Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Headline»ပလက်ဝမှာ မင်္ဂလာပွဲ ကျင်းပစဉ် ဖမ်းဆီးခံရသော ဒေသခံ ၁၆ ဦး ယနေ့ ပြန်လွတ်လာ

ပလက်ဝမှာ မင်္ဂလာပွဲ ကျင်းပစဉ် ဖမ်းဆီးခံရသော ဒေသခံ ၁၆ ဦး ယနေ့ ပြန်လွတ်လာ

0
By Editor on August 1, 2025 Headline

(006SV)

ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်၊ ဆမီးမြို့၊ ပါးဝကျေးရွာတွင် ၂၀၂၂ ခုနှစ် နှစ်ဆန်းပိုင်းက မင်္ဂလာဆောင်ပွဲ ကျင်းပနေစဉ် ဖမ်းဆီးခံလိုက်ရသော ဒေသခံ ၁၆ ဦးသည် ယနေ့တွင် ပုသိမ်အကျဉ်းထောင်မှ ပြန်လည်လွတ်မြောက်လာသည်ဟု ဒေသခံများထံမှ သိရသည်။

ယနေ့ ဩဂုတ်လ ၁ ရက် နံနက်ပိုင်းတွင် ပုသိမ်အကျဉ်းထောင်မှ လွတ်ရက်စေ့၍ ပြန်လည်လွတ်မြောက်လာခြင်းဖြစ်ပြီး ပြန်လွတ်လာသူများသည် ကျန်းမာရေးကောင်းမွန်သည်ဟု ပြန်လွတ်လာသူများနှင့် နီးစပ်သူ ဒေသခံက ပြောသည်။

“သူတို့ကို အကြမ်းဖက်ဥပဒေပုဒ်မနဲ့ တရားစွဲထားခဲ့တာပါ။ တချို့က ကျောင်းဆရာ ညီအစ်ကိုတွေပါတယ်။ သူတို့ မင်္ဂလာပွဲကို သွားကြတာ၊၊ အဲပွဲမှာ CDF တွေလည်း လာတယ်ဆိုပြီးတော့ အဲဒီမင်္ဂလာပွဲမှာ ရှိတဲ့ အမျိုးသားတွေကို ဖမ်းသွားတာပါ။ ကျနော်တို့ မျှော်မှန်းထားတာက ၂၀၂၄ ဒီဇင်ဘာလမှာ သူတို့ လွတ်မယ်လို့ တွက်ထားတာပါ။ ဒါပေမယ့် အခုမှ လွတ်လာတာပါ။ လျော့ရက် တွေ အပြည့်အဝ မရတာလားပေါ့လေ။ ပြန်လွတ်လာသူတွေက အခုသိရသ လောက်တော့ ကျန်းမာရေးကောင်းပါတယ်” ဟု ဒေသခံတစ်ဦးက ပြောသည်။

၂၀၂၂ ခုနှစ် ဇန်နဝါရီလ ၄ ရက်၊ လွတ်လပ်ရေးနေ့တွင် ဆမီးမြို့နယ်၊ ပါးဝကျေးရွာတွင် မင်္ဂလာပွဲ ကျင်းပနေရာမှာ စစ်ကောင်စီတပ်က အမျိုးသားအားလုံးကို ဖမ်းဆီးသွားခဲ့ခြင်းဖြစ်ပြီး အကြမ်းဖက်ဥပဒေပုဒ်မများဖြင့် ၎င်းတို့ထဲက ၁၆ ဦးကို ထောင်ဒဏ် ၄ နှစ် နှင့် ၃ ဦးကို ထောင်ဒဏ် ၇ နှစ်စီ ချမှတ်ခဲ့ကြောင်း၊ တချို့ကို ပြန်လွတ်ပေးခဲ့ကြောင်း သိရသည်။

ဖမ်းဆီးထောင်ချခံရသူများသည် ပလက်ဝမြို့နယ်မှ ရခိုင်ပြည်နယ်၊ စစ်တွေထောင်သို့ ပို့ခံခဲ့ရပြီး ၂၀၂၃ ခုနှစ် အောက်တိုဘာလထဲ တွင် ဧရာဝတီတိုင်းထဲရှိ ပုသိမ်ထောင်သို့ ပို့ခံခဲ့ရသည်ဟု သိရသည်။

