Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Headline»ပလက်ဝမြို့ကို စစ်ကော်မရှင်တပ်က ပေါင် ၅၀၀ ဗုံးများဖြင့် တိုက်ခိုက်၊ ထိခိုက်သေဆုံးမှုများရှိဟု ဆို
Photo- We Love Paletwa

ပလက်ဝမြို့ကို စစ်ကော်မရှင်တပ်က ပေါင် ၅၀၀ ဗုံးများဖြင့် တိုက်ခိုက်၊ ထိခိုက်သေဆုံးမှုများရှိဟု ဆို

0
By Editor on September 29, 2025 Headline

(006SV)

ချင်းပြည်နယ်တောင်ပိုင်း၊ ပလက်ဝမြို့ကို ယနေ့ နေ့လည်ပိုင်းက စစ်ကော်မရှင်တပ်က ပေါင် ၅၀၀ ဗုံးများ အသုံးပြု၍ လေကြောင်းတိုက်ခိုက်မှု ပြင်းပြင်း ထန်ထန်ပြုလုပ်သွားသည်ဟု ပလက်ဝဒေသခံတချို့ထံမှ သိရသည်။

ယနေ့စက်တင်ဘာလ ၂၉ ရက် နေ့လည်ပိုင်းတွင် စစ်ကော်မရှင်တပ်သည် ဂျက်ဖိုက်တာဖြင့် ပလက်ဝမြို့ကို ပေါင် ၅၀၀ ဗုံး ၃ လုံး ဖြင့် ကြဲချတိုက်ခိုက်ရာ ပလက်ဝဆေးရုံးအနီးမှာ ၁ လုံး ကျရောက်ပေါက်ကွဲပြီး ၂ လုံးမှာ မြို့ပြင်ဘက် ကျရောက်သည်ဟု သိရ သည်။

“ပလက်ဝမြို့ပေါ်ကို ပေါင် ၅၀၀ ဗုံး ၃ လုံးကြဲချတာပါ။ တစ်လုံးက မြို့ထဲ ဆေးရုံးနားမှာ ကျတယ်၊၊ နှစ်လုံးကတော့ မြို့ပြင်ဘက် အနီးမှာ ကျတယ်။ ထိခိုက်မှု အခြေအနေကတော့ အခုက ကျနော်လည်း ဘာမှ မသိရသေးဘူး” ဟု ပလက်ဝ ဒေသခံတဦးက ပြောသည်။

ပလက်ဝမြို့ကို စစ်ကော်မရှင်တပ် လေကြောင်းတိုက်ခိုက်မှုကြောင့် လူထိခိုက်သေဆုံးမှုနှင့် ပျက်စီးမှု အခြေအနေများကို ဆက်လက်မေးမြန်းနေဆဲဖြစ်သည်။

ရခိုင်သတင်းဌာန DMG ကတော့ ပလက်ဝကို လေကြောင်းတိုက်ခိုက်မှုကြောင့် ကနဦးသတင်းအရ ဒေသခံ ၂ ဦး သေဆုံးပြီး ၁၀ ဦးထက်မနည်း ထိခိုက်ဒဏ်ရာများ ရရှိသည်ဟု ရေးသားဖော်ပြသည်။

ချင်းပြည်နယ်တောင်ပိုင်း၊ ပလက်ဝမြို့ကို အာရက္ခတပ်တော် ULA/ AA က ၂၀၂၄ ခုနှစ် ဇန်နဝါရီလတွင် တိုက်ခိုက်သိမ်းပိုက်ပြီး အုပ်ချုပ်ရေးယန္တရားများ ဖော်ဆောင်ကာ ထိန်းချုပ်ထာသည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

CDF-Hualngoram ထိန်းချုပ်နယ်မြေတွင် ပြည်သူ့ထည့်ဝင်ငွေဖြင့် ရဲဘော်များအား လစဉ် ၅ သိန်းကျပ်စီ ထောက်ပံ့

ဟားခါး၊ ချွန်ကျုံးကျေးရွာ သင်းအုပ်ဆရာတော်နှင့် ဒေသခံရွာသားတို့ကို စစ်တပ်က သတ်ဖြတ်မှု အရေးယူပေးရန် အမေရိကန်အစိုးရနှင့် နိုင်ငံတကာထံ BRI တောင်းဆို

ချင်းလဲန်းကောင်စီက ဒေသန္တရအစိုးရများကို မြို့နယ်နှင့်ဒေသ ၁၉ ခုတွင် မျိုးနွယ်စုများနှင့်ဒေသကို အခြေခံ၍ ဖွဲ့စည်းခဲ့ဟု ဆို

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
September 4, 2026

ကလေးမြို့က သားသည်မိခင်တို့၏ ညစဉ်ခြောက်လှန့်အိပ်မက်နှင့် ပေါ်တာဆွဲမှု အရေခြုံစစ်မှုထမ်းဥပဒေ

August 26, 2026

“ဒဏ်ရာများထက် ပိုမိုတောက်ပသော အနာဂတ်အတွက် ပေးဆပ်မှု”

June 26, 2026

တောင်ဇလပ်မြေက တော်လှန်ရဲမေများရဲ့ဖက်ဒရယ်အိပ်မက်ထဲက အခက်အခဲ

June 4, 2026

နယ်စပ်က မျက်ရည်များနဲ့ ပျောက်ဆုံးနေသော အိပ်မက်များ

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
September 4, 2026

ကလေးမြို့က သားသည်မိခင်တို့၏ ညစဉ်ခြောက်လှန့်အိပ်မက်နှင့် ပေါ်တာဆွဲမှု အရေခြုံစစ်မှုထမ်းဥပဒေ

August 29, 2026

CDF-Hualngoram ထိန်းချုပ်နယ်မြေတွင် ပြည်သူ့ထည့်ဝင်ငွေဖြင့် ရဲဘော်များအား လစဉ် ၅ သိန်းကျပ်စီ ထောက်ပံ့

August 28, 2026

ဟားခါး၊ ချွန်ကျုံးကျေးရွာ သင်းအုပ်ဆရာတော်နှင့် ဒေသခံရွာသားတို့ကို စစ်တပ်က သတ်ဖြတ်မှု အရေးယူပေးရန် အမေရိကန်အစိုးရနှင့် နိုင်ငံတကာထံ BRI တောင်းဆို

August 28, 2026

တွန်းဇံမြို့နယ်ရှိ ZRA-EC စခန်းကို CDF-တွန်းဇံက ဝင်ရောက်စီးနင်းတိုက်ခိုက်

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.