Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Headline»ပလက်ဝမြို့သိမ်းတိုက်ပွဲက စစ်သုံ့ပန်း ၄၀ ကျော်ကို ULA/ AA လွှတ်ပေး

ပလက်ဝမြို့သိမ်းတိုက်ပွဲက စစ်သုံ့ပန်း ၄၀ ကျော်ကို ULA/ AA လွှတ်ပေး

0
By Editor on August 26, 2025 Headline

(006SV)

ချင်းပြည်နယ်တောင်ပိုင်း၊ ပလက်ဝမြို့သိမ်းတိုက်ပွဲအတွင်း ဖမ်းဆီးရမိထားသော စစ်သုံ့ပန်းများထဲက ၄၀ ကျော်ကို ယမန်နေ့က ပြန်လွှတ်ပေးလိုက်ကြောင်း သိရသည်။

ဩဂုတ်လ ၂၅ ရက် နေ့လည်ပိုင်းတွင် စစ်သုံ့ပန်း နှင့် အခြားသုံ့ပန်း အိမ်ထောင်စု ၁၅ စုက မိသားစုဝင် ၄၄ ဦးကို ULA/ AA ၏ အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရက လွှတ်ပေးလိုက်ခြင်းဖြစ်သည်ဟု သိရသည်။

စစ်သုံ့ပန်းနှင့် မိသားစုဝင်များကို လူသားချင်းစာနာထောင်ထားသည့်အနေဖြင့် ULA/ AA က ၉ ကြိမ်မြောက်အဖြစ် လွတ်ငြိမ်းခွင့်ကို အခမ်းအနားပြုလုပ်ပြီး ပလက်ဝခရိုင်အတွင်းမှာ ယခုကဲ့သို့ လွတ်ငြိမ်းချမ်းသာခွင့်ပြုခြင်းဖြစ်သည်ဟု သိရသည်။

လက်ရှိ လွတ်ငြိမ်းချမ်းသားခွင့်ပေးလိုက်သော စစ်သုံ့ပန်းများထဲတွင် ချင်းလူမျိုးတချို့လည်း ပါဝင်ကြောင်း ရခိုင်အခြေစိုက် ဒေသတွင်းသတင်းဌာနတချို့မှာ ဖော်ပြထားသည်။

၂၀၂၅ ခုနှစ်အတွင်း အာရက္ခတပ်တော် ULA/ AA သည် ပလက်ဝခရိုင်အပါအဝင် လွတ်ငြိမ်းခွင့်ပေးခဲ့သော စစ်သုံ့ပန်းနှင့် မိသားစုဝင်ပေါင်း ၁၈၀၀ နီးပါးအထိ ရှိလာပြီဖြစ်သည်ဟု သိရသည်။

ပလက်ဝမြို့နယ်ကို ULA/ AA ၏ အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရက ယခင်မြို့နယ်အဆင့်မှ ခရိုင်အဆင့်သို့ ဖွဲ့စည်းပြီး ရခိုင်ပြည်နယ်အတွင်း ထည့်သွင်း၍ အုပ်ချုပ်ရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိသည်ဟု ULA/ AA ပြောရေး ဆိုခွင့်ရှိသူ ဦးခိုင်သုခက ဩဂုတ်လ ၁၁ ရက်က အတည်ပြုဖြေကြားထားသည်။

ပလက်ဝမြို့နယ်ကို ရခိုင်ပြည်နယ်၏ ၈ ခုမြောက် ခရိုင်အဖြစ်သို့ ၂၀၂၅ ခုနှစ် မေလတွင် အာရက္ခတပ်တော် ULA/ AA က ထည့်သွင်း ဖွဲ့စည်း သတ်မှတ်လိုက်သည်။

ပလက်ဝမြို့နယ်တွင်းက စစ်ကောင်စီတပ်စခန်းများကို ULA/ AA က ၂၀၂၄ ခုနှစ် ဇန်နဝါရီလထဲမှာ အပြီးသတ် သိမ်းယူနိုင်ခဲ့ပြီး ပလက်ဝမြို့နယ်မှာ အုပ်ချုပ်ရေးလုပ်ငန်းတွေ အကောင်အထည်ဖော်လျက်ရှိသည်ဟု သိရသည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

တီးတိန်- သိုင်းငင်းကြားရှိ ထုတ်လိုင်ရွာကို စစ်ကော်မရှင်တပ် လေကြောင်းတိုက်ခိုက်

ဖလမ်းမြို့နယ်မှာ ကလေးငယ် ၃၀၀၀ အပါအဝင် ပြည်သူ ၂၀၀၀၀ ကျော် စစ်ဘေးရှောင်နေရပြီး အကူအညီများ လိုအပ်နေ

ဖလမ်း၊ တီးတိန်၊ ကလေး၊ ဂန့်ဂေါက တိုက်ပွဲများတွင် စစ်ကော်မရှင်တပ်မှ ဗိုလ်မှူး၊ ဗိုလ်ကြီး အပါအဝင် ၁၀၀ ခန့် သေဆုံး

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
November 6, 2025

ချင်းပြည်သူအပေါ် ကျနော့ရပ်တည်ချက်သည် – အတိတ်၊ ပစ္စုပ္ပန် နဲ့ အနာဂါတ် – ဘယ်တော့မှပြောင်းလဲမှာမဟုတ်”

September 2, 2025

မူးယစ်ကုန်သွယ်မှု မျက်နှာစာသစ် မြန်မာ- အိန္ဒိနယ်စပ်နဲ့ ချင်းတော်လှန်ရေးအပေါ် ရိုက်ခတ်မှု

August 2, 2025

စစ်တပ်၏ ဒုတိယစာမျက်နှာနှင့် ချင်းပြည်အပေါ် သက်ရောက်မှု

June 30, 2025

“ကျွန်မတို့ကို Refugees လို့မသတ်မှတ်တဲ့အတွက် Refugees တွေ ရသင့်ရထိုက်တဲ့ အခွင့်အရေးမှန်သမျှကို ဆုံးရှုံးနေရတယ်”

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
November 6, 2025

ချင်းပြည်သူအပေါ် ကျနော့ရပ်တည်ချက်သည် – အတိတ်၊ ပစ္စုပ္ပန် နဲ့ အနာဂါတ် – ဘယ်တော့မှပြောင်းလဲမှာမဟုတ်”

September 2, 2025

မူးယစ်ကုန်သွယ်မှု မျက်နှာစာသစ် မြန်မာ- အိန္ဒိနယ်စပ်နဲ့ ချင်းတော်လှန်ရေးအပေါ် ရိုက်ခတ်မှု

August 2, 2025

စစ်တပ်၏ ဒုတိယစာမျက်နှာနှင့် ချင်းပြည်အပေါ် သက်ရောက်မှု

June 30, 2025

“ကျွန်မတို့ကို Refugees လို့မသတ်မှတ်တဲ့အတွက် Refugees တွေ ရသင့်ရထိုက်တဲ့ အခွင့်အရေးမှန်သမျှကို ဆုံးရှုံးနေရတယ်”

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.