Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Headline»ပလက်ဝမှ ဆောမြို့အထိ ဆိုင်ကယ်ဖြင့် ကုန်စည်သယ်ခ ကျပ် ၁၀ သိန်းမှ ၁၅ သိန်းအထိရှိနေ

ပလက်ဝမှ ဆောမြို့အထိ ဆိုင်ကယ်ဖြင့် ကုန်စည်သယ်ခ ကျပ် ၁၀ သိန်းမှ ၁၅ သိန်းအထိရှိနေ

0
By Editor on September 10, 2024 Headline

|| ဒိုင်ရ်ဒေသ ဓါတ်ဆီ တစ်ဂါလံ ကျပ်ငါးသောင်း၊ ကော်ဖီမစ် အထုပ်ကြီး ၁ ထုတ် ကျပ်သုံးသောင်း ပေးဝယ်ရ

(006SV)

ကုန်သွယ်ရေးလမ်းကြောင်းများ ပိတ်ဆို့ခံထားရသည့် ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်ထဲက ပလက်ဝမြို့နှင့် ဒိုင်ရ်ဒေသ များကို မကွေးတိုင်း၊ ဆောမြို့မှတစ်ဆင့် ကုန်စည်များသယ်ယူရာတွင် ဆိုင်ကယ်ကယ်ရီခမှာ တစ်စီးလျှင် ကျပ် ၁၀ သိန်းမှ ၁၅ သိန်းအထိပေးနေရကြောင်း ကုန်သည်တချို့ထံက သိရသည်။

ယင်းဒေသများတွင် လမ်းပြိုခြင်း၊ ရေးကြီး၍ တံတားများ ပျက်စီးခြင်းကြောင့် လမ်းပန်းဆက်သွယ်ရေး ပိုမိုခက်ခဲလာပြီး ကုန်စည်စီးဆင်းမှုများ အင်မတန် နည်းပါးလာကြောင်း၊ အနီးစပ်ဆုံး ကုန်ပစ္စည်းများ ဝယ်ယူနိုင်သည့် ဆောမြို့နယ်ထဲကို ပစ္စည်းဝယ်ယူနိုင်ရေးသွားလျှင်ပင် အသွားအပြန် ၅ ရက်မှ ၁၀ ရက်အထိကြာမြင့်ကြောင်း သိရသည်။

“အဲ့ဒီအခက်ခဲမှုတွေကြောင့် ဆိုင်ကယ်ကယ်ရီခလည်း ဆောမြို့ ကနေ ဒိုင်ရ်ဒေသ- ဟုမ်းရွာ အထိ ပုံမှန်အားဖြင့် ကျပ် ၁၀သိန်း နဲ့ ၁၅ သိန်းအထိပေးရတယ်၊ ၊ မိုးတွင်းဆိုတော့ ကားမရောက်နိုင်ဘူး၊ ဆိုင်ကယ်ပဲရတာ၊ ဒါတောင် ဆိုင်ကယ် ကယ်ရီရဖို့ မလွယ်ကူဘူး၊ ခက်ခက်ခဲခဲ သွားလာရတာမို့ မလိုက်ချင်ကြဘူး။ အဲ့ဒီ ခက်ခဲမှုကြောင့် စားနပ်ရိက္ခာ ပြတ်တောက်လာပြီး၊ စျေးနှုန်း အဆမတန် မြင့်တက်လာတယ်” ဟု ဒိုင်ရ်ဒေသကို ကုန်ကူးနေသူ တစ်ဦးက ပြောသည်။

ပလက်ဝမြို့နယ်ထဲက ဒေသများနှင့် ဒိုင်ရ်ဒေသကို အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ဘက်၊ ရခိုင်ပြည်နယ် ကျောက်တော်တို့မှ ကုန်စည်များ သွင်းယူနိုင်သော်လည်း လမ်းကြောင်းများ ပိတ်ခံထားရသောကြောင့် မကွေးတိုင်း၊ ဆောဒေသဘက်မှတစ်ဆင့် သယ်ယူနေရကြောင်း သိရသည်။

