Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Headline»ပလက်ဝမြို့နယ်တွင် စက်လှေမှောက်၍ ၁ နှစ်ကျော် သမီးငယ်အပါအဝင် မိသားစုဝင် ၄ ဦးသေဆုံး

ပလက်ဝမြို့နယ်တွင် စက်လှေမှောက်၍ ၁ နှစ်ကျော် သမီးငယ်အပါအဝင် မိသားစုဝင် ၄ ဦးသေဆုံး

0
By Editor on August 19, 2025 Headline

(004SS)

ချင်းပြည်နယ် တောင်ပိုင်း၊ ပလက်ဝမြို့နယ်တွင် ဩဂုတ်လ ၁၆ ရက်နေ့က စက်လှေတစ်စီးတိမ်းမှောက်၍ အသက် ၁ နှစ်ကျော် သမီးငယ်အပါအဝင် မိသားစုဝင် ၄ ဦး ရေနစ်သေဆုံးခဲ့ကြောင်း မိသားစုဝင်များထံမှ သိရသည်။

ဖြစ်စဉ်မှာ ပလက်ဝမြို့နယ် ခွေးခေါင်းကျေးရွာမှ အင်တာနက်ရရှိ‌သော ဂါရာပြင်ရွာသို့ ဦးစိုးနိုင်အောင်တို့ မိသားစု ၄ ဦးနှင့် ဆွေမျိုးများအပါအဝင် ရွာသား ၈ ဦးတို့သည် အင်တာနက်သုံးစွဲရန် စနေနေ့ မနက် ၉ နာရီခန့်က ဟွန်ဒါစက်လှေဖြင့် လေမြို ချောင်းအတိုင်း ထွက်ခွာသွားရာ စုတ်ချောင်းတောင် (ဒေသအခေါ် အနူတောင်) တွင် ရုတ်တရက် စက်လှေမှောက်မှု ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

ဦးစိုးနိုင်အောင်ရဲ့ အကိုဖြစ်သူ ဦးစိုးလှအောင်က “သူတို့ ဘယ်လိုမှောက်သွားလဲဆိုတာ တိတိကျကျတော့ မသိနိုင်ဘူးပေါ့။ ညီလေးက အခုဆုံးသွားတဲ့ သမီးလေးကိုပိုးပြီး စက်လှေမောင်းတယ်လို့ပြောတယ်။ သူတို့မှောက်တဲ့နေရာက စုတ်ချောင်းတောင်၊ ဒေသအခေါ် အနူတောင်လို့လဲခေါ်တယ်။ အဲဒီနေရာကလဲ တော်တော်ဆိုးတယ်၊ ရေစီးသန်တယ်လို့ပြောတယ်။ မှောက်တော့ ကျွန်တော့်ညီလေးရယ်၊ သူ့မိန်းမရယ်၊ သူ့သမီးရယ်၊ သူ့သားလေးရယ်၊ နောက် တူမလေးရယ်ပေါ့ သူတို့ပျောက်သွားပြီးမှ ပထမ အလောင်းတွေ့တာက ညီလေးသမီးပေါ့၊ နောက် သားလေးကို အသက်ရှင်လျက် ပြန်တွေ့တယ်။ နောက်ကျမှ ညီလေးရယ် သူ့မိန်းမရယ် အလောင်းပြန်တွေ့တာပေါ့နော်။ တူမလေးကျတော့ မတွေ့သေးဘူးလို့ကြားတယ်” ဟု ပြောသည်။

စက်လှေတိမ်းမှောက်မှုကြောင့် သေဆုံးသွားသူများမှာ စက်လှေမောင်းနှင်သူ စက်လှေပိုင်ရှင် ဦးစိုးနိုင်အောင်နှင့် ၎င်း၏ အမျိုးသမီးဖြစ်သူ အသက် ၃၁ နှစ်ရှိ ဒေါ် ‌ထက်ထက်ခိုင် (‌ခ) မေသန်း၊ သမီးငယ် အသက် တစ်နှစ်ခွဲကျော်ရှိ မပန်သူနှင့် တူမဖြစ်သူ မဖြူဌေး၀င်းတို့ ဖြစ်ကြသည်။

သေဆုံးသွားသူ ၄ ဦးအနက် ဦးစိုးနိုင်အောင် မိသားစုဝင် ၃ ဦး၏ ရုပ်အလောင်းကို ရခိုင်နှင့် ပလက်ဝမြို့နယ်ကြားကမ်းတွင် ရှာဖွေတွေ့ရှိခဲ့ပြီး တူမဖြစ်သူ အမျိုးသမီးငယ်၏ ရုပ်အလောင်းကိုမူ ဒေသခံများက ဆက်လက်ရှာဖွေနေကြဆဲဟု သိရသည်။

