Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Headline»ပလက်ဝမြို့နယ်တွင် 4G အင်တာနက်လိုင်းပြန်ဖွင့်ပေးသော်လည်း လိုင်းမကောင်းသေးဟုဆို

ပလက်ဝမြို့နယ်တွင် 4G အင်တာနက်လိုင်းပြန်ဖွင့်ပေးသော်လည်း လိုင်းမကောင်းသေးဟုဆို

0
By Editor on February 10, 2021 Headline

#Unicode

By လားနွန်် – စစ်ရေးပဋိပက္ခကြောင့် လုံခြုံရေးအကြောင်းပြကာ အင်တာနက်လိုင်းပိတ်ဆို့ထားသည့် ချင်းပြည်နယ်တောင်ပိုင်း ပလက်ဝမြို့နယ်တွင် ယနေ့ဖေဖော်ဝါရီလ ၃ ရက်နေ့ကစ၍ 4G အင်တာနက်လိုင်းပြန်လည်ဖွင့်ပေးလိုက်ပြီ ဖြစ်သော်လည်း လိုင်းမကောင်းသေးကြောင်း ပလက်ဝဒေသခံများကပြောသည်။
ပလက်ဝဒေသခံအစိုးရဝန်ထမ်းတစ်ဦးက “ရတယ်ဒါပေမဲ့ ဖုန်းလိုင်းတောင်မရှင်းတရှင်းဖြစ်နေသေးတယ် အင်တာနက်လိုင်းကတော့ ဟိုလိုအကောင်းကြီးတော့မဟုတ်ဘူး စာတော့ဖတ်လို့ရတယ် ပုံတွေဘာတွေေ တာ့မြင်တယ် ဒါပေမဲ့ ဗီဒီယိုတွေတော့မရဘူး 4G လား 3G လားတော့မသိဘူး ဖုန်းလိုင်းကသိပ်မကောင်းဘူး အဆင်မပြေဘူး အင်တာနက်လိုင်းကလည်းသိပ်မကောင်းဘူး” ဟု ပြောသည်။
ရက္ခိုင့်တပ်တော်(AA) နှင့် တပ်မတော်တို့ တိုက်ပွဲပြင်းထန်နေသော ရခိုင်ပြည်နယ်က မောင်တော၊ ဘူးသီးတောင်၊ ရသေ့တောင်၊ ပုဏ္ဏားကျွန်း၊ ကျောက်တော်၊ မြောက်ဦး၊ မင်းပြား၊ မြေပုံမြို့နယ်တို့နှင့် ချင်းပြည်နယ် ပလက်ဝမြို့နယ်တို့မှာ ပြီးခဲ့သည့် ၂၀၁၉ ခုနှစ် ဇွန်လ ၂၁ ရက်နေ့ကစပြီး 4G အင်တာနက်လိုင်းတွေကို အစိုးရကပိတ်ပင်ခဲ့ခြင်းဖြစ်သည်။
မောင်တောမြို့နယ်ကို ၂၀၂၀ ခုနှစ် မေလအတွင်းမှာ 4G အင်တာနက်လိုင်းပြန်ဖွင့်ပေးသော်လည်း ကျန်မြို့နယ်များကိုမူ သြဂုတ်လ ၁ ရက်နေ့ကစပြီး 2G အင်တာနက်လိုင်းအဆင့်သာဖွင့်ပေးခဲ့ပြီးနောက် 4G အင်တာနက်အဆင့်ကို ဖေဖော်ဝါရီလ ၂ ရက်နှင့် ၃ ရက်နေ့တို့တွင် ပြန်ဖွင့်ပေးလိုက်ခြင်းဖြစ်သည်။
ရခိုင်ပြည်နယ်နှင့် ချင်းပြည်နယ် ပလက်ဝမြို့နယ်တို့တွင် အင်တာနက်ကွန်ယက်ပိတ်ဆို့မှုသည် ကမ႓ာ့အရှည်ကြာ ဆုံးအင်တာနက်ပိတ်ပင်မှုအဖြစ် စံချိန်တင်ခဲ့သည်။
#Zawgyi

By လားႏြန္္ – စစ္ေရးပဋိပကၡေၾကာင့္ လုံျခဳံေရးအေၾကာင္းျပကာ အင္တာနက္လိုင္းပိတ္ဆို႔ထားသည့္ ခ်င္းျပည္နယ္ေတာင္ပိုင္း ပလက္ဝၿမိဳ႕နယ္တြင္ ယေန႔ေဖေဖာ္ဝါရီလ ၃ ရက္ေန႔ကစ၍ 4G အင္တာနက္လိုင္းျပန္လည္ဖြင့္ေပးလိုက္ၿပီ ျဖစ္ေသာ္လည္း လိုင္းမေကာင္းေသးေၾကာင္း ပလက္ဝေဒသခံမ်ားကေျပာသည္။

ပလက္ဝေဒသခံအစိုးရဝန္ထမ္းတစ္ဦးက “ရတယ္ဒါေပမဲ့ ဖုန္းလိုင္းေတာင္မရွင္းတရွင္းျဖစ္ေနေသးတယ္ အင္တာနက္လိုင္းကေတာ့ ဟိုလိုအေကာင္းႀကီးေတာ့မဟုတ္ဘူး စာေတာ့ဖတ္လို႔ရတယ္ ပုံေတြဘာေတြေ တာ့ျမင္တယ္ ဒါေပမဲ့ ဗီဒီယိုေတြေတာ့မရဘူး 4G လား 3G လားေတာ့မသိဘူး ဖုန္းလိုင္းကသိပ္မေကာင္းဘူး အဆင္မေျပဘူး အင္တာနက္လိုင္းကလည္းသိပ္မေကာင္းဘူး” ဟု ေျပာသည္။

