Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Headline»ပလက်ဝမြို့နယ်တွင် မြေမြှုပ်မိုင်းကြောင့် အမျိုးသားတစ်ဦးသေဆုံး၊ တစ်ဦး ပြင်းထန်ဒါဏ်ရာရ

ပလက်ဝမြို့နယ်တွင် မြေမြှုပ်မိုင်းကြောင့် အမျိုးသားတစ်ဦးသေဆုံး၊ တစ်ဦး ပြင်းထန်ဒါဏ်ရာရ

0
By Editor on May 26, 2025 Headline

(004SS)

ချင်းပြည်နယ်တောင်ပိုင်း၊ ပလက်ဝမြို့နယ်၊ ရှင်းလက်ဝကျေးရွာတွင် မြေမြှုပ်မိုင်း နင်းမိပြီး အမျိုးသားတစ်ဦး ပွဲချင်းသေဆုံးကာ နောက်ထပ်အမျိုးသားတစ်ဦးမှာ ပြင်းထန်ဒဏ်ရာ ရရှိခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

မိုင်းနင်းမိ၍ သေဆုံးသူမှာ ကျောက်တော်မြို့နယ်၊ ဝပြန်ကျေးရွာမှ ရှင်းလက်ဝကျေးရွာသို့ ရွှေ့ ပြောင်းနေထိုင်လာသူ အသက် ၄၆ နှစ်အရွယ် ဦးဝင်းနိုင်ဟု သိရပြီး မြေမြှုပ်မိုင်းနင်းမိချိန် ခြေထောက်နှစ်ဖက် ပြတ်ထွက် သွားတာကြောင့် သွေးထွက်လွန်ကာ သေဆုံးခဲ့ရသည်ဟု ပလက်ဝဒေသခံတစ်ဦးထံမှ သိရသည်။

ဒဏ်ရာရရှိသူမှာ မင်းပြားမြို့နယ်၊ မင်းဖူးကျေးရွာမှ ရှင်းလက်ဝရွာသို့ ရွှေ့ပြောင်းနေထိုင်လာသူ အသက် ၃၈ နှစ်အရွယ် ဦးကျော်လှိုင်ဟု သိရပြီး မိုင်း‌ပေါက်ကွဲစများကြောင့် မျက်နှာတစ်ခုလုံးဒါဏ်ရာရရှိသည့်အပြင် လက်အရိုးပွင့်ထွက် သော ကြောင့် ရှင်းလက်ဝတိုက်နယ်ဆေးရုံတွင် ဆေးကုသမှုခံယူနေရပြီး အသက်အန္တရာယ် စိုးရိမ်နေရကြောင်း သိရသည်။

ဖြစ်စဉ်မှာ မေလ ၂၂ ရက်နေ့၊ ညနေ ၃ နာရီ ကျော်တွင် ဦးဝင်းနိုင် နှင့် ဦးကျော်လှိုင် တို့နှစ်ဦးသည် ပလက်ဝမြို့နယ် ရှင်းလက်ဝ စစ်ကောင်စီ စခန်း‌ဟောင်းအနီးသို့ ဟင်းထွက်ရှာချိန် မြေမြှုပ်မိုင်းနင်းမိကြခြင်းဟု သိရသည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

ကာကွယ်ရေး အင်အားတိုးမြှင့်ဆောင်ရွက်နေဟု MRO/ CDF – မတူပီ ဆို

မင်းတပ်-ပအဖ က သစ်တောမူဝါဒ (မူကြမ်း) ကို ရေးဆွဲနေပြီး ပြည်သူများ အကြံပြုနိုင်

မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် တစ်လကျော်ကြာ ပြိုကျပျက်စီးနေသော ကျေးရွာချင်းဆက်လမ်းများကို PDF- Zoland ပြုပြင်နေ

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
June 30, 2025

“ကျွန်မတို့ကို Refugees လို့မသတ်မှတ်တဲ့အတွက် Refugees တွေ ရသင့်ရထိုက်တဲ့ အခွင့်အရေးမှန်သမျှကို ဆုံးရှုံးနေရတယ်”

June 30, 2025

“အဖွဲ့အစည်းတွေဆီမှာပဲ အာဏာကိုဆက်ထားနေမယ်ဆိုရင် အများကြီး ဆုံးရှုံးနစ်နာစရာတွေ ရှိတယ်၊ ဒါကြောင့် ချင်းပြည်နယ်မှာရှိတဲ့ ပြည်သူလူထုတွေကို အာဏာမြန်မြန်ပေးရအောင်”

June 28, 2025

ဆလိုင်းတင်မောင်ဦး (သို့မဟုတ်) သမိုင်း‌သွေးကို ရဲရင့်စေသူ

May 30, 2025

“ULA/AA က ဘာသာရေးခေါင်းဆောင်တွေကို သူတို့ရဲ့ လက်အောက်မှာ ပြားပြားဝပ်ပြီးတော့ သူတို့အလိုကျ အလုပ်လုပ်စေချင်တဲ့သဘောရှိတာကြောင့် သူတို့ရဲ့အမိန့် မနာခံတဲ့သူကို သံသယ၊ မယုံသင်္ကာတွေနဲ့ စောင့်ကြည့်နေတယ်”

Ads
Leaderboard Ad
Archives
–
Leaderboard Ad
Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.