Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Khonumthung»ပလက်ဝမြို့နယ် “နှုံးဘူး” နှင့် “ထရွန်အိုင်” ဗျူဟာကုန်းများကို အပြီးသိမ်းပိုက်နိုင်ရေး တိုက်ပွဲပြင်းထန်နေ

ပလက်ဝမြို့နယ် “နှုံးဘူး” နှင့် “ထရွန်အိုင်” ဗျူဟာကုန်းများကို အပြီးသိမ်းပိုက်နိုင်ရေး တိုက်ပွဲပြင်းထန်နေ

0
By Editor on November 30, 2023 Khonumthung

(006SV)

ချင်းပြည်နယ်တောင်ပိုင်း ပလက်ဝမြို့နယ်ရှိ စစ်ကောင်စီတပ်စခန်း “နှုံးဘူး” နှင့် “ထရွန်အိုင်ဗျူဟာကုန်း” တို့ကို အပြီးသိမ်း ပိုက်နိုင်ရေးအတွက် တိုက်ပွဲများ ဆက်လက်ပြင်းထန်နေသည်ဟု မြောက်ပိုင်း ညီနောင်မဟာမိတ်သုံးဖွဲ့က သတင်းထုတ်ပြန်သည်။

ဘင်္ဂလားဒေ့ရှ် – အိန္ဒိယ – မြန်မာ သုံးနိုင်ငံနယ်စပ်အနီးမှာ တည်ရှိသည့် ပလက်ဝမြို့နယ်ထဲက ယင်းစစ်စခန်း (၂) ခုကို ရက္ခိုင့် တပ်တော် (AA) က  နိုင်ဝင်ဘာလ ၁၄ ရက်က စတင်ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ရာ ယနေ့ နိုဝင်ဘာလ ၃၀ ရက်အထိ ၁၇ ရက်ကြာ တိုက်ပွဲများ ဆက်လက်ပြင်းထန်နေခြင်းဖြစ်သည်။

နိုဝင်ဘာလ ၂၀ ရက်က ပလက်ဝမြို့နယ်၊ ကုလားတန်မြစ်ဖျားဒေသဖြစ်သည့် တရွန်အိုင်ရွာအထက်ပိုင်း ၆ မိုင်က မီးဇာရွာကို စစ်ကောင်စီက လေကြောင်း ဗုံးကြဲတိုက်ခိုက်ခဲ့ရာ အရပ်သားပြည်သူ ၉ ဦး ထိခိုက်ဒဏ်ရာများ ရရှိခဲ့သည်။

စစ်ကောင်စီသည် ယင်းဗျူဟာများကို လေကြောင်းပစ်ကူများသာမက အခြားတပ်ရင်းများမှလည်း လက်နက်ကြီးများဖြင့် ပစ်ကူနေကြောင်း AA ၏ သတင်းထုတ်ပြန်ချက်များတွင် ဖော်ပြထားသည်။

ထို့အပြင် ရခိုင်ပြည်နယ်၊ ပေါက်တောမြို့တွင်လည်း စစ်ကောင်စီနှင့် AA တပ်ဖွဲ့တို့ တိုက်ပွဲများ ဆက်လက်ပြင်းထန်နေပြီး စစ်ကောင်စီက ကြည်း၊ ရေ၊ လေ ထိုးစစ်ဖြင့် တန်ပြန်တိုက်ခိုက်နေသည်၊

ပေါက်တောမြို့ပေါ်ရှိ နေအိမ်များ မီးလောင်ပျက်စီးမှုများရှိသည်ဟု ညီနောင်မဟာမိတ်သုံးဖွဲ့က သတင်းထုတ်ပြန်သည်။

၁၀၂၇ စစ်ဆင်ရေး၏ စစ်ရှိန်နှင့်အတူ တစ်နိုင်ငံလုံး ပူးပေါင်းပါဝင်သော စစ်ဆင်ရေးကြီးအဖြစ် အသွင်ပြောင်း အားကောင်းလာပြီး စစ်ကောင်စီကို အပြီးသတ် ဖြိုလှဲနိုင်ရန် ညီနောင်မဟာမိတ် (၃) ဖွဲ့နှင့် တခြားးတော်လှန်ရေးမဟာမိတ်တပ်ဖွဲ့များကလည်း စစ်ဆင်ရေးသတ်မှတ်ထားသော နေရာများတွင် စစ်ရေးရည်မှန်းချက်များ အထမြောက်အောင် ဆက်လက်ပူးပေါင်းဆောင်ရွက်နေသည်ဟု သိရသည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

မလေးရှားတွင် ချင်းအမျိုးသားတစ်ဦး ၃ ထပ်တိုက်ပေါ်မှ ပြုတ်ကျသေဆုံး

နယူးဒေလီမြို့က အဆင့်မြင့်တက္ကသိုလ် ၁၀ ခုနဲ့ ပူးပေါင်းဆောင်ရွက်ရေးသဘောတူလက်မှတ်ရေးထိုးပြီး တက်ရောက်ချင်သော မြန်မာကျောင်းသားများကို ကူညီပေးမည်ဟု CSU ပြော

အာရက္ခတပ်တော် AA တပ်ဖွဲ့ဝင်တစ်ဦး ဖမ်းဆီးထိန်းသိမ်းစဉ်မှာ ညှင်းပမ်းနှိပ်စက်မှုကြောင့် သေဆုံးဟု စွပ်စွဲပြောဆိုချက် မဟုတ်မှန်ကြောင်း CNF ပြော

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
April 24, 2025

“ZRA က တွန်းဇန်မြို့နယ်နဲ့ တီးတိန်မြို့နယ်ကို ဇိုမီးပြည်နယ်ပုံစံအနေနဲ့ သီးခြားပြည်နယ်ပုံစံမျိုးနဲ့ ရပ်တည်ချင်တာ”

April 11, 2025

“ကျနော်တို့ ငါးလကျော် တိုက်ခိုက်ခဲ့ရတဲ့ အကြောင်းအရင်းက ဖလမ်းက ဗျူဟာအရ အရမ်းကို အချက်အချာကျတဲ့ မြို့တစ်မြို့ဖြစ်ပါတယ်”

March 31, 2025

“သူများနိုင်ငံမှာ စစ်ဘေးဒုက္ခသည်အဖြစ်နဲ့တော့မသေချင်ဘူး၊ မြန်မာပြည်ကြီး အမြန် ကောင်းစေချင်လှပါပြီ”

March 27, 2025

“ကျွန်မတို့ ယောကျ်ားလေးတွေနဲ့ တန်းတူလုပ်ရတာဆိုလို့ သင်တန်းမှာပဲရတယ်။ မိန်းကလေးတွေက ငါတို့ကိုလဲ တာဝန်တွေပေးတော့မှာဆိုတဲ့ မျှော်လင့်ချက်နဲ့ သင်တန်းမှာ ကြိုးစားလိုက်ကြတာ သင်တန်းလဲပြီးရော စားဖိုဆောင် ပြန်ပို့ခံရတယ်လေ” GiGi (လက်ဖြောင့်တပ်သား – PDF-Zoland)

Ads
Leaderboard Ad
Archives
–
Leaderboard Ad
Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.