Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Headline»ပလက်ဝမြို့နယ်ထဲက ဒေသခံ ၅ ဦးကို CDF နှင့် ပတ်သက်မှုစွပ်စွဲချက်ဖြင့် ULA/ AA ထပ်မံဖမ်းဆီး

ပလက်ဝမြို့နယ်ထဲက ဒေသခံ ၅ ဦးကို CDF နှင့် ပတ်သက်မှုစွပ်စွဲချက်ဖြင့် ULA/ AA ထပ်မံဖမ်းဆီး

0
By Editor on October 16, 2024 Headline

|| ပလက်ဝမြို့ (ခေတ္တ)ဆေးရုံတာဝန်ခံ ဒေါက်တာအေးကျော်ကို ULA/ AA ပြန်လွှတ်

(006SV)

ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်၊ ဆမီးမြို့၊ ဝက်မကျေးရွာက ဒေသခံ ၅ ဦးကို CDF – ပလက်ဝနှင့် ပတ်သက်သည်ဟူ၍ စွပ်စွဲပြီး ULA/ AA က ထပ်မံဖမ်းဆီးခေါ်ဆောင်သွားကြောင်း ပလက်ဝဒေသခံတချို့က ပြောသည်။

အောက်တိုဘာလ ၁၄ ရက် မနက် ၁၀ နာရီခန့်မှာ ဆမီးမြို့ ဝက်မကျေးရွာက အသက် ၃၀ မှ ၄၀ အရွယ် မြိုချင်းလူမျိုးများဖြစ်သည့် ဦးအေးလွန်၊ ဦးကြာလုံး၊ ဦးဝင်းကြည်၊ ဦးကျင်ဝပ်၊ ဦးမနော့တို့ကို CDF – ပလက်ဝနှင့် ပတ်သက်သည်ဟူ၍ စွပ်စွဲပြီး ဆမီးမြို့က ULA/ AA စခန်းကို ဟွန်ဒါစက်လှေဖြင့် ဖမ်းဆီးခေါ်ဆောင်သွားကြောင်း ဒေသခံတချို့က ပြောသည်။

“ဝက်မရွာကို ရောက်လာတဲ့ CDF ပလက်ဝဘက်က လူတွေက တခြားဒေသက ပြန်လာတော့ အသိမိတ်ဆွေတွေရှိတဲ့အတွက် အသိမိတ်ဆွေအိမ်ကို ခဏဝင်တာပေါ့နော်။ အဲဒါကို AA/ ULA က CDF ကို ထောက်ပံ့ကူညီတယ်ဆိုပြီး ဖမ်းတာဖြစ်ပါတယ်။ ဖမ်းတဲ့အထဲမှာ အကုန်လုံးက CDF ပလက်ဝကအဖွဲ့ဝင်တွေ ခဏဝင်လည်တဲ့ အိမ်ကလူတွေ မဟုတ်ဘူး။ အဲမှာ ၂ ဦးလောက်ပဲ ဖြစ်တယ်။ အသိမိတ်ဆွေသဘောအရ ဝင်လည်တာဖြစ်တယ်” ဟု ပလက်ဝ ဒေသခံတစ်ဦးက ပြောသည်။

ဖမ်းဆီးခံရသူများသည် CDF ပလက်ဝတပ်ဖွဲ့နှင့် ပတ်သက်ဆက်နွယ်မှုမရှိဘဲ သာမန်အရပ်သားပြည်သူများသာဖြစ်ကြောင်း ဒေသခံများက ပြောသည်။

ပလက်ဝမြို့ပေါ်က ပလက်ဝ (ခေတ္တ) ဆေးရုံအုပ် ဒေါက်တာအေးကျော်ကိုလည်း စက်တင်ဘာလ ၂၉ ရက်က ULA/ AA က ဖမ်းဆီးခဲ့ပြီး ၁၀ ရက်ခန့်အကြာ အောက်တိုဘာလ ၉ ရက်တွင် ခံဝန်ဖြင့် ပြန်လွှတ်ပေးခဲ့ကာ နေအိမ်အကျယ်ချုပ်ချထားကြောင်း ပလက်ဝဒေသခံတချို့က ပြောသည်။

ဒေါက်တာအေးကျော်သည် ဖမ်းဆီးစစ်ဆေးခံရစဉ်ကာလအတွင်း ခြိမ်းခြောက်ခံရမှုများရှိခဲ့ပြီး ULA/ AA က မည်သည့်အတွက်ကြောင့် ဖမ်းဆီးခဲ့ကြောင်း၊ မည်သည့်အတွက်ကြောင့် ပြန်လွှတ်ပေးခဲ့သည်ကို မသိရှိရကြောင်း ဒေသခံတချို့က ပြောသည်။

