Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Headline»ပလက်ဝမြို့နယ်အတွင်းက ဗျူဟာကုန်းများအပါအဝင် စခန်းပေါင်း ၁၇ ခုထက်မနည်းကို ရက္ခိုင်တပ်တော်က သိမ်းပိုက်

ပလက်ဝမြို့နယ်အတွင်းက ဗျူဟာကုန်းများအပါအဝင် စခန်းပေါင်း ၁၇ ခုထက်မနည်းကို ရက္ခိုင်တပ်တော်က သိမ်းပိုက်

0
By Editor on December 15, 2023 Headline

(006SV)

ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်အတွင်းက စစ်ကောင်စီတပ် အခိုင်အမာစခန်းချထားသည့် ဗျူဟာကုန်းကြီးများအပါအဝင် စခန်းပေါင်း ၁၇ ခုထက်မနည်းကို ၄၅ ရက်အတွင်း သိမ်းပိုက်နိုင်ခဲ့သည်ဟု ရက္ခိုင်တပ်တော် AA က သတင်းထုတ်ပြန်သည်။

၁၀၂၇ စစ်ဆင်ရေး စတင်သည့် အောင်တိုဘာလ ၂၇ ရက်မှ ဒီဇင်ဘာလ ၁၀ ရက်အထိ ရက္ခိုင်တပ်တော် AA က ရခိုင်ပြည်နယ်နှင့် ချင်းပြည်နယ် ပလက်ဝမြို့နယ်အတွင်းက စစ်ကောင်စီ၏ စစ်စခန်း၊ ရဲစခန်း၊ စစ်ဘက်ရဲဘက်အတူနေသော စခန်းများနှင့် နယ်ခြားစောင့်တပ်စခန်းများ စုစုပေါင်း ၁၄၂ စခန်းကို သိမ်းယူခဲ့ခြင်းဖြစ်ရာ ပလက်ဝမြို့နယ်အတွင်းက စခန်းပေါင်း ၁၇ ခုထက်မနည်း ပါဝင်ခဲ့သည်ဟု ဒီဇင်ဘာလ ၁၄ ရက် ညပိုင်းက သတင်းထုတ်ပြန်သည်။

ပလက်ဝမြို့နယ်အတွင်း ရဟတ်ယာဉ်ကွင်းများအပါအဝင် အခိုင်အမာခြေကုတ်စခန်းများဖြစ်သော တရွန်အိုင်ဗျူဟာကုန်း၊ နှုံးဘူးဗျူ ဟာကုန်း၊ မြိတ်ဝစခန်း၊ ကားလမ်းလုံခြုံရေးစခန်း၊ ပွိုင့် ၃၉၁ စခန်း၊ ပကာဝစခန်း၊ ပွိုင့် ၃၅၁ စခန်း၊ ဒိုးချောင်းဝစခန်း၊ ဆနွင်း တောင်ကြောစခန်း၊ ခလရ – ၂၈၉ ပတ်ဝန်းကျင်းမှ စစ်စခန်ငယ်း ၃ ခုနှင့် စစ်ကောင်စီဂိတ်များ ကို သိမ်းယူခဲ့ခြင်းဖြစ်သည်။

ထို့အပြင် လာမွီတောင်စခန်းကုန်း၊ ရင်ကွဲတောင်တပ်စခန်းကုန်း၊ ပွိုင့် ၁၂၉ ကုန်း၊ ပွိုင့် ၁၅၉ ကုန်း၊ အောက်သဲမဝကျေးရွာအနီးက ယာယီစစ်စခန်းနှင့် အဘောင်ဝကျေးရွာအနီးက ယာယီအခြေပြုစခန်းတို့ကိုလည်း ရက္ခိုင်တပ်တော် AA က သိမ်းယူနိုင်ခဲ့သည်ဟု သိရသည်။

ရက္ခိုင်တပ်တော် AA သည် ရခိုင်ပြည်နယ်အတွင်း စစ်တွေ၊ ကျောက်ဖြူ၊ ရမ်းဗြဲ၊ မြေပုံ၊ တောင်ကုတ်၊ သံတွဲ၊ အမ်း၊ မောင်တော၊ ဘူသီးတောင်၊ ရသေ့တောင်၊ ပုဏ္ဏားကျွန်းနှင့် ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်အတွင်းက စစ်ကောင်စီစခန်းပေါင်း ၁၄၀ ကျော်ကို သိမ်းယူနိုင်ခဲ့ခြင်းဖြစ်သည်။

