Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Headline»ပလက်ဝမြို့ကို လေကြောင်းက ဗုံးကြဲတိုက်ခိုက်ရာ စစ်သုံပန်းစစ်ကောင်စီတပ်ဖွဲ့ဝင်တချို့ သေဆုံး၊ အသက် ၈ နှစ်အရွယ်အပါအဝင် အရပ်သား ၂ ဦးလည်း သေဆုံးပြီး ၄ ဦးထက်မနည်းဒဏ်ရာရ

ပလက်ဝမြို့ကို လေကြောင်းက ဗုံးကြဲတိုက်ခိုက်ရာ စစ်သုံပန်းစစ်ကောင်စီတပ်ဖွဲ့ဝင်တချို့ သေဆုံး၊ အသက် ၈ နှစ်အရွယ်အပါအဝင် အရပ်သား ၂ ဦးလည်း သေဆုံးပြီး ၄ ဦးထက်မနည်းဒဏ်ရာရ

0
By Editor on February 12, 2024 Headline

(006SV)

ချင်းပြည်နယ်၊ ပလက်ဝမြို့ကို စစ်ကောင်စီက ဂျက်ဖိုက်တာဖြင့် ဗုံးကြဲတိုက်ခိုက်မှုများကြောင့် စစ်သုံပန်းများအဖြစ် ဖမ်းဆီးထိန်းသိမ်းထားသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်တချို့ သေဆုံးပြီး တချို့ ပြင်းထန်ဒဏ်ရာများ ရရှိခဲ့ကြောင်း ရက္ခိုင်တပ်တော် AA က သတင်းထုတ်ပြန်သည်။

ဖေဖော်ဝါရီလ ၁၁ ရက် ညနေ ၄ နာရီ မီနစ် ၅၀ ခန့်တွင် ရက္ခိုင်တပ်တော်က ပလက်ဝမြို့ကို စစ်ကောင်စီက ဂျက်ဖိုက်တာ (၁) စီးဖြင့် ၂ ကြိမ် လာရောက်၍ ဗုံးကြဲတိုက်ခိုက်မူများ ပြုလုပ်ခဲ့ပြီး လေယာဉ်ပေါ်မှ စစ်သေနတ်များဖြင့်ပါ ပစ်ခတ်တိုက်ခိုက်ခဲ့သည်ဟု ညီနောင်မဟာမိတ် (၃) ဖွဲ့က သတင်းထုတ်ပြန်သည်။

ယင်းတိုက်ခိုက်မှုတွင် အသက် ၈ နှစ်အရွယ် ကလေးငယ် (၁) အပါအဝင် အရပ်သားပြည်သူ (၂) ဦး ပွဲချင်းပြီးသေဆုံးခဲ့ကာ ဒေသခံပြည်သူ ၄ ဦးထက်မနည်း ထိခိုက်ဒဏ်ရာများ ရရှိခဲ့ကြောင်း သိရသည်။

ထို့အပြင် လေကြောင်းတိုက်ခိုက်မှုကြောင့် ပလက်ဝမြို့တွင် စစ်သုံပန်းဥပဒေအရ ရက္ခိုင့်တပ်တော်၏ ဖမ်းဆီးထိန်းသိမ်းထားပြီး ကျန်းမာရေးစောင့်ရှောက်မှုပေးနေသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်တချို့ သေဆုံးကာ တချို့ ပြင်းထန်ဒဏ်ရာများ ရရှိခဲ့ကြောင်း သိရသည်။

ပြီးခဲ့သည့် ဇန်နဝါရီလကုန်ပိုင်းကလည်း ပလက်ဝမြို့နယ်၊ CDF Daai ထိန်းချုပ်နယ်မြေအတွင်းက ဟုမ်းကျေးရွာကို စစ်ကောင်စီက လေကြောင်းက ၃ ကြိမ် ဗုံးကြဲတိုက်ခိုက်ရာ အရပ်သား ၇ ဦး သေဆုံးခဲ့ပြီး နေအိမ်များလည်း ထိခိုက်ပျက်စီးခဲ့ရသည်။

ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်တစ်ခုလုံးရှိ စစ်ကောင်စီတပ်စခန်းနှင့် ရဲစခန်းအားလုံးကို ရက္ခိုင်တပ်တော် AA က ယခုနှစ် ဇန်နဝါရီလလယ်တွင် အပြီးသတ်သိမ်းပိုက်ပြီးနောက် စစ်ကောင်စီ ကင်းစင်နယ်မြေအဖြစ် ကြေညာကာ ယနေ့အချိန်ထိ ထိန်းချုပ်စိုးမိုးထားသည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

စစ်အစိုးရသစ် သမ္မတ ဖြစ်လာမည့် မင်းအောင်လှိုင်ကို ဂျာကာတာမှာ လူမျိုးတုံးသတ်ဖြတ်မှုဖြင့် တရားစွဲမည်

ချင်းတော်လှန်ရေးတပ်ဖွဲ့များ၏ စစ်မှုထမ်းမူဝါဒနှင့် တပ်သားစုဆောင်းမှုပုံစံများ ဝေဖန်မှုမြင့်တက်လာ

ZFU/PDF Zoland က စစ်မှုထမ်းကင်းလွတ်ခွင့်ရှိသည့် သင်တန်းဆင်းလူငယ် ၁၇ ဦးကို ဒုတိယအသုတ်အဖြစ် ပြန်လွှတ်

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
February 19, 2026

“ကာကွယ်ရေး အသုံးစရိတ်ကို အရင်က ၆၅ ရာခိုင်နှုန်းကနေ ဒီနှစ်တော့ ကာကွယ်ရေးကို ၈၀ ရာခိုင်နှုန်းအထိ တိုးမြှင့်သွားမယ်”

February 2, 2026

သွေးစွန်းသော မဲပုံးများနှင့် “Made in China” အရိပ်အောက်က ရွေးကောက်ပွဲ

February 1, 2026

#article”ပြည်သူ့အားနဲ့ ရိုက်ချိုးကြ၊ CSOs အားနဲ့ ထိုးဖောက်ကြ”

January 17, 2026

#interview“ဝန်ကြီးချုပ်ဆိုရင် သူ့ရဲ့ PSO က အစ၊ သူရဲ့ အမျိုးတွေ အကုန်လုံး ကုမ္ပဏီနာမည်အမျိုးမျိုးနဲ့ လုပ်နေကြတာ” CDF – ဟားခါး ဥက္ကဌ Salai Hram Lian

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
February 19, 2026

“ကာကွယ်ရေး အသုံးစရိတ်ကို အရင်က ၆၅ ရာခိုင်နှုန်းကနေ ဒီနှစ်တော့ ကာကွယ်ရေးကို ၈၀ ရာခိုင်နှုန်းအထိ တိုးမြှင့်သွားမယ်”

February 2, 2026

သွေးစွန်းသော မဲပုံးများနှင့် “Made in China” အရိပ်အောက်က ရွေးကောက်ပွဲ

February 1, 2026

#article”ပြည်သူ့အားနဲ့ ရိုက်ချိုးကြ၊ CSOs အားနဲ့ ထိုးဖောက်ကြ”

January 17, 2026

#interview“ဝန်ကြီးချုပ်ဆိုရင် သူ့ရဲ့ PSO က အစ၊ သူရဲ့ အမျိုးတွေ အကုန်လုံး ကုမ္ပဏီနာမည်အမျိုးမျိုးနဲ့ လုပ်နေကြတာ” CDF – ဟားခါး ဥက္ကဌ Salai Hram Lian

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.