှိ ပလက်ဝ စစ်ဘေးရှောင်ကျောင်းများတွင် ဆရာ/ဆရာမအင်အား လုံလောက်မှုမရှိသောကြောင့် သင်ကြားရေးတွင် အခက်အခဲများရင်ဆိုင်နေကြရပြီး ကိုးတန်းအောင် ဆယ်တန်းကျောင်းသားများကိုပါ လုပ်အားပေးခါ်ယူနေရကြောင်း ပလက်ဝမြို့နယ် ပညာရေးဘုတ်အဖွဲ့ထံမှ သိရသည်။

သင်ကြား‌ရေး ဆရာ/ဆရာမများအတွက် နေစရိတ်၊ စားစရိတ်ကူညီထောက်ပံ့မှု မပေးနိုင်ခြင်း၊ လူငယ်များ ပြည်ပထွက်ခွါသူများပြားလာခြင်းကြောင့် စစ်ဘေးရှောင်ကျောင်းများတွင် သင်ကြားရေး ဆရာ/ဆရာမ လိုအပ်ချက် မြင့်မားနေခြင်းဖြစ်သည်ဟု သိရသည်။

“ကျွန်တော်တို့ ပြဿနာကြုံတာက သင်ကြားရေး ဆရာ/ဆရာမတွေ‌ပေါ့နော်၊ CDM ဝင်တဲ့သူတွေလဲရှိတယ်၊ သူတို့ကလဲ volunteer အနေနဲ့ပဲ ပါဝင်ပေးတာ၊ သူတို့မိသားစု စားဝတ်နေရေးရှိသေးတော့ အကုန်လုံး မပါဝင်ပေးနိုင်တာပေါ့။ ကျန်တော်တို့ဘက်ကနေရော ကျောင်းသားမိဘဆီကရော သူတို့ရဲ့ အသုံးစရိတ်လို့ပြောရမှာပေါ့ နေစရိတ်၊ စားစရိတ် အဲလိုမျိုးတွေ ပံ့ပိုးတာအားနည်းတဲ့ အခါကျတော့ သူတို့အနေနဲ့ ပါဝင်ဖို့ ခက်ခဲတာလဲပါမယ်ပေါ့။ နောက်ပြီး ဘွဲ့ရလူငယ်တွေပေါ့လေနော်၊ ပညာရေးမှာ စိတ်ဝင်စားပြီး ကိုယ့်ဒေသအတွက် အနစ်နာခံ ပေးဆပ်နိုင်တဲ့သူတွေပေါ့ အဲလိုခေါ်တာ၊ ခေါ်တော့ ဘယ်လိုလစာပေးတယ်ဆိုတဲ့ဟတွေ မပါတဲ့အခါကျတော့ လူငယ် တော်တော်များများက ပြည်ပထွက်တာ များတယ်။ အဲလိုများတော့ ကျွန်တော်တို့ ကိုးတန်းအောင် ဆယ်တန်းအဲဒီအထိကို လျှော့ပြီး ခေါ်ထားရတာ”ဟု ပလက်ဝမြို့နယ် ပညာရေးဘုတ်အဖွဲ့မှ ဥက္ကဌ John Bosco က ပြောသည်။

လက်ရှိတွင် ပလက်ဝမြို့နယ် ပညာရေးဘုတ်အဖွဲ့၏ ကြီးကြပ်မှုအောက်ရှိ လောင်တလိုင်ခရိုင် စစ်ဘေးရှောင်စခန်းများတွင် အခြေခံပညာ အထက်တန်းကျောင်း ၃ ကျောင်း၊ အခြေခံပညာ အလယ်တန်းကျောင်း ၂ ကျောင်းနှင့် အခြေခံပညာ မူလတန်းကျောင်း ၇ ကျောင်း စုစုပေါင်း စစ်ဘေးရှောင်ကျောင်း ၁၁ ကျောင်းရှိပြီး ကျောင်းသူ/ကျောင်းသား‌ပေါင်း တစ်ထောင်ဝန်းကျင်ရှိကာ သင်ကြားရေး ဆရာ/ဆရာမ ၈၀ ကျော်က တာဝန်ယူသင်ကြားပေးနေကြောင်း ပညာရေးဘုတ်အဖွဲ့ ဥက္ကဌ၏ ပြောပြချက်အရ သိရသည်။

