Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Headline»ပလက်ဝမြို့နယ်တွင် စက်လှေမှောက်၍ ၁ နှစ်ကျော် သမီးငယ်အပါအဝင် မိသားစုဝင် ၄ ဦးသေဆုံး

ပလက်ဝမြို့နယ်တွင် စက်လှေမှောက်၍ ၁ နှစ်ကျော် သမီးငယ်အပါအဝင် မိသားစုဝင် ၄ ဦးသေဆုံး

0
By Editor on August 19, 2025 Headline

(004SS)

ချင်းပြည်နယ် တောင်ပိုင်း၊ ပလက်ဝမြို့နယ်တွင် ဩဂုတ်လ ၁၆ ရက်နေ့က စက်လှေတစ်စီးတိမ်းမှောက်၍ အသက် ၁ နှစ်ကျော် သမီးငယ်အပါအဝင် မိသားစုဝင် ၄ ဦး ရေနစ်သေဆုံးခဲ့ကြောင်း မိသားစုဝင်များထံမှ သိရသည်။

ဖြစ်စဉ်မှာ ပလက်ဝမြို့နယ် ခွေးခေါင်းကျေးရွာမှ အင်တာနက်ရရှိ‌သော ဂါရာပြင်ရွာသို့ ဦးစိုးနိုင်အောင်တို့ မိသားစု ၄ ဦးနှင့် ဆွေမျိုးများအပါအဝင် ရွာသား ၈ ဦးတို့သည် အင်တာနက်သုံးစွဲရန် စနေနေ့ မနက် ၉ နာရီခန့်က ဟွန်ဒါစက်လှေဖြင့် လေမြို ချောင်းအတိုင်း ထွက်ခွာသွားရာ စုတ်ချောင်းတောင် (ဒေသအခေါ် အနူတောင်) တွင် ရုတ်တရက် စက်လှေမှောက်မှု ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

ဦးစိုးနိုင်အောင်ရဲ့ အကိုဖြစ်သူ ဦးစိုးလှအောင်က “သူတို့ ဘယ်လိုမှောက်သွားလဲဆိုတာ တိတိကျကျတော့ မသိနိုင်ဘူးပေါ့။ ညီလေးက အခုဆုံးသွားတဲ့ သမီးလေးကိုပိုးပြီး စက်လှေမောင်းတယ်လို့ပြောတယ်။ သူတို့မှောက်တဲ့နေရာက စုတ်ချောင်းတောင်၊ ဒေသအခေါ် အနူတောင်လို့လဲခေါ်တယ်။ အဲဒီနေရာကလဲ တော်တော်ဆိုးတယ်၊ ရေစီးသန်တယ်လို့ပြောတယ်။ မှောက်တော့ ကျွန်တော့်ညီလေးရယ်၊ သူ့မိန်းမရယ်၊ သူ့သမီးရယ်၊ သူ့သားလေးရယ်၊ နောက် တူမလေးရယ်ပေါ့ သူတို့ပျောက်သွားပြီးမှ ပထမ အလောင်းတွေ့တာက ညီလေးသမီးပေါ့၊ နောက် သားလေးကို အသက်ရှင်လျက် ပြန်တွေ့တယ်။ နောက်ကျမှ ညီလေးရယ် သူ့မိန်းမရယ် အလောင်းပြန်တွေ့တာပေါ့နော်။ တူမလေးကျတော့ မတွေ့သေးဘူးလို့ကြားတယ်” ဟု ပြောသည်။

စက်လှေတိမ်းမှောက်မှုကြောင့် သေဆုံးသွားသူများမှာ စက်လှေမောင်းနှင်သူ စက်လှေပိုင်ရှင် ဦးစိုးနိုင်အောင်နှင့် ၎င်း၏ အမျိုးသမီးဖြစ်သူ အသက် ၃၁ နှစ်ရှိ ဒေါ် ‌ထက်ထက်ခိုင် (‌ခ) မေသန်း၊ သမီးငယ် အသက် တစ်နှစ်ခွဲကျော်ရှိ မပန်သူနှင့် တူမဖြစ်သူ မဖြူဌေး၀င်းတို့ ဖြစ်ကြသည်။

