Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Headline»ပလက်ဝမြို့နယ်ကို ရခိုင်ပြည်နယ်၏ ခရိုင်တစ်ခုအဖြစ်ထည့်သွင်းမှုကို GKO က ပြင်းထန်စွာ ရှုတ်ချ

ပလက်ဝမြို့နယ်ကို ရခိုင်ပြည်နယ်၏ ခရိုင်တစ်ခုအဖြစ်ထည့်သွင်းမှုကို GKO က ပြင်းထန်စွာ ရှုတ်ချ

0
By Editor on June 19, 2025 Headline

(004SS)

ချင်းပြည်နယ်တောင်ပိုင်းရှိ ပလက်ဝမြို့နယ်ကို အာရက္ခတပ်တော် (ULA/AA) က ရခိုင်ပြည်နယ်၏ ၈ ခုမြောက်ခရိုင်အဖြစ် ဖွဲ့စည်းထည့်သွင်းမှုကို Global Khumi Organization (GKO) က ပြင်းထန်စွာ ရှုတ်ချကြောင်း ထုတ်ပြန်သည်။

ULA/AA သည် ရခိုင်ပြည်နယ်အား ခရိုင် ၈ ခုဖြင့် ပြန်လည်ဖွဲ့စည်းရာတွင် ပလက်ဝမြို့နယ်ကို ရခိုင်ပြည်နယ်၏ ခရိုင် တစ်ခုအဖြစ် ထည့်သွင်းခဲ့သည်ဟု ရခိုင်အခြေစိုက် Narinjara သတင်းဌာနက ဇွန်လ ၁၂ ရက်နေ့က ရေးသားဖော်ပြမှုနှင့် ပတ်သက်၍ Global Khumi Organization (GKO) က ယခုကဲ့သို့ထုတ်ပြန်လာခြင်းဖြစ်သည်။

ဒေသခံချင်းတိုင်းရင်းသားများ၏ သဘောထားမပါဘဲ ပလက်ဝခရိုင်ကို ရခိုင်ပြည်ထဲသို့ ထည့်သွင်းခြင်းသည် ဒေသခံ ခူမီး(ချင်း) ပြည်သူများနှင့် ချင်းတစ်မျိုးသားလုံးကို စော်ကားခြင်းဖြစ်သောကြောင့် ULA/AA ၏ လုပ်ရပ်ကို ပြင်းထန်စွာ ရှုပ်ချကြောင်း Global Khumi Organization – GKO က ဖော်ပြထားသည်။

ပလက်ဝခရိုင်သည် ၁၈၇၆ ခုနှစ်၊ အင်္ဂလိပ်လက်အောက်ကျရောက်စဉ်က ရခိုင်မြောက်ပိုင်း တောင်တန်းခရိုင်ဟု သတ်မှတ်ခဲ့ သော်လည်း ခူမီးလူမျိုးများက သီးခြားလွပ်လပ်စွာ အုပ်ချုပ်ခဲ့သောနယ်မြေဖြစ်သည်ဟု သိရသည်။ ပလက်ဝခရခိုင်သည် ၁၉၄၇၊ ၁၉၇၄ နှင့် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေများအရ ချင်းပြည်နယ်ရှိ မြို့နယ် ၉ ခုထဲက တစ်ခုဖြစ်သည်။

ပလက်ဝ၏ တည်ရှိမှုသည် ခူမီးလူမျိုးတို့၏ ဖြစ်တည်မှုနှင့် တစ်ထပ်တည်းဖြစ်ကာ ဝိသေသလက္ခဏာ၊ လူမျိုးဖြစ်တည်မှုနှင့် ခွဲခြား၍မရနိုင်သော ဘိုးဘွားပိုင်နယ်မြေဖြစ်ပြီး ခူမီး(ချင်း) လူမျိုးများ၏ မြင့်မြတ်ပြီး အစားထိုးမရသော မွေးရပ်မြေဖြစ် သည်ဟု GKOက ဆိုသည်။

ထို့ကြောင့် ပလက်ဝအား ULA/AA ၏ တရားမဝင်သိမ်းယူရန် ကြိုးစားအပေါ် နိုင်ငံတော်အစိုးရ၊ နိုင်ငံတကာအသိုင်းအဝိုင်း၊ ချင်းပြည်အစိုးရနှင့် အခြားသက်ဆိုင်သည့် နိုင်ငံတကာအဖွဲ့အစည်းများအနေဖြင့် ဒေသခံပြည်သူများ၏ မူလအခွင့်အရေးများကို ကာကွယ်စောင့်ရှောက်ပေးရန် Khumi Organization – GKO က အလေးအနက်ထား တိုက်တွန်းထားသည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

ချင်းပြည် (Chinland) အစိုးရအဖွဲ့နှင့် NLD ဗဟိုအလုပ်ကော်မတီတို့ တွေ့ဆုံ၍ ပူးပေါင်းဆောင်ရွက်ရေး ဆွေးနွေး

တမူးဒေသရှိ ကျေးရွာတချို့မှာ အဓမ္မတပ်သားစုဆောင်းခံရမှုကြောင့် ဒေသခံများ ကန့်ကွက်ဆန္ဒပြနေ

ယခုနှစ် ချင်းပြည် (Chinland) အစိုးရ၊ ကာကွယ်ရေးအသုံးစရိတ်ကို ၈၀ ရာခိုင်နှုန်းအထိ တိုးမြှင့်သုံးစွဲမည်

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
February 19, 2026

“ကာကွယ်ရေး အသုံးစရိတ်ကို အရင်က ၆၅ ရာခိုင်နှုန်းကနေ ဒီနှစ်တော့ ကာကွယ်ရေးကို ၈၀ ရာခိုင်နှုန်းအထိ တိုးမြှင့်သွားမယ်”

January 17, 2026

#interview“ဝန်ကြီးချုပ်ဆိုရင် သူ့ရဲ့ PSO က အစ၊ သူရဲ့ အမျိုးတွေ အကုန်လုံး ကုမ္ပဏီနာမည်အမျိုးမျိုးနဲ့ လုပ်နေကြတာ” CDF – ဟားခါး ဥက္ကဌ Salai Hram Lian

January 7, 2026

သတင်းအမှောင်ထဲက ချင်းပြည်နဲ့ ရှင်သန်ရပ်တည်ရေး ရုန်းကန်နေရတဲ့ ဌာနေ နားမျက်စိတွေ

January 2, 2026

#Article”ချင်းကို ကာရံညှိခြင်း”

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
February 19, 2026

“ကာကွယ်ရေး အသုံးစရိတ်ကို အရင်က ၆၅ ရာခိုင်နှုန်းကနေ ဒီနှစ်တော့ ကာကွယ်ရေးကို ၈၀ ရာခိုင်နှုန်းအထိ တိုးမြှင့်သွားမယ်”

January 17, 2026

#interview“ဝန်ကြီးချုပ်ဆိုရင် သူ့ရဲ့ PSO က အစ၊ သူရဲ့ အမျိုးတွေ အကုန်လုံး ကုမ္ပဏီနာမည်အမျိုးမျိုးနဲ့ လုပ်နေကြတာ” CDF – ဟားခါး ဥက္ကဌ Salai Hram Lian

January 7, 2026

သတင်းအမှောင်ထဲက ချင်းပြည်နဲ့ ရှင်သန်ရပ်တည်ရေး ရုန်းကန်နေရတဲ့ ဌာနေ နားမျက်စိတွေ

January 2, 2026

#Article”ချင်းကို ကာရံညှိခြင်း”

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.