လှေမှောက်သွားခဲ့ရသည့် စုတ်ချောင်းတောင်သည် ရေစီးသန်ပြီး အန္တရာယ်များသည့် နေရာတစ်ခုဖြစ်ကာ ဒေသအခေါ် “အနူတောင်” ဟုလည်းခေါ်ကြောင်း၊ စက်လှေမှောက်မှုမှာလဲ စက်ချွတ်ယွင်းမှုမရှိဟု ယူဆရပြီး ရေစီးသန်ခြင်းကြောင့် ရုတ်တရက် မှောက်ချခံရခြင်းဖြစ်နိုင်သည်ဟု ခန့်မှန်းထားကြသည်။

စက်လှေမှောက်မှုတွင် မိဘနှစ်ပါးနှင့် ညီမကို ဆုံးရှုံးခဲ့ရပြီး အသက်ရှင်ကျန်ရစ်သူ အသက် ၆ နှစ်အရွယ် သားဖြစ်သူ မောင်သုတနဲ့ အသက် ၁၁ နှစ် မချိုမိမိနိုင်တို့၏ အနာဂါတ်ဘဝအတွက် စိုးရိမ်ပူပန်မှုများ ကြုံတွေ့နေရကြောင်း ဦးစိုးလှအောင်က ပြောသည်။

သေဆုံးသွားသူ မိသားစုဝင် ၃ ဦး၏ ရုပ်အလောင်းများအား ယမန်နေ့ ဩဂုတ် လ ၁၈ ရက်နေ့တွင် သဂြိုလ်ခဲ့ပြီဟု သိရသည်။

ခွေးခေါင်းကျေးရွာသည် ပလက်ဝမြို့နယ် လေမြိုချောင်းအနီးမှာတည်ရှိပြီး ရာဂါပြင်ကျေးရွာသည် ရခိုင်ပြည်နယ် မြောက်ဦး နယ်စပ်တွင်တည်ရှိကာ ခွေးခေါင်းနှင့် ရာဂါပြင်ကျေးရွာသည် လေမြိုချောင်းအတိုင်း စက်လှေဖြင့် မိနစ် ၃၀ ဝန်းကျင်သွားရသည်ဟု သိရသည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

ချင်းပြည် (Chinland) အစိုးရအဖွဲ့နှင့် NLD ဗဟိုအလုပ်ကော်မတီတို့ တွေ့ဆုံ၍ ပူးပေါင်းဆောင်ရွက်ရေး ဆွေးနွေး

တမူးဒေသရှိ ကျေးရွာတချို့မှာ အဓမ္မတပ်သားစုဆောင်းခံရမှုကြောင့် ဒေသခံများ ကန့်ကွက်ဆန္ဒပြနေ

ယခုနှစ် ချင်းပြည် (Chinland) အစိုးရ၊ ကာကွယ်ရေးအသုံးစရိတ်ကို ၈၀ ရာခိုင်နှုန်းအထိ တိုးမြှင့်သုံးစွဲမည်

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
February 19, 2026

“ကာကွယ်ရေး အသုံးစရိတ်ကို အရင်က ၆၅ ရာခိုင်နှုန်းကနေ ဒီနှစ်တော့ ကာကွယ်ရေးကို ၈၀ ရာခိုင်နှုန်းအထိ တိုးမြှင့်သွားမယ်”

February 2, 2026

သွေးစွန်းသော မဲပုံးများနှင့် “Made in China” အရိပ်အောက်က ရွေးကောက်ပွဲ

February 1, 2026

#article”ပြည်သူ့အားနဲ့ ရိုက်ချိုးကြ၊ CSOs အားနဲ့ ထိုးဖောက်ကြ”

January 17, 2026

#interview“ဝန်ကြီးချုပ်ဆိုရင် သူ့ရဲ့ PSO က အစ၊ သူရဲ့ အမျိုးတွေ အကုန်လုံး ကုမ္ပဏီနာမည်အမျိုးမျိုးနဲ့ လုပ်နေကြတာ” CDF – ဟားခါး ဥက္ကဌ Salai Hram Lian

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
February 19, 2026

“ကာကွယ်ရေး အသုံးစရိတ်ကို အရင်က ၆၅ ရာခိုင်နှုန်းကနေ ဒီနှစ်တော့ ကာကွယ်ရေးကို ၈၀ ရာခိုင်နှုန်းအထိ တိုးမြှင့်သွားမယ်”

February 2, 2026

သွေးစွန်းသော မဲပုံးများနှင့် “Made in China” အရိပ်အောက်က ရွေးကောက်ပွဲ

February 1, 2026

#article”ပြည်သူ့အားနဲ့ ရိုက်ချိုးကြ၊ CSOs အားနဲ့ ထိုးဖောက်ကြ”

January 17, 2026

#interview“ဝန်ကြီးချုပ်ဆိုရင် သူ့ရဲ့ PSO က အစ၊ သူရဲ့ အမျိုးတွေ အကုန်လုံး ကုမ္ပဏီနာမည်အမျိုးမျိုးနဲ့ လုပ်နေကြတာ” CDF – ဟားခါး ဥက္ကဌ Salai Hram Lian

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.