သေဆုံးသွားသူ ၄ ဦးအနက် ဦးစိုးနိုင်အောင် မိသားစုဝင် ၃ ဦး၏ ရုပ်အလောင်းကို ရခိုင်နှင့် ပလက်ဝမြို့နယ်ကြားကမ်းတွင် ရှာဖွေတွေ့ရှိခဲ့ပြီး တူမဖြစ်သူ အမျိုးသမီးငယ်၏ ရုပ်အလောင်းကိုမူ ဒေသခံများက ဆက်လက်ရှာဖွေနေကြဆဲဟု သိရသည်။

လှေမှောက်သွားခဲ့ရသည့် စုတ်ချောင်းတောင်သည် ရေစီးသန်ပြီး အန္တရာယ်များသည့် နေရာတစ်ခုဖြစ်ကာ ဒေသအခေါ် “အနူတောင်” ဟုလည်းခေါ်ကြောင်း၊ စက်လှေမှောက်မှုမှာလဲ စက်ချွတ်ယွင်းမှုမရှိဟု ယူဆရပြီး ရေစီးသန်ခြင်းကြောင့် ရုတ်တရက် မှောက်ချခံရခြင်းဖြစ်နိုင်သည်ဟု ခန့်မှန်းထားကြသည်။

စက်လှေမှောက်မှုတွင် မိဘနှစ်ပါးနှင့် ညီမကို ဆုံးရှုံးခဲ့ရပြီး အသက်ရှင်ကျန်ရစ်သူ အသက် ၆ နှစ်အရွယ် သားဖြစ်သူ မောင်သုတနဲ့ အသက် ၁၁ နှစ် မချိုမိမိနိုင်တို့၏ အနာဂါတ်ဘဝအတွက် စိုးရိမ်ပူပန်မှုများ ကြုံတွေ့နေရကြောင်း ဦးစိုးလှအောင်က ပြောသည်။

သေဆုံးသွားသူ မိသားစုဝင် ၃ ဦး၏ ရုပ်အလောင်းများအား ယမန်နေ့ ဩဂုတ် လ ၁၈ ရက်နေ့တွင် သဂြိုလ်ခဲ့ပြီဟု သိရသည်။

ခွေးခေါင်းကျေးရွာသည် ပလက်ဝမြို့နယ် လေမြိုချောင်းအနီးမှာတည်ရှိပြီး ရာဂါပြင်ကျေးရွာသည် ရခိုင်ပြည်နယ် မြောက်ဦး နယ်စပ်တွင်တည်ရှိကာ ခွေးခေါင်းနှင့် ရာဂါပြင်ကျေးရွာသည် လေမြိုချောင်းအတိုင်း စက်လှေဖြင့် မိနစ် ၃၀ ဝန်းကျင်သွားရသည်ဟု သိရသည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

မရာလက်နက်ကိုင်နှစ်ဖွဲ့ တိုက်ပွဲကြောင့် စစ်ဘေးရှောင်နေရသော ပြည်သူများကို ချင်းပြည် (Chinland) အစိုးရက ငွေကြေးထောက်ပံ့

ကန်ပက်လက်မြို့နယ်ထဲကို စစ်ကော်မရှင်က ပေါင် ၅၀၀ ဗုံးများဖြင့် တိုက်ခိုက်

ကလေးမြို့တွင် စစ်မှုထမ်းရန် နေအိမ်ထဲထိ ညအချိန် ဝင်ရောက်ဖမ်းဆီးမှုများရှိနေ

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
September 2, 2025

မူးယစ်ကုန်သွယ်မှု မျက်နှာစာသစ် မြန်မာ- အိန္ဒိနယ်စပ်နဲ့ ချင်းတော်လှန်ရေးအပေါ် ရိုက်ခတ်မှု

August 2, 2025

စစ်တပ်၏ ဒုတိယစာမျက်နှာနှင့် ချင်းပြည်အပေါ် သက်ရောက်မှု

June 30, 2025

“ကျွန်မတို့ကို Refugees လို့မသတ်မှတ်တဲ့အတွက် Refugees တွေ ရသင့်ရထိုက်တဲ့ အခွင့်အရေးမှန်သမျှကို ဆုံးရှုံးနေရတယ်”

June 30, 2025

“အဖွဲ့အစည်းတွေဆီမှာပဲ အာဏာကိုဆက်ထားနေမယ်ဆိုရင် အများကြီး ဆုံးရှုံးနစ်နာစရာတွေ ရှိတယ်၊ ဒါကြောင့် ချင်းပြည်နယ်မှာရှိတဲ့ ပြည်သူလူထုတွေကို အာဏာမြန်မြန်ပေးရအောင်”

Ads
Leaderboard Ad
Archives
–
Leaderboard Ad
Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.