Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Khonumthung»ပလက်ဝမြို့၊ ရှင်းလက်ဝစစ်စခန်းက ရဲနှင့်စစ်သား ၁၀ ဦးတို့ အလင်းဝင်လာ

ပလက်ဝမြို့၊ ရှင်းလက်ဝစစ်စခန်းက ရဲနှင့်စစ်သား ၁၀ ဦးတို့ အလင်းဝင်လာ

0
By Editor on December 11, 2023 Khonumthung

(006SV)

ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်၊ ရှင်းလက်ဝစစ်စခန်းက စစ်ကောင်စီလက်အောက်ခံ စစ်သားနှင့် ရဲ ၁၀ ဦးတို့ အလင်းဝင်ရောက်လာခဲ့သည်ဟု ပလက်ဝကိုယ်ပိုင်အုပ်ချုပ်သော ခရိုင်ကောင်စီ ဥက္ကဌ ဆလိုင်းမျိုးထိုက်က ပြောသည်။

“သူတို့က လွန်ခဲ့တဲ့ စက်တင်ဘာ၊ အောက်တိုဘာ၊ နိုဝင်ဘာ တောက်လျှောက်အဆက်အသွယ် ရှိတယ်။ အဲဒီအချိန်မှာ လက်နက်အပြည့်အစုံနဲ့ ဝင်ခဲ့ပါ၊၊ စကစက ပြိုလဲတော့မယ်လို့ ပြောထားတာ၊ သူတို့ကလည်း အခြေအနေကို ကြည့်ဦး မယ်ပေါ့။ လုံခြုံရေးအရလည်း ထွက်လို့ မရဘူးပေါ့နော်။သူတို့က မိသားစုတွေနဲ့ပေါ့နော်၊၊ လက်နက်ခဲယမ်းတွေ မပါဘဲ လူလွတ်နဲ့ ထွက်လာခဲ့ကြတာ” ဟု ဆလိုင်းမျိုးထိုက်က ပြောသည်။

ပလက်ဝမြို့နယ်၊ ရှင်းလက်ဝကျေးရွာ စစ်ကောင်စီအခြေစိုက် ဗျူဟာ – ၃၊ ခလရ – ၂၉၉ မှ ရဲဘော်ကျော်ထွက်ဝေနှင့် ဒု-တပ်ကြပ် နိုင်လင်းအောင်တို့သည် မိသားစုများနှင့်အတူ CDF – ပလက်ဝထံ နိုဝင်ဘာလ ၂၉ ရက်က အလင်းဝင်လာ ခဲ့သည်။

ထို့အပြင် ရှင်းလက်ဝရဲစခန်းမှ ဒေသခံရဲဝန်ထမ်း (၈) ဦးတို့သည်လည်း ဒီဇင်ဘာလ ၇ ရက်က ထပ်မံအလင်းဝင်လာခဲ့ သည်ဟု သိရသည်။

အလင်းဝင်လာသူများသည် လက်နက်ခဲယမ်းများ မယူဆောင်လာနိုင်ဘဲ လူလွတ်သာ အလင်းဝင်လာနိုင်ခဲ့ကြပြီး လက်ရှိတွင် ဘေးကင်းလုံခြုံသည့်နေရာသို့ ပို့ဆောင်ထားပြီးဖြစ်သည်ဟု ဆလိုင်းမျိုးထိုက်က ပြောသည်။

စစ်ကောင်စီတပ်စခန်းများတွင် စစ်သားနှင့် ရဲများကို အပြင် အလွယ်တကူထွက်၍မရစေရန် တင်းကြပ်ထားကြပြီး စစ်အရာရှိများက အောက်ခြေတပ်သားများကို ဖိအားများပေးနေသောကြောင့် တပ်တွင်းမှာလည်း မပြေလည်မှုများ ဖြစ်ပွားနေကြသည်ဟု သိရသည်။

စစ်ကောင်စီလက်အောက်က စစ်သားနှင့် ရဲများ အမြန်ဆုံး အလင်းဝင်လာကြရန် ဖိတ်ခေါ်ကြိုဆိုပြီ၊ လက်ရှိ တော်လှန်ရေးတွင် ပူးပေါင်းပါဝင်ကြရန် ချင်းတော်လှန်ရေးအင်အားစုများက နှိုးဆော်ထားသည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

ကနေဒီတောင် တကျော့ပြန်စခန်းသိမ်းတိုက်ပွဲမှာ ဗိုလ်မှူး ၁ ဦးအပါအဝင် စစ်သုံ့ပန်း ၂၀ ဦး ဖမ်းမိ

တီးတိန်မြို့လူနေရပ်ကွက်ထဲ စစ်ကော်မရှင်တပ်က ဒရုန်းဖြင့် ဗုံးကြဲ၊ နေအိမ် (၂) လုံးပျက်စီး

ချင်းမဲဆန္ဒနယ်မှ အမျိုးသားလွှတ်တော်နှင့် ပြည်နယ်လွှတ်တော် အနိုင်ရကိုယ်စားလှယ်စာရင်း ထုတ်ပြန်

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
January 7, 2026

သတင်းအမှောင်ထဲက ချင်းပြည်နဲ့ ရှင်သန်ရပ်တည်ရေး ရုန်းကန်နေရတဲ့ ဌာနေ နားမျက်စိတွေ

January 2, 2026

#Article”ချင်းကို ကာရံညှိခြင်း”

December 17, 2025

တူမီးတော်လှန်ရေးရဲ့ လက်တကမ်းမှာ ပိုခက်ခဲလာတဲ့ အမေ့လျှော့ခံ ချင်းစစ်ဘေးရှောင်ရဲ့ ရှေ့ခရီး

November 28, 2025

“ပေးဆပ်မှု ကြီးမားကြသူများ”

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
January 7, 2026

သတင်းအမှောင်ထဲက ချင်းပြည်နဲ့ ရှင်သန်ရပ်တည်ရေး ရုန်းကန်နေရတဲ့ ဌာနေ နားမျက်စိတွေ

January 2, 2026

#Article”ချင်းကို ကာရံညှိခြင်း”

December 17, 2025

တူမီးတော်လှန်ရေးရဲ့ လက်တကမ်းမှာ ပိုခက်ခဲလာတဲ့ အမေ့လျှော့ခံ ချင်းစစ်ဘေးရှောင်ရဲ့ ရှေ့ခရီး

November 28, 2025

“ပေးဆပ်မှု ကြီးမားကြသူများ”

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.