Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Headline»ပလက်ဝတွင် ကလေးမိခင်တဦးကို မုဒိမ်းကျင့်ပြီး သတ်ဖြတ်ရန် ကြိုးပမ်းသူ AA တပ်ဖွဲ့ဝင် ၂ ဦးကို အရေးယူမည်ဟု AA ဆို
ပုံစာ - AA ပြောရေးဆိုခွင့်ရှိသူ ခိုင်သုခ

ပလက်ဝတွင် ကလေးမိခင်တဦးကို မုဒိမ်းကျင့်ပြီး သတ်ဖြတ်ရန် ကြိုးပမ်းသူ AA တပ်ဖွဲ့ဝင် ၂ ဦးကို အရေးယူမည်ဟု AA ဆို

0
By Editor on April 25, 2025 Headline

(006SV)

ချင်းပြည်နယ်တောင်ပိုင်း၊ ပလက်ဝမြို့နယ်၊ စိမ်းစင်းရွာက ကလေးမိခင်တဦးကို အာရက္ခတပ်တော် ULA/AA တပ်ဖွဲ့ဝင် ၂ ဦးက မုဒိမ်းကျင့်ကာ သတ်ဖြတ်ရန် ကြိုးပမ်းမှုသည် မှန်ကန်ပြီး ပြစ်မှု ပြစ်ဒဏ်မျှတအောင် ပြင်းပြင်းထန်ထန် အရေးယူမည်ဟု အာရက္ခတပ်တော် ပြောရေးဆိုခွင့်ရှိသူက ပြောသည်။

ဧပြီလ ၅ ရက်က ပလက်ဝမြို့နယ်၊ စိမ်းစင်းကျေးရွာမှ အသက် ၂၃ နှစ်အရွယ် ကလေးမိခင်တဦးကို ULA/ AA တပ်ဖွဲ့ဝင် အရာရှိ ၁ ဦးနှင့် တပ်သား ၁ ဦးတို့က မုဒိမ်းမှုကျူးလွန်၍ ရေနှစ် လူသတ်ဖျောက်ဖျက်ရန် ကြိုးပမ်းမှုနှင့် ပတ်သက်၍ ULA/ AA ပြောရေးဆို ခွင့်ရှိသူက အတည်ပြုဖြေကြားခြင်းဖြစ်သည်။

“အဲ့ဒီမုဒိမ်းမှု ကျူးလွန်တယ်ဆိုတဲ့ ကိစ္စက မှန်ပါတယ်ခင်ဗျာ။ ဒီကိစ္စကတော့ပလက်ဝမြို့နယ်၊ စိမ့်စင်းဝကျေးရွာမှာ ဖြစ်ပွားသွား ခဲ့တာပါ။ပြစ်မှုဖြစ်ပွားတဲ့ နေ့ကတည်းက အဲ့ဒီပြစ်မှုကျူးလွန်တဲ့ ရဲဘော် နှစ်ယောက်ကိုကျနော်တို့ ဖမ်းဆီးထိန်းသိမ်းထားပြီး ဖြစ်ပါတယ်” ဟု ULA/ AA ပြောရေးဆိုခွင့်ရှိသူ ဦးခိုင်သုခက ရခိုင်ဒေသတွင်း သတင်းဌာနဖြစ်သော နိရဉ္စရာသတင်းဌာနကို ဖြေကြားထားသည်။

လက်ရှိတွင် ယင်းအမှုကို စုံစမ်းစစ်ဆေးမှုများ ဆောင်ရွက်နေပြီး တရားမျှတမှု ရရှိရေးအတွက် ပြစ်မှု ပြစ်ဒဏ် မျှတအောင် ပြင်းပြင်းထန်ထန် အရေးယူဆောင်ရွက်သွားမည်ဟု ဦးခိုင်သုခက ပြောသည်။

ULA/ AA ထိန်းချုပ်ထားသော ပလက်ဝမြို့နယ်အတွင်း ခူမီချင်းလူမျိုး၊ ကလေးမိခင်တဦးသည် ယခုလို ကျူးလွန်ခံရမှုအပေါ် နစ်နာသူ၏ ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာ လုံခြုံမှု ရှိစေမည့် အကောင်းဆုံးနည်းလမ်းဖြင့် ဖြေရှင်းပေးရန် ကြားကာလ ခူမီးချင်းမျိုးနွယ်စုများရေးရာ အတိုင်ပင်ခံကောင်စီ/ပလက်ဝကောင်စီ (IKACC/PC) က တောင်းဆိုထားသည်။