ပြန်လွတ်လာသူများသည် အသက် ၂၇ နှစ်အရွယ်မှ ၆၇ နှစ် ဝန်းကျင်အရွယ် အမျိုးသားများဖြစ်သည်ဟု သိရသည်။

အဆိုပါ ၁၆ ဦးသည် ၂၀၂၄ ခုနှစ် နှစ်ကုန်ပိုင်းတွင် လွတ်ရက်စေ့၍ ပြန်လွတ်လာမည်ဟု မိသားစုများက မျှော်လင့်ထားသော်လည်း လွတ်လာခဲ့ခြင်းမရှိကြောင်း၊ စစ်ကောင်စီ၏ လွတ်ငြိမ်းများတွင်လည်း ပါဝင်လာခြင်းမရှိဘဲ ယနေ့မှသာ လွတ်လာခြင်းဖြစ်သည်ဟု သိရသည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

ချင်းပြည် (Chinland) အစိုးရအဖွဲ့နှင့် NLD ဗဟိုအလုပ်ကော်မတီတို့ တွေ့ဆုံ၍ ပူးပေါင်းဆောင်ရွက်ရေး ဆွေးနွေး

တမူးဒေသရှိ ကျေးရွာတချို့မှာ အဓမ္မတပ်သားစုဆောင်းခံရမှုကြောင့် ဒေသခံများ ကန့်ကွက်ဆန္ဒပြနေ

ယခုနှစ် ချင်းပြည် (Chinland) အစိုးရ၊ ကာကွယ်ရေးအသုံးစရိတ်ကို ၈၀ ရာခိုင်နှုန်းအထိ တိုးမြှင့်သုံးစွဲမည်

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
February 19, 2026

“ကာကွယ်ရေး အသုံးစရိတ်ကို အရင်က ၆၅ ရာခိုင်နှုန်းကနေ ဒီနှစ်တော့ ကာကွယ်ရေးကို ၈၀ ရာခိုင်နှုန်းအထိ တိုးမြှင့်သွားမယ်”

February 2, 2026

သွေးစွန်းသော မဲပုံးများနှင့် “Made in China” အရိပ်အောက်က ရွေးကောက်ပွဲ

February 1, 2026

#article”ပြည်သူ့အားနဲ့ ရိုက်ချိုးကြ၊ CSOs အားနဲ့ ထိုးဖောက်ကြ”

January 17, 2026

#interview“ဝန်ကြီးချုပ်ဆိုရင် သူ့ရဲ့ PSO က အစ၊ သူရဲ့ အမျိုးတွေ အကုန်လုံး ကုမ္ပဏီနာမည်အမျိုးမျိုးနဲ့ လုပ်နေကြတာ” CDF – ဟားခါး ဥက္ကဌ Salai Hram Lian

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
February 19, 2026

“ကာကွယ်ရေး အသုံးစရိတ်ကို အရင်က ၆၅ ရာခိုင်နှုန်းကနေ ဒီနှစ်တော့ ကာကွယ်ရေးကို ၈၀ ရာခိုင်နှုန်းအထိ တိုးမြှင့်သွားမယ်”

February 2, 2026

သွေးစွန်းသော မဲပုံးများနှင့် “Made in China” အရိပ်အောက်က ရွေးကောက်ပွဲ

February 1, 2026

#article”ပြည်သူ့အားနဲ့ ရိုက်ချိုးကြ၊ CSOs အားနဲ့ ထိုးဖောက်ကြ”

January 17, 2026

#interview“ဝန်ကြီးချုပ်ဆိုရင် သူ့ရဲ့ PSO က အစ၊ သူရဲ့ အမျိုးတွေ အကုန်လုံး ကုမ္ပဏီနာမည်အမျိုးမျိုးနဲ့ လုပ်နေကြတာ” CDF – ဟားခါး ဥက္ကဌ Salai Hram Lian

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.