စစ်ဘေးရှောင်ကျောင်းများတွင် ပညာသင်ကြားပေးနေသော ဆရာ/ဆရာမများသည် CDMer များနှင့် ပညာရေးဝန်ထမ်းမဟုတ်သော လုပ်အားပေး ဆရာ/ဆရာမများဖြစ်ကြပြီး ပညာရေးဘုတ်အဖွဲ့ဘက်မှ လစဉ်ထောက်ပံ့ကြေးရန် အခက်အခဲရှိနေသောကြောင့် ကျောင်းဆရာ/ဆရာမတချို့တို့မှာ မိသားစုစားဝတ်နေရရေးခက်ခဲလာ၍ သင်ကြားရေးတွင် ဆက်လက်ပါ ဝင်နိုင်ခြင်းမရှိသူများလာကြောင်း သိရသည်။

ထိုသို့ သင်ကြားရေးဆရာ၊ ဆရာမ မလုံလောက်မှုကြောင့် ၂၀၂၄-၂၀၂၅ ပညာသင်နှစ်အတွက် သင်ကြားရေးလိုအပ်ချက်များ ဖြည့်ဆည်းနိုင်ရန် ကိုးတန်းအောင်မှစ၍ ပညာရေးတွင် စိတ်ပါဝင်စားသူများအား လုပ်အားပေးခေါ်ယူကာ ရက်တိုသင်တန်းပေးလျက်ရှိနေကြောင်း ပလက်ဝပညာရေးဘုတ်အဖွဲ့ထံမှ သိရသည်။

သို့သော် လျှောက်ထားသူများအနေဖြင့်လည်း သင်ကြားရေးတွင် ရေရှည်ပါဝင်ပေးနိုင်ခြင်းမရှိသောကြောင့် ထပ်ခါထပ်ခါ ခေါ်ယူပြီး သင်တန်းပို့ချနိုင်ရန်လည်း ဘတ်ဂျက်မလုံလောက်ခြင်း၊ နေရာထိုင်ခင်းအဆင်မပြေမှုများ ရင်ဆိုင်နေကြရသည်ဟု သိရသည်။

ထို့အပြင် ‌စစ်ဘေးရှောင်ကျောင်းများတွင် ကျောင်းဆောင်မလုံလောက်ခြင်း၊ သင်ထောက်ကူ ပစ္စည်းများ လုံလောက်မှု မရှိခြင်း၊ ကျောင်းသုံးစာအုပ် ကိရိယာများမလုံလောက်ခြင်းကြောင့် ကလေးများအခက်ကြုံနေကြရသည် ဟု သိရသည်။

“ကျွန်တော်တို့ စစ်ဘေးရှောင် မီဇိုရမ်ဘက်မှာဆိုလို့ NGO တွေကလဲ ဝင်တာသိပ်မရှိဘူးဆိုတော့ အခက်အခဲရှိတာ၊ ကျောင်းဆောင်တွေက ယာယီအတွက် လုပ်ကြတော့ စာသင်ဖို့အတွက် အခန်းလုံလောက်မှုမရှိဘူးပေါ့၊ ပိကြပ်ပြီး ထိုင်ကြရတယ်။ ပြီးတော့ ပရိဘောဂလဲ လုံလောက်မှုမရှိဘူး လိုအပ်တာတော့ အများကြီးပါပဲ။ နောက်ပြီးရင် ပုံနှိပ်စာအုပ် တွေလဲမရရှိနိုင်ကြဘူး စာရေးကိရိယာ ကျောင်းသုံးဗလာစာအုပ်၊ ဘောပင်ကအစ သူတို့လုံလောက်မှုမရှိတာတွေ ကြုံနေရပါတယ်” ဟု ပလက်ဝမြို့နယ် ပညာရေးဘုတ်အဖွဲ့မှ ဥက္ကဌ John Bosco က ပြောသည်။

ပလက်ဝ ပညာရေးဘုတ်အဖွဲ့သည် ပြီးခဲ့သည့် ဩဂုတ်လ ၁၄ ရက်နေ့မှ ၂၆ ရက်နေ့အတွင်း မီဇိုရမ်ပြည်နယ်၊ လောင်တလိုင် ခရိုင်အတွင်းရှိ ပလက်ဝစစ်ဘေးရှောင်ကျောင်း ၁၁ ကျောင်းအနက် ၈ ကျောင်းသို့သွားရောက် ကွင်းဆင်းခဲ့ကြရာ သင်ကြားရေးလုပ်ငန်းဆောင်ရွက်ရာတွင် မရှိမဖြစ်လိုအပ်သော သင်ထောက်ကူပစ္စည်းများဝယ်ယူနိုင်ရန် အနည်းငယ်စီ ပံ့ပိုးပေးခဲ့ကြောင်း ဩဂုတ်လ ၂၇ ရက်နေ့တွင် ထုတ်ပြန်ခဲ့သည်။