ဒိုင်ရ်ဒေသတွင် 92 ဓါတ်ဆီ တစ်ဂါလံလျှင် ကျပ်ငါးသောင်းရှိပြီး ဒိုင်ရ်ဒေသ၏ တချို့နေရာတွင် ဓါတ်ဆီ တစ်ပုလင်း လျှင် တစ်သောင်းခွဲခန့် ပေးနေရကြောင်း၊ ပရီမီယာ ကော်ဖီမစ် အထုတ်ကြီး တစ်ထုပ်လျှင် ကျပ် သုံးသောင်းရှိနေကြောင်း ကုန်ကူးနေသူတချို့ထံမှ သိရသည်။

“ကျနော်တို့ဘက် ကုန်စျေးနှုန်းမြင့်တက်တာက လမ်းပန်းဆက်သွယ်ရေး အခက်ခဲနဲ့ ကုန်စည်စီးဆင်းမှု အားနည်းတာ ကြောင့်ပေမယ့် ဆောမှာ ဝယ်စျေးကလည်း ပြီးခဲ့တဲ့ ၃ လအတွင်း စျေးနှုန်း နဲ့ ယခုစျေးနှုန်း ၂ ဆလောက်ကို မြင့်တက် နေတာကြောင့်ပါ။ အခြေခံစားသောက်ကုန်တွေ ကုန်စျေးနှုန်း မြင့်လာတက်မှုနဲ့ လမ်းပန်းဆက်သွယ်ရေး အခက်အခဲ ကြာရှည်လာရင်၊ ကျနော်တို့ ဒိုင်ရ်ဒေသအပြင် ပလက်ဝမြို့နယ် နဲ့ ရခိုင်ပြည် နယ်အနှံ့ စားသောက်ကုန်နဲ့ ဆေးဝါးပြတ်လပ်မှုတွေ လုံးဝ ကြုံတွေ့နိုင်တယ်” ဟု ကုန်ကူးနေသူတစ်ဦးက ပြောသည်။

မိုးရာသီးကုန်လျှင် ကားသွား၍ ရလာပါက သယ်ယူပို့ဆောင်ခများမှာ ယခုထက် ပိုမိုသက်သာလိမ့်မည်ဟု ဒေသခံများက မျှော်လင့်နေကြသည်။

ဒိုင်ရ်ဒေသသည် မင်းတပ်၊ မတူပီ၊ ပလက်ဝ၊ ကန်ပက်လက်မြို့နယ်ကြားတွင် ရှိသော်လည်း မည်သည့်မြို့နယ်ဘက်မှ ကောင်းမွန်သော ကုန်သွယ်ရေးလမ်းကြောင်း မရှိခြင်းကြောင့် ဒေသခံများ ကိုယ်ထူကိုယ်ထ ဖောက်ထားသည့် လမ်းသာ ရှိနေ၍ လက်ရှိတော်လှန်ရေးကာလတွင် ကုန်စည်စီးဆင်းမှု ပိုမိုခက်ခဲနေကြောင်း သိရသည်။

ကျန်းမာရေးအတွက် ဆေးဝါးများ ရရှိရန် ခက်ခဲနေမှုကြောင့်လည်း ဒေသခံများ အသက်ဆုံးရှုံးမှုတချို့ရှိနေကြောင်း ဒိုင်ရ်ဒေသခံတစ်ဦးက ပြောသည်။

CDF – Daai မှ တာဝန်ရှိသူ တစ်ဦးက ဒိုင်ရ်ဒေသတွင် ကုန်ဈေးနှုန်းများ အဆမတန် ဈေးမြင့်တက်မှုနှင့် ကယ်ရီခများ ဈေးနှုန်းများပြားမှု အခြေအနေကို အချက် ၄ ချက်ဖြင့် ထောက်ပြသည်။

ပထမအချက်မှာ မူရင်းဝယ်ရသော နေရာမှာပင် ကုန်ဈေးနှုန်း အဆမတန် မြင့်တက်လာမှု၏ နောက်ဆက်တွဲ အကျိုး ဆက်များဖြစ်ပြီး ဒုတိယအချက်မှာ လမ်းပန်းဆက်သွယ်ရေး ခက်ခဲ၍ ကားများ သွားလာ၍ မရသောကြောင့် ဆိုင်ကယ်ဖြင့်သာ သယ်ယူနိုင်သောကြောင့်ဖြစ်ကြောင်း သိရသည်။

