Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Khonumthung»ပလက်ဝမှာ တိုက်ပွဲများ ဆက်လက်ပြင်းထန်၊ စစ်ကောင်စီရုပ်အလောင်းနှင့် လက်နက်ခဲယမ်းများ သိမ်းဆည်းရမိဟု AA ထုတ်ပြန်

ပလက်ဝမှာ တိုက်ပွဲများ ဆက်လက်ပြင်းထန်၊ စစ်ကောင်စီရုပ်အလောင်းနှင့် လက်နက်ခဲယမ်းများ သိမ်းဆည်းရမိဟု AA ထုတ်ပြန်

0
By Editor on January 10, 2024 Khonumthung

(006SV)

ချင်းပြည်နယ်တောင်ပိုင်း ပလက်ဝမြို့တွင် စစ်ကောင်စီတပ်နှင့် ရက္ခိုင်တပ်တော် AA တို့ ယမန်နေ့က တစ်နေ့လုံး တိုက်ပွဲ အပြင်းအထန်ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့ ရုပ်အလောင်းအများအပြားနှင့် လက်နက်ခဲယမ်းများစွာကို ထပ်မံသိမ်းဆည်းရမိသည်ဟု ရက္ခိုင်တပ်တော်က သတင်းထုတ်ပြန်သည်။

ပလက်ဝမြို့နယ်ကို စစ်ကောင်စီကင်းစင်သည့် နယ်မြေဖြစ်လာရန် ကျန်ရှိနေသော စစ်ကောင်စီတပ် စခန်းများကို အပြီးသတ် သိမ်းပိုက်ရယူနိုင်ရေး ဆက်လက်တိုက်ခိုက်လျက်ရှိသည်ဟု ရက္ခိုင်တပ်တော်က ဇန်နဝါရီလ ၉ ရက်က သတင်းထုတ်ပြန်သည်။

စစ်ကောင်စီကလည်း လက်နက်ကြီးပစ်ကူ၊ ဂျက်တိုက်လေယာဉ်များဖြင့် အပြင်းအထန် ခုခံတိုက်ခိုက်လျက်ရှိသည်ဟု သိရသည်။

ပလက်ဝမြို့ပေါ်နှင့် မြို့ပတ်ဝန်းကျင်တွင် စစ်ကောင်စီတပ်နှင့် ရက္ခိုင်တပ်တော်တို့ တိုက်ပွဲများ ဆက်လက်ပြင်းထန်နေခဲ့ပြီး လက်နက်ခဲယမ်းအများအပြားကို ဆက်လက်သိမ်းဆည်းရမိနေသည်ဟု သိရသည်။

ထို့အပြင် ချင်းပြည်နယ်၊ ပလက်ဝနှင့် ရခိုင်ပြည်နယ်၊ ကျောက်တော်အစပ်တွင် ရှိနေသည့် စစ်ကောင်စီ၏ မီးဝဗျူဟာကိုလည်း အပြီးသတ်သိမ်းပိုက်နိုင်ရန် တစ်ပြိုက်နက်တည်း ထိုးစစ်ဆင်တိုက်ခိုက်လျက်ရှိသည်ဟု ရက္ခိုင်တပ်တော်က ဆိုသည်။

ဇန်နဝါရီလ ၉ ရက်က ပလက်ဝမြို့တိုက်ပွဲများတွင် အထိနာသော စစ်ကောင်စီတပ်သည် ပလက်ဝမြို့တစ်ဝိုက်ကို လေကြောင်းတိုက်ခိုက်မှုများ ပြုလုပ်ခဲ့ရာတွင် မီးဝကျေးရွာမှ သက်ကြီးပိုင်းအမျိုးသမီး (၁) ဦး သေဆုံးပြီး နေအိမ်တစ်လုံး မီးလောင်ပျက်စီးခဲ့သည်ဟု သိရသည်။

ရက္ခိုင်တပ်တော် AA သည် ပလက်ဝမြို့နယ်တွင် ခလရ – ၂၈၉ ပလက်ဝဗျူဟာကုန်းအပါအဝင် ခြေလျင်နှင့် ခြေမြန်တပ်ရင်း ၈ ခုကို ဇန်နဝါရီလ ၁ ရက်မှ စတင်ပြီး ထိုးစစ်ဆင် တိုက်ခိုက်နေသည်။

ပလက်ဝမြို့နယ်အတွင်းက စစ်ကောင်စီ ရဲစခန်း၊ စစ်စခန်းများနှင့် ဗျူဟာကုန်းများ စုစုပေါင်း (၂၀) ခန့်ကို ရက္ခိုင်တပ်တော် AA က သိမ်းပိုက်ထားပြီးဖြစ်သည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

အမျိုးသားတော်လှန်ရေးဆင်နွှဲမှုတွင် ရန်ပုံငွေ ထည့်ဝင်၍ ပံ့ပိုးပါဝင်ကြရန် ချင်းအမျိုးသားတပ်ဦး ထုတ်ပြန်

ဖလမ်းမြို့သို့ ထိုးစစ်ဆင်လာသော စစ်ကော်မရှင်တပ်နှင့် ချင်းတော်လှန်ရေးတပ်တို့ တိုက်ပွဲပြင်းထန်နေ

ကာကီကျေးရွာမှာ ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါကြောင့် ကလေးငယ်တစ်ဦးထပ်မံသေဆုံး

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
November 28, 2025

“ပေးဆပ်မှု ကြီးမားကြသူများ”

November 6, 2025

ချင်းပြည်သူအပေါ် ကျနော့ရပ်တည်ချက်သည် – အတိတ်၊ ပစ္စုပ္ပန် နဲ့ အနာဂါတ် – ဘယ်တော့မှပြောင်းလဲမှာမဟုတ်”

September 2, 2025

မူးယစ်ကုန်သွယ်မှု မျက်နှာစာသစ် မြန်မာ- အိန္ဒိနယ်စပ်နဲ့ ချင်းတော်လှန်ရေးအပေါ် ရိုက်ခတ်မှု

August 2, 2025

စစ်တပ်၏ ဒုတိယစာမျက်နှာနှင့် ချင်းပြည်အပေါ် သက်ရောက်မှု

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
November 28, 2025

“ပေးဆပ်မှု ကြီးမားကြသူများ”

November 6, 2025

ချင်းပြည်သူအပေါ် ကျနော့ရပ်တည်ချက်သည် – အတိတ်၊ ပစ္စုပ္ပန် နဲ့ အနာဂါတ် – ဘယ်တော့မှပြောင်းလဲမှာမဟုတ်”

September 2, 2025

မူးယစ်ကုန်သွယ်မှု မျက်နှာစာသစ် မြန်မာ- အိန္ဒိနယ်စပ်နဲ့ ချင်းတော်လှန်ရေးအပေါ် ရိုက်ခတ်မှု

August 2, 2025

စစ်တပ်၏ ဒုတိယစာမျက်နှာနှင့် ချင်းပြည်အပေါ် သက်ရောက်မှု

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.