Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Headline»ပလက်ဝမြို့ကို လေကြောင်းက ဗုံးကြဲတိုက်ခိုက်ရာ စစ်သုံပန်းစစ်ကောင်စီတပ်ဖွဲ့ဝင်တချို့ သေဆုံး၊ အသက် ၈ နှစ်အရွယ်အပါအဝင် အရပ်သား ၂ ဦးလည်း သေဆုံးပြီး ၄ ဦးထက်မနည်းဒဏ်ရာရ

ပလက်ဝမြို့ကို လေကြောင်းက ဗုံးကြဲတိုက်ခိုက်ရာ စစ်သုံပန်းစစ်ကောင်စီတပ်ဖွဲ့ဝင်တချို့ သေဆုံး၊ အသက် ၈ နှစ်အရွယ်အပါအဝင် အရပ်သား ၂ ဦးလည်း သေဆုံးပြီး ၄ ဦးထက်မနည်းဒဏ်ရာရ

0
By Editor on February 12, 2024 Headline

(006SV)

ချင်းပြည်နယ်၊ ပလက်ဝမြို့ကို စစ်ကောင်စီက ဂျက်ဖိုက်တာဖြင့် ဗုံးကြဲတိုက်ခိုက်မှုများကြောင့် စစ်သုံပန်းများအဖြစ် ဖမ်းဆီးထိန်းသိမ်းထားသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်တချို့ သေဆုံးပြီး တချို့ ပြင်းထန်ဒဏ်ရာများ ရရှိခဲ့ကြောင်း ရက္ခိုင်တပ်တော် AA က သတင်းထုတ်ပြန်သည်။

ဖေဖော်ဝါရီလ ၁၁ ရက် ညနေ ၄ နာရီ မီနစ် ၅၀ ခန့်တွင် ရက္ခိုင်တပ်တော်က ပလက်ဝမြို့ကို စစ်ကောင်စီက ဂျက်ဖိုက်တာ (၁) စီးဖြင့် ၂ ကြိမ် လာရောက်၍ ဗုံးကြဲတိုက်ခိုက်မူများ ပြုလုပ်ခဲ့ပြီး လေယာဉ်ပေါ်မှ စစ်သေနတ်များဖြင့်ပါ ပစ်ခတ်တိုက်ခိုက်ခဲ့သည်ဟု ညီနောင်မဟာမိတ် (၃) ဖွဲ့က သတင်းထုတ်ပြန်သည်။

ယင်းတိုက်ခိုက်မှုတွင် အသက် ၈ နှစ်အရွယ် ကလေးငယ် (၁) အပါအဝင် အရပ်သားပြည်သူ (၂) ဦး ပွဲချင်းပြီးသေဆုံးခဲ့ကာ ဒေသခံပြည်သူ ၄ ဦးထက်မနည်း ထိခိုက်ဒဏ်ရာများ ရရှိခဲ့ကြောင်း သိရသည်။

ထို့အပြင် လေကြောင်းတိုက်ခိုက်မှုကြောင့် ပလက်ဝမြို့တွင် စစ်သုံပန်းဥပဒေအရ ရက္ခိုင့်တပ်တော်၏ ဖမ်းဆီးထိန်းသိမ်းထားပြီး ကျန်းမာရေးစောင့်ရှောက်မှုပေးနေသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်တချို့ သေဆုံးကာ တချို့ ပြင်းထန်ဒဏ်ရာများ ရရှိခဲ့ကြောင်း သိရသည်။

ပြီးခဲ့သည့် ဇန်နဝါရီလကုန်ပိုင်းကလည်း ပလက်ဝမြို့နယ်၊ CDF Daai ထိန်းချုပ်နယ်မြေအတွင်းက ဟုမ်းကျေးရွာကို စစ်ကောင်စီက လေကြောင်းက ၃ ကြိမ် ဗုံးကြဲတိုက်ခိုက်ရာ အရပ်သား ၇ ဦး သေဆုံးခဲ့ပြီး နေအိမ်များလည်း ထိခိုက်ပျက်စီးခဲ့ရသည်။

ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်တစ်ခုလုံးရှိ စစ်ကောင်စီတပ်စခန်းနှင့် ရဲစခန်းအားလုံးကို ရက္ခိုင်တပ်တော် AA က ယခုနှစ် ဇန်နဝါရီလလယ်တွင် အပြီးသတ်သိမ်းပိုက်ပြီးနောက် စစ်ကောင်စီ ကင်းစင်နယ်မြေအဖြစ် ကြေညာကာ ယနေ့အချိန်ထိ ထိန်းချုပ်စိုးမိုးထားသည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

ဟားခါးမြို့တွင် ကုန်ဈေးနှုန်းကြီးမြင့်မှုကြောင့် အထွေထွေကျပ်တည်းမှုဖြစ်လာ

သိုင်းငင်းလမ်း ပြန်ဖွင့်သော်လည်း စစ်ကော်မရှင်တပ်က ငွေကြေးအဆမတန် တောင်းခံနေသောကြောင့် ကုန်တင်ကားကြီးများသာ အဓိကသွားလာနေရ

ဖလမ်း၊ Khuangli ရွာက စစ်ကော်မရှင်စစ်ကြောင်း ချင်းပူးပေါင်းတပ် ထိုးစစ်ဆင် တိုက်ခိုက်

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
January 7, 2026

သတင်းအမှောင်ထဲက ချင်းပြည်နဲ့ ရှင်သန်ရပ်တည်ရေး ရုန်းကန်နေရတဲ့ ဌာနေ နားမျက်စိတွေ

January 2, 2026

#Article”ချင်းကို ကာရံညှိခြင်း”

December 17, 2025

တူမီးတော်လှန်ရေးရဲ့ လက်တကမ်းမှာ ပိုခက်ခဲလာတဲ့ အမေ့လျှော့ခံ ချင်းစစ်ဘေးရှောင်ရဲ့ ရှေ့ခရီး

November 28, 2025

“ပေးဆပ်မှု ကြီးမားကြသူများ”

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
January 7, 2026

သတင်းအမှောင်ထဲက ချင်းပြည်နဲ့ ရှင်သန်ရပ်တည်ရေး ရုန်းကန်နေရတဲ့ ဌာနေ နားမျက်စိတွေ

January 2, 2026

#Article”ချင်းကို ကာရံညှိခြင်း”

December 17, 2025

တူမီးတော်လှန်ရေးရဲ့ လက်တကမ်းမှာ ပိုခက်ခဲလာတဲ့ အမေ့လျှော့ခံ ချင်းစစ်ဘေးရှောင်ရဲ့ ရှေ့ခရီး

November 28, 2025

“ပေးဆပ်မှု ကြီးမားကြသူများ”

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.