Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Headline»ပလက်ဝမြို့ပေါ် စစ်ဘေးရှောင်များအတွက် အနွေးထည်နှင့်စောင်များ လိုအပ်နေ

ပလက်ဝမြို့ပေါ် စစ်ဘေးရှောင်များအတွက် အနွေးထည်နှင့်စောင်များ လိုအပ်နေ

0
By Editor on November 4, 2022 Headline

ချမ်းအေးသည့် ဆောင်းရာသီဝင်စပြုလာခြင်းနှင့် အလှူရှင်များမရှိသောကြောင့် ချင်းပြည်နယ်တောင်ပိုင်း၊ ပလက်ဝမြို့ပေါ်တွင် စစ်ဘေးရှောင်နေကြသည့် ပြည်သူများအတွက် အနွေးထည်နှင့် စောင်များ လိုအပ်နေသည်ဟု ပလက်ဝမြို့က စစ်ဘေးရှောင်များကို ကူညီပေးသူတစ်ဦးက ပြောသည်။

“အနွေးအထည်က ဘယ်သူမှ ထောက်ပံ့တာမရှိဘူး၊ အဲ့တော့ မလုံလောက်ဘူး။ မနှစ်တုန်းက ပြေးတဲ့သူတွေလောက်ပဲ နည်းနည်းပါးပါးနဲ့ ဟောင်းတွေပဲရှိတော့မယ်။ ဒီနှစ်ပြေးလာတဲ့သူတွေကတော့ အဝတ်တ ထည်ကိုယ်တခုနဲ့ပြေးလာကြတာဆိုတော့ အဝတ်တွေတော့ မရှိဘူး။ အရင်တုန်းကအလှူရှင် NGO၊ ပုဂ္ဂလိက ဖက်ကပဲရှိတာ နောက်ပိုင်းမဝင်တော့ ကျွန်တော်တို့ဒေသမှာကမရောက်နိုင်တာ တော်တော်လေး အခက်တွေ့တယ် ဒါကြောင့် နည်းနည်းရနိုင်တယ်ဆိုရင် ကူညီပေးပါအုံးပေါ့။” ဟု ပလက်ဝမြို့က စစ်ဘေးရှောင်များကို ကူညီပေးသူတစ်ဦးက ပြောသည်။

၎င်း စစ်ဘေးရှောင်ပြည်သူများကို ၂၀၂၀ ခုနှစ် ချင်းပြည်နယ်အစိုးရမှ ထောက်ပံ့ပေးမူ၊ NGO၊ ပုဂ္ဂလိက အဖွဲ့အစည်းများ၊ အလှူရှင်အသီးသီးတို့မှ ဆောင်းတွင်းအဝတ်အနွေးထည်၊ စောင်များ ကူညီလှူဒါန်းမှုများရှိခဲ့သော်လည်း ယခုနှစ်အတွင်း လမ်းပန်းဆက်သွယ်ရေး ပိုခက်ခဲလာကာ အင်တာနက်လိုင်း ပြတ်တောက်ခံထားရဆဲဖြစ်သောကြောင့် အလှူရှင်များနှင့် ဆက်သွယ်ရေးပြတ်တောက်ခြင်းတို့ ကြုံတွေ့နေရခြင်းဖြစ်သည်။

ပလက်ဝမြို့ပေါ်ရှိ စစ်ဘေးရှောင်ပြည်သူများထဲတွင် သက်ကြီးရွယ်အို၊ ကိုယ်ဝန်သည်အပါအဝင် ကလေးငယ်များရှိနေသောကြောင့် လက်ရှိ ဆောင်းတွင်း အဝတ်ထည်သာမက အာဟာရဖြည့်စွက်အစာနှင့် ဆေးဝါးများလည်း အကူညီလိုအပ်နေသည်ဟု အဘောင်သားဒေသခံတစ်ဦးက ပြောသည်။