သို့သော် ၎င်းတိုအနေဖြင့် ပညာရေး ရံပုံငွေနှင့် ကူညီထောက်ပံ့ငွေရရှိခြင်းမရှိသောကြောင့် စစ်ဘေးရှောင်ကျောင်းများ၏ အခက်အခဲများအား ကြီးကြီးမားမား ထောက်ပံ့နိုင်ခြင်းမရှိကြောင်း ဥက္ကဌက ပြောသည်။

ထို့ကြောင့် စစ်ဘေးရှောင် ကလေးများကောင်းမွန်စွာ ပညာသင်ကြားနိုင်ရေးအတွက် အဖွဲ့အစည်းများ၊ ပြည်တွင်း/ပြည်ပရှိ မိဘပြည်သူများအနေဖြင့် လိုအပ်သောထောက်ပံ့မှုများ ကူညီပေးကြရန်လည်း ပညာရေးဘုတ်အဖွဲ့က မေတ္တာရပ်ခံထားသည်။

ပလက်ဝမြို့နယ် ပညာရေးဘုတ်အဖွဲ့သည် နိုင်ငံရေးပဋိပက္ခကြောင့် ပလက်ဝကောင်စီအုပ်ချုပ်ရေးနယ်မြေအတွင်းရှိ ကျောင်းသား ကလေးသူငယ်များ ပညာသင်ကြားခွင့် နစ်နာဆုံးရှုံးမှုမရှိစေရေးရှေးရှုလျက် အမျိုးသားညီညွှတ်ရေးအစိုးရ၊ ပညာရေးဝန်ကြီးဌာန၏ လမ်းညွှန်မှုဖြင့် ကျေးရွာနှင့် စစ်ဘေးရှောင်စခန်းများတွင် ကြားကာလ ပညာရေးအကောင်အထည် ဖော်ဆောင်နိုင်းရေး၊ ပြည်သူ့အခြေပြုကျောင်းများကို (အခြေခံပညာမူလတန်းဆင့်၊ အလယ်တန်းဆင့်နှင့် အထက်တန်းဆင့်) အထိ ပြည်သူများနှင့် ပူးပေါင်းပြီးဖွင့်လှစ်ပေးသော ပညာရေးဘုတ်အဖွဲ့ဖြစ်သည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

ဟားခါးမြို့တွင် ကုန်ဈေးနှုန်းကြီးမြင့်မှုကြောင့် အထွေထွေကျပ်တည်းမှုဖြစ်လာ

သိုင်းငင်းလမ်း ပြန်ဖွင့်သော်လည်း စစ်ကော်မရှင်တပ်က ငွေကြေးအဆမတန် တောင်းခံနေသောကြောင့် ကုန်တင်ကားကြီးများသာ အဓိကသွားလာနေရ

ဖလမ်း၊ Khuangli ရွာက စစ်ကော်မရှင်စစ်ကြောင်း ချင်းပူးပေါင်းတပ် ထိုးစစ်ဆင် တိုက်ခိုက်

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
January 7, 2026

သတင်းအမှောင်ထဲက ချင်းပြည်နဲ့ ရှင်သန်ရပ်တည်ရေး ရုန်းကန်နေရတဲ့ ဌာနေ နားမျက်စိတွေ

January 2, 2026

#Article”ချင်းကို ကာရံညှိခြင်း”

December 17, 2025

တူမီးတော်လှန်ရေးရဲ့ လက်တကမ်းမှာ ပိုခက်ခဲလာတဲ့ အမေ့လျှော့ခံ ချင်းစစ်ဘေးရှောင်ရဲ့ ရှေ့ခရီး

November 28, 2025

“ပေးဆပ်မှု ကြီးမားကြသူများ”

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
January 7, 2026

သတင်းအမှောင်ထဲက ချင်းပြည်နဲ့ ရှင်သန်ရပ်တည်ရေး ရုန်းကန်နေရတဲ့ ဌာနေ နားမျက်စိတွေ

January 2, 2026

#Article”ချင်းကို ကာရံညှိခြင်း”

December 17, 2025

တူမီးတော်လှန်ရေးရဲ့ လက်တကမ်းမှာ ပိုခက်ခဲလာတဲ့ အမေ့လျှော့ခံ ချင်းစစ်ဘေးရှောင်ရဲ့ ရှေ့ခရီး

November 28, 2025

“ပေးဆပ်မှု ကြီးမားကြသူများ”

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.