ထို့အပြင် နစ်နာသူ၏ မိသားစု လုံခြုံရေးအတွက် တာဝန်ယူမှု၊ တာဝန်ခံမှုရှိစွာ ဖြေရှင်းရန်နှင့် ယခုဖြစ်စဉ်သည် လူမျိုးတရပ်အပေါ် ဖိနှိပ်၊ စော်ကားပြီး လူ့အခွင့်အရေး ချိုးဖောက်ခြင်းဖြစ်သည် IKACC/PC တို့က ဆိုသည်။

ဖြစ်စဉ်မှာ ဧပြီလ ၅ ရက်က စိမ်းစင်းကျေးရွာမှ အသက်၂ နှစ်အရွယ် နို့စို့ ကလေးငယ်တစ်ဦး၏ မိခင်သည် ၎င်းရွာမှ ၁၀ မိနစ်ခန့်သာ လမ်းလျှောက်သွားရသော ယာခင်းသို့ သွားရာလမ်းတွင် ULA/ AA တပ်ဖွဲ့ဝင်တို့က အဓမ္မပြုကျင့်ပြီး ရေနှစ်သတ်ဖြတ်ရန် ကြိုးပမ်း နေစဉ် ယောက္ခမဖြစ်သူက တွေ့ရှိ၍ အော်ဟစ်အကူအညီ တောင်းရာမှ လွတ်မြောက်လာခြင်းဖြစ်သည်။

အဆိုပါ အမျိုးသမီးကို ရွာပြင်သို့ ထွက်ခွင့်မပေးဘဲ ရွာထဲမှာသာ ဆက်လက်ရှိသေးကြောင်း၊ ဆေးဝါးကုသမှုလည်း ခံယူနေရ ကြောင်း သိရသည်။

ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်၏ တခုလုံးနီးပါးကို ULA/AA က ၂၀၂၄ ခုနှစ် ဇန်နဝါရီလတွင် သိမ်းပိုက်ထိန်းချုပ်နိုင်ခဲ့ပြီး ယနေ့အထိ အုပ်ချုပ်ရေးလုပ်ငန်းများ ဖော်ဆောင်နေသည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

IKACC က စစ်ကော်မရှင်အဖွဲ့နှင့် မဟာမိတ်ဆက်ဆံရေးအဖွဲ့တို့ကို ပြင်ဆင်ဖွဲ့စည်း

ချင်းနှင့် စစ်ကိုင်းက စစ်ရှောင်စခန်းများတွင် အမျိုးသမီးလစဉ်သုံးနှင့် ဆေးဝါးများ လိုအပ်နေဟု WJ ဆို

CEIR မိုဘိုင်းဖုန်းမှတ်ပုံတင်စနစ် စစ်ကော်မရှင်အကောင်အထည်ဖော်တော့မည်

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
February 19, 2026

“ကာကွယ်ရေး အသုံးစရိတ်ကို အရင်က ၆၅ ရာခိုင်နှုန်းကနေ ဒီနှစ်တော့ ကာကွယ်ရေးကို ၈၀ ရာခိုင်နှုန်းအထိ တိုးမြှင့်သွားမယ်”

February 2, 2026

သွေးစွန်းသော မဲပုံးများနှင့် “Made in China” အရိပ်အောက်က ရွေးကောက်ပွဲ

February 1, 2026

#article”ပြည်သူ့အားနဲ့ ရိုက်ချိုးကြ၊ CSOs အားနဲ့ ထိုးဖောက်ကြ”

January 17, 2026

#interview“ဝန်ကြီးချုပ်ဆိုရင် သူ့ရဲ့ PSO က အစ၊ သူရဲ့ အမျိုးတွေ အကုန်လုံး ကုမ္ပဏီနာမည်အမျိုးမျိုးနဲ့ လုပ်နေကြတာ” CDF – ဟားခါး ဥက္ကဌ Salai Hram Lian

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
February 19, 2026

“ကာကွယ်ရေး အသုံးစရိတ်ကို အရင်က ၆၅ ရာခိုင်နှုန်းကနေ ဒီနှစ်တော့ ကာကွယ်ရေးကို ၈၀ ရာခိုင်နှုန်းအထိ တိုးမြှင့်သွားမယ်”

February 2, 2026

သွေးစွန်းသော မဲပုံးများနှင့် “Made in China” အရိပ်အောက်က ရွေးကောက်ပွဲ

February 1, 2026

#article”ပြည်သူ့အားနဲ့ ရိုက်ချိုးကြ၊ CSOs အားနဲ့ ထိုးဖောက်ကြ”

January 17, 2026

#interview“ဝန်ကြီးချုပ်ဆိုရင် သူ့ရဲ့ PSO က အစ၊ သူရဲ့ အမျိုးတွေ အကုန်လုံး ကုမ္ပဏီနာမည်အမျိုးမျိုးနဲ့ လုပ်နေကြတာ” CDF – ဟားခါး ဥက္ကဌ Salai Hram Lian

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.