Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Headline»ပလက်ဝမြို့ တွင် ရေကြီး၊ မြေပြိုမှုကြောင့် ပျက်စီးသွားသော လူနေအိမ်အ‌ဆောက်အဦးများ ပြန်လည်ပြင်ပြုနိုင်ခြင်းမရှိသေး

ပလက်ဝမြို့ တွင် ရေကြီး၊ မြေပြိုမှုကြောင့် ပျက်စီးသွားသော လူနေအိမ်အ‌ဆောက်အဦးများ ပြန်လည်ပြင်ပြုနိုင်ခြင်းမရှိသေး

0
By Editor on August 21, 2023 Headline

(03PT) 

ပလက်ဝမြို့တွင် ရေကြီးမြေပြိုမှုကြောင့် ပျက်စီးသွားသည့် နေအိမ်အဆောက်အဦးများ ပြန်လည်ပြုပြင်နိုင်ခြင်း မရှိသေး သည့်အတွက် သဘာ၀ဘေးဒဏ်ခံပြည်သူများသည် နီးစပ်ရာ ဆွေမျိုးအိမ်များတွင် ခိုလုံနေကြရဆဲဟု ပလက်ဝခရစ်ယာန် လူမှုကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေးကော်မတီ (PCSRRC) အဖွဲ့ ဥက္ကဌ ဆရာ မှိန်းထန်းလျန်နာက ပြောသည်။ 

“အခု ကိုယ့်အိမ်မှာ နေလို့မရတော့တဲ့အဆုံး အိမ်နားက အမျိုးတွေအိမ်မှာ၊ နောက်သူချင်းတွေအိမ်မှာ ခိုကပ်တဲ့သူတွေ၊ မိသားစုတွေရှိတယ်။ နောက် တစ်ချို့က မိမိနဲ့ သက်ဆိုင်တဲ့ အသင်းတော်အိမ်မှာ၊ ဘုရားကျောင်းတွေမှာ၊ တစ်ချို့က ဘုန်း ကြီးကျောင်းတွေမှာလည်း အဲ့လိုမျိုး ခိုကပ်တဲ့သူတွေရှိပါတယ်။ ဒီလိုပဲ အဆင်ပြေသလိုပဲ နေကြတယ်။ စားဝတ်နေရေး အဆင်မပြေတဲ့ကြားထဲ သူတို့ အဲ့လိုမျိုးနေရတော့ ကြည့်ရတာကတော့ တကယ်သနားစရာကောင်းပါတယ်” ဟု ဆရာ မှိန်းထန်းလျန်နာကပြောသည်။ 

ပလက်ဝမြို့တွင် ပြီးခဲ့သည့် ဇူလိုင်လ ၂၇ ရက်နေ့ကစပြီး သြဂုတ်လ ၇ ရက်နေ့အထိ တစ်ပတ်ကျော်ကြာ မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ရေကြီးမြေပြိုမှုဖြစ်ပွားရာမှာ နေအိမ်များ ရေမြုပ်မှု၊ မြေထိန်းနံရံပြိုကျမှုနှင့် နေအိမ်ပြိုကျမှုများ ဖြစ်ပွား ကာ လူနေအိမ် ၁၅ လုံးထက်မနည်း ပျက်စီးမှုရှိခဲ့ခြင်းဖြစ်ပြီး ပျက်စီးဆုံးရှုံးမှုမှာ ငွေသားပမာဏအားဖြင့် ကျပ်သိန်း ၈၀၀ ကျော်ခန့်တန်ဖိုးရှိကြောင်း PCSRRC ကပြောသည်။ 

ထိခိုက်ပျက်စီးသွားသည့် လူနေအိမ်အဆောက်အဦးများကို ပြန်လည်ပြုပြင်နိုင်ရန်အတွက် လိုအပ်သည့် သစ်သား၊ ဝါး၊ တာလပတ် စသည့် အိမ်ဆောက်အသုံးကူ ပစ္စည်းလိုအပ်မှုများ ဝယ်ယူရန်အတွက် ငွေကြေးအခက်ခဲရှိနေသည်ဟုလည်း ဆရာ မှိန်းထန်းလျန်နာက ပြောသည်။ 

