Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Headline»ပလက်ဝမြို့နယ်တွင် သားအဖ ၃ ဦး သတ်ဖြတ်ခံရ

ပလက်ဝမြို့နယ်တွင် သားအဖ ၃ ဦး သတ်ဖြတ်ခံရ

0
By Editor on October 2, 2024 Headline

(004SS)

ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်မှ ရခိုင်ပြည်နယ် ကျောက်တော်မြို့သို့ ပစ္စည်းပို့သွားသော သားအဖနှင့်မြေး ၃ ဦးတို့ ဓါးဖြင့် သတ်ဖြတ်ခံရသောဖြစ်ရပ် ပြီးခဲ့သည့် စက်တင်ဘာလဒုတိယပတ်က ဖြစ်ပွားခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ စက်တင်ဘာလ ပထမပတ်တွင် ပလက်ဝမြို့နယ် မောင်နှမကျေးရွာက သားအဖနှင့်မြေးဖြစ်သူ ၃ ဦးတို့သည် အိန္ဒိယနယ်စပ်မှ ကျောက်တော်ဘက်သို့ စက်လှေဖြင့် ကုန်ပစ္စည်းပို့ဆောင်ပြီး တပတ်ခန့်အကြာ ပျောက်သွားပြီးနောက် ဓါးဒဏ်ရာများဖြင့် သေဆုံးနေသည့် ၎င်းတို့၏ ရုပ်အလောင်းများကို ပြန်လည်တွေ့ရှိခဲ့ကြသည်ဟု ပလက်ဝဒေသခံတစ်ဦးကပြောသည်။

“သူတို့က အိန္ဒိယနယ်စပ်ကနေ ကျောက်တော်ကို ကုန်ပစ္စည်းသယ်တာဆိုတော့ ကုန်ပစ္စည်းတွေနဲ့ဆိုတော့ သိန်း ၃၀၀ ကျော်ဖိုးလောက်ရှိမှာ၊ သားအဖနှစ်ယောက် မြေးလေးနဲ့ သူတို့ ၃ ယောက်ပေါ့နော်၊ အလောင်း‌ပြန်တွေ့တဲ့ခါမှာ ဓါးနဲ့ သတ်ဖြတ်ခံထားရတာလို့ သိရပါတယ်“ ဟု ပလက်ဝဒေသခံတစ်ဦးက ပြောသည်။

သတ်ဖြတ်ခံထားရသူများမှာ ပလက်ဝမြို့နယ်၊ ငဒက်ကျေးရွာအုပ်စု၊ မောင်နှမကျေးရွာက အသက် ၆၁ နှစ်အရွယ် ဦးဆန်းအောင်၊ သားဖြစ်သူအသက် ၂၆ နှစ်အရွယ် ဦးအိုက်မြင့်နှင့် အသက် ၁၃ နှစ်အရွယ် ဦးအိုက်မြင့်၏သား မောင်ပီစီထွန်းတို့ ဖြစ်ကြသည်။

၎င်းတို့၏ ရုပ်အလောင်းများကို ပလက်ဝမြို့နယ်၊ လောင်းကဒူးကျေးရွာနှင့် တန်းဆိပ်ကျေးရွာအကြား ငသလဲကျွန်းတွင်လည်းကောင်း၊ မွန်ထောင့်ရွာသစ် မြစ်ကမ်းနံဘေးတွင် စက်လှေမောင်းနှင်သူများက စက်တင်ဘာလ တတိယပတ်လောက်မှာ ပြန်လည်တွေ့ရှိခဲ့သည်ဟု သိရသည်။

အဆိုပါ လူသတ်မှုနှင့်ပါတ်သတ်၍ မိသားစုဝင်များမှ လက်ရှိ ပလက်ဝမြို့ကို အုပ်ချုပ်နေသော AA တပ်ဖွဲ့ထံ တိုင်ကြားထားသော်လည်း ယနေ့အချိန်ထိ ပြန်လည်အကြောင်းပြန်ခြင်းမျိုး မရှိသေးကြောင်း ဒေသခံများကပြောသည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

တီးတိန်- သိုင်းငင်းကြားရှိ ထုတ်လိုင်ရွာကို စစ်ကော်မရှင်တပ် လေကြောင်းတိုက်ခိုက်

ဖလမ်းမြို့နယ်မှာ ကလေးငယ် ၃၀၀၀ အပါအဝင် ပြည်သူ ၂၀၀၀၀ ကျော် စစ်ဘေးရှောင်နေရပြီး အကူအညီများ လိုအပ်နေ

ဖလမ်း၊ တီးတိန်၊ ကလေး၊ ဂန့်ဂေါက တိုက်ပွဲများတွင် စစ်ကော်မရှင်တပ်မှ ဗိုလ်မှူး၊ ဗိုလ်ကြီး အပါအဝင် ၁၀၀ ခန့် သေဆုံး

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
November 28, 2025

“ပေးဆပ်မှု ကြီးမားကြသူများ”

November 6, 2025

ချင်းပြည်သူအပေါ် ကျနော့ရပ်တည်ချက်သည် – အတိတ်၊ ပစ္စုပ္ပန် နဲ့ အနာဂါတ် – ဘယ်တော့မှပြောင်းလဲမှာမဟုတ်”

September 2, 2025

မူးယစ်ကုန်သွယ်မှု မျက်နှာစာသစ် မြန်မာ- အိန္ဒိနယ်စပ်နဲ့ ချင်းတော်လှန်ရေးအပေါ် ရိုက်ခတ်မှု

August 2, 2025

စစ်တပ်၏ ဒုတိယစာမျက်နှာနှင့် ချင်းပြည်အပေါ် သက်ရောက်မှု

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
November 28, 2025

“ပေးဆပ်မှု ကြီးမားကြသူများ”

November 6, 2025

ချင်းပြည်သူအပေါ် ကျနော့ရပ်တည်ချက်သည် – အတိတ်၊ ပစ္စုပ္ပန် နဲ့ အနာဂါတ် – ဘယ်တော့မှပြောင်းလဲမှာမဟုတ်”

September 2, 2025

မူးယစ်ကုန်သွယ်မှု မျက်နှာစာသစ် မြန်မာ- အိန္ဒိနယ်စပ်နဲ့ ချင်းတော်လှန်ရေးအပေါ် ရိုက်ခတ်မှု

August 2, 2025

စစ်တပ်၏ ဒုတိယစာမျက်နှာနှင့် ချင်းပြည်အပေါ် သက်ရောက်မှု

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.