ပလက်ဝမြို့နယ်အတွင်းက တိုက်ပွဲများတွင် စစ်ကောင်စီမှ ဗျူဟာမှူးအပါအဝင် တပ်သားအများအပြား သေဆုံးခဲ့ပြီး ရက္ခိုင်တပ်တော် AA က စခန်းသိမ်းတိုက်ပွဲများအတွင်း အသက်၊ ခန္ဓာ၊ သွေး၊ ချွေး များစွာ ရင်းနှီးပေးဆပ်ခဲ့ရသည်ဟု ရက္ခိုင်တပ်တော်က သတင်းထုတ်ပြန်ထားသည်။

စစ်ကောင်စီသည် ပလက်ဝမြို့နယ်အတွင်းက စစ်ရေးအချက်အချာကြသော ဗျူဟာကုန်းတိုက်ပွဲများတွင် စစ်စခန်းများ မကျစေရန်အတွက် Chemical Warfare Agents ဓာတုဓာတ်ငွေ့ ပါသောဗုံးများ အသုံးပြုခဲ့ပြီး လေကြောင်းတိုက်ခိုက်မှု၊ လက်နက်ကြီးတိုက်ခိုက်မှု အများအပြား အသုံးပြုခဲ့သည်ဟု AA က ထုတ်ပြန်ထားသည်။

ပလက်ဝမြို့နယ်အတွင်းက တိုက်ပွဲများတွင် ချင်းကာကွယ်ရေးတပ်ဖွဲ့တစ်ခုဖြစ်သော မရာနယ်မြေ‌ ဒေသကွယ်ရေးတပ်ဖွဲ့ MDF သည် AA တပ်ဖွဲ့နှင့်အတူ ပူးပေါင်းတိုက်ခိုက်နေသည်ဟု သိရသည်။

လက်ရှိတွင် ပလက်ဝမြို့နယ်၊ ဆမီးမြို့ပေါ်မှာလည်း တိုက်ပွဲများ ဖြစ်ပွားမှုရှိသည်ဟု သိရသည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

CDF-Hualngoram ထိန်းချုပ်နယ်မြေတွင် ပြည်သူ့ထည့်ဝင်ငွေဖြင့် ရဲဘော်များအား လစဉ် ၅ သိန်းကျပ်စီ ထောက်ပံ့

ဟားခါး၊ ချွန်ကျုံးကျေးရွာ သင်းအုပ်ဆရာတော်နှင့် ဒေသခံရွာသားတို့ကို စစ်တပ်က သတ်ဖြတ်မှု အရေးယူပေးရန် အမေရိကန်အစိုးရနှင့် နိုင်ငံတကာထံ BRI တောင်းဆို

ချင်းလဲန်းကောင်စီက ဒေသန္တရအစိုးရများကို မြို့နယ်နှင့်ဒေသ ၁၉ ခုတွင် မျိုးနွယ်စုများနှင့်ဒေသကို အခြေခံ၍ ဖွဲ့စည်းခဲ့ဟု ဆို

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
August 26, 2026

“ဒဏ်ရာများထက် ပိုမိုတောက်ပသော အနာဂတ်အတွက် ပေးဆပ်မှု”

June 26, 2026

တောင်ဇလပ်မြေက တော်လှန်ရဲမေများရဲ့ဖက်ဒရယ်အိပ်မက်ထဲက အခက်အခဲ

June 4, 2026

နယ်စပ်က မျက်ရည်များနဲ့ ပျောက်ဆုံးနေသော အိပ်မက်များ

May 19, 2026

သေနတ်ကို ဥပဒေအောက်မှာ ထားနိုင်မှ ခုခံတော်လှန်ရေးက Nation-building ကို စတင်နိုင်မည်

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
August 29, 2026

CDF-Hualngoram ထိန်းချုပ်နယ်မြေတွင် ပြည်သူ့ထည့်ဝင်ငွေဖြင့် ရဲဘော်များအား လစဉ် ၅ သိန်းကျပ်စီ ထောက်ပံ့

August 28, 2026

ဟားခါး၊ ချွန်ကျုံးကျေးရွာ သင်းအုပ်ဆရာတော်နှင့် ဒေသခံရွာသားတို့ကို စစ်တပ်က သတ်ဖြတ်မှု အရေးယူပေးရန် အမေရိကန်အစိုးရနှင့် နိုင်ငံတကာထံ BRI တောင်းဆို

August 28, 2026

တွန်းဇံမြို့နယ်ရှိ ZRA-EC စခန်းကို CDF-တွန်းဇံက ဝင်ရောက်စီးနင်းတိုက်ခိုက်

August 28, 2026

ချင်းလဲန်းကောင်စီက ဒေသန္တရအစိုးရများကို မြို့နယ်နှင့်ဒေသ ၁၉ ခုတွင် မျိုးနွယ်စုများနှင့်ဒေသကို အခြေခံ၍ ဖွဲ့စည်းခဲ့ဟု ဆို

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.