သွားဆရာဝန်တစ်ဦးဖြစ်သည့် ဒေါက်တာအေးကျော်သည် ယခင်က ကိုယ်ပိုင်လုပ်ငန်းလုပ်ကိုင်သူဖြစ်သော်လည်း ပလက်ဝမြို့ကို ULA/ AA က ထိန်းချုပ်ပြီးနောက်ပိုင်း ပလက်ဝဆေးရုံတွင် ဆေးရုံအုပ်တာဝန်ခံအဖြစ် ULA/AA က တာဝန်ပေးခံရသူဖြစ်ကြောင်း သိရသည်။

ဒေါက်တာအေးကျော်နှင့်အတူ ဖမ်းဆီးခံရသည့် ဒေသခံ ၂ ဦးမှာ လက်ရှိအချိန်ထိ ပြန်လွတ်လာခြင်းမရှိသေးကြောင်း သိရသည်။

ပလက်ဝမြို့နယ်တွင် ချင်းတော်လှန်ရေးအင်အားစုများကို ထောက်ပံ့ကူညီနေသည့် စွပ်စွဲချက်ဖြင့် ချင်းပြည်သူ ၃၀ နီးပါးကို အာရက္ခတပ်တော် ULA/AA က ဖမ်းဆီးထိန်းသိမ်းထားကြောင်း ကြားကာလ ခူမီး ချင်းမျိုးနွယ်စုများရေးရာ အတိုင်ပင်ခံကောင်စီ – IKACC က ပြုစုထားသောစာရင်းအရ သိရသည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

IKACC က စစ်ကော်မရှင်အဖွဲ့နှင့် မဟာမိတ်ဆက်ဆံရေးအဖွဲ့တို့ကို ပြင်ဆင်ဖွဲ့စည်း

ချင်းနှင့် စစ်ကိုင်းက စစ်ရှောင်စခန်းများတွင် အမျိုးသမီးလစဉ်သုံးနှင့် ဆေးဝါးများ လိုအပ်နေဟု WJ ဆို

CEIR မိုဘိုင်းဖုန်းမှတ်ပုံတင်စနစ် စစ်ကော်မရှင်အကောင်အထည်ဖော်တော့မည်

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
February 19, 2026

“ကာကွယ်ရေး အသုံးစရိတ်ကို အရင်က ၆၅ ရာခိုင်နှုန်းကနေ ဒီနှစ်တော့ ကာကွယ်ရေးကို ၈၀ ရာခိုင်နှုန်းအထိ တိုးမြှင့်သွားမယ်”

February 2, 2026

သွေးစွန်းသော မဲပုံးများနှင့် “Made in China” အရိပ်အောက်က ရွေးကောက်ပွဲ

February 1, 2026

#article”ပြည်သူ့အားနဲ့ ရိုက်ချိုးကြ၊ CSOs အားနဲ့ ထိုးဖောက်ကြ”

January 17, 2026

#interview“ဝန်ကြီးချုပ်ဆိုရင် သူ့ရဲ့ PSO က အစ၊ သူရဲ့ အမျိုးတွေ အကုန်လုံး ကုမ္ပဏီနာမည်အမျိုးမျိုးနဲ့ လုပ်နေကြတာ” CDF – ဟားခါး ဥက္ကဌ Salai Hram Lian

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
February 19, 2026

“ကာကွယ်ရေး အသုံးစရိတ်ကို အရင်က ၆၅ ရာခိုင်နှုန်းကနေ ဒီနှစ်တော့ ကာကွယ်ရေးကို ၈၀ ရာခိုင်နှုန်းအထိ တိုးမြှင့်သွားမယ်”

February 2, 2026

သွေးစွန်းသော မဲပုံးများနှင့် “Made in China” အရိပ်အောက်က ရွေးကောက်ပွဲ

February 1, 2026

#article”ပြည်သူ့အားနဲ့ ရိုက်ချိုးကြ၊ CSOs အားနဲ့ ထိုးဖောက်ကြ”

January 17, 2026

#interview“ဝန်ကြီးချုပ်ဆိုရင် သူ့ရဲ့ PSO က အစ၊ သူရဲ့ အမျိုးတွေ အကုန်လုံး ကုမ္ပဏီနာမည်အမျိုးမျိုးနဲ့ လုပ်နေကြတာ” CDF – ဟားခါး ဥက္ကဌ Salai Hram Lian

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.