Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Headline»ပလက်ဝမြို့နယ်တွင် ဒေသခံတစ်ဦးမြေမြှုပ်မိုင်းနင်းမိ၍ ခြေတဖက်ပြတ်သွား

ပလက်ဝမြို့နယ်တွင် ဒေသခံတစ်ဦးမြေမြှုပ်မိုင်းနင်းမိ၍ ခြေတဖက်ပြတ်သွား

0
By Editor on April 15, 2021 Headline
မာဂရက် – ချင်းပြည်နယ်တောင်ပိုင်း ပလက်ဝမြို့နယ် လောင်းကဒူးရွာသား အသက် ၄၅ နှစ်အရွယ် ဦးအောင်မြင့်မြတ်သည် တောထဲသို့ ဝါးခုတ်သွားစဉ် ယနေ့နံနက်ပိုင်း ၈ နာရီခွဲဝန်းကျင်က မြေမြုပ်မိုင်းနင်းမိ၍ ဘယ်ဖက်ခြေထောက်ပြတ် သွားသည်ဟုသိရသည်။
“သူက လောင်းကဒူးရွာက သမဝါယမ ဝန်ထမ်းပါ၊ သူက ရွာနဲ့ အနီးတဝိုက်မှာ သစ်ခုတ်၊ ဝါးခုတ်သွားရင်း မိုင်းနင်းမိလို့ ဘယ်ဖက်ခြေထောက်ခြေမျက်စိကနေ ပြတ်ထွက်သွားတာ’’ ဟု ပလက်ဝဒေသခံတစ်ဦးကပြောသည်။
လောင်းကဒူးကျေးရွာသည် ပလက်ဝမြို့မှ ၂ မိုင်ခန့်ကွာဝေးပြီး ကုလားတန်မြစ်၏ အနောက်ဘက်ကမ်း ၂၈၉ တပ်ရင်း မျက်စောင်းထိုးတွင်တည်ရှိသည့်ကျေးရွာဖြစ်သည်။
ဦးအောင်မြင့်မြတ်ကို ပလက်ဝမြို့ပြည်သူ့ဆေးရုံသို့ ကုသမှုခံယူလျက်ရှိပြီး အသက်အန္တရာယ်အတွစိုးရိမ်ရသည့်အခြေ အနေမရှိကြောင်း အဆိုပါဒေသခံကပြောသည်။
ပလက်ဝမြို့နယ်သည် အာဏာသိမ်းစစ်ကော်စီတပ်နှင့် ရက္ခိုင့်တပ်တော် (AA) တို့ စစ်မက်ဖြစ်ပွားရာဒေသဖြစ်ပြီး မြေမြုပ်မိုင်းကြောင့် ဒေသခံပြည်သူအမြောက်အများသေဆုံးမှုရှိခဲ့သည်ဒေသတစ်ခုဖြစ်သည်။
Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

IKACC က စစ်ကော်မရှင်အဖွဲ့နှင့် မဟာမိတ်ဆက်ဆံရေးအဖွဲ့တို့ကို ပြင်ဆင်ဖွဲ့စည်း

ချင်းနှင့် စစ်ကိုင်းက စစ်ရှောင်စခန်းများတွင် အမျိုးသမီးလစဉ်သုံးနှင့် ဆေးဝါးများ လိုအပ်နေဟု WJ ဆို

CEIR မိုဘိုင်းဖုန်းမှတ်ပုံတင်စနစ် စစ်ကော်မရှင်အကောင်အထည်ဖော်တော့မည်

Leave A Reply Cancel Reply

The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
February 19, 2026

“ကာကွယ်ရေး အသုံးစရိတ်ကို အရင်က ၆၅ ရာခိုင်နှုန်းကနေ ဒီနှစ်တော့ ကာကွယ်ရေးကို ၈၀ ရာခိုင်နှုန်းအထိ တိုးမြှင့်သွားမယ်”

February 2, 2026

သွေးစွန်းသော မဲပုံးများနှင့် “Made in China” အရိပ်အောက်က ရွေးကောက်ပွဲ

February 1, 2026

#article”ပြည်သူ့အားနဲ့ ရိုက်ချိုးကြ၊ CSOs အားနဲ့ ထိုးဖောက်ကြ”

January 17, 2026

#interview“ဝန်ကြီးချုပ်ဆိုရင် သူ့ရဲ့ PSO က အစ၊ သူရဲ့ အမျိုးတွေ အကုန်လုံး ကုမ္ပဏီနာမည်အမျိုးမျိုးနဲ့ လုပ်နေကြတာ” CDF – ဟားခါး ဥက္ကဌ Salai Hram Lian

Ads
Leaderboard Ad
Archives
Leaderboard Ad
–

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.