တတိယအချက်မှာ ကုန်စည်များ အလွယ်တကူ မရောက်နိုင်၍ လူထု လိုအပ်ချက်ကို ဖြည့်ဆည်းနိုင်မှု အားနည်းသော ကြောင့် ဖြစ်ပြီး ကုန်ဈေးနှုန်း မြင့်တက်လာသည့်အတိုင်း ဆိုင်ကယ်ကယ်ရီခများလည်း မြင့်တက်လာရကြောင်း သိရသည်။

နောက်ဆုံးအချက်မှာ တော်လှန်ရေးကာလတွင် လွတ်လပ်သည့် ကုန်စည်စီးဆင်းလမ်းကြောင်းများ အပိတ်ခံထားရပြီး တချို့ပစ္စည်းများမှာ အလွယ်တကူ သယ်ယူနိုင်ခြင်းမျိုး မရှိသောကြောင့်ဖြစ်ကြောင်း သိရသည်။

ပလက်ဝမြို့ကို ULA/ AA က သိမ်းပိုက်ထိန်းချုပ်ထားပြီး မြို့အုပ်ချုပ်ရေး လုပ်ငန်းများကို အကောင်အထည်ဖော် ဆောင် ရွက်နေကြောင်း၊ ဒိုင်ရ်ဒေသကို ဒိုင်ရ်တော်လှန်ရေးအင်အားစု DRC က အုပ်ချုပ်ရေး လုပ်ငန်းများ ဖော်ဆောင် နေကြောင်း သိရသည်။

ချင်းပြည်တောင်ပိုင်း၊ ပလက်ဝမြို့နယ်တွင် ချင်းလူမျိုး ၈၈၅၇၇ ဦး၊ ရခိုင်လူမျိုး ၁၈၂၃၄ ဦးအပါအဝင် လူဦးရေ ၁၀၆၉၀၀ ဦးကျော် နေထိုင်ကြကြောင်း ၂၀၂၀ ခုနှစ်၊ ပလက်ဝမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ စာရင်းတွေအရ သိရသည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

တီးတိန်- သိုင်းငင်းကြားရှိ ထုတ်လိုင်ရွာကို စစ်ကော်မရှင်တပ် လေကြောင်းတိုက်ခိုက်

ဖလမ်းမြို့နယ်မှာ ကလေးငယ် ၃၀၀၀ အပါအဝင် ပြည်သူ ၂၀၀၀၀ ကျော် စစ်ဘေးရှောင်နေရပြီး အကူအညီများ လိုအပ်နေ

ဖလမ်း၊ တီးတိန်၊ ကလေး၊ ဂန့်ဂေါက တိုက်ပွဲများတွင် စစ်ကော်မရှင်တပ်မှ ဗိုလ်မှူး၊ ဗိုလ်ကြီး အပါအဝင် ၁၀၀ ခန့် သေဆုံး

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
November 28, 2025

“ပေးဆပ်မှု ကြီးမားကြသူများ”

November 6, 2025

ချင်းပြည်သူအပေါ် ကျနော့ရပ်တည်ချက်သည် – အတိတ်၊ ပစ္စုပ္ပန် နဲ့ အနာဂါတ် – ဘယ်တော့မှပြောင်းလဲမှာမဟုတ်”

September 2, 2025

မူးယစ်ကုန်သွယ်မှု မျက်နှာစာသစ် မြန်မာ- အိန္ဒိနယ်စပ်နဲ့ ချင်းတော်လှန်ရေးအပေါ် ရိုက်ခတ်မှု

August 2, 2025

စစ်တပ်၏ ဒုတိယစာမျက်နှာနှင့် ချင်းပြည်အပေါ် သက်ရောက်မှု

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
November 28, 2025

“ပေးဆပ်မှု ကြီးမားကြသူများ”

November 6, 2025

ချင်းပြည်သူအပေါ် ကျနော့ရပ်တည်ချက်သည် – အတိတ်၊ ပစ္စုပ္ပန် နဲ့ အနာဂါတ် – ဘယ်တော့မှပြောင်းလဲမှာမဟုတ်”

September 2, 2025

မူးယစ်ကုန်သွယ်မှု မျက်နှာစာသစ် မြန်မာ- အိန္ဒိနယ်စပ်နဲ့ ချင်းတော်လှန်ရေးအပေါ် ရိုက်ခတ်မှု

August 2, 2025

စစ်တပ်၏ ဒုတိယစာမျက်နှာနှင့် ချင်းပြည်အပေါ် သက်ရောက်မှု

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.