“အခုဆောင်းရာသီဝင်လာပြီဆိုတော့ စောင်၊ အနွေးထည်၊ အခင်းတွေလိုအပ်တယ်။ တချို့က ကျန်းမာရေးမကောင်းကြတော့ ဆေးကုဖို့လိုတယ်။ပြည်သူ့ဆေးရုံကဆရာမတွေက တလတကြိမ်ဆေးခန်း လာဖွင့်ပေးကြပေမယ့် နည်းနည်းပါးပါး ဖျားတာလောက်ပဲကုပေးတယ် အသည်းသန်ဖြစ်ရင် ဆေးရုံတက်ရဆေးကုဖို့ ပိုက်ဆံလိုတယ်” ဟု အဘောင်သားဒေသခံက ပြောသည်။

လက်ရှိ ပလက်ဝမြို့ပေါ်သို့ စစ်ဘေးတိမ်းရှောင်လာသောကြသော ပြည်သူများအတွက် ကမ္ဘာ့စားနပ်ရိက္ခာအစီစဉ် (WFP) မှ ဆန်နှင့် ရိက္ခာများကို ထောက်ပံ့ကူညီပေးနေသော်လည်း ဆေးဝါးများနှင့် ဟင်းသီးဟင်းရွက်များဝယ်ယူရန်အတွက် ငွေကြေးအခက်အခဲများရှိနေကြောင်း ၎င်းစစ်ဘေးရှောင်များထံမှသိရသည်။

ရခိုင်ပြည်နယ်နှင့် ချင်းပြည်နယ် ပလက်ဝမြို့နယ်တို့တွင် ပြီးခဲ့သည့် ၂၀၁၈ ခုနှစ်မှ လက်ရှိအချိန်ထိ ရက္ခိုင့်တပ်တော်နှင့် စစ်ကောင်စီတပ်ဖွဲ့တို့ တိုက်ပွဲဖြစ်ပွားနေခြင်းကြောင့် ဒေသခံပြည်သူ ငါးထောင်ခန့်တို့သည် လုံခြုံသည့်နေရာနှင့် ပလက်ဝမြို့ပေါ် စစ်ဘေးရှောင်စခန်းများတွင် စစ်ဘေးခိုလှုံနေကြဆဲဖြစ်ကြောင်း သိရသည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

ဟားခါးမြို့တွင် ကုန်ဈေးနှုန်းကြီးမြင့်မှုကြောင့် အထွေထွေကျပ်တည်းမှုဖြစ်လာ

သိုင်းငင်းလမ်း ပြန်ဖွင့်သော်လည်း စစ်ကော်မရှင်တပ်က ငွေကြေးအဆမတန် တောင်းခံနေသောကြောင့် ကုန်တင်ကားကြီးများသာ အဓိကသွားလာနေရ

ဖလမ်း၊ Khuangli ရွာက စစ်ကော်မရှင်စစ်ကြောင်း ချင်းပူးပေါင်းတပ် ထိုးစစ်ဆင် တိုက်ခိုက်

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
January 7, 2026

သတင်းအမှောင်ထဲက ချင်းပြည်နဲ့ ရှင်သန်ရပ်တည်ရေး ရုန်းကန်နေရတဲ့ ဌာနေ နားမျက်စိတွေ

January 2, 2026

#Article”ချင်းကို ကာရံညှိခြင်း”

December 17, 2025

တူမီးတော်လှန်ရေးရဲ့ လက်တကမ်းမှာ ပိုခက်ခဲလာတဲ့ အမေ့လျှော့ခံ ချင်းစစ်ဘေးရှောင်ရဲ့ ရှေ့ခရီး

November 28, 2025

“ပေးဆပ်မှု ကြီးမားကြသူများ”

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
January 7, 2026

သတင်းအမှောင်ထဲက ချင်းပြည်နဲ့ ရှင်သန်ရပ်တည်ရေး ရုန်းကန်နေရတဲ့ ဌာနေ နားမျက်စိတွေ

January 2, 2026

#Article”ချင်းကို ကာရံညှိခြင်း”

December 17, 2025

တူမီးတော်လှန်ရေးရဲ့ လက်တကမ်းမှာ ပိုခက်ခဲလာတဲ့ အမေ့လျှော့ခံ ချင်းစစ်ဘေးရှောင်ရဲ့ ရှေ့ခရီး

November 28, 2025

“ပေးဆပ်မှု ကြီးမားကြသူများ”

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.