Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Headline»ပလက်ဝမြို့နယ် ရွှေလိုင်ပွီကျေးရွာက အမျိုးသမီးတစ်ဦးသေဆုံးမှု အကြမ်းဖက်သတ်ဖြတ်ခံရသော လက္ခဏာများတွေ့ရှိရ
ပုံစာ - သေဆုံးသွားသော ဒေါ်တောင်းရီ၊ မြေမြုပ်သဂြိုလ်မှု

ပလက်ဝမြို့နယ် ရွှေလိုင်ပွီကျေးရွာက အမျိုးသမီးတစ်ဦးသေဆုံးမှု အကြမ်းဖက်သတ်ဖြတ်ခံရသော လက္ခဏာများတွေ့ရှိရ

0
By Editor on June 9, 2025 Headline

မိသားစုဝင်များကို AA က အလောင်ပင်ကြည့်ခွင့်မပြု

(004SS)

ချင်းပြည်နယ်တောင်ပိုင်း ပလက်မြို့နယ်၊ ရွှေလိုင်ပွီကျေးရွာနေ အသက် ၆၈ နှစ်အရွယ် ဒေါ်တောင်းရီသေဆုံးမှုမှာ ရေနစ်သေဆုံးခြင်းမဖြစ်နိုင်ဘဲ ခန္ဓာကိုယ်ပေါ်တွင် အကြမ်းဖက်သတ်ဖြတ်ခံရသော လက္ခဏာအများအပြားတွေ့ရှိရသည်ဟု မိသားစုဝင် များထံမှ သိရသည်။

ဒေါ်တောင်းရီသည် ပြီးခဲ့သည့် မေလ ၂၆ ရက်နေ့မနက်ပိုင်း ၉ နာရီမှာ တစ်ယောက်တည်း ယာခင်းသို့သွားရာတွင် နေရပ်သို့ ပြန်မရောက်လာတော့ဘဲ ပျောက်ဆုံးခဲ့ပြီးနောက် ၃ ရက်အကြာ မေလ ၂၉ ရက်နေ့မှာ ဒိုးချောင်းဝရွာအနီး ချောင်းထဲမှာ သေဆုံးနေသော ရုပ်အလောင်းကို တွေ့ရှိခဲ့ကြခြင်းဖြစ်သည်။

“အဲဒီနေ့က AA ရဲဘော် ၃ ဦးက အနောက်ကနေလိုက်သွားတာမြင်တယ်လို့ ရွာသားတွေက ပြောတယ်။ ရွာသားတွေက ၄ ဖွဲ့လောက်ခွဲပြီး တောထဲမှာလဲရှာ၊ ချောင်းထဲမှာလဲရှာတယ်၊ ရွှေလှိုင်ချောင်း၊ တဝုန်းဆာလောင်ချောင်းဖျားမှာ ထမင်းစားတဲ့ ဖက်ရွက်တွေ့တယ်တဲ့။ အဲဒီနားမှာပဲ သူ့ရဲ့ အပေါ်ဝတ်ထဘီ၊ အောက်ခံဝတ်ဘောင်းဘီ၊ ခေါင်းပတ်ပုဝါ ၊ဓား ၊ကွမ်းထုပ် ၊မီခြစ် တွေ့တယ်လို့ ပြောတယ်။ တောက်လျှောက် ရှာကြတယ်၊ ကူလက်ချောင်းရယ်၊ ဒိုးချောင်းဝ၊ ချက်ခြံထိ ရောက်တယ် ဘာမှ‌ အလောင်း မတွေ့ဘူး။ အဲမှာဆုတောင်းပြီး ပြန်ကြတယ်။ နောက် ‌ဒိုးချောင်းဝ နယ်မြေမှူးက ရွှေလိုင်ပွီတောင်ထိပ်က AA တပ်စခန်း ကနေတဆင့် ဖုန်းလှမ်းခေါ် အကြောင်းကြားတော့မှ ရွာသားတွေက စက်လှေ ၂ စီးနဲ့ လူအပြည့် သွားပြီးမှ အလောင်းကို ယူကြတာ” ဟု သေဆုံးသူ ဒေါ်တောင်းရီ၏ မိသားစုဝင် အမျိုးသားတစ်ဦးက ပြောသည်။

ဒေါ်တောင်းရီ၏ ရုပ်အလောင်းကို မေလ ၂၉ ရက် ကြာသာပတေးနေ့တွင် ဒိုးချောင်းဝရွာအောက်၊ ကျောက်တန်းအထက် ယောင်မဒေါက်‌၊ ကုလက်ချောင်းထဲမှာ တွေ့ရှိခဲ့ကြပြီး မေလ ၃၀ ရက်နေ့တွင် ရွှေလိုင်ပွီကျေးရွာမှာ မြေမြှုပ်သင်္ဂြိုဟ်ခဲ့ ကြသည်ဟု သိရသည်။