ရကၡိဳင့္တပ္ေတာ္(AA) ႏွင့္ တပ္မေတာ္တို႔ တိုက္ပြဲျပင္းထန္ေနေသာ ရခိုင္ျပည္နယ္က ေမာင္ေတာ၊ ဘူးသီးေတာင္၊ ရေသ့ေတာင္၊ ပုဏၰားကၽြန္း၊ ေက်ာက္ေတာ္၊ ေျမာက္ဦး၊ မင္းျပား၊ ေျမပုံၿမိဳ႕နယ္တို႔ႏွင့္ ခ်င္းျပည္နယ္ ပလက္ဝၿမိဳ႕နယ္တို႔မွာ ၿပီးခဲ့သည့္ ၂၀၁၉ ခုႏွစ္ ဇြန္လ ၂၁ ရက္ေန႔ကစၿပီး 4G အင္တာနက္လိုင္းေတြကို အစိုးရကပိတ္ပင္ခဲ့ျခင္းျဖစ္သည္။

ေမာင္ေတာၿမိဳ႕နယ္ကို ၂၀၂၀ ခုႏွစ္ ေမလအတြင္းမွာ 4G အင္တာနက္လိုင္းျပန္ဖြင့္ေပးေသာ္လည္း က်န္ၿမိဳ႕နယ္မ်ားကိုမူ ၾသဂုတ္လ ၁ ရက္ေန႔ကစၿပီး 2G အင္တာနက္လိုင္းအဆင့္သာဖြင့္ေပးခဲ့ၿပီးေနာက္ 4G အင္တာနက္အဆင့္ကို ေဖေဖာ္ဝါရီလ ၂ ရက္ႏွင့္ ၃ ရက္ေန႔တို႔တြင္ ျပန္ဖြင့္ေပးလိုက္ျခင္းျဖစ္သည္။

ရခိုင္ျပည္နယ္ႏွင့္ ခ်င္းျပည္နယ္ ပလက္ဝၿမိဳ႕နယ္တို႔တြင္ အင္တာနက္ကြန္ယက္ပိတ္ဆို႔မႈသည္ ကမ႓ာ့အရွည္ၾကာ ဆုံးအင္တာနက္ပိတ္ပင္မႈအျဖစ္ စံခ်ိန္တင္ခဲ့သည္။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

စစ်တပ်လက်အောက်ခံ ပညာရေးဌာနနှင့် ချိတ်ဆက်ဆောင်ရွက်ပါက အရေးယူမည်ဟု ချင်းပညာရေးဝန်ကြီးဌာနထုတ်ပြန်

မြန်မာကို ဘာသာရေးလွတ်လပ်ခွင့် အထူးစိုးရိမ်ရသည့်နိုင်ငံ (CPC) အဖြစ် သတ်မှတ်ပေးရန် အမေရိကန်အစိုးရထံ BRI တောင်းဆို

ကလေးလူငယ်များကို လက်နက်ကိုင်အဖွဲ့များက အဓမ္မစစ်မှုထမ်းစေခြင်းကို ကန့်ကွက်ကြောင်း ချင်းပညာရေးစီဒီအမ်အဖွဲ့ ထုတ်ပြန်

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
September 17, 2026

Palangvum (သို့) ပလက်ဝတွင် ဘာတွေဖြစ်နေလဲ

September 4, 2026

ကလေးမြို့က သားသည်မိခင်တို့၏ ညစဉ်ခြောက်လှန့်အိပ်မက်နှင့် ပေါ်တာဆွဲမှု အရေခြုံစစ်မှုထမ်းဥပဒေ

August 26, 2026

“ဒဏ်ရာများထက် ပိုမိုတောက်ပသော အနာဂတ်အတွက် ပေးဆပ်မှု”

June 26, 2026

တောင်ဇလပ်မြေက တော်လှန်ရဲမေများရဲ့ဖက်ဒရယ်အိပ်မက်ထဲက အခက်အခဲ

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
September 25, 2026

စစ်တပ်လက်အောက်ခံ ပညာရေးဌာနနှင့် ချိတ်ဆက်ဆောင်ရွက်ပါက အရေးယူမည်ဟု ချင်းပညာရေးဝန်ကြီးဌာနထုတ်ပြန်

September 25, 2026

ULA နှင့် MTP တို့ တွေ့ဆုံဆွေးနွေးပြီးနောက် ပလက်ဝနယ်စပ်ကုန်သွယ်ရေးလမ်းကြောင်း ပြန်ဖွင့်

September 25, 2026

မြန်မာကို ဘာသာရေးလွတ်လပ်ခွင့် အထူးစိုးရိမ်ရသည့်နိုင်ငံ (CPC) အဖြစ် သတ်မှတ်ပေးရန် အမေရိကန်အစိုးရထံ BRI တောင်းဆို

September 24, 2026

ကလေးမြို့တွင် ZYA ဌာနချုပ်ဝန်းအတွင်း ယာဉ်တိုက်မှုကြောင့် ၁၁ နှစ်အရွယ် ကလေးငယ် သေဆုံး၊ အစ်ကိုဖြစ်သူ ဒဏ်ရာရ

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.