ပလက်ဝမြို့သည် ချင်းပြည်နယ်တွင် မိုခါဆိုင်ကလုန်းမုန်တိုင်းဒဏ်ကြောင့် ပျက်စီးဆုံးရှုံးမှုအများဆုံးကြုံရသည့် မြို့နယ်တစ်ခုဖြစ်ပြီး ယခု သဘာ၀ဘေးဒဏ် ရေဘေး၊ မြေပြိုမှု ထပ်မံကြုံတွေ့ ရသည့်အတွက် အစားသောက်နှင့် နေရာထိုင်ခင်း အခက်ခဲ ပိုမိုခံစားနေရခြင်းဖြစ်သည်။ 

သဘာ၀ဘေးအန္တရာယ် တပူပေါ်နှစ်ပူဆင့်ကြုံတွေ့နေကြရသော ပလက်ဝမြို့ပြည်သူများ ပြန်လည်ထူ‌ထောင်ရေးအတွက် ပြည်တွင်းပြည်ပ မိဘပြည်သူများအနေဖြင့် ကြိုးစားအားထုတ် ကူညီပေးကြရန် ပလက်ဝခရစ်ယာန်လူမှုကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေးကော်မတီ (PCSRRC) အဖွဲ့က မေတ္တာရပ်ခံထားပါသည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

မံဆောင်းတံတား ပြန်လည်အသုံးပြုဖြတ်သန်းနိုင်ပြီ

စစ်တပ်ထိန်းချုပ်သည့် ဖလမ်းမြို့တွင် နေရပ်ပြန်ပြည်သူများ နှိပ်စက်သတ်ဖြတ်ခံရမှုနှင့် အကြောင်းရင်းမသိ သေဆုံးမှုများလာ၍ စိုးရိမ်မှုမြင့်တက်

နိုင်ငံ၏ အုပ်ချုပ်ရေးသည် နေပြည်တော်မှာပဲ သီးသန့်မရှိတော့ကြောင်း အာဆီယံနိုင်ငံခြားရေးဝန်ကြီးများနှင့် တွေ့ဆုံအပြီး SCEF က ထုတ်ပြန်

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
June 26, 2026

တောင်ဇလပ်မြေက တော်လှန်ရဲမေများရဲ့ဖက်ဒရယ်အိပ်မက်ထဲက အခက်အခဲ

June 4, 2026

နယ်စပ်က မျက်ရည်များနဲ့ ပျောက်ဆုံးနေသော အိပ်မက်များ

May 19, 2026

သေနတ်ကို ဥပဒေအောက်မှာ ထားနိုင်မှ ခုခံတော်လှန်ရေးက Nation-building ကို စတင်နိုင်မည်

February 19, 2026

“ကာကွယ်ရေး အသုံးစရိတ်ကို အရင်က ၆၅ ရာခိုင်နှုန်းကနေ ဒီနှစ်တော့ ကာကွယ်ရေးကို ၈၀ ရာခိုင်နှုန်းအထိ တိုးမြှင့်သွားမယ်”

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
July 18, 2026

မံဆောင်းတံတား ပြန်လည်အသုံးပြုဖြတ်သန်းနိုင်ပြီ

July 17, 2026

CNF/ CNA ဌာနချုပ်နှင့် အနီးဆုံးမြို့ဖြစ်သည့် ထန်တလန်မြို့ကို အလုံးစုံပြန်သိမ်းပြီဟု စစ်တပ်ထုတ်ပြန်

July 17, 2026

စစ်တပ်ထိန်းချုပ်သည့် ဖလမ်းမြို့တွင် နေရပ်ပြန်ပြည်သူများ နှိပ်စက်သတ်ဖြတ်ခံရမှုနှင့် အကြောင်းရင်းမသိ သေဆုံးမှုများလာ၍ စိုးရိမ်မှုမြင့်တက်

July 16, 2026

နိုင်ငံ၏ အုပ်ချုပ်ရေးသည် နေပြည်တော်မှာပဲ သီးသန့်မရှိတော့ကြောင်း အာဆီယံနိုင်ငံခြားရေးဝန်ကြီးများနှင့် တွေ့ဆုံအပြီး SCEF က ထုတ်ပြန်

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.