Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Headline»ပလက်ဝမြို့နယ် စိမ်းညင်းဝကျေးရွာကို စစ်တပ်ဗုံးကြဲ၊ ကလေးငယ်အပါအဝင် ၅ ယောက်သေဆုံး ၁၇ ယောက်ဒဏ်ရာရ

ပလက်ဝမြို့နယ် စိမ်းညင်းဝကျေးရွာကို စစ်တပ်ဗုံးကြဲ၊ ကလေးငယ်အပါအဝင် ၅ ယောက်သေဆုံး ၁၇ ယောက်ဒဏ်ရာရ

0
By Editor on August 24, 2026 Headline

(005MK)

အာရက္ခတပ်တော် ULA/AA ထိန်းချုပ်ထားသော ချင်းပြည်နယ်တောင်ပိုင်းဒေသ ပလက်ဝမြို့နယ် စိမ်းညင်းဝကျေးရွာ ကို စစ်တပ်ကဗုံးကြဲတိုက်ခိုက်ရာတွင် ကလေးငယ်အပါဝင်ပြည်သူ ၅ ယောက်သေဆုံးပြီး ၁၇ ယောက်ဒဏ်ရာရရှိ ကြောင်း သိရသည်။

စိမ်းညင်းဝကျေးရွာကို ယနေ့ သြဂုတ် ၂၄ ရက် နေ့လည် ၁၁ နာရီ ၉ မိနစ်၊ ၁၁ နာရီ ၁၂ မိနစ် နှင့် ၁၁ နာရီ ၁၆ မိနစ်တို့ တွင် သုံးကြိမ် တိုင်တိုင် စစ်တပ်က ဂျက်ဖိုက်တာ ၂ စီးနှင့် ပေါင် ၅၀၀ ဗုံးနှစ်လုံး၊ ပေါင် ၃၀၀ ဗုံးတစ်လုံးနဲ့ ရော့ကတ်သီး ၈ လုံးတို့ဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့သည်ဟု Paletwa Times ကဖော်ပြသည်။

လေကြောင်းတိုက်ခိုက်မှုအတွင်း ဗုံး ၅ လုံးမှာ ရွာဘုန်းကြီးကျောင်း ဓမ္မာရုံအဆောင်မှာ ၁ လုံး၊ ရွာအလယ်မှာ ၃ လုံးနှင့် ရွာအဆုံးမှာ ၁ လုံး ကျရောက်ပေါက်ကွဲခဲ့သည်ဟု ဆိုသည်။

ဗုံးကြဲတိုက်ခိုက်မှုကြောင့် ဒေါ်သန္တာဖြူ ၇၁ နှစ်၊ မြတ်ကျော်နိုင် ၁၀ နှစ်၊ ဒေါ်ခိုင်ခိုင်စိုး ၄၆ နှစ်၊ ဒေါ်မသန်းဝင်း ၃၆ နှစ်၊ မောင်ထက်မြတ်ကျော် ၁ နှစ်တို့ နေရာမှာတင် ပွဲချင်းသေဆုံးသွားပြီး ကလေးငယ် ၈ ဦးအပါအဝင် ပြည်သူ ၁၇ ဦး အသေးစား နှင့် အလတ်စားဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

ထို့အပြင် လူနေအိမ် ၁၉ လုံး၊ ဘုန်းတော်ကြီးကျောင်း၊ ဓမ္မာရုံအဆောင်နှင့် ဆွမ်းစားဆောင်တို့ ပျက်စီးသွားပြီး ကာလ တန်ဖိုး ငွေကျပ် ၉၀၀ ကျော်အထိ ဆုံးရှုံးပျက်စီသွားသည်ဟု Paletwa Times ကဖော်ပြသည်။

အာဏာသိမ်းစစ်တပ်သည် သြဂုတ် ၁၁ ရက်နေ့ကလည်း ပလက်ဝမြို့ကို လေကြောင်းတိုက်ခိုက်ရာတွင် ဆယ်ကျော် သက်အရွယ်မိန်းကလေးနှစ်ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး သြဂုတ်လ ၁၂ ရက်နေ့ကလည်း ဆမီးမြို့ကို ဗုံးကြဲ တိုက်ခိုက်ခဲ့ရာ ဆယ်ကျော်သက်အရွယ် မိန်းကလေးတစ်ယောက် သေဆုံးကာ ကိုးယောက် ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

စစ်တပ်လက်အောက်ခံ ပညာရေးဌာနနှင့် ချိတ်ဆက်ဆောင်ရွက်ပါက အရေးယူမည်ဟု ချင်းပညာရေးဝန်ကြီးဌာနထုတ်ပြန်

မြန်မာကို ဘာသာရေးလွတ်လပ်ခွင့် အထူးစိုးရိမ်ရသည့်နိုင်ငံ (CPC) အဖြစ် သတ်မှတ်ပေးရန် အမေရိကန်အစိုးရထံ BRI တောင်းဆို

ကလေးလူငယ်များကို လက်နက်ကိုင်အဖွဲ့များက အဓမ္မစစ်မှုထမ်းစေခြင်းကို ကန့်ကွက်ကြောင်း ချင်းပညာရေးစီဒီအမ်အဖွဲ့ ထုတ်ပြန်

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
September 17, 2026

Palangvum (သို့) ပလက်ဝတွင် ဘာတွေဖြစ်နေလဲ

September 4, 2026

ကလေးမြို့က သားသည်မိခင်တို့၏ ညစဉ်ခြောက်လှန့်အိပ်မက်နှင့် ပေါ်တာဆွဲမှု အရေခြုံစစ်မှုထမ်းဥပဒေ

August 26, 2026

“ဒဏ်ရာများထက် ပိုမိုတောက်ပသော အနာဂတ်အတွက် ပေးဆပ်မှု”

June 26, 2026

တောင်ဇလပ်မြေက တော်လှန်ရဲမေများရဲ့ဖက်ဒရယ်အိပ်မက်ထဲက အခက်အခဲ

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
September 25, 2026

စစ်တပ်လက်အောက်ခံ ပညာရေးဌာနနှင့် ချိတ်ဆက်ဆောင်ရွက်ပါက အရေးယူမည်ဟု ချင်းပညာရေးဝန်ကြီးဌာနထုတ်ပြန်

September 25, 2026

ULA နှင့် MTP တို့ တွေ့ဆုံဆွေးနွေးပြီးနောက် ပလက်ဝနယ်စပ်ကုန်သွယ်ရေးလမ်းကြောင်း ပြန်ဖွင့်

September 25, 2026

မြန်မာကို ဘာသာရေးလွတ်လပ်ခွင့် အထူးစိုးရိမ်ရသည့်နိုင်ငံ (CPC) အဖြစ် သတ်မှတ်ပေးရန် အမေရိကန်အစိုးရထံ BRI တောင်းဆို

September 24, 2026

ကလေးမြို့တွင် ZYA ဌာနချုပ်ဝန်းအတွင်း ယာဉ်တိုက်မှုကြောင့် ၁၁ နှစ်အရွယ် ကလေးငယ် သေဆုံး၊ အစ်ကိုဖြစ်သူ ဒဏ်ရာရ

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.