မျက်မြင်တွေ့ရှိသူများ၏ ပြောဆိုချက်အရ ဒေါ်တောင်းရီ၏ ရုပ်အလောင်းတွင် ဓားထိုးဒဏ်ရာ၊ ထိုးကြိတ်ဒါဏ်၊ ဆံပင်ဖြတ်ပစ်မှု၊ အမျိုးသမီးအင်္ဂါဖျက်ဆီးခံရမှု အပါအဝင် အကြမ်းဖက်မှုလက္ခဏာအများအပြား တွေ့ရှိခဲ့ရကြောင်း မိသားစုဝင် အမျိုးသားတစ်ဦးကပြောသည်။

“အလောင်းယူဖို့ သွားတာ ၁၀ ယောက်လောက်ရှိမယ်၊ သူတို့ယူတော့ အလောင်းပေါ်မှာ ဒဏ်ရာ အများကြီးရှိတယ် လို့ပြော တယ်။ ခေါင်းမှာလဲ ဒါဏ်ရာတွေ နောက်ပြီးတော့ ဆံပင်ကိုလဲ အကုန်ဖြတ်ပစ်ထားတယ်၊ ဝမ်းဗိုက်မှာလဲ ဓါးထိုးတဲ့ ဒါဏ်ရာ ဒါဏ်ချက်တွေရှိတယ်၊ နောက်ပြီး အမျိုးသမီးအင်္ဂါလဲ ဓါးနဲ့ဖြတ်ထုတ်ခံရတယ် လို့ ပြောတယ်။ နောက် ရွာရောက် တော့ အလာင်း ကြည့်မယ်ပြောတော့ အဲမှာရှိတဲ့ AA က အလောင်းဖွင့်ခွင့်လဲမပေးဘူး။ ကြည့်ခွင့်လဲ မပေးဘူး။ ဓါတ်ပုံ ရိုက်ခွင့်လဲ မပေးဘူး။ သူတို့ပြောတာတော့ ကြည့်ရင် မိသားစုက အရမ်းဝမ်းနည်းသွားမှာ စိတ်ထိခိုက်သွားမှာစိုးလို့ဆိုပြီးပြောတယ်” ဟု သေဆုံးသူ၏ မိသားစုဝင်က ပြောသည်။

ဒေါ်တောင်းရီ၏ ရုပ်အလောင်းပေါ်က ဒဏ်ရာဒဏ်ချက်များနှင့် အကြမ်းဖက်မှုလက္ခဏာများကို ကြည့်ခြင်းအားဖြင့် ရေနစ်သေဆုံးသွားခြင်းမဖြစ်နိုင်ကြောင်း လူတစ်စုက အဓမ္မပြုကျင့်ပြီးနောက်သတ်ဖြတ်ကာ အလောင်းဖျောက်ရန် ကြိုးစားခြင်းဖြစ်နိုင်ကြောင်း မိသားစုဝင်များ ယုံကြည်နေကြသည်။

ရွှေလိုင်ပွီကျေးရွာသည် အာရက္ခတပ်တော် AA က ထိန်းချုပ်ထားပြီး ရွာထိပ်တောင်ကုန်းပေါ်တွင် AA တပ်စခန်းရှိသည် ဟု သိရသည်။

မေလ ၂၆ ရက်နေ့က ဒေါ်တောင်းရီ တစ်ယောက်တည်း တောင်ယာထဲသွားသည့်အချိန်တွင် AA တပ်ဖွဲ့ဝင် ၃ ဦးက အနောက်ကနေ လိုက်သွားသည်ကို ရွာသားတချို့က လှမ်းမြင်ကြောင်းပြောဆိုမှုကို ထောက်ရှုခြင်းအားဖြင့် ဒေါ်တောင်းရီသေဆုံးမှုတွင် AA တပ်ဖွဲ့များပါဝင်ပတ်သက်မှုရှိနိုင်ကြောင်း မိသားစုဝင်များက ယူဆကြသည်။

ယခု ဖြစ်စဉ်နောက်ပိုင်း ဒေသခံများအကြား စိုးရိမ်မှု မြင့်တက်စေခဲ့ပြီး ရွာသားများသည် ယာခင်းသို့ပင် မသွားရဲကြတော့ဘဲ လူ ၄-၅ ဦးစုကာ အဖွဲ့လိုက်သာ သွားရဲကြ‌တော့သည်ဟု သိရသည်။

အိမ်ခြေ ၈၀ ခန့်ရှိသည့် ရွှေလိုင်ပွီကျေးရွာသည် အိန္ဒိယ-မြန်မာနယ်စပ်အနီးတွင်တည်ရှိပြီး မီဇိုရမ်ပြည်နယ် လောင်တလိုင် မြို့သို့ နေ့ချင်းပြန် သွားလာနိုင်သော ဒေသဟုသိရသည်။

ရွှေလိုင်ပွီကျေးရွာအပါအဝင် AA ထိန်းချုပ်သော ပလက်ဝမြို့နယ်တွင် ဒေသခံပြည်သူများသည် အခြားဒေသမှ ဆွေမျိုးများ ရောက်လာသည့်အခါ မပျက် မကွက် ဧည့်စာရင်း တိုင်ကြားရပြီး ပျက်ကွက်ပါက ကျပ် ၃၀,၀၀၀ ဒါဏ်ငွေပေးဆောင်ရကြောင်း၊ ခရီးသွားလာသူများအနေဖြင့် AA နယ်မြေမှူးနှင့် AA ခန့် ကျေးရွာအုပ်ချုပ်ရေးမှူးများ၏ ထောက်ခံစာဖြင့်သာ ခရီးထွက် သွား လာခွင့်ရှိကြောင်း သိရသည်။

ဧပြီလ ၅ ရက်နေ့ကလည်း ပလက်ဝမြို့နယ်၊ စိမ်းစင်းကျေးရွာအနီးတွင် AA တပ်ဖွဲ့ဝင် ၂ ဦးသည် ဒေသခံ ချင်းအမျိုးသမီးတဦးကို မုဒိမ်းမှု ကျူးလွန်ပြီးနောက် ရေနစ်သတ်ဖြတ်ရန် ကြိုးပမ်းခဲ့သည်။

အဆိုပါဖြစ်စဉ်နဲ့ပတ်သက်၍ ကျူးလွန်သူ တပ်ဖွဲ့ဝင် ၂ ဦးကို ပြင်းထန်စွာအရေးယူမည်ဟု AA ပြောခွင့်ရ ဦးခိုင်သုခက ပြောဆိုခဲ့သော်လည်း ယနေ့ချိန်ထိ အရေးယူဆောင်ရွက်မှုမျိုး မကြားရသေးပေ။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

ချင်းပြည် (Chinland) အစိုးရအဖွဲ့နှင့် NLD ဗဟိုအလုပ်ကော်မတီတို့ တွေ့ဆုံ၍ ပူးပေါင်းဆောင်ရွက်ရေး ဆွေးနွေး

တမူးဒေသရှိ ကျေးရွာတချို့မှာ အဓမ္မတပ်သားစုဆောင်းခံရမှုကြောင့် ဒေသခံများ ကန့်ကွက်ဆန္ဒပြနေ

ယခုနှစ် ချင်းပြည် (Chinland) အစိုးရ၊ ကာကွယ်ရေးအသုံးစရိတ်ကို ၈၀ ရာခိုင်နှုန်းအထိ တိုးမြှင့်သုံးစွဲမည်

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
February 19, 2026

“ကာကွယ်ရေး အသုံးစရိတ်ကို အရင်က ၆၅ ရာခိုင်နှုန်းကနေ ဒီနှစ်တော့ ကာကွယ်ရေးကို ၈၀ ရာခိုင်နှုန်းအထိ တိုးမြှင့်သွားမယ်”

January 17, 2026

#interview“ဝန်ကြီးချုပ်ဆိုရင် သူ့ရဲ့ PSO က အစ၊ သူရဲ့ အမျိုးတွေ အကုန်လုံး ကုမ္ပဏီနာမည်အမျိုးမျိုးနဲ့ လုပ်နေကြတာ” CDF – ဟားခါး ဥက္ကဌ Salai Hram Lian

January 7, 2026

သတင်းအမှောင်ထဲက ချင်းပြည်နဲ့ ရှင်သန်ရပ်တည်ရေး ရုန်းကန်နေရတဲ့ ဌာနေ နားမျက်စိတွေ

January 2, 2026

#Article”ချင်းကို ကာရံညှိခြင်း”

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
February 19, 2026

“ကာကွယ်ရေး အသုံးစရိတ်ကို အရင်က ၆၅ ရာခိုင်နှုန်းကနေ ဒီနှစ်တော့ ကာကွယ်ရေးကို ၈၀ ရာခိုင်နှုန်းအထိ တိုးမြှင့်သွားမယ်”

January 17, 2026

#interview“ဝန်ကြီးချုပ်ဆိုရင် သူ့ရဲ့ PSO က အစ၊ သူရဲ့ အမျိုးတွေ အကုန်လုံး ကုမ္ပဏီနာမည်အမျိုးမျိုးနဲ့ လုပ်နေကြတာ” CDF – ဟားခါး ဥက္ကဌ Salai Hram Lian

January 7, 2026

သတင်းအမှောင်ထဲက ချင်းပြည်နဲ့ ရှင်သန်ရပ်တည်ရေး ရုန်းကန်နေရတဲ့ ဌာနေ နားမျက်စိတွေ

January 2, 2026

#Article”ချင်းကို ကာရံညှိခြင်း”

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.